(1984)ခုနှစ်(21)ကြိမ်မြောက်ငပလီလူရည်ချွန်စခန်းတွင် မန္တလေးဆရာအတတ်သင်
သပ္ပ္ပံမှဂီတစာဆိုဦးချစ်ငွေ ရေးသားသီကုံးခဲ့သောသီချင်း
သပ္ပ္ပံမှဂီတစာဆိုဦးချစ်ငွေ ရေးသားသီကုံးခဲ့သောသီချင်း
“ လူရည်ချွန်လူရည်မွန်တို့၏အပန်းဖြေငပလီ၊စခန်းနွေငပလီ “
ငပလီသောင်ယံမှာ
သဘာဝအလှလွန်သာယာ
အပန်းဖြေရာငပလီစခန်းနွေ
စခန်းနွေကဗျာငပလီစခန်းနွေ……..
ခရုကမာ ယောက်သွားလေးများရယ်
ငွေသဲမှုန်ကလေးများနဲ့
မြသားရေယမုန်တွေ့ဆုံရာအလှ
မြပြင် လင်းသာ ဂျိတ်တော လုံးသာ ငပလီရွာ မဇင်ရွာ
အားလုံးချစ်စရာအလှ
သဘာဝအလှလွန်သာယာ
အပန်းဖြေရာငပလီစခန်းနွေ
စခန်းနွေကဗျာငပလီစခန်းနွေ……..
ခရုကမာ ယောက်သွားလေးများရယ်
ငွေသဲမှုန်ကလေးများနဲ့
မြသားရေယမုန်တွေ့ဆုံရာအလှ
မြပြင် လင်းသာ ဂျိတ်တော လုံးသာ ငပလီရွာ မဇင်ရွာ
အားလုံးချစ်စရာအလှ
အင်ဒရူးပင်လယ်အော် လှိုင်းပြာပြာအလှ
ရခိုင်မြန်မာ တူယှဉ်မကွာ
ဟိုယခင်ရှေးမှရခိုင်မြန်မာ
ယနေ့မှာလည်းရခိုင်မြန်မာ
အနာဂါတ်မှာလည်း တို့ရခိုင်မြန်မာ…………….
ဗမာပြည် ငါတို့မြေ
တို့ဘိုးဘွားအမွေ
တို့တတွေညီညွတ်သည်
တို့သာတည်ဆောက်မည်……….
သည်မြေ သည်ရေ
တို့ဘိုးဘွားအမွေ
တို့တတွေညီညွတ်သည်
တို့သာတည်ဆောက်မည်……….
သည်နေရာတို့နေရာ
သည်မြေချာ တို့မြေယာ
တို့မြေရာ တို့တည်မှာ
တို့ညီညာ တည်အောင်ပြု
ပြည်ထောင်စုဆိုရှယ်လစ်
သမ္မတမြန်မာနိုင်ငံတော်နှင့်
တိုင်းရင်းသားလုပ်သားပြည်သူများကို
ချစ်ခင်မြတ်နိုး၍သာ ထာဝစဉ်သစ္စာရှိမည်ပင်……….
အနာဂါတ်တိုင်းပြည် တို့လက်တွဲကာတည်ဆောက်မည်
သာယာစိုပြေသန့်ရှင်းသော ၀န်းကျင်ကိုဖန်တီးနိုင်ရန်
ပညာရည်အစဉ်ထက်မြက်ထူးချွန်ရန်ပင်
ကျန်းမာကြံ့ခိုင်ပျော်ရွှင်စွာဖြင့် ပညာသင်ကြားဘက်စုံခရီးနှင်
အကျင့်စာရိတ္တမြင့်မားပြီး ယဉ်ကျေးသော
အလုပ်လုပ်သော နိုင်ငံသားကောင်းဖြစ်စေရန်ပင်………….
ဤခေတ်တို့ခေတ် တို့ပြည် တို့ပိုင်ရမည်သာပင်
တကိုယ်ကောင်းမဆန် အမှန်ကိုမြှော်ကိုး
လုပ်ငန်းတန်ဘိုး ချစ်မြတ်နိုးကာခင်မင်
အလုပ်ဟူသမျှ ဂုဏ်ရှိသည်ပင်………….ရွှင်လန်းတက်ကြွ ရွှန်းလို့ဖြာ
ကိုယ့်မာန် ကိုယ့်အားဇွဲသန်စွာ
ပြည်ရွာအကျိုး တို့သည်ပိုး
(အများကောင်းကျိုး ကိုယ့်ကောင်းကျိုး)၂(ပြည့်ရတနာ ပြည့်တန်ဘိုး)၂
လူကောင်းလူတော် ပန်းမာလ် ပျိုး
ပျိုးကြစို့ ကြိုးကြစို့
ကိုယ့်တိုင်းပြည်အကျိုး
ကိုယ့်လူမျိုးအတွက်
မယ်တရွက် မောင်တထမ်း
မောင်တထမ်း မယ်တရွက်ပါဝင်…………..
သစ္စာရှိစွာ ကတိတည်ကြည်
အများကောင်းကျိုး ကိုယ့်ကောင်းကျိုးမို့ပင်
တက်ညီလက်ညီ လှော်ကြခတ်ကြ
အနာဂါတ်ရှေ့လမ်းခရီးစဉ်တွင်………….
ယောင်္ကျားဘသားဟေ့
ကိုယ့်မာန်ကိုးလို့ ရှေ့ကိုနှင်
တို့အင်အားနဲ့ တို့ဥာဏ်မြင်
ကိုယ့်လုပ်အားကို ကိုယ်အားထားလို့
တက်ကြွားကြွကြွပင်
တို့နိုင်ငံ တို့ဗိမာန်
တို့ဗိမာန်သစ် တို့တာဝန်
{ (တည်ဆောက်ကြစို့)၂…ညီညာအစဉ်}၂
Leave a Reply