၁၉၆၄ ခုနှစ် စာပေဗိမာန်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ(၉) ကိုပြန်ကြည့်မိတယ်။
အဲဒီစာအုပ်ရဲ့ စာမျက်နှာ (၉၀) မှာ ဒီလို ဖေါ်ပြထားတာ တွေ့ရပါတယ်။
မေယုနယ်ခြားခရိုင်တွင် လူဦးရေ (၄) သိန်း (၅) သိန်း ခန့်ရှိရာ လူအများစု (၇၅% ခန့်) မှာ ရိုဟင်ဂျာ လူမျိုးများဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒီတော့ အဲဒီစာအုပ်မှာဖေါ်ပြထားတဲ့ ရိုဟင်ဂျာဆိုတာ ခုလက်ရှိ ဘင်္ဂါလီအဖြစ် လူမျိုးပြောင်းသွားတဲ့ လူမျိုးစုကို ရည်ညွှန်းတာဆိုတော့ ၁၉၆၄ ခုနှစ် မှာတောင်မှ မေယုခရိုင် တစ်ခုတည်းမှာတင် အနည်းဆုံး လူဦးရေ ၃ သိန်းကျော်ရှိခဲ့တာ သေချာပါတယ်။
Leave a Reply