“အောင်ဆန်းသမီး”ကလေး မလေး လူထုကြားထဲထွက်လာဖို့ အတွက် ပြည်တွင်းမှာရှိနေတဲ့ ကျုပ်တို့ရဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ယူနစ်တွေက ဝန်းရံပံ့ပိုးပေးရမယ်

 ဒေါ်စု နဲ့ပါတ်သက်ပြီး ကွန်မြူနစ်တွေဝိုင်းရံနေကြောင်း သက်သေပြဖို့
ဗမာပြည် ကွန်မြူနစ်ပါတီ အကြီးအကဲ “ရဲဘော်သခင်ဘသိန်းတင်”
၁၉၈၈ ပေါ်လစ်ဗျူရို အစည်းအဝေးမှာပြောတဲ့စကားတွေကို အခွေမူရင်းအတိုင်း ဖွင့်ပြသဗျ။
(ဒါကြောင့်လည်း တောခိုသွားသူတွေထဲမှာ ထောက်လှမ်းရေးတွေပါတယ်ဆိုတဲ့
စွပ်စွဲချက်ကျယ်ကျယ်ပျံ့ပျံ့ ထွက်လာခဲ့တာပါ)
မှတ်မိသလောက်ရေးပြပါမယ်၊
မူရင်းစကားအတိုင်းမဟုတ်ပေမယ့် ဆိုလိုရင်းတူအောင် ရေးပြပါမယ်။


“အခုတော်လှန်ရေးဟာ တစ်နိုင်ငံလုံးပါဝင်ဆင်နွှဲလာပြီ။
မဆလ အစိုးရ ဟာပြည်သူရဲ့ တော်လှန်မှုကို တောင့်ခံနိုင်မှာမဟုတ်ပဲ ပြိုလဲရလိမ့်မယ်။
အဲ့လို ပြိုလဲဖို့ရာ ကျုပ်တို့ရဲ့ ပြည်တွင်းပြည်ပမှာရှိနေတဲ့ ယူနစ်တွေက ပံ့ပိုးပေးရလိမ့်မယ်။
ဒါပေမယ့် ကျုပ်တို့ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ပေါ်ပေါ်ထင်ထင်လှုပ်ရှားလို့မဖြစ်ဖူး။
ဗိုလ်နေဝင်းဟာ နှစ်ပေါင်းများစွာ ကျုပ်တို့ရဲ့ပါတီကို နာမည်ဖျက်က်ထားခဲ့တယ်။
ဒါဆို သခင်နု ကို ပံ့ပိုးမလား၊ ဗိုလ်အောင်ကြီး၊ ဗိုလ်အောင်ရွှေ၊ဗိုလ်တင်ဦး တို့ကို ပံ့ပိုးမလား၊
ဒါတွေလည်း မဖြစ်နိုင်ဘူး၊ ဒီလူတွေရဲ့ပုံရိပ်တွေဟာလည်း အမဲစက်တွေရှိခဲ့ပြီးသား၊
ဒါကြောင့်ကျောင်းသားခေါင်းဆောင် လူငယ်လေးတွေကို ပံ့ပိုးပြန်ရင်လည်း
နိုင်ငံတစ်ကာ ဝင်ဆန့်မှုမရှိနိုင်ဘူး။
ဒီတော်လှန်ရေးကြီးဟာ နိုင်ငံတစ်ကာရဲ့ အာရုံစိုက်မှု၊ ပံ့ပိုးမှု၊ ထောက်ခံမှုတွေအရေးတကြီးလိုအပ်တယ်။
ဗမာလူမျိုးတွေဟာ ပုဂ္ဂိုလ်ရေးလေးစားမှုကနေ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေပေါ်လာလေ့ရှိတယ်။
အခုပြည်တွင်းမှာ “သခင်အောင်ဆန်း” ရဲ့ သမီးလေးပြန်ရောက်နေတယ်။
သူဟာ နိုင်ငံရေးအကြောင်းနားမလည်ဘူး၊အရည်အချင်းရှိမရှိကျုပ်တို့မသိနိုင်ဘူး။
ဒါပေမယ့် အဖြူထည်သက်သက်ဖြစ်သလို
“အောင်ဆန်းသမီး” ဆိုတဲ့အရှိန်အဝါနဲ့ လူထုလေးစားကြည်ညိုမှုမှနေတစ်ဆင့်
ဗမာပြည်သူတစ်ရပ်လုံးရဲ့ ကိုးကွယ်ယုံကြည်မှုရအောင်လုပ်ရင်
အနောက်နိုင်ငံတွေနဲ့ အမေရိကန်တို့ကလည်း သူတို့ဆီကပညာတတ်တစ်ယောက်ဖြစ်တဲ့အတွက်
အမျိုးသားခေါင်းဆောင် National Figure အဖြစ်လက်ခံလာနိုင်တယ်။
ဒါကြောင့် ဒီကလေး မလေး လူထုကြားထဲထွက်လာဖို့ အတွက်
ပြည်တွင်းမှာရှိနေတဲ့ ကျုပ်တို့ရဲ့ ယူနစ်တွေက ဝန်းရံပံ့ပိုးပေးရမယ်။”
(အဲ့ဒီအချိန်မှာ ရန်ကုန်ဆေးရုံကြီးရှေ့ စင်မြင့်မှာ ဗိုလ်မှူးဗသော်(မောင်သော်က) ခြံရံလို့
ဒေါ်စု တရားဟောနေပုံကို ထပ်တလဲလဲ ပြပေးပါတယ်။)
အဲ့ဒီကစလို့ ခင်ညွန့်က ဒေါ်စုသည် အရည်အချင်းမရှိပဲ ဗကပ တို့၏သွေးဆောင်မြှောက်ပင့်ပေးမှုကြောင့်
လူထုခေါင်းဆောင် ဖြစ်လာတယ်။ (မရွယ်ပဲ စော်ကဲ မင်းဖြစ်။ စိုင် ကော်လို့ ခြုံပေါ်ရောက်တယ်။)
“အန်အယ်ဒီ NLD” ဆိုတာ ဗကပ တို့မြေတောင်မြှောက်ပေးလိုက်လို့ ပေါ်လာတယ်။
“ဒေါ်စု” နားမှာ ကွန်မြူနစ်တွေဝန်းရံတယ်။
“အန်အယ်ဒီ” ထဲမှာ ကွန်မြူနစ်တွေ ကြီးစိုးနေတယ်။
“အန်အယ်ဒီ” ဟာ ပြောတော့ ဒီမိုကရေစီ၊ လုပ်တော့ ကွန်မြူနစ်စတိုင်
ဒေါ်စုရဲ့ တစ်သွေးတစ်သံတစ်မိန့်နဲ့သွားနေတယ်။
နားမလည်သူတွေဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးကိုးကွယ်ပြီး
အမြင်တိမ်သလ္လာဖုံး နေတယ်ဆိုပြီး မပြတ်တန်းတိုက်ခိုက်ခဲ့တာပါပဲ။

သတင်းစာရှင်းလင်းပွဲဆိုတာကိုသန်းရွှေလက်ထက်မှာကျယ်ကျယ်ပြန့်ပြန့်
ကျင့်သုံးလာကြတယ်။
ဗိုလ်မှူးကျော်ဆန်း(ငြိမ်း)(ယခု ဂျပု ကျော်ဆန်းမဟုတ်ပါ) ခေါ်
သတင်းစာများရဲ့ပင်တိုင်ဆောင်းပါးရှင် “သုခိတာ” က အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူကာ
ဗိုလ်ချုပ်ခင်ညွန့် နှင့် တကွ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ဘုန်းမြင့်၊
ရဲချုပ် ဗိုလ်မှူးကြီးစိုးဝင်း
(ဇွဲနေဝင်းကြောင့်ပြုတ်သွားရပြီး ဟိုတစ်လောက ပလေးဘွိုင်းသန်းနိုင်က ရေမြွေထင်ပြီးဖြဲလိုက်မိလို့
နဂါးမဟုတ်တာတောင် မြွေဟောက်လောက်တော့အဆိပ်ရှိသေးကြောင်းပြတဲ့အနေနဲ့
ပလေးဘွိုင်းသန်းနိုင်ကို မှတ်လောက်သားလောက်တရားစွဲရန်လုပ်သူ)တို့က
ဇာတ်ညွှန်းဆရာတွေရေးပေးလိုက်သမျှဖတ်ပြ၊
ဖိတ်ကြားခံရသူ သတင်းစာဆရာကြီးများ၊ သတင်းထောက်များက သူတို့ဖတ်ပြသမျှနားထောင်၊
သူတို့ ခင်းကျင်းပြသထားသမျှ ဓာတ်ပုံအထောက်အထားတွေကို လှည့်လည်ကြည့်ရှု
သူတို့ဆီက လက်မှတ်ထိုးပြီး ထုတ်ယူလာတဲ့ အဲ့ဒီစာသားအတိုင်း နောက်နေ့သတင်းရေးရတာကို သတင်းစာရှင်းလင်းပွဲဟုခေါ်သည်။
အဲ့ဒီတုန်းက သတင်းစာရှင်းလင်းပွဲတွေမှာ ဂါးဒီးယန်း ဦးစိန်ဝင်း၊ ဘီဘီစီ ဦးမောင်မောင်၊
ဗွီအိုအေ ဦးလှထွေး တို့တောင် ပြန်လှန်မေးခွန်း ထုတ်ခွင့်မရှိပါဘူး။
၁၉၉၃ လောက်က
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွန့်
သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားတဲ့စကားတွေ မှတ်မိသလောက်ပြန်ရေးပြမယ်။
အတိအကျတော့အလွတ်မရတော့ပါဘူး၊
အဓိက ကတော့ အန်အယ်လ်ဒီ ကို စိန်ခေါ်၊ တိုက်ခိုက်၊ အပုပ်ချတာပါ။
အဲ့ဒီနေ့သတင်းစာရှင်းလင်းပွဲကလည်း
ဗိုလ်မှူးချုပ်အောင်ရွှေ(ငြိမ်း) က ခင်ညွန့်အမြီးကိုတက်နင်းလိုက်လို့
ခင်ညွန့် ပြူးပြူးပြဲပြဲ ထလုပ်တဲ့၊ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဒေါ်စု တို့ကို
ငယ်ကျိုးငယ်နာဖော်ပြီး ဆဲတဲ့ သတင်းစာရှင်းလင်းပွဲပါ။
“ဦးအောင်ရွှေခင်ဗျား၊ တပ်မတော်မှ ဘာကြောင့်အနားပေးခံခဲ့ရတယ်ဆိုတာ
လူကြီးမင်း ကိုယ့်ကိုကိုယ် အသိဆုံးပါ။
ဦးတင်ဦးခင်ဗျား၊လူကြီးမင်းကော တပ်မတော်ကနေဘာ့ကြောင့်အထုတ်ပယ်ခံရတယ်ဆိုတာလေး
ပြန်လည်ဆန်းစစ်ကြည့်ပါ။
လူကြီးမင်းတို့ ပြည်သူကို ချပြရဲပါသလား။
ကျနော်တို့ကို လူကြီးမင်းတို့ တိုက်ခိုက်အပုပ်ချနေကြတယ်။
ကျနော့ရဲ့ ကျင့်ဝတ် စာရိတ္တ ကို လူကြီးမင်းတို့နဲ့ အဖက်ဖက်ကယှဉ်ရဲပါတယ်။
ခင်ဗျား တို့ဟာ မြန်မာ့နိုင်ငံရေးလောကမှာ နေရာမရနိုင်တော့တဲ့အတွက်
ထမီနားခိုစားနေကြ တဲ့ ကြောင်ပါးကြီးတွေဆိုတာ ပြည်သူတွေအကုန်လုံးက
နားလည်သဘောပေါက်ကြပါတယ်။”
ဆိုပြီး မိန်းမကောင်း ရန်တွေ့ နဲ့
မြန်မာ့ရုပ်သံမှာ သူ့ရဲ့အသံကိုပါ လွှင့်ထုတ်ပေးခဲ့ရတယ်။
ဆက်ပြီး ဒေါ်စု နဲ့ပါတ်သက်ပြီး ကွန်မြူနစ်တွေဝိုင်းရံနေကြောင်း သက်သေပြဖို့
ဗမာပြည် ကွန်မြူနစ်ပါတီ အကြီးအကဲ “ရဲဘော်သခင်ဘသိန်းတင်”
၁၉၈၈ ပေါ်လစ်ဗျူရို အစည်းအဝေးမှာပြောတဲ့စကားတွေကို အခွေမူရင်းအတိုင်း ဖွင့်ပြသဗျ။
(ဒါကြောင့်လည်း တောခိုသွားသူတွေထဲမှာ ထောက်လှမ်းရေးတွေပါတယ်ဆိုတဲ့
စွပ်စွဲချက်ကျယ်ကျယ်ပျံ့ပျံ့ ထွက်လာခဲ့တာပါ)
မှတ်မိသလောက်ရေးပြပါမယ်၊
မူရင်းစကားအတိုင်းမဟုတ်ပေမယ့် ဆိုလိုရင်းတူအောင် ရေးပြပါမယ်။
“အခုတော်လှန်ရေးဟာ တစ်နိုင်ငံလုံးပါဝင်ဆင်နွှဲလာပြီ။
မဆလ အစိုးရ ဟာပြည်သူရဲ့ တော်လှန်မှုကို တောင့်ခံနိုင်မှာမဟုတ်ပဲ ပြိုလဲရလိမ့်မယ်။
အဲ့လို ပြိုလဲဖို့ရာ ကျုပ်တို့ရဲ့ ပြည်တွင်းပြည်ပမှာရှိနေတဲ့ ယူနစ်တွေက ပံ့ပိုးပေးရလိမ့်မယ်။
ဒါပေမယ့် ကျုပ်တို့ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ပေါ်ပေါ်ထင်ထင်လှုပ်ရှားလို့မဖြစ်ဖူး။
ဗိုလ်နေဝင်းဟာ နှစ်ပေါင်းများစွာ ကျုပ်တို့ရဲ့ပါတီကို နာမည်ဖျက်က်ထားခဲ့တယ်။
ဒါဆို သခင်နု ကို ပံ့ပိုးမလား၊ ဗိုလ်အောင်ကြီး၊ ဗိုလ်အောင်ရွှေ၊ဗိုလ်တင်ဦး တို့ကို ပံ့ပိုးမလား၊
ဒါတွေလည်း မဖြစ်နိုင်ဘူး၊ ဒီလူတွေရဲ့ပုံရိပ်တွေဟာလည်း အမဲစက်တွေရှိခဲ့ပြီးသား၊
ဒါကြောင့်ကျောင်းသားခေါင်းဆောင် လူငယ်လေးတွေကို ပံ့ပိုးပြန်ရင်လည်း
နိုင်ငံတစ်ကာ ဝင်ဆန့်မှုမရှိနိုင်ဘူး။
ဒီတော်လှန်ရေးကြီးဟာ နိုင်ငံတစ်ကာရဲ့ အာရုံစိုက်မှု၊ ပံ့ပိုးမှု၊ ထောက်ခံမှုတွေအရေးတကြီးလိုအပ်တယ်။
ဗမာလူမျိုးတွေဟာ ပုဂ္ဂိုလ်ရေးလေးစားမှုကနေ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေပေါ်လာလေ့ရှိတယ်။
အခုပြည်တွင်းမှာ “သခင်အောင်ဆန်း” ရဲ့ သမီးလေးပြန်ရောက်နေတယ်။
သူဟာ နိုင်ငံရေးအကြောင်းနားမလည်ဘူး၊အရည်အချင်းရှိမရှိကျုပ်တို့မသိနိုင်ဘူး။
ဒါပေမယ့် အဖြူထည်သက်သက်ဖြစ်သလို
“အောင်ဆန်းသမီး” ဆိုတဲ့အရှိန်အဝါနဲ့ လူထုလေးစားကြည်ညိုမှုမှနေတစ်ဆင့်
ဗမာပြည်သူတစ်ရပ်လုံးရဲ့ ကိုးကွယ်ယုံကြည်မှုရအောင်လုပ်ရင်
အနောက်နိုင်ငံတွေနဲ့ အမေရိကန်တို့ကလည်း သူတို့ဆီကပညာတတ်တစ်ယောက်ဖြစ်တဲ့အတွက်
အမျိုးသားခေါင်းဆောင် National Figure အဖြစ်လက်ခံလာနိုင်တယ်။
ဒါကြောင့် ဒီကလေး မလေး လူထုကြားထဲထွက်လာဖို့ အတွက်
ပြည်တွင်းမှာရှိနေတဲ့ ကျုပ်တို့ရဲ့ ယူနစ်တွေက ဝန်းရံပံ့ပိုးပေးရမယ်။”
(အဲ့ဒီအချိန်မှာ ရန်ကုန်ဆေးရုံကြီးရှေ့ စင်မြင့်မှာ ဗိုလ်မှူးဗသော်(မောင်သော်က) ခြံရံလို့
ဒေါ်စု တရားဟောနေပုံကို ထပ်တလဲလဲ ပြပေးပါတယ်။)
အဲ့ဒီကစလို့ ခင်ညွန့်က ဒေါ်စုသည် အရည်အချင်းမရှိပဲ ဗကပ တို့၏သွေးဆောင်မြှောက်ပင့်ပေးမှုကြောင့်
လူထုခေါင်းဆောင် ဖြစ်လာတယ်။ (မရွယ်ပဲ စော်ကဲ မင်းဖြစ်။ စိုင် ကော်လို့ ခြုံပေါ်ရောက်တယ်။)
“အန်အယ်ဒီ NLD” ဆိုတာ ဗကပ တို့မြေတောင်မြှောက်ပေးလိုက်လို့ ပေါ်လာတယ်။
“ဒေါ်စု” နားမှာ ကွန်မြူနစ်တွေဝန်းရံတယ်။
“အန်အယ်ဒီ” ထဲမှာ ကွန်မြူနစ်တွေ ကြီးစိုးနေတယ်။
“အန်အယ်ဒီ” ဟာ ပြောတော့ ဒီမိုကရေစီ၊ လုပ်တော့ ကွန်မြူနစ်စတိုင်
ဒေါ်စုရဲ့ တစ်သွေးတစ်သံတစ်မိန့်နဲ့သွားနေတယ်။
နားမလည်သူတွေဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးကိုးကွယ်ပြီး
အမြင်တိမ်သလ္လာဖုံး နေတယ်ဆိုပြီး မပြတ်တန်းတိုက်ခိုက်ခဲ့တာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: