ပါရစ်မြို့က အီဖယ် တာဝန်ကို လက်ညိုးထိုး ရောင်းစားသွားတဲ့ ဗစ်တာ လုစတစ်ရဲ့ လမ်းညွှန်လေး

FB of Ko Nyi Thit

၁။ သည်းခံပြီး နားထောင်နိုင်သူ တစ်ယောက်ဖြစ်ပါစေ

၂။ သူတစ်ပါး စကားပြောနေစဉ် ပျင်းစရာကောင်းနေသည့် အမူအရာမျိုး မပြမိပါစေနှင့်

၃။ တဘက်လူရဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အမြင်ကို ထုတ်ပြောပါစေ။ ထို့နောက် ထိုသူ၏ အယူအဆကို သဘောတူကြောင်း ပြောပါလေ။

၎။ တဘက်လူ၏ ဘာသာရေး ခံယူချက်ကို ထုတ်ပြောပါစေ။ ထို့နောက် ထိုသူ၏ ခံယူချက်နှင့် မိမိ ခံယူချက် တူညီကြောင်း တအံ့တသြ ပြောပါလေ။

၅။ လိင်ကိစ္စ အရိပ်အမြွက် လမ်းကြောင်းခင်း စကား ပြောကြားနိုင်သော်လည်း တဘက်လူမှ အလွန်အမင်း စိတ်ဝင်စားဟန် မပြဘဲ တဏှာရူးဖို့ အားမထုတ်မိပါစေနှင့်။

၆။ ဖုံးဖိလို့ မရတဲ့ အရေးပေါ် အနေအထားမျိုးကလွဲရင် ဖျားနာမူတွေအကြောင်း မပြောပါနဲ့

၇။ တပါးသူရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို စိတ်ဝင်စားဟန် သိချင်ဟန် မပြပါနဲ့ ( သူ့ဘာသာသူ ပြောလာပါလိမ့်မယ် )

၈။ ဘယ်တော့မှ မကြွားပါနဲ့။ သင့်ရဲ့ အရေးပါမူကို မသိမသာ တိတ်တဆိတ် ထင်ရှားပါစေ။

၉။ ဘယ်တော့မှ မသပ်မရပ် မနေနဲ့။

၁၀။ ဘယ်တော့မှ အမူး မလွန်စေနဲ့။

ပါရစ်မြို့က အီဖယ် တာဝန်ကို လက်ညိုးထိုး ရောင်းစားသွားတဲ့ ဗစ်တာ လုစတစ်ရဲ့ လမ်းညွှန်လေးပါ…. အဆင်ပြေသလို ကြည့်သုံးကြပေါ့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: