နီပေါလီ ဆိုတာ ဂေါ်ရခါးလူမျိုး

Ko Nyi Thit

နီပေါလီ ဆိုတာ ဂေါ်ရခါးလူမျိုးလို့ ကျွန်တော်တို့ အကြမ်းဖျင်းသိထားတယ် သိရသလောက် ပြင်ဦးလွင် အနီးတစ်ဝိုက်ရယ် မြစ်ကြီးနား အနီးတစ်ဝိုက်ရယ်မှာ သူတို့ လူမျိုးတွေ စုစု စုစု လေး ရှိနေသေးတယ် နီပေါလူမျိုးလို့လည်း အလွယ်ခေါ်လို့ရတယ် နီပေါဆိုတာ နိုင်ငံသပ်သပ်ရှိတဲ့ တိုင်းပြည် ပေမယ့် ဘာလို့ မြန်မာပြည် အလယ်ကျကျက မြို့မှာ ရောက်နေသလဲဆိုတာတော့ သမိုင်းဆိုင်ရာ အချက်အလက်တွေ သေချာပြန်လှန်မှ သိနိုင်မယ် ဟိုတရက်က သူတို့ရဲ့ ဒေ၀ါလီပွဲ ကျင်းပပုံက သိပ် ချစ်စရာကောင်းလွန်းလို့ သူတို့ တအိမ်ဝင် တအိမ်ထွက် သီချင်းဆိုတဲ့နောက်ကို လိုက်ကြည့်တာ မနက်သုံးနာရီထိုးမှ အိမ်ကို ပြန်ရောက်တယ်
Base သံ ထွက်တဲ့ ဗုံလိုလို ဒရမ်လိုလို ဘယ်လို ခေါ်ရမယ်မှန်းမသိတဲ့ တူရိယာ တမျိုးကလည်း တော်တော် စိတ်ဝင်စားဖို့ကောင်းတယ် … ဖုန်းအားကုန်နေလို့ အဲ့ဒီနေ့က မရိုက်ခဲ့ရဘူး.. ဒီနေ့ ညနေ ထပ်သွားပြီး မှတ်တမ်းတင်ဖို့ စိတ်ကူးထားတယ်
 
May Zin အင်္ဂလိပ်ခေတ်က ဂေါ်ရခါး စစ်တပ်ရှိတော့ အဲဒီအဆက်အနွယ်တွေ မိုးကုတ်တို့ မေမြို့တို့မှာ ရှိနေတာလို့ ထင်ပါတယ်
Maung Khin ဗဟာဒူး & အောင် ဆန်းသူရိယ ရတာတစ်ယောက် ရှိတယ်နော။် Ye Nyunt ဂေါ်ရခါးလူမျိုးတွေက သစ္စာရှိတယ်။ စစ်တိုက်တော်တယ်။ အင်္ဂလိပ်က ဂေါ်ရခါးရိုင်ဖယ်တပ်ရင်း သိးခြားဖွဲ့ပေးခဲ့တယ်။ စစ်ကျောင်းကြီးတွေ ရှိရာ၊ စစ်တပ်စခန်းချရာ နေရာတွေမှာ စစ်မှုထမ်းဟောင်းတွေက ရွာတည်ပြီး နေရာကနေ စိုက်ပျိုးရေးလုပ်စားသောက်နေကြတယ်။ မေမြို့ ၊အောင်ပန်း၊ မြစ်ကြီးနား တစ်ဝိုက်မှာ သူတို့ ခြံတွေက ထွက်တဲ့ အသီးကို ဂေါ်ရခါးသီး လို့ ဘဲ လွယ်လွယ်ခေါ်ရာက အခု တစ်နိုင်ငံလုံး ရောက်ရှိစားသုံးနေကြပါတယ်။(ဘရူနိုင်းမှာ အခုထိ ဂေါ်ရခါးတပ်ရင်းကို ကြေးကြီးပေး ငှားသုံးနေတယ်။)
Banyar Aung တစ်ချို့က နဖူးမှာ ဆန်စေ့တွေကပ်တယ် ကိုညီ ဟုတ်တယ်ဗုံတီးတာအရမ်းကောင်းတယ် မုန့်တွေလည်းဝေတယ်လေ
Zaw Lin ဆရာကြီး လီကွမ်ယူ ရဲ့အိမ်ဝင်ပေါက်မှာလဲလုံခြုံရေးယူနေတာလဲအဲဒီ နီပေါလူမျိုးပါပဲ။
4 hours ago via mobile · Unlike · 5Myat Noe နေပါလီ@ဂေါ်ရခါးတွေ ၁၉၇၀မှရောက်လာတယ်ဆိုတာတော့ မှားမယ်ထင်တာပဲ ကျနော့ အဖေရဲ့ အမအကြီးဆုံးက ၁၉၂၇ဖွားပါ အဒေါ့်ကို ကချင်ပြည်နယ် ဆွမ်ဘရာဘွမ်မြိုမှာမွေးခဲ့တာ ….. နေပါလီနဲ့ ဂေါ်ရခါးတူတူပါပဲ…… ဆန်ကပ်ပွဲက ဒါစရာပွဲတော်ဖြစ်တယ် (မယ်တော် ဒေ၀ီကိုပူဇော်တဲ့ပွဲဖြစ်ပြီ… ဒေါဝါလီ@ဒေပါဝါလိပွဲက သီတင်းကျွတ်ပွဲတော်)ဖြစ်ပါတယ်။ ဟိ ကျနော်က ဂေါ်ရခါးစစ်စ်လေ သြော် မှတ်ပုံတင်ရှိပါတယ်Mya Thaung ဇေယျဝတီက ဟိန္ဒူတွေပါ နီပါလီမဟုတ်ပါဘူးကျောက်တံခါးမှာလည်းများပါတယ်။ဗြိတသျှကိုလိုနီခေတ်က အိန္ဒိယကလယ်လုပ်ဖို့ခေါ်လာသူတွေပါU Min Htike ဘာဘဲဖြစ်ဖြစ်မြန်မာနိုင်ငံသားတွေဖြစ်တဲ့။ဂေါရခါးဟာလူနဲစုပါ။ဒါပေမဲ့ အောင်ဆန်းသူရိယဗဟာဒူးတို့။ဘောလုံးသမားဗဟာဒူးတို့လိုနိုင်ငံအတွက်အလုပ်အကျွေးပြုခဲ့သူတွေအတွက်ဂုဏ်ယူစရာပါ။
Cherry Berry သူတို့က ဟိန္ဒူကိုးကွယ်တာလား မိုးကုတ်ဘက်မှာလည်း သူတို့လူမျိုးအိမ်တစ်ချို့ရှိတယ် ရွှံ့စေးနဲ့ နွားချေးနဲ့မံတာလားမသိဖူး ချောနေတာပဲ ကုလားဆင်တော့ ကုလားဆင် ဒါပေမဲ့မျက်လုံးက သိပ်မပြူးဖူး တွေ့ဖူးသမျှ ဂေါ်ရခါးလူမျိုးတွေက ရုပ်ချောတယ်
 
Nyi Thit ဟိန္ဒူဘာသာဝင်. ဒါပေမယ့် ကျွန်တော် ဗုဒ္ဓဘာသာပါလို့ နှုတ်ဆက်ရင် သူတို့ကလည်း ကျူပ်တို့လည်း ဗုဒ္ဓဘာသာပါပဲဆိုပြီး ပြန်ပြောတယ်ဗျ… ဒေ၀ါလီ သီချင်းကိုလည်း နီပေါလီ သီချင်းဆိုလို့ လူတိုင်း နားမလည်ဘူး သူတို့ပြောတယ်

Nyi Thit ကို Banyar Aung အဲ့ဒါ ဆန်ကပ်ပွဲ သပ်သပ်ရှိတယ်ထင်တာပဲဗျ ကျွန်တော်တော့
Ye Htike Htun နီပေါ နိုင်ငံသား နပါလီ လူမျိုးတစ်အုပ်စုတစ်စုနဲ စကားပြောကြည်ဘူးပါတယ် သူတို့ က ဂေါတမမြတ်စွာက သူတို့ အမျိုးနွယ်စုက လိုပြောပါတယ် သူပြောပြတဲ့ အတိုင်းပြောပြတာပါYe Htike Htun မြန်မာ့ပြည်မှာ နပါလီ နီပေါလူမျိုးအများဆုံးရှိတဲ့ နေရာက တော့ ဇေယျဝတီ မှာပါ အဲ ဒီ ကိုရောက်သွားရင် မြန်မာ့ပြည်အပြင်ဘက်ရောက်သွားသလားအောက်မေ့ ရပါတယ် ယဉ်ကျေမူ အဝတ်အစားက အစ လူသုံးကုန်ပစွည်းမတူတော့ပါဘူး ဥပမာ ရေအိုးတို့  ဘာတို့ ပေါ့ ဗျာ

Phyo Tin Oo နီပေါနိုင်ငံက အခုထိ ဗြိတိန်အတွက် ကြေးစားစစ်သားတွေဌားတယ်။ မေမြို့က ဂေါ်ရခါးတွေက ကိုလိုနီခေတ် အင်္ဂလိပ်တပ်က ပါလာတဲ့ နီပေါ စစ်သားတွေရဲ့ မျိုးဆက်တွေ။Phyo Tin Oo ပြီးတော့ သူတို့က ခေတ်သစ်မြန်မာသမိုင်းမှာ အရေးပါတဲ့နေရာက ပါခဲ့ကြတယ်။ လွတ်လပ်ရေးရတော့ မြန်မာပြည်မှာပဲ နေခဲ့ကြပြီး မြန်မာစစ်တပ်မှာ အမှုထမ်းကြတယ်။ တရုတ်ဖြူစစ်ဆင်ရေးတွေမှာ အနိုင်ရခဲ့တာ အဲဒီ ဂေါ်ရခါးစစ်သားတွေကြောင့် အများကြီးပါတယ်။Tay Zar Aye Cho ဟိုတစ်နေ့က မြန်မာပြည်ဖွား နီပေါတွေနဲ့ တွေ့လို့ မေးကြည့်ဖြစ်တယ်။ သူတို့မိဘတွေက ၁၉၇၀ ၀န်းကျင်မှာ နီပေါမှာ ပြဿနာတွေဖြစ်လို့ မြန်မာပြည်ကို ပြောင်းလာတာတဲ့။ ကျနော်နဲ့တွေ့တဲ့ သူတွေ (အသက် ၂၅-၃၀) ကျတော့ မြန်မာပြည်မှာမွေးတာပေါ့။ တောင်ကြီးသားတွေ။

Zaw Lin Htoo ကျွန်တော်ကတော့ဂေါ်ရခါးဓားတော့သိတယ် ခီခီ
 

Nyein Nyein Aung က လော မှာ အ များ ကြီး ရယ်

Than Htwe Zaw ကျွန်တော်သိသလောက်တော့ သူတို့က ဗြိတိသျတပ်တွေမှာ တာဝန်ထမ်းဆောင်ရင်းရောက်လာကြတာ။ လွတ်လပ်ရေးရပြီးတော့လဲ ဆက်တာဝန်ထမ်းဆောင်ကြတယ်။ ဂေါ်ရခါးတပ် ဆိုပြီးလဲ နာမည်ရခဲ့ဖူးတယ်။ သူတို့ရဲ့ အားသာချက်က သတ္တိရှိတယ်။ဂတိတည်တယ်။နေထိုင်တဲ့ နိုင်ငံအပေါ်သစ္စာရှိတယ်။ အပင်ပန်းခံနိုင်တယ်။ ရိုးသားတယ်ြိုးစားတယ်။ ရှိတာနဲ့ စားနိုင်တယ်။ ဂျီးမများဘူး။ မြန်မာမှမဟုတ်ဘူး ဗြိတိသျ သိမ်းပိုက်တဲ့ နိုင်ငံတိုင်းလိုလိုမှာ သူတို့ တာဝန်ထမ်းဆောင်တယ်။ ကြေးစားတပ်သားသဘော လုပ်တယ်လို့လဲ သိရတယ်။ ငယ်ငယ်က ဂေါ်ရခါးသူငယ်ချင်းတွေနဲ့ ခင်တယ်။ မှတ်ဖူး ဖတ်ဖူးတာလေးပါ။
 

Than Htwe Zaw ပြီးတော့ မေမြို့က ကျွန်တော့သူငယ်ချင်းဂေါ်ရခါး မိသားစုအားလုံးလိုလိုက အဖိတ် ဥပုတ် နေ့တွေမှာ ဘုန်ကြီးကျောင်းတက် ဥပုတ် သီလ ယူလေ့ရှိတယ် ဟိန္ဒူနေ့တွေမှာလဲ သူ့အတိုင်းလုပ်တယ်။ ၂ ဘာသာ ကိုးကွယ်တဲ့သဘောပေါ့

Soemoe Rijal ခလရ ၄ တပ် ရင်း ကို ယခင် က ဂေါ်ရခါး တပ် ရင်း လို့ခေါ်ကြတယ်
At the KOHIMA WAR CEMETERY in Imphal, Commemorating the memories of the British and Indian (mostly Nepal and Punjabi) soldiers who died: “FOR YOUR TOMORROW WE GAVE OUR TODAY….”

Yes a lot of them give their lives to protect India and to liberalize Burma, Malaysia, and Singapore. Retreated badly shaped Japanese soldiers were attacked by Burmese Revolutionary Forces.

Myanmar, Malaysia and Singapore should at least accept that we all are free because the Indian soldiers cut the head of Fascist Japanese, Burmese cut-off their extremities and USA forced the British to give Independence to its colonies so that they could trade freely.

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: