Extracts from ကုရ်အာန် by Ye Yit Thitsar

Ye Yint Thitsar

အို-မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်း တို့၊အသင်တို့သည် အလ္လာဟ်
အရှင်မြတ်(၏ နှစ်သက်မှုရယူရန်)အလို့ငှာ ဖြောင့်မတ်တည်ကြည် သော
သူများ၊ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများဖြစ်ကြ
လေကုန်။၎င်းပြင် မည်သည့် လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည်အသင်
တို့အား တရားမျှတမှုကို မပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်
တို့သည် (မည်သည့် ကိစ္စမျိုး၌မဆို)တရားမျှတကြလေကုန်။ ယင်းတရား
မျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ခြင်းနှင့် အနီးစပ်ဆုံးပင်တည်း။
ထိုမှတစ်ပါးအသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။
မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့
ကြားသိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူချေသတည်း။

(ကုရ်အာန် ၅း၈)

ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မျှတရန်လည်းကောင်း၊ ကောင်းမွန်စွာ
ကျင့်မူဆက်ဆံရန်လည်း ကောင်း၊ဆွေမျိုးနီးစပ်တို့ကို ပေးကမ်းရန်လည်းကောင်း၊
အမိန့်ပေးတော်မူလေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထင်ရှားစွာသော
စက်ဆုပ်ရွံ့ရှာဖွယ်များမှလည်းကောင်း၊ မကောင်းမှုများမှလည်းကောင်း၊ မတရား
မှုများမှလည်းကောင်း၊ မြစ်တားတော်မူလေသည်။ ထိုအရှင်မြတ်သည် အသင်
တို့အား အသင်တို့ သတိရကြအံ့သောငှာ သတိပေး နှိုးဆော်တော်မူပေသတည်း။
(ကုရ်အာန် ၁၆း၉၀)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: