အမျိုးသားရေး လက္ခဏာဟုကြွေးကြော်ပြီး လူမျိုးတစ်မျိုးအပေါ် အကြမ်းဖက် ဆန့်ကျင်တိုက်ခိုက်မှု နိုင်ငံတကာ လုံးဝလက်မခံဟု အမေရိကန်သံရုံးကြေညာ

Kamayut Media ·
BREAKING NEWS: (11/14/2013 – 6:38 PM)

အမျိုးသားရေး လက္ခဏာဟုကြွေးကြော်ပြီး လူမျိုးတစ်မျိုးအပေါ် အကြမ်းဖက် ဆန့်ကျင်တိုက်ခိုက်မှု နိုင်ငံတကာ လုံးဝလက်မခံဟု အမေရိကန်သံရုံးကြေညာ

မြန်မာပြည်မှ လူမျိုးရေးဘာသာရေးအကြမ်းဖက်မှုအပေါ် တစ်ကမ္ဘာလုံး စိတ်ပျက်ငြီးငွေ့နေဟု သမ္မတဟောင်း ကလင်တန် သတိပေး

ဖယ်ဒရယ်ပြည်ထောင်စုကို အားလုံးလိုလား၊ မြန်မာနိုင်ငံရေးကို နားလည်ပြီး ရင်းနှီးမြှုပ်နှံရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ရခိုင်၌ လူသားချင်းကူညီထောက်ပံ့သည့် လုပ်သားများကို အန္တရာယ်ပေးသူ၊ အနှောင့်အယှက်ပြုသူ မှန်သမျှကို အရေးယူရန် ကန်သံမတ်ကြီး တိုက်တွန်း

ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးများ လုပ်ဆောင်နေသော လုပ်သားများကို နှောင့်ယှက်သူ၊ ခြိမ်းခြောက်သူ၊ ရန်စသူ၊ အန္တရာယ်ပေးသူ မည်သူ့ကိုမဆို အပြင်းအထန် ချက်ချင်းအရေးယူဖို့ ပြည်နယ်အာဏာပိုင်များကို တိုက်တွန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုက နိုဝင်ဘာ ၁၄ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်သို့ အမေရိကန်၊ ဆွစ်ဇာလန် သံအမတ်ကြီးများနှင့် ဗြိတိသျှသံအရာရှိများ မြန်မာဝန်ကြီး နှစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်ရီတို့နှင့်အတူ ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၁မှ ၁၂ရက်အထိ သွားရောက်လေ့လာခဲ့ပြီး ဒုက္ခသည်များအခြေအနေနှင့် နှစ်ဖက် လူ့အသိုင်းအဝိုင်းကြားမှ တင်းမာမှုများကိုပါ လေ့လာခဲ့သည်ဟု သံရုံး ကြေညာချက်က ဆိုသည်။

အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ချဲလ်ဦးဆောင်သော အဆိုပါသံအရာရှိများအဖွဲ့သည် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း၊ အမျိုးသားရေးလက္ခဏာဆိုသော ကြွေးကြော်သံဖြင့် လူမျိုးတစ်မျိုးအပေါ် အကြမ်းဖက်တိုက်ခိုက်မှု၊ လူသားချင်းစာနာထောက်ထားသော ကူညီထောက်ပံ့မှုများကို နှောင့်ယှက်ဟန့်တားမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက လုံးဝသည်းခံမည်မဟုတ်သလို မည်သည့်အခြေအနေအောက်တွင်မဆို လုံးဝ လက်မခံကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့အပါအဝင် အခြား နိုင်ငံတကာအဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များကိုသာ ထောက်ပံ့ကူညီနေသည်ဟူသော စွပ်စွဲချက်များဖြင့် ဒေသခံများက ကူညီသူများ၊ အဖွဲ့အစည်းများကို ရခိုင်ပြည်နယ်မှ ထွက်ခွာသွားရန် သတိပေးခြိမ်းခြောက်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။ ယင်းလုပ်ရပ်အပေါ် မြန်မာအစိုးရက တရားဝင် တုံ့ပြန်ခြင်းမရှိသလို ယင်းကဲ့သို့ ခြိမ်းခြောက်နေသူများကိုလည်း အရေးယူတားမြစ်ခြင်းများ ဆောင်ရွက်ခြင်းမရှိသေးပေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: