အောက်တန်းစား EMG မီဒီယာ သို့ 

အောက်တန်းစားမီဒီယာ သို့ 

FB of Ko Nyi Thit

Eleven လို ပြည်သူက ပေးတဲ့ နံပတ် ၁ ဆိုတဲ့ မီဒီယာမှာ Editorial ရေးနေတဲ့ ပုဂ္ဂိုလ်ဆီကနေ ကလေး ကလား စကားတွေ ကြားရတာ တော်တော် အာရုံနောက်တယ်ဗျာ ကျွန်တော် လွန်ခဲ့သော ရက်များဆီက ရေးခဲ့ဖူးတဲ့
Eleven ဂျာနယ်သို့ ပေးစာ ဖတ်ချင်ဖတ် မဖတ်ချင်နေ ( ၂ ) မှာ Time မဂ္ဂဇင်းက ဦးဝီရသူကို မျက်နှာဖုံးတင်တဲ့ ကိစ္စ ဝေဖန်တဲ့ အယ်ဒီတာရဲ့ စာ အကြောင်း ရေးဖူးတယ် အဲ့ဒီတုန်းကတော့ ဘယ်သူရေးမှန်း မသိဘူး ခုတော့ သိသွားပြီဗျ…. ပုံစံတူ သွားတွေ့လို့ Time ကိစ္စမှာတုန်းက ဒီမဂ္ဂဇင်းနဲ့ ကိုယ့် ဗုဒ္ဓဘာသာ ကိစ္စကို အဓိက ရှင်းရမှာ.. ဒါပေမယ့် အစ္စလာမ် အစွန်းရောက် ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါသုံးပြီး အဖော်ညိုတယ် သူတို့ကျတော့ မပြောဘူး ဆိုတာမျိုး မဆိုင်တာကို ဆွဲထည့်တယ်.. အခုလည်း တူတူပဲ
ကိုယ့်မြန်မာပြည်ထဲမှာ ဖြစ်ပျက်နေတာက ဘုန်းကြီး အတုအယောင်တွေက ဘယ်လိုမှ လက်မခံနိုင်တဲ့ ဗီနိုင်းကို ကိုင်ပြီး အရှက်မရှိ ဆန္ဒပြတဲ့ ကိစ္စ
မဆီမဆိုင် ကုလားပြည်မှာလည်း “ဗုဒ္ဓဘာသာတွေကို သတ်ချင်တယ် ” ဆိုပြီး ဆန္ဒပြတာပဲလေ ဆိုတဲ့ အပေါက်မျိုးရေးထားတယ်
ကလေးကလား နှိုင်းယှဉ်သုံးသပ်ချက်လို့ပဲ ယူဆတယ် ရှင်းရှင်းပြောရရင်

သူတို့ ရိုင်းသလို လိုက်ရိုင်းရမလား
သူတို့ ရေးသလို လိုက်ရေးရမလား
သူတို့ လုပ်သလို လိုက်လုပ်စရာလိုသလား

ကိုယ့်ပြည်တွင်းမှာ လူကြီးလူကောင်းပီသ နိုင်ငံကြီးသားပီသတဲ့ အမူအကျင့်မျိုး ဖြစ်စေချင်လို့ ကိုယ့်ပြည်တွင်းက ကိစ္စပဲ ကိုယ်ထောက်ပြတယ်
ကိုယ်ဝေဖန်တယ် ရှုံ့ချတယ် တခြားတိုင်းပြည်က ကိစ္စ သူ့သမိုင်း သူရေးလိမ့်မယ်

ကိုယ့်နိုင်ငံသား မဟုတ်တဲ့လူတွေ ဆန္ဒပြတဲ့ ကိစ္စအပေါ်
ဘာမဆိုင် ညာမဆိုင် ကိုယ့်တိုင်းပြည်ထဲက အစ္စလာမ်တွေကို ပြန်နှိပ်ကွပ် ဆန္ဒပြတာ ဖြစ်သင့်တယ် ဆိုတဲ့ အပေါက်မျိုး ရေးထားတာဟာ အောက်တန်းစား စိတ်ဓာတ်ဖြစ်တယ်

ွှTime နဲ့ ကိစ္စတုန်းက ရေးထားတဲ့ လင့်ကို ပြန်ထည့်ပေးလိုက်တယ် ဆင်ခြင်ကြည့်ကြကုန်

https://www.facebook.com/notes/nyi-thit/eleven-ဂျာနယ်သို့-ပေးစာ-ဖတ်ချင်ဖတ်-မဖတ်ချင်နေ-၂-/264688240335628

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: