We demand U Thein Sein gov to arrest ALL the monks insulting Islam and charge with ပုဒ်မ ၂၉၅(ခ)

ပုဒ်မ ၂၉၅(ခ) ဆိုလား … အဲဒါကြီးက ဘာကြီးလဲဗျ မှတ်မိတဲ့သူရှိရင်ပြောပြပါလား။
Robert Elhose သူတစ်ပါး ကိုးကွယ်သည့် ဘာသာ သာသနာ ကိုဖြစ်စေ၊ ဘာသာရေး သာသနာ ရေး ယုံကြည်မှုကိုဖြစ်စေ၊ စော်ကားခြင်းဖြင့် သူတစ်ပါး ၏ ကိုးကွယ်ရာ ဘာသာရေး စိတ်ဓါတ်ကို နာကျည်းစေရန် ကြံရွယ်ပြီး မသမာစိတ်ဖြင့် တမင် ကျူးလွန်သည့် ပြစ်မှု များ ဆိုင်ရာ ဥပဒေပုဒ်မ။
Mohammed Naeem အဲဒါကြီးက ၉၆၉ အတွက်ပဲ အသုံးချတာဗျ။ ကျန်တဲ့အတွက် အသုံးမှမဝင်တာ

Robert Elhose ထိုကဲ့သို့ စော်ကားရန် ကြံရွယ်ကြောင်း ပေါ်လွင်ထင်ရှားလျှင် ထိုသူအား ထောင်ဒဏ် နှစ်နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ နှစ်ရပ်လုံး ဖြစ်စေ ချမှတ် နိုင်သည် လို့ ရာဇသတ်ကြီး မှာ ပြဋ္ဌာန်း ထားတယ်။ ဒါပေမဲ့ ဒါနဲ့ အရေး ယူတာ ခုထိ တစ်ယောက်မှ မတွေ့ဘူးသေးဘူး။ ကွမ်းယာဆိုင်က ၉၆၉ စတစ်ကာ ကို ကွမ်းယာလာဝယ်တဲ့ မွတ်စလင်မ် က အမှတ်တမဲ့ ဆိုင်ကယ် သော့လေးနဲ့ ထိုးမိလိုက်တာကို ဘာသာသသနာ စော်ကားပါတယ် ဆိုပြီး အဲံဒီ ပုဒ်မ နဲ့ပဲ ထောာင်ချလိုက်တာတော့ ကြုံဘူးသဗျ

Aung Kyaw Myint မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၈၆၁ ခုနှစ် မတ်(၁) ရက်နေ့စွဲဖြင့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် ဘာသာပေါင်းစုံတို့အတွက် ရာဇသတ်ကြီးဥပဒေအခန်း (၁၅) ကိုပြဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံရာဇသတ်ကြီးဥပဒေ၌ ဘာသာသာသနာဆိုင်ရာပြစ်မှုများဟူသော အခန်းတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅၊ ၂၉၅(က)၊ ၂၉၆၊ ၂၉၇ နှင့် ၂၉၈ ဟူ၍ ဖော်ပြပါရှိပါသည်။
ပုဒ်မ ၂၉၅
+++++++
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း နေထိုင်သော လူတစ်စားကိုးကွယ်သည့် ဘာသာသာသနာကို စော်ကားရန်အကြံဖြင့်ဖြစ်စေ၊ ကိုးကွယ်ဝတ်ပြုသောနေရာကိုသော်လည်းကောင်း၊ အထွဋ်အမြတ်ထားရာ အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက်ဆီးခြင်း သို့တည်းမဟုတ် ယုတ်ညံ့စေခြင်းသည် ထိုဘာသာသာသနာကို စော်ကားသည်ဟု လူတစ်စားက ယူဆတန်ရာသည် ဟုသိလျှက်နှင့်ဖြစ်စေ၊ မည်သူမဆို ထိုလူတစ်စားက ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြုသောနေရာကိုသော်လည်းကောင်း၊ အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက်ဆီးလျှင် သို့တည်းမဟုတ် ပျက်စီးနစ်နာစေလျှင် သို့တည်းမဟုတ် ယုတ်ညံ့စေလျှင် ထိုသူကို နှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ …

One Response to “We demand U Thein Sein gov to arrest ALL the monks insulting Islam and charge with ပုဒ်မ ၂၉၅(ခ)”

  1. drkokogyi Says:

    Storm Rider MyanmarMuslim InfoCentre
    စတာကတော့ ရိုဟင်ဂျာဆန့် ကျင်ရေး။ နောက်တော့ ဘင်္ဂလီဖြစ်လာတယ်။ ဒီကတစ်ဆင့် ကမန်၊ ပသီ၊ ကုလား၊ ကပြား၊ ပြည်တွင်းက မြန်မာမွတ်စ်လင်မ် မှန်သမျှကို တိုက်ခိုက်လာတယ်။

    အခုလဲ ဆန့် ကျင်တာက OIC စော်ကားခံရတာက ကမ္ဘာ့ လူဦးရေ ၂ဘီလီယံလောက် ကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ။ စော်ကားတဲ့သူတွေကလဲ သာမန်လူတွေမဟုတ်။ ဘုရားသားတော်လို့ တင်စား ယုံကြည်ကြတဲ့ ဘာသာရေးခေါင်းဆောင် ဘုန်းကြီးတွေ။

    ခေါင်ကမကောင်းလို့ မိုးယိုတာ မဆန်းပါဘူး။ ရှင်ဂေါတမကလဲ သူများ ကိုးကွယ်ရာကို စော်ကား ပုတ်ခတ်ရမယ်လို့  မဟောထားလောက်ဘူး။ ဗုဒ္ဓဘာသာ ပျောက်မှာစိုးတယ်ဆို ဒီလို သင်္ကန်းခြုံတွေကို အရင်ရှင်းကြပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: