“စစ်ခွေး”နဲ့ “ဆိုးသွမ်းမိုက်မဲမှု”

Tayoke dane family

Myanmar-Chinese mixed blooded or Ka Pyars or Mi Masit Pha Masit family (This was Ne Win’s own words calling the mixed blooded Muslims.) Or better call them Tayoke-danes. (Equivalent to Kala dain, Ne Win used).

Sa Maung

“စစ်ခွေး”နဲ့ “ဆိုးသွမ်းမိုက်မဲမှု”

“စစ်ခွေး”နဲ့ “ဆိုးသွမ်းမိုက်မဲမှု” အစဉ်အလာ ဓလေ့ကို
စနစ်အရသာမက သွေးသားအရပါ အမွေပေးသွားခဲ့သည်

တူမောင်ညို / နိုဝင်ဘာ ၁၈၊ ၂၀၁၃

သမ္မတ(ဗိုလ်) ဦးသိန်းစိန်က “နိုင်ငံရေးအကျဉ်းသား” ထဲ စာရင်းသွင်းပြီး
“လွှတ်ပေး” လိုက်သည့် အေးနေဝင်းနဲ့ ကျော်နေဝင်း တို့ပြောစကားတွေကြားရတော့ ဤသို့ကောက်ချက်ချမိသည်။

(ဗိုလ်) ဦးနေဝင်းသည် သူ၏ “ဆိုးသွမ်းမိုက်မဲမှု” အစဉ်အလာဓလေ့ကို စနစ်အရသာမက၊ သွေးသားအရပါ အမွေပေးသွားခဲ့ ပါကလား ဟူ၍ဖြစ်သည်။

(ဗိုလ်)ဦးနေဝင်းပေးထားရစ်ခဲ့သည့် အမွေဆိုးများအနက် အဓိကဆိုးမွေမှာစစ်တပ်ကိုတစ်လက်ကိုင်ခါးပိုက်ဆောင်တပ်သဖွယ် လုပ်ပြီးပြည်သူလူထုကိုအကြမ်းဖက်ဖိနှိပ်ကာ ကိုယ်ပိုင်ဓနဥစ္စာစုဆောင်းကြခြင်းပင်ဖြစ်သည်။

ယင်းမှရရှိလာသည့် အကျိုးဆက်မှာ အုပ်စိုးသူလက်တစ်ဆုပ်စာစစ်အုပ်စုမှာ အကြီးအကျယ် ကြွယ်ဝချမ်းသာလာပြီး တိုင်း ပြည်နှင့်ပြည်သူလူထု
ဆင်းရဲတွင်းနစ်ခဲ့ရခြင်းဖြစ်သည်။

ဗိုလ်နေဝင်း၏ အနှီဆိုးမွေများကို ဆရာထက်တပည့်လက်စောင်းထက်စွာဆက်ခံနိုင်ခဲ့သူမှာဗိုလ်သန်းရွှေပင်ဖြစ်သည်။ ဗိုလ်ခင် ညွန့်မှာ (ပြည်သူလူထု၊ နိုင်ငံရေးသမားများနှင့်ကျောင်းသားလူငယ်များကိုဖိနှိပ်၊ ဖမ်းဆီးထောင်ချ၊ သတ်ဖြတ်ရာ၌) လက်စွမ်းပြနိုင်ခဲ့သော် လည်း အာဏာသက်မရှည်ခဲ့ချေ။ ဗိုလ်နေဝင်းသည်သူ၏လက်မရွံ့လက်စွဲတော်ထောက်လှမ်းရေးဗိုလ်တင်ဦး(မျက်မှန်)
ကို ဖြုတ်ခဲ့သလို ပင်။ ဗိုလ်သန်းရွှေက ထောက်လှမ်းရေးဗိုလ်ခင်ညွန့်ကို တစ်ကွက်မကကျောပြခဲ့သည်။

နောက်ဆုံး၌ ဗိုလ်နေဝင်း ရော-ဗိုလ်ခင်ညွန့်ပါ ဗိုလ်သန်းရွှေ၏ အကျဉ်းသားဖြစ်သွားခဲ့ကြရသည်။

ဗိုလ်သန်းရွှေကသူတို့ကို လက်ရှိအာဏာအဝန်းအဝိုင်း (စစ်အုပ်စုသစ်)နှင့်စည်းခြားပစ်ခဲ့သည်။ ထို့အပြင် “အမျိုးသားနိုင်ငံရေး” လုပ်သည်ဆိုသော ကြံ့ဖွံ့အသင်းအား “ပါတီနိုင်ငံရေး”လုပ်မည့် နိုင်ငံရေးပါတီအဖြစ် အရေခွံလဲပေးကာ စိတ်ကြိုက်ရေးဆွဲ အတည်ပြု ထားသည့် “၂၀၀၈အခြေခံဥပဒေ”ဖြင့် သဖူဆောင်းပေးခဲ့ပြီး “အာဏာအမွေ” သူ၏ လက်ရွေးစင်တပည့်သားမြေးများထံ “ချောမွေ့လွယ် ကူစွာလွှဲပြောင်းပေး”ခဲ့သည်။ ဤအချက်များမှာ ဗိုလ်သန်းရွှေသည် ဗိုလ်နေဝင်း – ဗိုလ်ခင်ညွန့် တို့ထက် တစ်လုံးပိုရှူပြနိုင်သည့် အချက် များပင်ဖြစ်သည်။

ယခုအချိန်ထိ ဗိုလ်နေဝင်း၏ကျန်ရစ်သူမိသားစုဝင်များ အပါအဝင် ဗိုလ်ခင်ညွန့်၏ ထောက်လှမ်းရေးဂိုဏ်းမှာ ဗိုလ်သန်းရွှေ၏ စောင့်ကြည့်ခံအကျဉ်းသားများသာဖြစ်သည်။ “နိုင်ငံရေးမလုပ်ပါ” ဟုသည့် ခံဝန်ချက်ကို မှန်မှန်ဆက်သွင်းနေကြရသည်။

“နိုင်ငံရေးမလုပ်ပါ”ဟူသည့် ခံဝန်ချက်မှာ လက်ရှိအာဏာရစစ်အုပ်စုကို ထောက်ခံ၊ကာကွယ်သည့်နိုင်ငံရေး လွတ်လပ်စွာလုပ် နိုင်သည်။ လက်ရှိအာဏာရစစ်အုပ်စုဆန့်ကျင်သည့်နိုင်ငံရေး(လုံးဝ) လုပ်ခွင့်မရှိဟူ၍ဖြစ်သည်။

မောင်အေးနေဝင်းပြောသည့် “နေဝင်းမိသားစု (နိုင်ငံရေး) ခံယူချက် ၄ ချက်” ဆိုသည်မှာ “ဒို့တာဝန်အရေး ၃ပါး” တွင် “ဗုဒ္ဓ ဘာသာအရေး” ကိုထည့်သွင်းထားခြင်းဖြစ်သည်။ “နေဝင်းမိသားစု ခံယူချက် ၄ ချက်” သည် အရိုးဖြင့်စည်းရိုးကာမည်ဆိုသည့် “အကြမ်း ဖက်မျက်ကန်းမျိုး စောင့်များ” အတွက် ပစ်ထောက်ခံချင်စရာပင်။

မြေးမိုက်ကလေးက “အဖေကြီးကို အိမ်ချုပ်ချလျှင် သမိုင်းအမည်းစက်ထင်လိမ့်မည်” ဟုပြောသည်။ ဤစကားမှာ ကိုယ့်အနာ ကိုယ့်ဘာသာကျိတ်ဖြေရသည့်သဘောမျှသာဖြစ်သည်။ သူတို့အဖေ(ဦးအေးဇော်ဝင်း)ကို ထောင်ချပြီး၊ သူတို့ အမေ(ဒေါ်စန္ဒာဝင်း) ကို အိမ်ချုပ်ထားလိုက်လျှင် အိုမင်းတွင်းဆုံးကျနေသောသူတို့“အဖိုးမိုက်ကြီး” သည် ဘာများလုပ်နိုင်တော့မည်နည်း။

(နဝတ-နအဖ)စစ်အုပ်စု အပါအဝင်စစ်အုပ်စုအဆက်ဆက်က သူကောင်းပြုခဲ့သော “ဘိန်းဘုရင်လောစစ်ဟန်၏မသာပွဲ”နှင့် “ဗိုလ်နေဝင်းအသုဘ”သို့ မည်သူတွေလာရောက်ဂါရဝပြုကြသည်ဆိုသည့်အရေအတွက်ကိုနှိုင်းယှဉ်ကြည့်လျှင်နိုင်သည်။

သမိုင်းကို အချက်အလက်တည်းဟူသော ရှုဒေါင့်မှနေ၍ပြောရမည်ဆိုလျှင် (ဗိုလ်)ဦးနေဝင်းသည်သူ့ခေတ်သူ့အခါအရ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သူဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် စစ်တပ် တွင်ဗိုလ်ချုပ်စမစ်ဒွန်းပြီးနောက် ဒုတိယမြောက် စစ်ဦးစီးချုပ်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဗိုလ်နေဝင်း၏ နောက်ဆုံးခရီးသည် လောစစ်ဟန်လောက် လူမစည်ခဲ့ချေ။

“သူ့စိတ်ထဲမှာ တစ်ချိန် တစ်ခါကမှားမိခဲ့”တာပါဆိုပြီး အေးနေဝင်းတို့တတွေက ဗိုလ်သန်းရွှေအပေါ် ကြံဖန်ကျေးဇူးတင်နေ သည်။ (နေသေးသပ ခြုံထဲက ဆိုသည့် ဂျိုးသွေးနေသည့် စိတ်ထားမျိုးလည်းဖြစ်နိုင်သည်)

“နာကျည်းမှုမရှိပါဘူး၊ အုပ်ချုပ်နေတဲ့အစိုးရသည် တပ်မတော်ဖြစ်လို့၊
ကျွန်တော်တို့ကလည်း တပ်မတော်မိသားစုဖြစ်လို့ မိသားစုစိတ်ဓာတ်နဲ့ပဲရှုမြင်ပါတယ်၊ ခံယူချက်ချင်းမတူလို့ဖြစ်သွားတာပဲရှိတယ်လို့ခံယူပါတယ်၊ တစ်ယောက်နဲ့တစ်ယောက်
ဘာမှအငြိုး အာဃာတခံယူစရာမရှိပါဘူး”ဟူ၍ပြောသည်။

စကား၊ စကားပြောပါများတော့ “စကားထဲက ဇာတိပြ” ဆိုသည့်စကားကဲ့သို့ပင် အေးနေဝင်းနဲ့ ကျော်နေဝင်းတို့ပြော စကား တွေကြားရတော့“စစ်ခွေး”နဲ့ “ဘမျိုးဘိုးတူ” ဆိုသည့်စကား တွေရဲ့အဓိပ္ပါယ်သည်ပိုပြီး အရည်လည်လာသည်။ ထို့အပြင် သူတို့ စစ်အုပ်စု တွင်း (အဟောင်းနဲ့အသစ်၊ အာဏာလက်မဲ့နှင့်အာဏာလက်ရှိ) အချင်းချင်းအကြား အပြန်အလှန်သဘောထားကြပုံကိုလည်း သိလိုက်ရ သည်။

ဤပြောစကားများသည် အောက်ပါ အချက် ၂ ချက်ကို ညွန်ပြနေပါသည်။

ပထမအချက်မှာ “စစ်အုပ်စုအချင်းချင်းအကြား
(အာဏာလက်မဲ့ဖြစ်သွားသူများဘက်က) ပြန်လည်
သင့်မြတ်ရေးစိတ်ထားဖော် ပြချက်ဖြစ်သည်။

နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားများနှင့်တိုင်းရင်းသားများအပေါ်တွင် သူတို့အားလုံးသည် ကြီးစွာသော အငြိုးအာဃာတကိုထားပါသည်။[၁၉၆၂ မှ ယနေ့ကာလအထိ စစ်အုပ်စုဟောင်း/သစ်များ၏ အငြိုးအာဃာတလုပ်ရပ်များထဲမှ အချို့မှာ – ကိုကိုးကျွန်းပို့ပါသည်၊ သီပေါစောဘွားကို သတ်ဖြတ်အစဖျောက်ပါသည်၊ (တကသ)အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့်ဖြိုခွဲပစ်ပါသည်။ ကျောင်းသားလူငယ်ကို သေဒဏ်ပေးပါသည်၊ စစ်ကြောရေးတွင် နှိပ်စက်သတ်ဖြတ်ပါသည်၊ နှစ်ရှည်ထောင်ဒဏ်ကြီးများချပါသည် – စသဖြင့်]

ဒုတိယအချက်မှာလက်ရှိတွင်အာဏာသည်မည်သူ့လက်ထဲတွင်ရှိနေသည့်
ဆိုသောအချက်ကိုညွန်ပြနေပါသည်။

ယခုအခါ (ဗိုလ်) ဦးနေဝင်းပေးထားရစ်ခဲ့သော အဆိုးဝါးဆုံးအမွေ (အာဏာ) သည် ၊ ဗိုလ်သန်းရွှေထံမှတဆင့် (ဗိုလ်) ဦးရွှေ မန်း၊ ဗိုလ်မင်းအောင်လှိုင်၊ (ဗိုလ်) ဦးသိန်းစိန်တို့လက်ဝယ်တွင် “၂၀၀၈အခြေခံဥပဒေ”ဖြင့် သရဖူဆောင်းထားပြီဖြစ်သည်။ ထိုဆိုးမွေ (စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး ပြည်သူကိုအကြမ်းဖက်သည့်ဆိုးမွေ) ကို ပြတ်ပြတ်သားသားဖယ်ရှားပစ်နိုင်မှသာ စစ်မှန် သော ဒီမိုကရေစီ၊စစ်မှန်သော(ဖက်ဒရယ်) ပြည်ထောင်စု ပေါ်ထွက်လာနိုင်မှာဖြစ်ပြီး။ တပ်မတော်သည်လည်း စစ်အုပ်စု၏ တစ်လက် ကိုင်ခါးပိုက်ဆောင် တပ်အဖြစ်မှ လူမျိုးပေါင်းစုံ ပြည်သူများအကျိုးကိုတကယ်တန်းအကာအကွယ်ပေးနိုင်မည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ် ချုပ် ကျော်ဇောတို့ မျှော်မှန်းခဲ့သော တပ်မတော် ဖြစ်လာပေလိမ့်မည်။

ဓာတ်ပုံ – ခင်မောင်ဝင်း (အေပီ)
– See more at: http://moemaka.com/archives/39392#sthash.TW1rROgi.dpuf

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: