ကုလက တိုက်တွန်းတာကို မြန်မာအစိုးရက အရေးတောင်မစိုက်ဘူး..ချက်ချင်း တုံ့ပြန်တယ်..ဒီနေရာမှာ ကုလ ကို ကျေနပ်အားရစရာ ဘာတစ်ခုမှာ မရှိဘူး..ကုလသမဂ္ဂ က မြန်မာနိုင်ငံကို ဖိအားပေးတာ တော်တော် ပျော့တယ်..မြန်မာအစိုးရက ရှောင်သွားနိုင်တဲ့ အကွက်တွေနဲ့ တောင်းဆိုနေတာ တိုက်တွန်းနေတာ သတိပေးတယ်ဆိုတာ ဒီစကားတွေ ရိုးနေပါပြီ။
စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလတစ်လျှောက်လုံး ကုလအနေနဲ့ ဘာလုပ်ပေးနိုင်ခဲ့လဲ ဆိုတာ လူတွေ စဉ်းစားသင့်တယ်..မြန်မာအစိုးရမှာလည်း အရမ်ကျွမ်းကျင်တဲ့ ဥပဒေ ပညာရှင်တွေရှိတယ်။ မြန်မာအစိုးရဘက်ကလည်း သူတို့နဲ့ တုံ့ပြန်သွားဖို့ အဆင့်သင့်ရှိနေတယ်ဆိုတာ..လူတွေ သိသင့်ပါတယ်။ ကုလ က ပို့တဲ့ အစီရင်ခံစာတွေ မြန်မာအစိုးရက ဒီစကားလုံး မကြိုက်ဘူး လက်မခံဘူးဆိုရင် ကုလက ပြန်ပြီး ပြင်ဆင်ပေးရတယ်ဆိုတာ လှုပ်ရှားနေတဲ့ သူတွေ သိသင့်တယ်။
ဒါဆို မြန်မာအစိုးရကို ဘယ်ပုံ ဘယ်နည်းနဲ့ တိုက်ခိုက်သင့်သလဲ ဆိုတာ အမြဲစဉ်းစားဖို့လိုတယ်။ လုံခြုံရေး ကောင်စီနဲ့ မလုပ်ရင် မြန်မာအစိုးရက မှုတောင်မှုမှာ မဟုတ်ဘူး..နှစ်ပေါင်း သုံးဆယ်ကျော် ကမ္ဘာကို လိမ်လာတဲ့ မြန်မာအစိုးရကို တိုက်ခိုက်ပြီး အနိုင်ယူဖို့ဆိုတာ တော်တော် လုပ်ရဦးမယ်။
လူကြီးတွေ မဖြစ်နိုင်သေးတာကို fb ပေါ်မှာ မရေးတာ အကောင်းဆုံးပါဘဲ။ မနက်ဖြန် မြန်မာပြည်ကို လုံခြုံရေး ကောင်စီက လာချ မလိုလို ဘာလိုလို ရေးတာကို မြန်မာအစိုးရက ပိုပြီး အမြင်ကတ်နေတယ် ဆိုတာ သိသင့်တယ်။ အဲလို ရေးတဲ့အပေါ်မှာ မြန်မာအစိုးရက ပြင်ဆင်ချိန် ဟာကွက်တွေ ဗျူဟာတွေ ပြောင်းချိန် ရသွားတယ်။ ဒါကို နိုင်ငံခြားမှာ လှုပ်ရှားနေတဲ့ သူတွေ သတိထားသင့်ပါတယ်။ အစိုးရ အနေဖြင့် ဘာတွေ ရှောင်ပိုင်ခွင့် လုပ်ပိုင်ခွင့် ရှိလဲ ဆိုတာ အရင်လေ့ကြည့်ပြီး OIC ,US ,EU နဲ့ ပေါင်းကာ ကုလ ကို မြန်မာအစိုးရကို ဒီထက် မက ဖိအားပေးဖို့တောင်းဆိုသင့်တယ်။ ကုလက တိုက်တွန်းတာ တောင်းဆိုတာ အသိပေးပြောတာတွေ ရိုးနေပြီ၊ မြန်မာအစိုးရကလည်း ချက်ချင်းတုံ့ပြန်တတ်တယ်။ မကြောက်လို့ အဲဒီနေရာမှာ ချက်ချင်း တုံ့ပြန်တာ ဖြစ်တယ်ဆိုတာ သိစေချင်တယ်။အခုကြည့် ကုလ တိုက်တွန်းတာကို NLD ကပါ ရှုံ့ချတယ်မလား။ ဒီ အကြမ်းဖက်မှု နောက်ကွယ်က ဖြစ်လာမဲ့ နောက်ဆက်တွဲ ပြသနာ ကို NLD ကပါ ကာကွယ်ပေးသွားမဲ့ သဘောရှိနေတယ်။
အခုနောက်ပိုင်း အကြမ်းဖက်မှုတွေကို ဗျူဟာပြောင်းပြီး လုပ်တော့မယ်။ ဒါကြောင့် မွတ်စလင်မ်တွေ အပြင်မှာ လုပ်ဆောင်နေတဲ့ သူတွေ ဥပဒေတွေကို အမြဲလေ့လာပြီး လုပ်ဆောင်သင့်တယ်။ ကုလ အနေနဲ့ မြန်မာအစိုးရကို သတိပေးစာတွေ ဘာတွေ ပို့တာတောင် ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးနဲ့ ပို့ရင် မြန်မာအစိုးရက လက်မခံတော့ အဲဒီ စာသားကို ပြင်ဆင်ပေးရတယ်။ ဒါဆို ကုလဆိုတာက ဘာလဲ မြန်မာအစိုးရက ဘယ်လောက် ခေါင်းမာလဲ ဆိုတာ သိစေချင်တယ်။ ဒါကြောင့် ပြောချင်တာ က အခု အကြမ်းဖက်မှုအပေါ် နိုင်ငံတကာ စိတ်ဝင်စားနေတဲ့ အချိန်မှာ မွတ်စလင်မ်တွေ အမြန်ဆုံး နိုင်ငံတကာနဲ့ ပေါင်း OIC နှင့် ပေါင်းကာ အမြန်အဖြေရှာသင့်ပါတယ်။ fb ပေါ်ကနေ မြန်မာအစိုးရကို UN က မနက်ဖြန် လာတိုက်မလိုလို သန်ဘက်ခါ လာတိုက်မလိုလို ရေးတာတွေဟာ မကောင်းပါဘူးလို့ ပြောချင်ပါတယ်။ ဒါတွေဟာ မြန်မာအစိုးရနှင့် ပြည်သူတွေကို ပိုပြီးစွပေးသလိုမျိုး ဖြစ်သွားတတ်တယ်။ ဒါကြောင့် ခေါင်းဆောင်လုပ်နေတဲ့ သူတွေ fb ပေါ်ရေးတာတွေ ရပ်တန့်ပြီး အပြင်မှာ လျို့ဝှက်လုပ်ဆောင်ချက်တွေ လုပ်ဆောင်သင့်ပါတယ်။ တွေးသင့်ပါတယ်၊ ဥပဒေ ပညာရှင်တွေနဲ့ ဆွေးနွေးသင့်ပါတယ်လို့ အကြံပြုပါရစေ။
Leave a Reply