နိုင်ငံသား ဖြစ်ခွင့်ကို အပြင်းအထန် ကန့်ကွက်တာ စိတ်ပျက်စရာ ကောင်းချက်…
နိုင်ငံသားကဒ် ကိုင်ဆောင်ထားကတည်းကိုက အာဏာပိုင်များ ပြုသမျှ ခံယူပါမယ်…လို့ တရားဝင် လက်မှတ် တစ်ခုအဆင့် ထက် ဘာများပိုလဲ…?
နိုင်ငံသား ဖြစ်ခြင်းအတွက် ဘာတွေများ နိုင်ငံတော်ကနေ အကျိုးကျေးဇူး ခံစားရလဲ ?
စည်ပင်ခွန် ၊ အမြတ်တော် ခွန် ၊ ၀င်ငွေခွန် ၊ လုပ်ငန်းလိုင်စင်…. အကုန်ပေးရတယ် ။
ဘာပြန်ရလဲ…?
ပိုက်ဆံမရှိရင် မြွေကိုက်ခံထိတာတောင် အဆိပ်ဖြေဆေး မရတဲ့ နိုင်ငံ….
ဆေးရုံပေါက် ၀င်လိုက်တာနဲ့ (ဆင်းရဲသားဆိုရင် ) ဘယ်လောက်ကုန်မယ် ..ပိုက်ဆံပါလား ? မပါရင် အရင် သွားရှာဦး …လို့ အပြောခံရတဲ့ နိုင်ငံ…။
နိုင်ငံသား ဖြစ်လို့ ဘာမှ ကောင်းမွန်တဲ့ အကျိုး ခံစားရတာ မရှိဘူး..။
ပိုက်ဆံချမ်းသာရင် ၊ အာဏာရှိရင် ၊ အကပ်ကောင်း အဖားကောင်းရင်…နိုင်ငံသား ဖြစ်ဖြစ် – မဖြစ်ဖြစ် …အကျိုးထူးခံ ၊ အနေချောင်တဲ့ နိုင်ငံ…။
ဒါတွေပြောလို့ ဘင်္ဂလီ ဘက်က လို့ထင်နေဦးမယ်…။
ဘင်္ဂလီဆိုလဲ ဘင်္ဂလား ပြန်ပို့လိုက်ပါ..။
ဘင်္ဂလီမို့ ၊ ခိုးဝင်မို့ သတ်တယ် ဖြတ်တယ် မီးရှို့တယ် ဆိုတာကတော့:( :(:( :(:(:(
ခိုးဝင် ဆိုကတည်းက ဒုက္ခ ရောက်လာလို့…
တကယ်ခိုးဝင်လာရင် မကူညီနိုင်နေပေါ့..။
တည်ဆဲဥပဒေအရ အရေးယူ လို့လဲရသေးတယ်…။
ပြီးရင်…သူ့နေရပ် ပြန်ပို့.။
အခုကတော့ နိုင်ငံသား ကဒ် ကိုင်ဆောင်ထားသူတွေရဲ့ တခုတည်းသော အခွင့်အရေးက ဒုက္ခသည်ကို အနိုင်ကျင့် စော်ကားရေးပဲ..။
နိုင်ငံသား ( ဗုဒ္ဓ ) အတွက် စိတ်ဖြေဖို့ ထားပေးထားတဲ့ ထွက်ပေါက်က မွတ်စ်ကို သတ် ၊ စော်ကား ၊ လုယက် ၊ မီးရှို့ခွင့်ပဲ…
ကျုပ် နိုင်ငံသားပဲ..
ဒါပေမယ့် မွတ်စ်လင်မ် ဖြစ်နေတဲ့ အတွက် ဗုဒ္ဓ ဘာသာဝင်တွေ အခွင့်ရေး ဆုံးရှုံးတာထက် ပိုတယ်…။
မွတ်စ် ဖြစ်တဲ့ အတွက် ကိုးကွယ်ရာ ဘာသာ ၊ သာသနာ ကို စော်ကား ၊ သာသနာဝင်တွေသတ်ဖြတ်ခံနေရတာပဲ..။
ခုအော်နေတာ အားလုံး အမှန်ကတော့ ပထွေး အလိုကျ အော်ပြနေတာ…။
ဘယ်သူ နိုင်ငံသား ဖြစ်တယ် ၊ မဖြစ်ဘူး စိတ်ဝင်စားတာ မဟုတ်ဘူး ။
Leave a Reply