We don’t really need a new law, if the present Laws are applied FAIRLY and Justice, we could put ALL the 969 leaders into jail. Even the President Thein Sein, Military and Police Chiefs could be charged for negligence of their duties to protect Muslims and properties. Even the Judges could land in jail for unfair one-sided Judgement against Muslims.
Solonight Emparor>> မရ လောက် ပါဘူး ။ဘာ ဥပဒေ ကြီး ပဲ ပြဌာန်း သည် ဖြစ်စေ လက်တွေ့ လိုက်နာ ကျင့်သုးံ ပေမဲ့ အစိုးရ မဟုတ်ရင် အလကား ပါပဲ။ အဓိက ကျတာက ဒီ အစိုးရ ကို အမြစ်က လှန်ပြီး ဖြုတ်ချ ဖို့ ပါ။ အကုန်သတ်နိုင်ရင် ပိုကောင်း ပါလိမ့်မယ်။ ဒါဟာ မညာ မတာ အရှိတိုင်း ပြောပြ တာပါ။M-Media:မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ပြဌာန်းထားတဲ့ နိုင်ငံသား တိုင်းရဲ့လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်တွေကိုအာမခံချက်ပေးမည့် ဘာသာရေးပဋိပက္ခများ မဖြစ်အောင် ထိထိရောက်ရောက် တားဆီးနိုင်မည့် ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို အားပေးတဲ့ဥပဒေ တစ်ရပ်ကို အမြန်ဆုံးပြဌာန်းသင့်ပါပြီ။
၂၀၀၈ ဖွဲ့စည်းပုံပါ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုင်ရာ ပြဌာန်းချက်များ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄) မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်း ထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် (ဃ) တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုသော်လည်းကောင်း၊ အခြားဘာသာ သာသနာကို သော်လည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိသည် လို့ပြဌာန်းထားပါတယ်။
ပုဒ်မ ၃၆၁ မှာ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။ ပုဒ်မ ၃၆၂ မှာ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိကြေသောကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည် ဟုလည်း ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရ ထို့ပြင် လူမျိုးရေးကြောင့် လည်းကောင်း တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မှုခြင်း ၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမှုသည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမှုမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည် ဟု ပြဌာန်းထားသည်။
အထက်ဖော်ပြပါ ပြဌာန်းချက်များအရ နိုင်ငံသားများရဲ့လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဌာန်းထားပါတယ်။ ဘာသာရေး ပဋိပက္ခ ဖြစ်အောင် ဖန်တီးလှုံ့ဆော်မှုများကိုလည်း အပြစ်ပေးနိုင်ကြောင်း ဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီ ပြဌာန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော် ရမည့် ဥပဒေတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်မှာ ဥပဒေကြမ်းရေးဆွဲတင်သွင်းခြင်း၊ စဉ်းစားခြင်း လုံးစ မရှိသေးပါ။ ပြည်ထောင်စု အစိုးရဲ့သာသနာရေးဝန်ကြီးဌာနကလည်း ဥပဒေကြမ်းရေးဆွဲပြီးလွှတ်တော်ကို တင်သွင်းခြင်းမရှိသေးပါ။
လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄ မှာ ငြိမ်ဝပ်ပိပြားရေးနှင့်သော် လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် သော် လည်းကောင်း၊ ဤ ဖွဲ့စည်းပုံအခြခံဥပဒေပါ အခြားပြဌာန်းချက်တို့နှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည် လို့ပြဌာန်းထားပါတယ်။ တက်ယ်တော့ ဘာသာရေး ကိုးကွယ်မှုဟာ လူတစ်ယောက်ရဲ့မွေးရာပါ လူ့အခွင့်အရေးပါ။ လူတစ်ယောက်ဟာ သူကြိုက်နှစ်သက်ရာ ဘာသာတရားကို သူ ယုံကြည်သလို ကိုးကွယ်ခွင့်ရှိပါတယ်။ လက်ရှိ ဘာသာကို စွန့်ပြီး အခြားဘာသာကို ကူးပြောင်းကိုးကွယ်ွင့်ရှိပါတယ်။ ဘယ် ဘာသာ ကိုမှ မကိုးကွယ်ဘဲ နေထိုင်ခွင့်လည်း ရှိပါတယ်။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုနဲ့ ပက်သက်ပြီး သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းထံ ကိုယ့်ကိုယ်ကိုယ် အပ်နှံနိုင်သလို ဘယ်ဘာသာရေး အဖွဲ့အစည်းနဲ့မှ မပက်သက်ဘဲ ကိုယ့်ဘာသာကိုယ် တစ်ဦးတည်း တိတ်တိတ် ဆိတ်ဆိတ် ကိုးကွယ်ခွင့်လည်းရှိပါတယ်။ လူတစ်ယောက်ရဲ့ကိုးကွယ် ယုံကြည်မှုမှာ အစိုးရရဲ့ အမိန့်အာဏာ မပါရ၊ လူ့အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှု၊ သွေးဆောင်ဖြားယောင်းမှု၊ ခြိမ်းခြောက်မှုတွေမပါရပါ။
နိုင်ငံသားတိုင်းဟာ ကိုယ်ယုံကြည်ရာ ကိုးကွယ်ခွင့်ရှိသလို အခြားသူတွေမှာလည်း သူတို့ ယုံကြည်ရာ ကိုးကွယ်ခွင့်၇ှိတယ် ဆိုတာကိုလည်း အသိအမှတ်ပြုရမှာပါ၊ ကိုယ်ယုံကြည်ရာ ဘာသာတရားကို ကိုယ့်ဘာသာ အကောင်းဆုံး၊ အမြင့်မြတ်ဆုံးလို့ ထင်မြင်ယူဆခွင့်ရှိပေမယ့် ကိုယ်နဲ့မတူတဲ့ အခြားဘာသာတရားကို ၊ နှိမ့်ချစော်ကားခွင့်မရှိပါ။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တန်ဖိုးထားသလို အခြားသူတစ်ယောက်ရဲ့အခွင့်အေ၇းကိုလည်းလေးစား သင့်ပါတယ်။ အခြားသူများကိုးကွယ်တဲ့ဘာသာတရားကို နှိမ့်ချ စော်ကားခြင်းအားဖြင့် ဘာသာရေး ပဋိပက္ခများကို လှုံဆော်ရာ ရောက်ပါတယ်။ အာဏာရှင် စနစ်အောက်ကနေ ဒီမိုကရေစီနိုင်ငံဖြစ်လာရေးမျှော်လင့်ချက်တွေနဲ့နှစ်ပေါင်း များစွာ တည်ရှိခဲ့တဲ့ထိန်းချုပ်မှုတွေကို အစိုးရက စတင်ဖြေလျှော့ပေးစ အချိန်မှာ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခ များက မြန်မာနိုင်ငံကို အမှောင်ခေတ်ထဲ ပြည်လည်တွန်းပို့လိုက်နိုင်ပါတယ်။
ဒါကြောင့်လူတိုင်းရဲ့လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို နိုင်ငံတော်က အခိုင်အမာ အာမခံရပါမယ်။ ဘာသာ သာသနာတိုင်းကို နိုင်ငံတော် စောင့်ရှောက် ကူညီဖို့လိုပါတယ်။ ဘာသာဝင်တစ်ဦါ်က အခြားဘာသာ ယုံကြည်မှုကို မစော်ကား၊ မနှောင့်ယှက်အောင် နိုင်ငံတော်က ထိထိရောက်ရောက် တားဆီးဖို့လိုအပ်ပါတယ်။ ဘာသာရေး ပဋိပက္ခ များကိုရည်ရွှယ်ချက်ရှိရှိနဲ့ လှုံ့ဆော် ဖန်တီးနေသူများကို နိုင်ငံတော်က ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အရေးယူဖို့ လက်ရှိတည်ဆဲဥပဒေများက အင်မတန်အားနည်းနေပါတယ်။
ဒါကြောင့်မို့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရာဝင် ပြဌာန်းထားတဲ့ နိုင်ငံသားတိုင်းရဲ့လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်တွေကို အာမခံချက်ပေးမည့် ဘာသာရေး ပဋိပက္ခ များမဖြစ်အောင်ထိထိရောက်ရောက် တားဆီးနိုင်မည့် ဘာသာပေါင်းစုံငြိမ်းချမ်းစါာ အတူ ယှဉ်တွဲနေထိုင်ရေးကို အားပေးတဲ့ ဥပဒေတစ်ရပ်ကို အမြန်ဆုံး ပြဌာန်းသင့်ပါပြီ။
ရာဇသတ်ကြီး အက်ဥပဒေမှ ဘာသာ သာသနာဆိုင်ရာ ပြစ်မှုများ
မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်မှာ ကျင့်သုံးနေတဲ့ ရာဇသတ်ကြီး အက်ဥပဒေရဲ့အခန်း ၁၅ မှာ ဘာသာ သာသနာ ဆိုင်ရာ ပြစ်မှုများဆိုပြီး ပုဒ်မ (၅) ခု ပြဌာန်းထားပါတယ်။ ပုဒ်မ ၂၉၅၊ ၂၉၅-က ၊၂၉၆၊၂၉၇၊၂၉၈ တို့ဖြစ်ကြပါတယ်။ ဒီပုဒ်မတွေ အားလုံးဟာ လူ့အသိုင်းအဝိုင်းတစ်ခု ကိုးကွယ်သည့်ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့် ကိုးကွယ် ဝတ်ပြုသော နေရာကို ဖျက်ဆီးခြင်း ၊ သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း၊ ဘာသာ သာသနာ ကိုစော်ကား ခြင်း၊ ဘာသာရေးစိတ်ဓာတ်ကို နာကြည်းစေရန်ကြံရွယ်၍ မသမာစိတ်ဖြင့် တမင် ကျူးလွန်သော ပြုလုပ်မှုများ၊ ဘာသာ သာသနာရေးဆိုင်ရာ အစုအဝေးကို နှောင့်ယှက် ခြင်း၊ သင်္ချိုင်း စသောနေရာအရပ်များကို ကျူးကျော် စော်ကားခြင်း၊ ဘာသာရေးစိတ်ကို နာစေရန် တမင်ကြံရွယ်၍ စကား စည်များကို ပြောဆိုခြင်း စတာတွေအားလုံးနဲ့ ပတ်သက်တဲ့ပြစ်မှုနဲ့ပြစ်ဒဏ်များကို ပြဌာန်းထားပါတယ်။ ဒီဥပဒေ ပုဒ်မများအရာ ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ အခြား ဘာသာ သာသနာများကို စာဖြင့်လည်းကောင်း ၊စကားဖြင့် လည်းကောင်း စော်ကားခြင်း၊ အခြား ဘာသာ သာသနာ တစ်ရပ်ကိုစော်ကား တဲ့တရားတွေ ဟောတာ၊ ဗီဒီယိုအခွေတွေ ဖြန့်ချိတာ၊ စာရွက်စာတမ်းတွေ ဖြန့်ဝေတာ၊ လူ့အသိုင်းအဝိုင်းအကြား အမုန်းတရားတွေကြီးမားအောင် သံသယနဲ့ အာဃာတတွေ ပွားများအောင် နည်းမျိုးစုံနဲ့ လှုံ့ဆော်တာ တွေအားလုံးဟာ ရာဇဝတ်မှုမြောက်ပါတယ်။ ဒါပေမဲ့လည်း ချမှတ်နိုင့်တဲ့ ပြစ်ဒဏ်ကတော့ နည်းလှပါတယ်။ အများဆုံးထောင်ဒဏ် တစ်နှစ်မှ နှစ်နှစ်အထိသာ ပြစ်ဒဏ်ချနိုင်ပြီး ဒဏ်ငွေလည်း ချမှတ်နိုင်ပါတယ်။
ပုဒ်မ ၂၉၅-က မှာ ဒီလိုပြဌာန်းထားပါတယ်။ ပြည်ထောင်စု နိုင်ငံတော်တွင် နေထိုင်သော လူတစ်စား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင် မသမာသော အကြံဖြင့် မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှိားသော ပုံသဏ္ဍာန်ဖြင့် ဖြစ်စေ၊ ထိုလူတစ်စားကိုးကွယ်သည့် ဘာသာသာသနာကိုသော်လည်းကောင်း၊ ဘာသာ သာသနာရေး ယုံကြည်မှုကိုသော်လည်းကောင်း၊ စော်ကားလျှင် သို့မဟုတ်စော်ကားရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။
လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးပါ
အိုအိုင်စီ (OIC) လို့ခေါ်တဲ့ အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Countries) ကိုယ်စားလှယ် များဟာ မြန်မာအစိုးရရဲ့ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၄ ရက် ကနေ ၁၆ ရက်နေ့အထိ လာရောက်ပြီး ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများကို လေ့လာကြပါတယ်။ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ် မစခင်မှာရော၊ ခရီးစဉ်ကာလ အတွင်းမှာပါ မြန်မာနိုင်ငံ တစ်ဝန်းက မြီု့ကြီးတွေမှာ အိုအိုင်စီ ကိုယ်စာလှယ်အဖွဲ့ကို ပြည်သူလူထထု ဆန္ဒပြခဲ့ကြပါတယ်။ အိုအိုင်စီ က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာကို ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြကြတယ်လို့ဆိုပါတယ်။ ကျွန်တော်က လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ယုံကြည်ထောက်ခံသူမို့ ဒီဆန္ဒပြပွဲတွေကို ဝေဖန်စရာ မရှိပေမယ့် အစ္စလာမ် ဘာသာကို နင့်နင့် သီးသီး စော်ကား ရေးသားထားတဲ့ ဗီနိုင်း ပိုစတာ တွေကို ကိုင်ဆောင်ပြီး ဆန္ဒပြကြတဲ့ သံဃာ တော်များရဲ့ ဓာတ်ပုံတွေကို ဆန္ဒပြပွဲတိုင်းလိုလိုမှာ တွေ့ရတော့ အင်မတန်မှ တုန်လှုပ် ချောက်ချားမိပါတယ်။
လူသားတိုင်းအတွက် မွေးရာပါ အခြေခံ အခွင့်အရေးတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ မြန်မာနိုင်ငံမှာ အကြီးအကျယ် ခြိမ်းခြောက်ခံနေ ရပြီးလားဟု တွေးမိပါတယ်။ ပြီးတော့ မေတ္တာ တရား၊ အကြင်နာတရား၊ ကရုဏာတရား၊ သည်းခံ ခွင့်လွှတ်ခြင်းနဲ့ ကိုယ်ချင်းစာနာမှုတွေ ရှိရမည့် ဗုဒ္ဓဘာသာ သံဃာများ ကိုယ်တိုင်က အခြားကိုးကွယ်ရာ ဘာသာတစ်ခုကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားနေပါပြီ။ ဒီလို အစွန်းရောက်မှုတွေ၊ စော်ကားမှုတွေကို မတားဆီးနိုင်ရင် မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခ တွေ လူများစု က လူနည်းစုကို အနိုင်ကျင့် အကြမ်းဖက်မှုတွေ ဆက်လက်ပေါ်ပေါက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပါဝင် ပတ်သက်မှုတွေကို ရှောင်လွဲမရအောင် ဖြစ်လာပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပက်သက်ရင် နယ်နိမိတ် မရှိပါ။ ကျွန်တော်တို့ကိုယ်တိုင်က မြန်မာနိုင်ငံ နဝတ၊ နအဖ စစ်အာဏာရှင်တွေအောက်မှာ ရှိနေခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလအတွင်းမှာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက ပါဝင်တာဆီးပေးကြဖို့ တောင်ဆိုခဲ့ကြတာကိုလည်း မမေ့သင့်ပါ။ အစိုးရက နိုင်ငံသားတိုင်းရဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို အပြည့်အဝ အာမခံပြီး၊ ပြည်ထောင်စု လွတ်တော်က လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးတဲ့ ဥပဒေတစ်ရပ်အမြန်ဆုံး ထုတ်ပြန်သင့်ပါပြီ။
ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၄ အမှတ် ၁၇၂ မှ ဆောင်းပါးရှင် အောင်ဒင် ရေးသားသော ဆောင်းပါးဖြစ်ပါသည်။
Image via- Haji Zaw Tun FB
Tags: Aung San Suu Kyi, Buddhism, Burma, Islam, Muslim, OIC, Organisation of Islamic Cooperation, Thein Sein
Leave a Reply