TQ very much…good job done. Because we just heard from others esp “OUT OF TEXT” I misunderstood and wrote the HARSH posting. Sorry for that. And I am the one who give the information I got to my brother Maung Maung and requested to write in Burmese. Sorry again for the misunderstanding with him. Problem is, if the leaders like you have give the information to the outside Activists in the forums we share, we could avoid this kind of misunderstanding. TQ.
Tin Mg Than သမ္မတကိုယ်စား တွေ့ဆုံတဲ့အချိန်မှာ ၀န်ကြီးဦးအောင်မင်းက –
၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်ဘို့မလိုကြောင်း၊ ရခိုင်ပြည်နယ်ရှိ မှတ်ပုံတင်မရှိသေးသည့် မွတ်စလင်မ်များအား နိုင်ငံသားစိစစ်ရေးကဒ် စိစစ်ထုတ်ပေးမည့်အကြောင်း၊ နိုင်ငံသားစိစစ်ပြီးနောက် မှတ်ပုံတင်ကဒ်များရလာသည့်အခါ နိုင်ငံခြားသို့ ယခုကဲ့သို့ လှေများဖြင့် သွားရန်မလိုတော့ဘဲ Passport ယူ၍ လေဆိပ်မှ တရားဝင်သွားနိုင်မည်ဖြစ်ကြောင်း၊ ထိုသူများကို အိုးစည်၊ ဗုံမောင်းတီး၍ လိုက်ပို့နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ။
အစ္စလာမ့်အဖွဲ့အစည်းများကိုယ်စား ဦးဝဏ္ဏရွှေ (အစ္စလာမ့်ကောင်စီတွဲမှူးချုပ်)က
၈၂ နိုင်ငံသားဥပဒေမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်လျှက်ရှိသည်ကို လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဥပဒေများ၊ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည် ကို လည်းကောင်း၊ ၈၂ အဓိကအားနည်းချက်များကိုထောက်ပြ၍ မဖြစ်မနေပြုရမည့် ဥပဒေ ဖြစ်ကြောင်း . . . ။
ရခိုင်ပြည်နယ်ရှိ အထူးနှင့်အထွေထွေသော ရက်စက်မှုများကို ထောက်ပြ၍ အပြောသက်သက် မဖြစ်စေရန်၊ ဟန်ပြ၀ါဒဖြန့်ချီရေးသက်သက်ဆောင်ရွက်ခြင်းမျိုးမျှသာ မဖြစ်စေရန်နှင့် လက်တွေ့ မြေပြင် အကျိုးသက်ရောက်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း . . . ။
(က) နိုင်ငံမဲ့သူများ၊ ခိုးဝင်သူများဟု မတရားစွပ်စွဲဆောင်ရွက်နေသည့်ကိစ္စများ . . . ။
(ခ) အမျိုးဘာသာ သာသနာကို ခုတုံးလုပ်၍ လူသတ်၊ မီးရှို့အကြမ်းဖက်နေသည့်လုပ်ရပ်များ . . .။
(ဂ) အဖိနှိပ်ခံပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာခွင့်၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးနစ်နာမှုများအားလုံးနှင့် ပတ်သက်သည့် အစိုးရ၏ပျက်ကွက်မှုများ . . . ။
(ဃ) မြန်မာပြည်တွင်မွေး၊ မြန်မာပြည်တွင်ကြီး၊ မြန်မာပြည်တွင်ခေါင်းချမည့် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်များ လွတ်လပ်စွာယုံကြည်ပိုင်ခွင့်နှင့် အစ္စလာမ်၏အပေါ် အပုတ်ချစော်ကားမှုများ . . . ။
(ဆက်ပါဦးမည်။)
Tags: Asia, Burma, Burmese language, Muslim, Rakhine people, Recreation, Rohingya people
Leave a Reply