Now it is confirmed about the Eh Kho Abbot’s accusation of U Thein Sein of committing crimes

Now it is confirmed about the Eh Kho Abbot’s accusation of U Thein Sein of committing crimes

အပြောတွေပဲ ဖြစ်နေသလား၊ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း ပြောကြားချက်များအား လေ့လာဆန်းစစ်ခြင်း (EMG) 01 December 2013

အဲခိုး (တောင်ကလေး ဆရာတော်)၏ “ပြည်သူကို ဒုက္ခပေးသူများ” ဆောင်းပါးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတကို စွပ်စွဲပြစ်တင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် အမတ်မင်းများတွင် တာဝန်ရှိကြောင်း ရေးသားခဲ့သည်။

နိုင်ငံရေး ပဋိပက္ခများ ဖန်တီးသည်။ လူမှုရေး ပဋိပက္ခများ အသွင်ဆောင်နေအောင် လက်သိပ်ထိုး ကစားသည်။ နိုင်ငံရေး ကစားကွက်၊ ပြောင်းကွက်၊ ချဲ့ကွက်များကို လုပ်သက်ကျေသူတို့နှင့် ပေါင်းပြီး အဘက်ဘက်မှ ပေါ်လာသော ဟာကွက်မြှုပ်ကွက်များကို မက်ကွက်များပေးပြီး လုပ်စေသည်။ အသက်များစွာ သေကျေသည်။ ရခိုင်ပြည်နယ် အရေးအခင်းကြောင့် သမ္မတကို အရေးယူရန် ထိုက်သည်။ ဤကိစ္စတွင် ပြည်ထောင်စု လွှတ်တော်တွင် တာဝန်ရှိသည်” ဟု ဆောင်းပါးရှင် အဲခိုးက ရေးသားခဲ့သည်။

(၁) ရခိုင်ပြည်နယ် အရေးအခင်း (၂) မိထ္ထီလာ အရေးအခင်း (၃) လက်ပံတောင်းတောင် အရေးအခင်း (၄) ကချင်ပြည်နယ် အရေးကိစ္စတို့တွင် ဥပဒေအရ ပေးအပ်သော တာဝန်ရှိသူ ဖြစ်သည်။ ထိုအရေးအခင်း ကာလများတွင် သေကျေပျက်စီး ကြရသည်ကြောင့် သမ္မတ ဖြစ်သူမှာ တိုက်ရိုက်တာဝန် ရှိသည်။

M-2-12

သမ္မတ ဦးသိန်းစိန်အား လူထုမိန့်ခွန်းနှင့် လူထုတွေ့ဆုံ ပွဲများ၌ တွေ့ရစဉ် (ဓာတ်ပုံ- သမ္မတရုံး ၀က်ဘ်ဆိုက်)

၂၀၁၁ ခုနှစ် မတ် ၃၀ ရက်က စတင်ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မဏ္ဍိုင်ကို စတင်တာဝန် ယူခဲ့သည်။ ထိုသို့ တာဝန်ယူခဲ့ပြီး နှစ်နှစ်ကျော်-သုံးနှစ်နီးပါးသို့ ရောက်ရှိလာချိန်အထိ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဆက်စပ်ပြီး ပြည်သူလူထု (သို့မဟုတ်) ပြည်သူလူထုနှင့် သက်ဆိုင်သော မိန့်ခွန်းအရေအတွက် (၆၇) ကြိမ်ထက်မနည်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

ထိုပြောကြားချက်များထဲတွင် ပြည်သူလူထုသို့ သတင်းစကားပါးခြင်း၊ အစိုးရအဖွဲ့၏ ရည်မှန်းချက်များကို တင်ပြခြင်းနှင့် ကတိက၀တ် ပြုခြင်းများစွာ ပါဝင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း စတင်ပြောကြားခဲ့ပြီး တစ်နှစ်ကျော် ကြာချိန်အထိ ၎င်း၏မိန့်ခွန်းများက ပြည်သူလူထုက စိတ်ဝင်စားခဲ့ပြီး တိုင်းပြည်အတွက် မျှော်လင့်ချက်များ ဖြစ်စေသည်ဆိုသော သုံးသပ်ချက်များ ရှိခဲ့သည်။

သို့သော် လက်ရှိအချိန်တွင်မူ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများအပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှု လျော့ကျနေပြီ ဖြစ်သည်။ ၀န်ကြီးဌာန ၃၆ ခု၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီး အရေအတွက် ၉၆ ဦးရှိသော ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်မှုများသည် အရေအတွက်များပြီး ရလဒ်အားနည်းနေခြင်း များအပေါ် ဝေဖန်မှုများ ရှိနေချိန်၌ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများကိုလည်း ပြည်သူလူထုက စိတ်ဝင်စားမှု လျော့ကျလာခြင်း ဖြစ်သည်။

“အပြောချည်းဖြစ်ပြီး လက်တွေ့ဘာမှ ဖြစ်မလာတဲ့ အခါမှာ လူတွေက ယုံကြည်မှု လျော့သွားတာပေါ့။ အရင်ကတော့ မကြားဖူးတာ ကြားရတော့ စိတ်ဝင်စားတယ်။ အခုတော့ စိတ်မ၀င် စားတော့ဘူး” ဟု မိထ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။

“သမ္မတရဲ့ အာဏာရပြီး အချိန်ကစပြီး လက်ရှိအချိန်အထိ ပြောခဲ့တဲ့ မိန့်ခွန်းတွေကို ပြန်ပြီးကြည့်လို့ရှိရင် အဲဒီ မိန့်ခွန်းတွေမှာ ပါတဲ့ အကြောင်းအရာတွေကို အကောင်အထည် ဖော်နိုင်မှု အပိုင်းမှာ အတော်အားနည်းတာကို တွေ့ရပြီးတော့ မိန့်ခွန်းတွေဟာ ပြည်သူလူထု အနေနဲ့ နားထောင်လိုက်ရင်တော့ ကောင်းပြီးတော့ မိန့်ခွန်းတွေထဲမှာပါတဲ့ အကြောင်းအရာတွေ တကယ်ခံစား ရယူပိုင်ခွင့် မရှိတဲ့ အနေအထားမှာ ရောက်နေတာကို တွေ့ရတယ်။ အဲဒီအခါကျတော့ ပြည်သူလူထုထဲမှာ တဖြည်းဖြည်းနဲ့ ဘယ်လိုဖြစ်လာသလဲ ဆိုတော့ သမ္မတရဲ့ မိန့်ခွန်းတွေ အပေါ်မှာ စိတ်ဝင်စားမှုက တဖြည်းဖြည်း ကျဆင်းလာတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်မှုဆိုင်ရာ ဆောင်းပါးများ ရေးသားနေသည့် ဒေါက်တာ ရန်မျိုးသိမ်းက ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများကို လေ့လာကြည့်ပါက အပိုင်းသုံးပိုင်း အနေဖြင့် ခွဲခြားတွေ့မြင်နိုင်မည် ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် သမ္မတတာဝန် ထမ်းဆောင်ပြီး ကာလမှ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလအကြား ပြောကြားခဲ့သော မိန့်ခွန်းများသည် ရိုးရှင်းမှုနှင့် ပြည်သူလူထုအတွက် မျှော်လင့်ချက် ရှိစေခဲ့သော မိန့်ခွန်းများ ဖြစ်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆန္ဒနယ် နေရာအနှံ့အပြားတွင် အနိုင်ရပြီးချိန်တွင် သမ္မတ၏ မိန့်ခွန်းများထဲတွင် ပြောင်းလဲမှု အချို့ကို မြင့်တွေ့လာရပြီး ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာများကို ပညာရပ်ဆိုင်ရာ ဝေါဟာရများဖြင့် အသေးစိတ် ပြောကြားလာခြင်း၊ ရေရှည် စီမံကိန်းများနှင့် ပြုပြင်ပြောင်းလဲမှု နှေးကွေးနေခြင်းအပေါ် ၀န်ခံပြောကြားချက်များ ပါဝင်လာခဲ့သည်။ လပေါင်း (၃၀) ကျော်အကြာ တာဝန်ထမ်းဆောင်ခဲ့အပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင်မူ ရှေ့က တာဝန်ထမ်းဆောင် ခဲ့သည်များမှာ ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်အတွက် သိသာထင်ရှားသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံ အုတ်မြစ်ချသည့် ကာလသာဖြစ်ပြီး ကျန်ရှိသည့် လပေါင်း (၃၀) တွင် ပြည်သူလူထု၏ စားဝတ်နေရေး အခြေခံ လိုအပ်ချက်များကို ဦးစားပေးပြီး သိသာထင်ရှားသည့် လူမှုစီးပွားရေး အကျိုးရလဒ်များ ရရှိခံစားနိုင်အောင် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကာလဖြစ်ကြောင်း မိန့်ခွန်းများမှတစ်ဆင့် သမ္မတ ဦးသိန်းစိန်က ထုတ်ဖော် ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်လက်ထက် ကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲ တိုးတက်မှုအချို့ ရှိခဲ့သော်လည်း ကြိုးပမ်းလုပ်ဆောင်မည်ဟု ပြောဆိုထားသော ကတိစကားများနှင့် နှိုင်းယှဉ်ပါက ထိုက်သင့်သော ရလဒ်များ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရှိရသည်။ ပြည်သူလူထု၏ စားဝတ်နေရေးအတွက် ဦးစားပေး လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီး အလုံအလောက် ရရှိရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေး လုံလောက်စွာ ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်စွမ်းနှင့် လူတစ်ဦးချင်းဝင်ငွေ တိုးမြင့်အောင် ဖန်တီးပေးနိုင်ရေး ကိစ္စရပ်များမှာလည်း ကြီးမားသော လိုအပ်ချက်အဖြစ် ရှိနေဆဲ ဖြစ်သည်။

လက်ရှိအချိန်အထိ ပြောခဲ့တဲ့ မိန့်ခွန်းတွေကို ပြန်ပြီးကြည့်လို့ရှိရင် အဲဒီ မိန့်ခွန်းတွေမှာ ပါတဲ့ အကြောင်းအရာတွေကို အကောင်အထည် ဖော်နိုင်မှု အပိုင်းမှာ အတော်အားနည်းတာကို တွေ့ရပြီးတော့ မိန့်ခွန်းတွေဟာ ပြည်သူလူထု အနေနဲ့ နားထောင်လိုက်ရင်တော့ ကောင်းပြီးတော့ မိန့်ခွန်းတွေထဲမှာပါတဲ့ အကြောင်းအရာတွေ တကယ်ခံစား ရယူပိုင်ခွင့် မရှိတဲ့ အနေအထားမှာ ရောက်နေတာကို . . . . .

ထို့ပြင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်မှ လက်ရှိအချိန်အထိ ပြောဆိုနေသော ကျေးလက်မြို့ပြမကျန် ဆင်းရဲမွဲတေမှု လျော့ချရေး အဓိက အချက်ကိုလည်း ပီပြင်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အပြင် ကတိစကား အများအပြားမှာလည်း အကောင်အထည် ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

ပြည်သူလူထု လိုလားတောင့်တနေသော အဓိက ဆန္ဒနှစ်ရပ်ဟူ၍ သမ္မတ ဦးသိန်းစိန် အစဉ်တစိုက် ပြောကြားနေသော “တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တိုင်းရင်းသား အားလုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး” ဆိုသည့် ကိစ္စအားလုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး” ဆိုသည့် ကိစ္စရပ် နှစ်ခုမှာလည်း လက်ရှိအချိန်အထိ ပီပြင်စွာ ဖြစ်ပေါ်လာခြင်း မရှိသေးကြောင်း ပြောဆိုမှုများ ရှိနေသည်။

N-2-12

စိန်ရတု သဘင်ခန်းမတွင် နိုဝင်ဘာ ၃၀ ရက်က သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

“သမ္မတကြီးက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ခဏခဏ ပြောတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို အခုထိ ရအောင်မတည်ဆောက် နိုင်သေးဘူး။ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ ဖြစ်ရမယ်လို့ ပြောတယ်၊ အခု အချိန်အထိ  လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက် ခြစားမှုတွေကို ထိထိရောက်ရောက် မတိုက်ထုတ်နိုင်သေးဘူးလို့ မြင်တယ်။ သမ္မတကြီးက အခြားလူတွေထက် စကားအများကြီး ပိုပြောနေပေမဲ့ လက်တွေတော့ မလုပ်ပြသေးဘူး လက်တွေ့လုပ်ဖို့ ပိုအရေးကြီး ပါတယ်” ဟု စာရေးဆရာ ထက်မြက်က ပြောကြားသည်။

စာရေးဆရာ ထက်မြက်သည် ဒီဇင်ဘာ ၂၉ ရက်ထုတ် စောင့်ကြည့်သတင်းဂျာနယ် အတွဲ (၈)၊ အမှတ် (၂၆) တွင် “ဦးသိန်းစိန် အပြောနည်းနည်းလျှော့” ဟူသော ဆောင်းပါးကို ရေးသားခဲ့ပြီး သမ္မတ၏ မိန့်ခွန်းများနှင့် ပြည်သူလူထု၏ အခြေခံ လိုအပ်ချက် ကွာဟနေမှုများကို ဝေဖန်ရေးသားခဲ့သူ ဖြစ်သည်။

“ဦးသိန်းစိန် တက်လာပြီး ကတည်းက ပြောလိုက်တဲ့ မိန့်ခွန်းတွေ၊ ဘာတစ်ခုမှ အကောင်အထည် ပေါ်မလာဘူး။ တကယ်ပြောရရင်တော့ အမေရိကန် စတိုင်မျိုး လုပ်တာပေါ့။ အဓိကကတော့ ဗိုလ်သိန်းစိန်က တကယ်လုပ်ရမယ့် ကိစ္စတွေကို မလုပ်နိုင်ဘူး။ လူထုကျေနပ်ဖို့ပဲ ပြောနေတာပဲ။ ကလေးတွေကို ချော့သလို ပုံစံမျိုးပဲပေါ့” ဟု ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေက ပြောကြားသည်။

အခြားသော ပြုပြင်ပြောင်းလဲ မှုများထက် ပြည်သူလူထု၏ အဓိက လိုအပ်ချက်ဖြစ်သော ဆင်းရဲတွင်းမှ လွတ်မြောက်ရန်နှင့် လူတစ်ဦးချင်းစီ၏ ၀င်ငွေတိုးတက် ရရှိရန် အချက်ကိုပင် မဖြည့်ဆည်းပေးနိုင် သေးခြင်းက သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့အပေါ် မေးခွန်းထုတ်မှုများစွာ ရှိစေခဲ့သည်။

“အစ်မတို့ ပတ်ဝန်းကျင်က လူတွေက ဘာမှမပြောင်းလဲဘူးလို့ ပြောနေကြတယ်။ ဒီမိုကရေစီကို နိုင်ငံရေး သမားတွေပဲ ရနေကြတယ်လို့ အောက်ခြေလူတန်းစားတွေက ယူဆနေကြပါတယ်။ ဒါကြောင့် တိုင်းပြည်မှာလည်း ထိခိုက်ဆုံးရှုံးမှုတွေ ပိုများလာတာပေါ့” ဟု စာရေးဆရာမ နှင်းပန်းအိမ်က ဆိုသည်။

“ကျွန်တော်တို့ တိုင်းပြည်က အဓိကကတော့ ဆင်းရဲတွင်းကနေ ရုန်းထွက်ဖို့၊ အပြောင်းအလဲ ဖြစ်ဖို့။ ဒါပေမဲ့ အစိုးရ အနေနဲ့ကလည်း နှစ်တွေသာ ကြာလာတယ်။ သိသိသာသာ ပြောင်းလဲအောင်လည်း မလုပ်နိုင်သလို တကယ့်အောက်ခြေ လူတန်းစားတွေ အတွက်၊ လယ်သမားတွေ အတွက်၊ လယ်သမားတွေက မြန်မာနိုင်ငံမှာ အထူးသဖြင့် ရာခိုင်နှုန်း ၇၀၊ ဆင်းရဲတဲ့ ပြည်သူက ရာခိုင်နှုန်း ၉၀ ရှိတဲ့ ပြည်သူတွေအတွက် သိသာမြင်သာတဲ့ ပြောင်းလဲမှုတွေ၊ အပြောင်းအလဲတွေ ဘာမှဖြစ်မလာဘူး” ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်ကမူ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်း ရှိနေပြီး ၂၀၁၅ ခုနှစ် မတိုင်မီတွင် ၁၆ ရာခိုင်နှုန်း လျော့ချရန် ရည်မှန်းထားပြီး အဆင်းရဲဆုံး နိုင်ငံများစာရင်း (LDC) နိုင်ငံအဖြစ်မှ ရုန်းထွက်နိုင်ရန်လည်း လုပ်ဆောင်မည်ဟု ကတိပြု ပြောကြားထားသည်။

“နိုင်ငံတော် သမ္မတကြီး စီးပွားရေး အကြံပေး အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ ဆင်းရဲမှု ပပျောက်ရေး စလုပ်မယ် ဆိုတုန်းကတော့ တော်တော်အားတက် သွားတယ်။ တကယ်ပဲ ဖြစ်တော့မှာလားပေါ့။ ဒါပေမဲ့ အခုပြောပြီးတာ တစ်နှစ်ခွဲ နှစ်နှစ်လောက် ရှိနေပြီ။ ဆင်းရဲမှု ပပျောက်မှုဆိုတာ အရိပ်အယောင်တောင် မတွေ့သေးဘူး။ နောက်တစ်ခု ဖုန်းကတ်ဆိုရင် သူ့ခမျာ စေတနာနဲ့ လုပ်ရှာတာပဲ။ အောက်ကလူတွေက ပေါက်ကရ လျှောက်လုပ်တော့ ပြဿနာပေါင်း သောင်းခြောက်ထောင်ဆိုတာ အဲဒါအစစ်ပဲ။ အောက်ကလူတွေကို သူမနိုင်ဘူးဗျ။ အောက်ကလူတွေကလည်း စည်းနဲ့ကမ်းနဲ့ မလုပ်တတ်ကြဘူး” ဟု ဦးဝင်းထိန်က ပြောကြားသည်။

“ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့ဆိုတာ ငွေချေးလိုက်ရုံနဲ့ ပြီးမသွားဘူး။ ရေရှည်လုပ်ငန်းတွေပါ ထောက်ပံ့ရမှာ။ အလုပ်အကိုင်တွေ ဆက်ရှိနေဖို့။ ဆင်းရဲတာ နှစ်မျိုးရှိတယ်။ အခွင့်အရေး ဆင်းရဲတာနဲ့ ဓနဥစ္စာ ဆင်းရဲတာ။ ပထမ အဆင့်မှာ အခွင့်အရေးကိုပဲ ချမ်းသာအောင် လုပ်ပေး။ အခုက ဆင်းရဲမှုကတောင် မလွတ်နိုင်သေးဘူး ဖြစ်နေတယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက သုံးသပ်သည်။

အစိုးရ အနေနဲ့ကလည်း နှစ်တွေသာ ကြာလာတယ်။ သိသိသာသာ ပြောင်းလဲအောင်လည်း မလုပ်နိုင်သလို တကယ့်အောက်ခြေ လူတန်းစားတွေ အတွက်၊ လယ်သမားတွေ အတွက်၊ လယ်သမားတွေက မြန်မာနိုင်ငံမှာ အထူးသဖြင့် ရာခိုင်နှုန်း ၇၀၊ ဆင်းရဲတဲ့ ပြည်သူက ရာခိုင်နှုန်း ၉၀ ရှိတဲ့ ပြည်သူတွေအတွက် သိသာမြင်သာတဲ့ . . . . .

ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်သမားများ၏ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို လက်ရှိလူနေမှု စရိတ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေး၊ ပြည်သူလူထုအတွက် တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ပေးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးရေးဆိုင်ရာ ကိစ္စများမှာ သမ္မတ၏ ကတိစကားများ ဖြစ်ပါသည်။

နိုင်ငံ၏ ဖွံ့ဖြိုးမှု စီမံကိန်း ရည်မှန်းချက် (National Development Goal) အဖြစ် နိုင်ငံ၏ GDP ကို တစ်နှစ်ပျှမ်းမျှ ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်စေရေးနှင့် ပြည်သူတစ်ဦးချင်းစီ၏ တစ်ဦးကျ GDP ၁ ဒသမ ၇ ဆ ရရှိရန်နှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ငါးနှစ်အတွင်း သုံးဆတိုးမြှင့်ရန် သမ္မတ ဦးသိန်းစိန်၏ မျှော်မှန်းချက်များမှာ လက်ရှိပြုပြင် ပြောင်းလဲမှု အနေအထားများအရ ခဲယဉ်းနေကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

O-2-12

သမ္မတ ဦးသိန်းစိန် ပြည်သူများနှင့်တွေ့ဆုံစဉ် (ဓာတ်ပုံ – သမ္မတရုံးဝက်ဘ်ဆိုက်)

“အခုချိန်မှာ တိုင်းပြည်ရဲ့ Real GDP က ခြောက်ရာခိုင်နှုန်းကျော် တက်တယ်ဆိုပေမဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၇ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိနေတယ်။ ဒီအတိုင်း ဆက်သွားနေရင် သမ္မတ ဦးသိန်းစိန်ရဲ့ မျှော်မှန်းချက်က သိပ်မလွယ်ဘူး။ ၂၀၁၄ မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲကြီး ဖြစ်လာရင်တော့ မပြောနိုင်ဘူးပေါ့။ GDP ကို တွက်တဲ့အခါ ကိန်းဂဏန်းတွေကိုပဲ ကြည့်ရမှာ မဟုတ်ဘူး။ လူတစ်ဦးချင်းစီရဲ့ အမှန်တကယ် ရရှိငွေ၊ သူတို့ရဲ့ဝင်ငွေ ဘယ်လောက်ရှိနေသလဲ၊ ၀င်ငွေကွာဟမှု ဘယ်လောက်ရှိသလဲ ဆိုတာကို ထည့်ပြီးကြည့်ရမယ်” ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။

သမ္မတ ဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲမှုများအရ ခေတ်အဆက်ဆက် တင်ရှိနေသည့် နိုင်ငံခြား ကြွေးမြီများအနက် အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ ကျော်ကို နိုင်ငံတကာမှ လျှော်ပေးခဲ့ပြီး အတိုးနှုန်း သက်သာသော ကြွေးမြီအသစ်များလည်း ရရှိခဲ့သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ သိရှိရသော ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် အသုံးပြုရန် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် ရှိနေကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်က နိုင်ငံခြား အကူအညီ အထောက်အပံ့များ ရယူရာတွင် Development Plan နှင့် Reform Strategy အပေါ် မူတည်ပြီး ထိရောက်စွာ အသုံးပြုရမည့် ဦးစားပေး ကဏ္ဍခြောက်ခုနှင့် ဦးစားပေး နယ်မြေများကို အတည်ပြု ပေးထားပြီးဖြစ်ရာ ထိုကဏ္ဍများတွင် မည်မျှအထိ အသုံးပြုနေပြီဆိုသည့် အချက်မှာ ရှင်းလင်းစွာ မသိရှိရသေးပေ။

အခြားတစ်ဖက်တွင်လည်း သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့သည် တာဝန်ထမ်းဆောင်ပြီး တစ်နှစ်ကျော်ချိန်အထိ လွှတ်တော်နှင့် ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းခဲ့ပြီး နောက်ပိုင်းတွင်မူ လွှတ်တော်နှင့် ချိတ်ဆက်ဆောင်ရွက်မှုအပိုင်း အားနည်းလာကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

“လွှတ်တော်ဆိုတာက ဥပဒေပိုင်း၊ အစိုးရက အုပ်ချုပ်ရေးပိုင်း။ လွှတ်တော်က ပုဂ္ဂိုလ်အများစုကတော့ ကိုယ့်ဒေသ၊ ပြည်သူလူထုရဲ့ အသံကို ယူပြီးမှ လွှတ်တော်ကို ပြောကြတာကိုး။ ဒါပေမဲ့ ဌာနဆိုင်ရာ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေ ဖြေတာပြုတာကျတော့ တချို့က သာမန်ကာ လျှံကာတွေ ဖြေတယ်။ လှီးလွှဲဖြေတာတွေ ပါတဲ့အခါကျတော့ တော်တော်လေး စိတ်ပျက်လာတယ်။ ဒါကိုလည်း တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး ကြံဆနေတာပေါ့လေ။ နောက်တစ်ချက်က ဌာနဆိုင်ရာတွေက လွှတ်တော်ကော်မတီကို လာတင်ပြတဲ့ အခါမှာ အချက်အလက်တွေ မမှန်ဘူးဗျ။ လိမ်တယ်လို့တော့ မစွပ်စွဲချင်ဘူး။ အချက်အလက်တွေ မမှန်ဘူး။ အဲဒီလို ကွာဟတာတွေ ရှိတယ်။ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးက ချိတ်ဆက်မှု တော်တော်အားနည်း ပါတယ်” ဟု ဦးဝင်းထိန်က ဆိုသည်။

နိုဝင်ဘာ ၁ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ (၂)၊ အမှတ်(၃၄) တွင်မူ ဆောင်းပါးရှင် အဲခိုး (တောင်ကလေး ဆရာတော်)က “ပြည်သူကို ဒုက္ခပေးသူများ” ဟု ဆောင်းပါးရေးသားခဲ့ပြီး ထိုဆောင်းပါး၌ နိုင်ငံတော် သမ္မတကို စွပ်စွဲပြစ်တင်နိုင်သည့် အချက်များနှင့် သမ္မတကို နိုင်ငံတော် တရားရုံးတွင် ပြည်ထောင်စု လွှတ်တော်က တရားစွဲဆို သင့်သည်ဟူ၍ ရေးသားခဲ့သည်။

အဲခိုး (တောင်ကလေး ဆရာတော်)၏ “ပြည်သူကို ဒုက္ခပေးသူများ” ဆောင်းပါးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတကို စွပ်စွဲပြစ်တင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် အမတ်မင်းများတွင် တာဝန်ရှိကြောင်း ရေးသားခဲ့သည်။

ထို့နောက် “နိုင်ငံသူ၊ နိုင်ငံသားများသည် နိုင်ငံတော် သမ္မတများကို ဥပဒေဖြင့် သတ်မှတ်ထားသည့် လစာ၊ စရိတ်နှင့် အဆောင်အယောင်များ ပေးထားသည်။ တာဝန်ပြီးဆုံး၍ အနားယူလျှင်လည်း ဥပဒေနှင့်အညီ အငြိမ်းစား လစာနှင့် သင့်တင့်လျှောက်ပတ်သော ထောက်ပံ့မှုများလည်း ရရှိကြဦးမည်။ ဤမျှသော ပြည်သူတို့၏ စေတနာကို တန်ဖိုးမထားဘဲ ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်ကို အမျိုးမျိုး လှည့်ပတ်ဖြားယောင်းသည်။ နိုင်ငံရေး ပဋိပက္ခများ ဖန်တီးသည်။ လူမှုရေး ပဋိပက္ခများ အသွင်ဆောင်နေအောင် လက်သိပ်ထိုး ကစားသည်။ နိုင်ငံရေး ကစားကွက်၊ ပြောင်းကွက်၊ ချဲ့ကွက်များကို လုပ်သက်ကျေသူတို့နှင့် ပေါင်းပြီး အဘက်ဘက်မှ ပေါ်လာသော ဟာကွက်မြှုပ်ကွက်များကို မက်ကွက်များပေးပြီး လုပ်စေသည်။ အသက်များစွာ သေကျေသည်။ ရခိုင်ပြည်နယ် အရေးအခင်းကြောင့် သမ္မတကို အရေးယူရန် ထိုက်သည်။ ဤကိစ္စတွင် ပြည်ထောင်စု လွှတ်တော်တွင် တာဝန်ရှိသည်” ဟု ဆောင်းပါးရှင် အဲခိုးက ရေးသားခဲ့သည်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ခဏခဏ ပြောတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို အခုထိ ရအောင်မတည်ဆောက် နိုင်သေးဘူး။ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ ဖြစ်ရမယ်လို့ ပြောတယ်၊ အခု အချိန်အထိ  လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက် ခြစားမှုတွေကို ထိထိရောက်ရောက် မတိုက်ထုတ်နိုင်သေးဘူး . . . . .

ဆောင်းပါး၏ နိဂုံးပိုင်းတွင်မူ “သမ္မတ ဆိုသည်မှာ နိုင်ငံတော်ကို ကိုယ်စားပြုသူ ဖြစ်သည်။ သမ္မတသည် အခြေ ခံဥပဒေနှင့် အခြားသော ဥပဒေများကို ချိုးဖောက်ခြင်း မရှိရ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ နှင့် ဖောက်ဖျက်ကျူးလွန်သူ ဖြစ်သည်။ မိမိ သမ္မတ ဖြစ်ပြီးမှ မိမိ၏ ပါတီနှင့် နေပြည်တော်တွင် ဆက်သွယ်မှု လုပ်သည်။ သတင်းစာ၊ ဂျာနယ်များတွင် အတိအလင်း ဖော်ပြထားသည်။ (၁) ရခိုင်ပြည်နယ် အရေးအခင်း (၂) မိထ္ထီလာ အရေးအခင်း (၃) လက်ပံတောင်းတောင် အရေးအခင်း (၄) ကချင်ပြည်နယ် အရေးကိစ္စတို့တွင် ဥပဒေအရ ပေးအပ်သော တာဝန်ရှိသူ ဖြစ်သည်။ ထိုအရေးအခင်း ကာလများတွင် သေကျေပျက်စီး ကြရသည်ကြောင့် သမ္မတ ဖြစ်သူမှာ တိုက်ရိုက်တာဝန် ရှိသည်။ ဤသို့ အကြွင်းမရှိ တာဝန်ရှိနေသူ ဖြစ်နေပါလျက် ပြည်ထောင်စုလွှတ်တော် အမတ်မင်းများ သမ္မတကို အရေးယူ ပြစ်တင်စွပ်စွဲမှု မပြုလုပ်ခြင်းသည် အလိုတူ အလိုပါ ကြသူများဟု ထင်ရှားသည်။ ဤသို့သော သမ္မတ၊ ဤသို့သော လူထုကို ကိုယ်စားပြုသော အမတ်မင်းမျိုး၊ ဤသို့သော အခြေခံ ဥပဒေမျိုး ပြည်သူများ ဒုက္ခမဖြစ်ဘဲ ရှိနိုင်ပါ့မလား မောင်တို့ရဲ့” ဟု ရေးသားခဲ့သည်။

နိုင်ငံတော် သမ္မတအား စွပ်စွဲပြစ်တင်ရန်နှင့် တရားစွဲဆို သင့်သည့်ဆိုသော အမြင်ကို ရေးသားခြင်းသည် ပုံနှိပ်မီဒီယာထက်၌ ပထမဆုံး တရားဝင် ရေးသားချက် ဖြစ်ခဲ့ပြီး ဆောင်းပါးရေးသားခဲ့သူ အဲခိုး (တောင်ကလေး ဆရာတော်) သည် ဘက်လိုက်မှုကင်းပြီး လမ်းကြောင်းမှန်ကို ပြသပေးသူဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မှတ်ချက်ပေးထားသည်။ ထို့အပြင် တောင်ကလေး ဆရာတော်သည် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ကိုးကွယ်သည့် ရဟန်းဖြစ်ကြောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင်များကလည်း တောင်ကလေး ဆရာတော်ကို သမာဓိ အရာ၌ ထက်မြက်သော ပုဂ္ဂိုလ်မြတ် ဖြစ်သည်ဟု  သတ်မှတ်ထားကြောင်း မြန်မာသံတော်ဆင့် ဂျာနယ်တွင် ဖော်ပြခဲ့သည်။

P-2-12

သမ္မတ ဦးသိန်းစိန် သံတွဲမြို့ရှိ မြို့မိမြို့ဖများ၊ ဟိုတယ်လုပ်ငန်းရှင်များအား တွေ့ဆုံစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

မြန်မာ့အရေး သုံးသပ်ချက် ဆောင်းပါးများကို ဖော်ပြနေသော Foreign Policy မဂ္ဂဇင်း၏ ၀က်ဘ်ဆိုက် စာမျက်နှာတွင် သမ္မတ ဦးသိန်းစိန်အား ချီးကျူးထားသည့် ဆောင်းပါးတစ်ပုဒ်ကို နိုဝင်ဘာ ၁၉ ရက်က ဖော်ပြခဲ့သည်။

ထိုဆောင်းပါးမှာ ဆောင်းပါးရှင် Gwen Robinson ရေးသားသည့် The Listener-In-Chief ဆောင်းပါးဖြစ်ပြီး ယင်းဆောင်းပါးနှင့် ဆန့်ကျင်သောအမြင် မိမိတွင်ရှိကြောင်း ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

“တကယ်တော့ ဦးသိန်းစိန်ဟာ The Listener-In-Chief မဟုတ်ပါဘူး။ The Speaker-In-Chief လို့ပဲ ကျွန်တော်က မြင်ပါတယ်” ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောကြားခဲ့သည်။

စဉ် ရက်စွဲ အကြောင်းအရာ
၁။ ၃၀-၃-၂၀၁၁ ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောကြား။
၂။ ၃၁-၃-၂၀၁၁ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များအား မိန့်ခွန်းပြောကြား။
၃။ ၂၀-၅-၂၀၁၁ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၌ အဖွင့်မိန့်ခွန်းပြောကြား။
၎။ ၁၉-၈-၂၀၁၁ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၌ အဖွင့်မိန့်ခွန်း ပြောကြား။
၅။ ၂၂-၈-၂၀၁၁ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပထမနေ့တွင် မိန့်ခွန်းပြောကြား။
၆။ ၂၇-၁၁-၂၀၁၁ ဧရာဝတီတံတား (ညောင်တုန်း) ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြား။
၇။ ၀၄/၀၁/၂၀၁၂ လွတ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူး ဘွဲ့တံဆိပ်များ ပေးအပ်ပွဲတွင် မိန့်ခွန်းပြောကြား။
၈။ ၀၁/၀၃/၂၀၁၂ သမ္မတတာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် မိန့်ခွန်းပြောကြား။
၉။ ၂၅-၃-၂၀၁၂ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ မိန့်ခွန်းပြောကြား။
၁၀။ ၁၂/၀၅/၂၀၁၂ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသော လမ်းညွှန်ချက်။
၁၁။ ၁၀/၀၆/၂၀၁၂ ပြည်သူ့လူထုသို့ မိန့်ခွန်းပြောကြား။
၁၂။ ၁၉-၆-၂၀၁၂ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြား။
၁၃။ ၁၉-၆-၂၀၁၂ စီမံကိန်း ကော်မရှင် ပထမအကြိမ် အစည်းအဝေး၌ အမှာစကား ပြောကြား။
၁၄။ ၂၀-၆-၂၀၁၂ နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး၌ မိန့်ခွန်းပြောကြား။
၁၅။ ၂၅-၆-၂၀၁၂ လူမှုရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ညီလာခံတွင် မိန့်ခွန်းပြောကြား။
၁၆။ ၁၈-၇-၂၀၁၂ ဒီမိုကရေစီ မိတ်ဆွေများ (၁၀) ပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများ ဆွေးနွေး။
၁၇။ ၁၃-၈-၂၀၁၂ စီမံကိန်း ကော်မရှင် ဒုတိယအကြိမ် အစည်းအဝေး၌ မိန့်ခွန်းပြောကြား။
၁၈။ ၁၅-၈-၂၀၁၂ စီမံကိန်း ကော်မရှင် ဒုတိယအကြိမ် အစည်းအဝေး၌ နိဂုံးချုပ် အမှာစကား ပြောကြား။
၁၉။ ၁၀/၀၉/၂၀၁၂ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ အသစ်ခန့်အပ်သည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြား။
၂၀။ ၂၇-၉-၂၀၁၂ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မိန့်ခွန်းပြောကြား။
၂၁။ ၂၈-၉-၂၀၁၂ အမေရိကန်နိုင်ငံ နယူးယောက်မြို့ Asia Society ၌ မိန့်ခွန်းပြောကြား။
၂၂။ ၁၆-၁၁-၂၀၁၂ ရခိုင်ပြည်နယ်ဖြစ်စဉ် အခြေအနေအား ရှင်းလင်း။
၂၃။ ၂၆-၁၂-၂၀၁၂ အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့အသီးသီးမှ တာဝန်ရှိသူများအား မိန့်ခွန်းပြောကြား။
၂၄။ ၂၆-၁၂-၂၀၁၂ စီမံကိန်းကော်မရှင် တတိယအကြိမ် အစည်းအဝေး၌ အမှာစကားပြောကြား။
၂၅။ ၂၇-၁၂-၂၀၁၂ စီမံကိန်းကော်မရှင် တတိယအကြိမ် အစည်းအဝေး ဒုတိယနေ့၌ နိဂုံးချုပ် စကားပြောကြား။
၂၆။ ၂၈-၁၂-၂၀၁၂ နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ (ဒုတိယအကြိမ်) အစည်းအဝေး၌ မိန့်ခွန်းပြောကြား။
၂၇။ ၀၁/၀၁/၂၀၁၃ နှစ်သစ်ကူး မိန့်ခွန်းပြောကြား။
၂၈။ ၁၁/၀၁/၂၀၁၃ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး၌ အမှာစကား ပြောကြား။
၂၉။ ၁၉-၁-၂၀၁၃ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် မိန့်ခွန်းပြောကြား။
၃၀။ ၂၀-၁-၂၀၁၃ လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံအမှာစကား ပြောကြား။
၃၁။ ၀၁/၀၂/၂၀၁၃ ရေဒီယို မိန့်ခွန်းပြောကြား။
၃၂။ ၀၁/၀၃/၂၀၁၃ ရေဒီယို မိန့်ခွန်းပြောကြား။
၃၃။ ၁၂/၀၃/၂၀၁၃ ဘဏ္ဍာရေး ကော်မရှင် (၁/၂၀၁၃) တွင် အမှာစကား ပြောကြား။
၃၄။ ၂၈-၃-၂၀၁၃ မိထ္ထီလာ အရေးကိစ္စ အပါအ၀င် လတ်တလော ဆူပူများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ရှင်းလင်းပြောကြား။
၃၅။ ၀၁/၀၄/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြား။
၃၆။ ၀၉/၀၄/၂၀၁၃ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ အစည်းအဝေး၌ အမှာစကား ပြောကြား။
၃၇။ ၁၄-၄-၂၀၁၃ အတာသင်္ကြန် နှစ်ကူး အခါသမယ မိန့်ခွန်းပြောကြား။
၃၈။ ၂၃-၄-၂၀၁၃ International Crisis Group ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲတွင် မိန့်ခွန်းပြောကြား။
၃၉။ ၃၀-၄-၂၀၁၃ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲတွင် အမှာစကား ပြောကြား။
၄၀။ ၀၂/၀၅/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြား။
၄၁။ ၆-၅-၂၀၁၃ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြား။
၄၂။ ၁၂/၀၅/၂၀၁၃ မန္တလေးတိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် မိန့်ခွန်းပြောကြား။
၄၃။ ၁၉-၅-၂၀၁၃ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့ မြန်မာသံရုံး၌ မြန်မာမိသားစု ၀င်များနှင့် တွေ့ဆုံပြီး အမှာစကား ပြောကြား။
၄၄။ ၂၁-၅-၂၀၁၃ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့၊ ဂျွန်ဟော့ကင်း တက္ကသိုလ်၌ မိန့်ခွန်းပြောကြား။
၄၅။ ၃၀-၅-၂၀၁၃ မြန်မာ့ အထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး၌ အမှာစကား ပြောကြား။
၄၆။ ၀၂/၀၆/၂၀၁၃ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် မိန့်ခွန်းပြောကြား။
၄၇။ ၀၄/၀၆/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြားခြင်း။
၄၈။ ၀၆/၀၆/၂၀၁၃ အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖွင့်ပွဲ၌ အဖွင့်အမှာစကား ပြောကြား။
၄၉။ ၀၇/၀၆/၂၀၁၃ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲ၌ အမှာစကား ပြောကြား။
၅၀။ ၂၅-၆-၂၀၁၃ စီမံကိန်းကော်မရှင် အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား။
၅၁။ ၀၂/၀၇/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြား။
၅၂။ ၁၆-၇-၂၀၁၃ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Chatham House ၌ မိန့်ခွန်းပြောကြား။
၅၃။ ၀၁/၀၈/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြား။
၅၄။ ၀၉/၀၈/၂၀၁၃ ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယ ၀န်ကြီးများအား တွေ့ဆုံအမှာစကား ပြောကြား။
၅၅။ ၁၄-၈-၂၀၁၃ အသစ်ခန့်အပ်သော ပြည်ထောင်စု ဒုတိယ ၀န်ကြီးများ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် မိန့်ခွန်းပြောကြား။
၅၆။ ၁၉-၈-၂၀၁၃ နေပြည်တော် ကောင်စီနယ်မြေ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနား၌ အမှာစကား ပြောကြား။
၅၇။ ၀၁/၀၉/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြား။
၅၈။ ၃၀-၉-၂၀၁၃ အပြည်ပြည်ဆိုင်ရာ ချေးငွေ/ထောက်ပံ့ ကူညီမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု အခမ်းအနား၌ အမှာစကား ပြောကြား။
၅၉။ ၀၁/၁၀/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြားခြင်း။
၆၀။ ၀၇/၁၀/၂၀၁၃ လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲ၌ အမှာစကား ပြောကြား။
၆၁။ ၀၇/၁၀/၂၀၁၃ ဘဏ္ဍာရေး ကော်မရှင် (၂/၂၀၁၃) အစည်းအဝေး၌ အမှာစကား ပြောကြား။
၆၂။ ၂၉-၁၀-၂၀၁၃ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၌ အမှာစကား ပြောကြား။
၆၃။ ၀၁/၁၁/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြားခြင်း။
၆၄။ ၁၅-၁၁-၂၀၁၃ မြန်မာ-အီးယူ လုပ်ငန်းအဖွဲ့ မျက်နှာစုံညီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြား။
၆၅။ ၁၈-၁၁-၂၀၁၃ အမျိုးသားအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲသို့ တက်ရောက် အမှာစကား ပြောကြား။
၆၆။ ၂၀-၁၁-၂၀၁၃ တတိယအကြိမ်မြောက် အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြား။
၆၇။ ၃၀-၁၁-၂၀၁၃ ရန်ကုန် စိန်ရတု သဘင်ခန်းမ၌ မိန့်ခွန်းပြောကြား။

 

သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်း၊ ပြောကြားချက် အချို့၏ အကျဉ်းချုပ်

ပထမဆုံး မိန့်ခွန်းနှင့် ကတိက၀တ်

၂၀၁၁ ခုနှစ် မတ် ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ ပြောကြားခဲ့သော မိန့်ခွန်းတွင် ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး၊ နိုင်ငံပြည်သူများ၏ အနာဂတ် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် အရှိန်မြင့် ဆောင်ရွက်သွားရန် လိုကြောင်းနှင့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ၊ အခွန်အကောက်ဆိုင်ရာ မူဝါဒများကို လိုအပ်သလို ပြင်ဆင်ချမှတ် ကျင့်သုံးဆောင်ရွက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေး၊ ဆင်းရဲချမ်းသာ ကွာဟမှု လျော့ချရေးနှင့် မြို့ပြကျေးလက် လူနေမှုအဆင့် ကွာဟမှု လျော့ချရေးတို့ကို လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် တောင်သူလယ်သမား၊ အလုပ်သမားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် အားပေးပံ့ပိုး ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်းနှင့် အလုပ်သမားများ၏ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို လက်ရှိဖြစ်ပေါ်နေသော လူနေမှု စရိတ်နှင့် လိုက်လျောညီထွေဖြစ်အောင် ညှိနှိုင်းဆောင်ရွက်မည့် အချက်ကိုလည်း ကတိပြုခဲ့ပါသည်။ ပညာရေး ကဏ္ဍတွင် အခမဲ့ မသင်မနေရ မူလတန်း ပညာရေး စနစ်ကို ကြိုးပမ်းအကောင်အထည် ဖော်မည့်အပြင် ဖွင့်လှစ်ပြီး တက္ကသိုလ် ကောလိပ်များ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ အရည်အသွေး မြှင့်တင်ရေး၊ ပညာရေး ၀န်ထမ်းများ အရည်အချင်း မြင့်မားရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘ၀ မြှင့်တင်နိုင်ရေးတို့ လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ ထို့အတူ ကျန်းမာရေး ကဏ္ဍတွင်လည်း ဆယ်စုနှစ်အတွင်း တိုးချဲ့ဖွင့်လှစ်ထားသည့် ဆေးရုံကြီးများ၏ အရည်အသွေးနှင့် ကျန်းမာရေး ၀န်ထမ်းများ၏ အရည်အသွေး မြင့်မားရေးကို အလေးထား လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။


အစိုးရ အဖွဲ့အတွက် ပထမဆုံး မိန့်ခွန်း

၂၀၁၁ ခုနှစ် မတ် ၃၁ ရက်၌ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့သည်။ ထိုမိန့်ခွန်းတွင် အစိုးရ အဖွဲ့သစ်အတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်မှာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နှင့် သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်အောင် ၀ိုင်းဝန်းကြိုးပမ်းရန် အချက်ကို ဦးတည်ပြောကြားခဲ့ပြီး ဒုတိယ လုပ်ငန်းစဉ်အဖြစ် ဒီမိုကရေစီကျင့်စဉ် (Democratic Practices) များ ထွန်းကားစေရေး၊ ပြည်သူလူထု၏ သဘောထား တုံ့ပြန်မှုများကို အလေးထားရန် လိုအပ်ကြောင်းနှင့် တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်စွာ တရားစီရင်ရေး၊ ဥပဒေ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက် တရားစီရင်ရေးတို့ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အစိုးရ၏ လုပ်ငန်းများ လျင်မြန်သွက်လက်ရေးနှင့် ထိရောက်မှု ရှိရေးအပြင် စတုထ္ထမဏ္ဍိုင် စာနယ်ဇင်းများ၏ အခန်းကဏ္ဍကို အလေးထားရန် လိုအပ်ကြောင်း အချက်ကိုလည်း ပြောကြားခဲ့သည်။


ပြည်ထောင်စု လွှတ်တော်၌ ထပ်မံကတိပြုခြင်း

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် သြဂုတ် ၈ ရက်တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပထမနေ့၌ မိန့်ခွန်းပြောကြားပြီး အစိုးရအဖွဲ့၏ ကတိစကားများကို ထပ်မံပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် ပြည်သူအများ မျှော်လင့်နေသည့် ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance)၊ သန့်ရှင်းသော အစိုးရ (Clean Government)၊ ဒီမိုကရေစီ ကျင့်စဉ် (Democratic Practice) များ ထွန်းကားရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ ဆင်းရဲချမ်းသာ ကွာဟမှု လျော့ချရေး၊ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့ကို ကတိပြု ပြောကြားထားသည်နှင့်အညီ အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း၊ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေး မူဝါဒ၊ ကုန်သွယ်ရေး မူဝါဒနှင့် ရင်းနှီးမြှပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ်နေပြီ စီးပွားရေး ပြုပြင်ပြောင်းလဲရေးကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်း ၁၆ ရာခိုင်နှုန်း လျော့ချနိုင်ရန် ရည်မှန်းထားကြောင်း စသည်တို့ကို ထပ်မံကတိပြု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အစိုးရဟာ ပြည်သူတွေ ဖြစ်နေတာတွေ၊ ပြည်သူတွေ ဖြစ်ချင်တာတွေကို ကျွန်တော်တို့ သိပါတယ်။ အပြည့်အ၀ ဖြည့်ဆည်းဆောင်ရွက် နိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။


တစ်နှစ်ပြည့် မိန့်ခွန်းနှင့် ပြည်သူ့ဆန္ဒ နှစ်ရပ်  

သမ္မတတာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့်သည့် ၂၀၁၂ ခုနှစ် မတ် ၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောကြားခဲ့ပါသည်။ တစ်နှစ်ပြည့် မိန့်ခွန်းတွင် ပြည်သူများ လိုလားတောင့်တနေသည့် အဓိက ဆန္ဒနှစ်ရပ်ကို ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက် ခဲ့သည်ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။ ထိုဆန္ဒနှစ်ရပ်မှာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တိုင်းရင်းသား အားလုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည်ဟု ဦးသိန်းစိန်က ဆိုပါသည်။ ထို့အပြင် ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံ (LDC) ဘ၀မှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေကြောင်းကိုလည်း ပြောကြားခဲ့သည်။


ကြားဖြတ်ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့် လမ်းညွှန်ချက်

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆန္ဒနယ် အများစုတွင် အနိုင်ရခဲ့ပြီးနောက် မေ ၁၂ ရက်က ပြုလုပ်သော “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး” တွင် ပြောကြားသော သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်ချက်တွင် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာများကို အသေးစိတ် ထုတ်ဖော်ပြောဆို ခဲ့သည့်နည်းတူ အစိုးရ၏ အားနည်းချက်ကို ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်က သက်သေပြသည့် အချက်ကိုလည်း ၀န်ခံပြောကြားခဲ့သည်။ ထို့နောက် ပြည်သူတစ်ဦးချင်းစီ ထိတွေ့ခံစားနေရသည့် နေ့စဉ်တွေ့ကြုံနေရသော စားဝတ်နေရေး၊ သွားလာနေထိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပြောင်းလဲတိုးတက်အောင် အစီအမံများ ပြုလုပ်ရန် အရေးတကြီး လိုလာကြောင်း၊ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ပထမအဆင့် (First Stage of Reform Strategy for National Development) ကို အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ခဲပြီး ဖြစ်သည့်အတွက် ဗဟာဗျုဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (People Centered Development)၊ လူမှုရေး စီးပွားရေး အသင်းအဖွဲ့များ ပါဝင်သော လူမှုအဖွဲ့အစည်းများ (Civil Society) ၏ အရေးပါမှုနှင့်အတူ မြို့နယ်တိုင်းတွင် လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့များ၊ ကျေးလက် သမ၀ါယမ အစုအဖွဲ့များ၊ မြို့နယ် သမ၀ါယမ အသင်းများ တိုးချဲ့ဖွဲ့စည်းပြီး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံတော် ဘဏ္ဍာငွေ ဘတ်ဂျက်တိုးမြှင့် သုံးစွဲရေး၊ အခွန်အကောက် တိုးတက်ရရှိရေး၊ ပြည်သူ့ဘဏ္ဍာ (Public Finance) အား ထိရောက်သောနည်းဖြင့် စီမံခန့်ခွဲခြင်း၊ ကုမ္ပဏီများ အများပိုင် ကုမ္ပဏီများ ဖွဲ့စည်းခြင်းနှင့် ငွေကြေးဈေးကွက် ဖြစ်ပေါ်လာရေး၊ ဘဏ်များ၊ ငွေစုငွေချေး လုပ်ငန်းများ၊ သမ၀ါယမ အစုအဖွဲ့များ စုပေါင်းရင်းနှီး မြုပ်နှံလုပ်ကိုင်မှု တိုးချဲ့ဆောင်ရွက်ခြင်း အစရှိသည်တို့ အပါအ၀င် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု လျော့ချရေး လုပ်ငန်းတွင် ကျေးရွာအစုအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရေး စသည့်အချက်များကိုလည်း ထည့်သွင်းပြောကြား ခဲ့သည်။


ဂျီဒီပီ တိုးတက်ရေး မျှော်မှန်းချက်

သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတော် အနေဖြင့် ငါးနှစ်တာ ကာလအတွင်း တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး (ဂျီဒီပီ) ကို ၂၀၁၀-၂၀၁၁ ခုနှစ် ပုံမှန်ဈေးနှုန်းအရ တစ်နှစ်ပျှမ်းမျှ ၇ ဒသမ ၇ ရာခိုင်နှုန်း၊ နိုင်ငံတော်၏ ဂျီဒီပီတွင် လယ်ယာကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၃၆ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၉ ဒသမ ၂ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၂၆ ဒသမ ၀ ရာခိုင်နှုန်းမှ ၃၂ ဒသမ ၁ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၀န်ဆောင်မှု ကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၃၇ ဒသမ ၆ ရာခိုင်နှုန်းမှ ၃၈ ဒသမ ၇ ရာခိုင်နှုန်းသို့ လည်းကောင်း၊ လူတစ်ဦးချင်း၏ ပျှမ်းမျှပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (Per Capital GDP) ကို အခြေခံနှစ်ထက် ၁ ဒသမ ၇ ဆ တိုးတက်စေရန် မျှော်မှန်းထားကြောင်း ၂၀၁၂ ခုနှစ် ဇွန် ၁၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ၊ ဒုတိယ ၀န်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများကို ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောဆို ခဲ့သည်။ ထိုကဲ့သို့ တွက်ချက်ထားသော ဂျီဒီပီ တိုးတက်မှုနှုန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဖြစ်ပေါ်လာမည့် ပြည်သူများ၏ ပျှမ်းမျှတစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် ၁ ဒသမ ၇ ဆ ရရှိရန် တွက်ချက်ထားသော်လည်း အစိုးရအဖွဲ့ အနေဖြင့် ပျှမ်းမျှတစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် သုံးဆနှင့် စီးပွားရေး တိုးတက်မှုကို ငါးနှစ်အတွင်း သုံးဆတိုးအောင် ကြိုးစားချင်ကြောင်း ဦးသိန်းစိန်က ဆိုသည်။ ထိုမိန့်ခွန်းမှာပင် ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရာ၌ အလုပ်ရရုံ သက်သက် မဟုတ်ဘဲ ထိုက်သင့်သော အခြေခံ လုပ်ခလစာများ ပြည့်ပြည့်၀၀ ရရှိရေးအတွက် အလေးထား ဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောကြားခဲ့သည်။


လျှပ်စစ်မီး ပိုရရေး၊ တန်ဖိုးနည်းအိမ်ရာ ကတိနှင့် ရေဒီယို မိန့်ခွန်းများ   

ရန်ကုန်မြို့ ၀န်းကျင်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို စတင်အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်းနှင့် အခြားပြည်နယ်နှင့် မြို့နယ်များတွင်လည်း တန်ဖိုးနည်းအိမ်ရာများ ဆက်လက်ဖော်ဆောင် သွားမည်ဟု သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်လွှင့်သည့် ရေဒီယို မိန့်ခွန်းတွင် ပြောဆိုခဲ့ပါသည်။ ထို့အပြင် ရရှိလာမည့် နိုင်ငံတကာ ချေးငွေအကူအညီများကို ပြည်သူ့အကျိုး စီးပွားအတွက် ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုသွားမည်ဖြစ်ပြီး အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ မေလ ၂ ရက်က ထုတ်လွှင့်ခဲ့သည် ရေဒီယို မိန့်ခွန်းတွင်လည်း အစိုးရ အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် မူဝါဒများ၊ ဦးတည်ချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက်နေကြောင်း၊ ထိုစီမံကိန်းများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သော လျှပ်စစ်မီး ပိုမိုရရှိရေးနှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း စတင်အကောင်အထည် ဖော်နေပြီဟု ပြောခဲ့ပါသည်။


လ ၃၀ စီမံချက်နှင့် ဘုရင့်နောင် ဖောင်ဖျက်  

အစိုးရ အဖွဲ့အတွက် ကျန်ရှိသည့် လ ၃၀ တွင် သာမန်သမရိုးကျ လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်နေမည် ဆိုပါက ပြည်သူများ၏ လူမှုစီးပွားရေး လိုအင်ဆန္ဒ အကျိုးရလာဒ် ရရှိရေရန် ခဲယဉ်းသည့်အတွက် နိုင်ငံတော် အုပ်ချုပ်ရေး ထိပ်ပိုင်းယန္တရားမှ အောက်ခြေအထိ ဘုရင့်နောင် ဖောင်ဖျက်သကဲ့သို့ နောင်ရိုးစိတ်ဓာတ်ဖြင့် ဆောင်ရွက်မှသာ ရည်မှန်းချက် ပြည့်မြောက်မည်ဟု သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ် သြဂုတ် ၉ ရက်က ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယ ၀န်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အစိုးရအဖွဲ့ အနေဖြင့် ကျန်ရှိနေသော လပေါင်း ၃၀ ကာလသည် ပြည်သူများ၏ စားဝတ်နေရေး အခြေခံ လိုအပ်ချက်များကို ဦးစားပေးပြီး သိသာထင်ရှားသည့် လူမှုစီးပွားရေး အကျိုးရလာဒ်များ ရရှိခံစားအောင် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကာလဟု သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် အဓိကကျသည့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက် မည်ဟုလည်း စက်တင်ဘာ ၁ ရက် ရေဒီယိုမိန့်ခွန်းတွင် ပြောကြားသည်။ စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ချေးငွေ/ထောက်ပံ့ကူညီမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင်လည်း အစိုးရ၏ ကျန်ရှိသော ၂၉ လအတွင်း နိုင်ငံတော် အနေဖြင့် ပြည်သူများ၏ လူမှုစီးပွား လိုအပ်ချက်များအဖြစ် စား၊ ၀တ်၊ နေရေး အခြေခံ လိုအပ်ချက်များအား ပံ့ပိုးဖြည့်ဆည်းပေးရန် ဦးစားပေး လုပ်ငန်းများအဖြစ် အကောင်အထည် ဖော်နိုင်ရန်၊ လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှု၊ အလုပ်အကိုင် ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စသောနယ်ပယ်များကို အစွမ်းကုန်ကြိုးပမ်း ဖြည့်ဆည်းပေးရန် မှာကြားခဲ့ပြီးဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ထပ်မံပြောကြားခဲ့သည်။

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: