ကျွန်တော်အွန်လိုင်းပေါ်မှာ
စာရေးတဲ့အခါ
တတ်နိုင်သမျှ
အဓိပ္ပါယ်နှစ်ခွ ထွက်တဲ့စာမျိးကို
တတ်နိုင်သမျှ ရှောင်ပါတယ်-
ခင်မင်မိတဲ့သူ
အထင်ကြီးမိတဲ့သူ
လေးစားမိတဲ့သူ
အားကျမိတဲ့သူ
တွေကိုဆိုရင်-
တခါတရံ အမည်တတ်ပြီးတော့
တောင်-ရေးတတ်-သတိပေးတတ်
ထောက်ပြတတ်ပါတယ်-
ဒီလိုအမည်တတ်ရေးလိုက်တဲ့
အတွက်
အဆင်ပြေသွားတာတွေရှိသလို
အဆင်မပြေပဲ ကျွန်တော့်ကို
မင်းကဘာမို့လို့လဲ-ဆိုပြီး
ပြန်လည်တိုက်ခိုက်လာနိုင်တာ
တိုက်ခိုက်လာတတ်တာတွေကိုလဲ
သိထားပါတယ်-
ဒါပေမဲ့
မပြီးနိုင်မဆုံးနိုင်
ဆိုင်တာတွေရောမဆိုင်တာတွေပါ
အထပ်ထပ်ရေးသားနေခြင်းများ
အတွက်
အွန်လိုင်းအသုံးပြုနေသူ
အများအတွက်
အလွန်အင်မတန်မှ
အားနာမိပါတယ်-
သို့ဖြစ်သည့်အတွက်
ကျွန်တော့်ရဲ့ရေးသားမှုကို
စော်ကားမော်ကားလုပ်သည် ဟု
ယူဆပြီး
တုန့်ပြန်မှုအမျိုးမျိုးပြုလုပ်နေသော
ကျွန်တော် အွန်လိုင်းမှာ
အမည်တတ်ရေးသားမိသော
ရဲရင့်သစ္စာအား၎င်း
အမည်တတ်မရေးခဲ့သော်လည်း
ပြန်လည်ဖြေရှင်းရေးသားနေသော
အစ္စလာမ်သာသနာ့ရေးရာကောင်စီ
အတွင်းရေးမှူး ဦးတင်မောင်သန်း
ကျွန်တော့်ဘက်မှ အနူးအညွတ်
တောင်းပန်အပ်ပါသည်။
အွန်လိုင်းမှ မိတ်ဆွေများအားလည်း
စိတ်အနှောက်အရှက်ဖြစ်ရခြင်း
များအတွက် တောင်းပန်အပ်ပါသည်။
မောင်မောင်
ရွှေကရ၀ိက်
(ဒီလိုရေးလိုက်ယုံနဲ့ မပြီးနိုင် ဆိုပါက-မကြာမီ မျက်နှာချင်ဆိုင်ဆုံ
သောအခါ-ဆက်ရှင်းလို့ ရပါသည်
အွန်လိုင်း အသုံးပြုနေသူများကို
ဆက်၍ ဒုက္ခမပေးမိစေရန် ရည်ရွယ်ပါသည်)
And I have to take fair share of blame as I was the one who asked him to write a POKING post in Burmese about the Muslim leaders so that the truth will come out to expose the CRIMINAL MYANMAR GOVERNMENT LEADERS’ Anti-Muslim mindset which is against Internationally accepted Human rights norms.
Anyway, I also apologize my good friend Ko YYTS, his wife and one of the greatest and bravest leader Gazi Haji U Tin Mg Than.
(FYI I am NOT writing to mock him, I praise and look up at him since he was unfairly expelled by the coward Myanmar Government. I have met him and had even ring up once to help Mg Mg’s departure from Yangon.)
စလာမ် မိတ်ဆွေညီနောင်များခင်ဗျား။
ကျွန်တော် ဦးမောင်မောင်ရွှေကရဝိက် နဲ့ ပတ်သက်ပြီး ဘာမှ မရေးသားတော့
တာ (၃) ရက်ကျော်ရှိပါပြီ။ ရေးသားခဲ့စဉ်ကလည်း ဦးမောင်မောင် ရွှေကရဝိက်
အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရေးသားခြင်းလည်း လုံးဝ မရှိခဲ့ပါ။ အခြား ကလောင်ပုန်း၊
အမည်ဝှက်တို့ ဖြင့်လည်းတိုက်ခိုက် ရေးသားခဲ့ခြင်း၊ ရေးသားနေခြင်း လုံးဝမရှိပါ။
ကျွန်တော်သည် တစ်စုံတစ်ဦးအား မကျေမနပ်ဖြစ်ပါက များသောအားဖြင့်လူချင်း
တွေ့ရင်ဆိုင်ဖြေရှင်းလေ့ရှိသူဖြစ်ကြောင်း၊ လူချင်းမတွေ့နိုင်ပါ က ဖုန်းဖြင့်ဆက်
သွယ် ဖြေရှင်းလေ့ရှိကြောင်း ကျွန်တော် ၏ မိတ်ဆွေများသိကြပါသည်။
ဦးမောင်မောင်ရွှေကဝိက်သည် မကြာသေးခင် က status တစ်ခု တင်ကာ
တောင်းပန်စကားဆိုခဲ့၏။ သာသနာ့ရှုထောင့်မှကြည့်လျှင် မွတ်စ်လင်မ်
တစ်ဦးမှ တောင်းပန်စကားဆိုလာပါ က ကျေလည်ရမည်သာ။ ထို့ကြောင့်
ကျွန်တော်ကျေနပ်ပါ၏။ သို့ရာတွင် ဦးမောင်မောင် post အရ၊ ကျွန်တော်
က ဦးမောင်မောင်အား “တုန့်ပြန်မှုအမျိုးမျိုးပြုလုပ်နေသည်” ဟု ဦးမောင်
မောင်ထင်မြင်ယူဆ နေကြောင်းသိရပါသည်။ ကျွန်တော် သည် ဦးမောင်မောင်
အား တုန့်ပြန်ရေးသားခြင်း မရှိတော့သည်မှာ (၃) ရက်ကျော်ရှိပါပြီ ဖြစ်
ကြောင်း အမြင်ရှင်းလင်းရန် ထပ်မံပြောကြားအပ်ပါသည်။ ကျွန်တော့် အနေဖြင့်
ဦးမောင်မောင်ရွှေကရဝိက် အား ထိပါးရေးသားခဲ့သည်များမရှိဟု ယုံကြည်
ပါသည်။ အကယ်၍ ရှိသည်ဟု ဦးမောင်မောင် ရွှေကရဝိက်နှင့် အခြားသက်
ဆိုင်သူများ ခံစားနေပါက ရိုးသားစွာဖြင့် In Good Faith တောင်းပန်အပ်
ပါသည်။ မည်သို့မျှ မမျှော်လင့်ခဲ့သော ပြဿနာကြောင့် စိတ်အနှောက်အယှက်
ဖြစ်ခဲ့ရသည့် ညီနောင်မိတ်ဆွေ ဆွေမျိုးအသိုင်းအဝိုင်းများအား အနူးအညွတ်
တောင်းပန်တိုးလျှိုးအပ်ပါသည်။
လေးစားစွာဖြင့်
ရဲရင့်သစ္စာ
၃.၁.၂၀၁၄
January 4, 2014 at 9:40 am |
Jack Marson
“Assalamualaikum”
အစ္စလာမ် ညီအကို၊မောင်နှမများအားလုံး
“စည်းလုံးခြင်းဟာ အင်အားပါ၊ စည်းလုံးခြင်းကို လိုလားသော သူသည် အရာရာကို ခွင့်လွှတ်တတ်သော စိတ်ထားရှိသူ ဖြစ်ရမည်။ စည်းလုံးခြင်းကို လိုလားတဲ့ ညီအကို မောင်နှမများအားလုံး သီးခံခွင့်လွှတ်ပေးခြင်း ဖြင့်ကူညီကြပါ။ တဘက်က တင်းနေတဲ့အချိန် တဘက်က အလျော့ပေးလိုက်ခြင်းသည် ဘာနစ်နာမှုမှ မရှိပေ၊ လူဆိုတာ သူ့ဟာနဲ့သူ အားလုံးမှန်ကြတာပါဘဲ၊ ကိုယ်ထင်တာ ကို ကိုယ်ပြောတတ်တဲ့အကျင့်ရှိတာဟာ
လူ့သဘာဝပါ၊ ဒါကြောင့် တခါတလေ မတင်မကျဖြစ်နေတာတွေကို အချင်းချင်းကြားမှာ ပြန်လည်ငြိမ်းချမ်းသွားအောင် လုပ်ဆောင်နိုင်တဲ့သူတွေသည် လူတော်၊လူကောင်ဖြစ်၏။သို့ဖြစ်ပါ၍ တစ်ဦးကို တစ်ဦးနားလည်ပေးပြီး ရှေ့လျှောက်နေသော ပန်းတိုင်ဆီသို့ မူဝါဒပေါင်းစုံ၊ အမြင်ပေါင်းစုံရှိတဲ့သူတွေအားလုံး ညီညီညွှတ်ညွှတ်နဲ့ အဆုံးထိရောက်အောင် လျှောက်လှမ်းကြပါစို့” လို့ဘဲ ပြောချင်ပါတယ်။
အမှားပါအယွင်းပါယင် ခွင့်လွှတ်ကြပါ..အားလုံးကို စလာမ်ပို့သ နှုတ်ဆက်ပါတယ်..