နီပေါမှာမွေးတဲ့သူလဲကုလားဘဲ

Dr Saw Aung

နီပေါမှာမွေးတဲ့သူလဲကုလားဘဲ

ကျွန်တော်FB ပေါ်မှာဘယ်တုန်းကမှ မရိုင်းခဲ့ဘူး ဒီနေ့တောရိုင်းကိုရိုင်း ရတော့မယ်။ မြန်မာ့ရုပ်မြင်သံကြားက 4 HD လိုင်းမှာ The Peacemaker အမည်ရတဲ့ အင်္ဂလိပ်ဇာတ်ကားကို ဒီတစ်ပတ်တနင်္ဂနွေအားလပ်ရက်ဆိုပြီးကြည့်မိပါတယ်။ အမေရိကန်ကို နယူကကလီးယားလက်နက်နဲ့ တိုက်ခိုက်ဖို့ကြိုးစားတဲ့ ဆာ့ဘ်လူမျိုးတွေအကြောင်းကို ရိုက်ပြတဲ့ဇတ်ကားပါ။ အံ့သြစရာက အမေရိကန်ကို အမေရိကန်လို့ ဘာသာပြန်တယ်။ ဆာ့ဘ်ကို ဆာ့ဘ်လူမျိုးလို့ ဘာသာပြန်တယ်။ ပါကစ္စတန်ကို ပါကစ္စတန်လို့ ဘာသာပြန်တယ်။ မွတ်ဆလင်မ်ကို ကုလားလို့ ဘာသာပြန်တယ်။

ဘာသာပြန်တာတစ်ကြိမ်မဟုတ်ဘူးနော့် အကြိမ်များစွာထပ်နေတာကို ကြည့်ရင် မရိုးသားတော့ဘူး။ ဇာတ်ကားကို ဘာသာပြန်စာတန်းထိုးသူရဲ့ အမှား လုံးဝ မဟုတ်လောက်ဘူး။အပေါ်က policymaker တွေရဲ့ စေစားချက်၊ ထပ်ပြီး ပြောရရင် ညွှန်မှူးအဆင့်ထက်မြင့်တဲ့နေရာက လာတဲ့ လမ်းညွှန်ချက်ကြောင့် ဆိုတာသေချာနေတာပါပဲ။ အရင် က မွတ်ဆလင်မ်ကို ကုလားလို့ ဘာသာပြန်တဲ့ ဗီဒီယိုကားတစ်ခါမှ မမြင်ဖူးဘဲ ခုမှပဲ ကုလား၊ ကုလား နဲ့ တစ်လားတည်း လားနေတာကို တွေ့မြင်နေရတော့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်သူလူတန်းစားရဲ့ ကျပ်မပြည့်မှု၊အတွေးအခေါ်ချွတ်ခြုံချမှု၊ အသလွတ်အမုန်းတရားကို အတိုင်းသား မြင်နေရပြီး သူတို့ကို သနားသည်ထက် သနားစိတ်တွေ တစ်နေ့ တစ်ခြား ပိုပိုဝင်လာနေမိလို့ပါပဲ။ မွတ်ဆလင်မ်ကို ကုလားလို့ အားရပါးရခေါ်ချင်နေတာလား၊ ကိုယ့်ဘုရားစင်ပေါ်က ကုလားဘုရားကို အရင်လက်ညှိုးငေါက်ငေါက်ထိုး ကုလားလို့ အားရပါးရ ခေါ်ကြည့်စမ်းပါ။ သိပ်ပြီး ဗမာဆန်ချင်နေတယ်လား။ အနော်ရထာလို့ခေါ်တဲ့ အနုရုဓ ကုလားကြီးကို ဗမာဟုတ်သလားလို့ မေးကြည့်စမ်းပါ။ ကျန်စစ်သားကို ကုလားမဟုတ်ဘူးလို့ ဘယ်သမိုင်းဆရာ ငြင်းရဲပါသလဲ။ ပုဂံတစ်မြို့လုံးကို လှည့်ပတ်ကြည့်စမ်းပါ။ အိန္ဒိယကုလားအနုပညာ လွှမ်းမိုးမှုအောက်က လွတ်တဲ့ ဘုရားများရှိသလားလို့။ပုဂံအကတောင်ကုလားတီးလုံး နဲ့ ကုလားကကွက် မလွတ်ခဲ့ဘူး။ ၀တ်စားတာတောင် တရုတ်ဆီက အပေါ်ပိုင်းကိုယူ အောက်ပိုင်းကိုဖြုတ် တိုက်ပုံလုပ်၊ ကုလားဆီက ဒိုတီပုဆိုးကိုယူ ကုလားခတောင်းကျိုက်ကို အသာဖြုတ်ချ၊ ပုဆိုးဆိုပြီး ကောက်ဝတ်ရတဲ့ ယဉ်ကျေးမှု၊ ထိုင်လည်း ကုလားနဲ့ မလွတ်၊ ထလည်း ကုလားနဲ့ မလွတ်၊ ဘုရားလည်း ကုလားနဲ့ မလွတ်၊ ယဉ်ကျေးမှုလည်း ကုလားနဲ့ မလွတ်၊ မနက်စောစောထ ဘုရား ဝတ်ပြုတော့လည်း ပါဠိ အမည်တပ် ကုလားစာကိုရွတ် ၊ သြော် တော်တော်ပဲ တရားကျဖို့ကောင်းလိုက်တဲ့ ဗမာအစိုးရ ငပိန်းတွေ။ မနက်စာကိုတောင် ကုလားစာ စမူဆာ၊ပလာတာ၊ခါဂျာ၊ ဂျလေဘီ၊တိုချေ၊ နံပြား မပါရင်အသာမပြေတဲ့လူမျိုး။ မင်း တို့သမိုင်းဖျောက်ချင်နေတဲ့ အာဇာနည်ဗိုလ်ချုပ်တောင် “ပဲပြုပ်နဲ့နံပြားစားချင်တယ်ကြည်ရယ်” လို့ ကုလားအစာကိုနောက်ဆုံး တမ်းတမ်းတတ မှာသွားခဲ့သေးတယ်။ ကုလားနဲ့ လွတ်ချင်သလား? ကုလားနဲ့ လွတ်ချင်သလား? ကုလားနဲ့ လွတ်ချင်သလား? ဘာသာအသစ်ထွင်၊ လူမျိုးအသစ်ထွင်၊ သာကီလို့ပဲခေါ်ခေါ်၊ မြန်မာလို့ပဲ ပြောပြော၊ မိမိကိုယ်တိုင်ပိန်းယုံမက တစ်တိုင်းပြည်လုံး ပိန်းအောင်လုပ်ခဲ့ တဲ့ ခေါင်းဆောင် ငပိန်းတွေပဲ အုပ်ချုပ်ကြလို့ ကတော့သာကီဟူသမျှ သာကူလောက်တောင် လူကြိုက်များကြမယ်လို့တော့ မထင်ကြောင်းပါဗျာ။ မိတ်ဆွေတစ်ချို့ကိုတော့ really sorry ပါဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: