” စိတြဒူတ နှင့် ရာမဒူတ ” ပထမဆုံးမြန်မာပြည်က မှတ်တမ်းဝင် ပင်လယ်ကူးသင်္ဘောအမည်လို့ပြောရမလားပဲ။………………….
မွန်ဘုရင် ဓမ္မစေတီ မင်းကြီး သာသနာသန့်ရှင်းစေရန်ရည်ရွယ်ပြီး ရဟန်းတော်များကို သီဟိုဠ် ကိုစေလွတ်တော့ မွန်ရဟန်းများကို သယ်ဆောင်သွားတဲ့ သထုံကနေ သီဟိုဠ်ကို သွားတဲ့ ပင်လယ်ကူးသင်္ဘော သင်္ဘောနှစ်စီးရဲ့ နံမည်က စိတြဒူတ နှင့် ရာမဒူတ တဲ့။
လူဗိုလ်ဝက်ဆိုဒ်က ကလျာဏီသိမ် ကျောက်စာ အကြောင်းဖတ်မိရင်းနဲ့ သင်္ဘောနှစ်စီးရဲ့ နံမည်ကို သတိသွားရမိသလို၊ ဓမ္မစေတီ မင်းကြီး က သူဖြစ်ချင်တဲ့ ရဟန်းသတ်မှတ်ချက်တွေကိုလည်း ဆင်ခြင်အတွေးပွားမိပါတယ်။
( 1 ) မြင်ရုံနဲ့ ကြည်ညိုဖွယ်ရှိတဲ့ သူကိုပဲ ရဟန်းခံပေးပါ ။
( 2 ) မင်းဒါဏ်သင့်ပြီးဖြစ်တဲ့ သူကိုရဟန်းမပြုပေးရ ။
( 3 ) ကျော်စောထင်ရှားတဲ့ သူခိုး ၊ ဓပြတွေကိုလက်မခံရ ။
( 4 ) ကိုယ်အင်္ဂါ ချို့ တဲ့လို့ ..ဥပမာခြေပြတ် လက်ပြတ် ကုန်းကွ ကောက်ခွင်တဲ့ သူကို လက်မခံရ ။
( 5 ) မြင်ရုံနဲ့ ရယ်စရာကောင်းတဲ့ သူကိုလက်မခံရ ၊ ဆရတော်ကြီး တွေကလည်း တပည့်သံဃာတွေကို
( က ) ဆေးကုခွင့်မပေးနဲ့ ၊
( ခ ) ဗေဒင်တွက်ပြီး ဟောပြောခွင့် မပေးနဲ့
( ဂ ) အ၀တ်ထည်မှာ ဆေးဆိုးပန်းရိုက်ထားတာတွေ ကို ၀တ်ရုံခွင့်မပေးပါနဲ့
( ဃ ) ပန်းဖေါက် ၊ ပန်းထွင်းမပြုစေပါနဲ့
( င ) လူဝတ်ကြောင်တွေ အသက်မွေးတဲ့ အလုပ်မျိုးကို ဘာတစ်ခုမှ ၀င်ပြီး မလုပ်စေနဲ့
( 6 ) အသံဆွဲအငင်တွေနဲ့ တရားမဟောပါစေနဲ့ ။
( 7 ) တရားဟောပြီး ၀ါ ၊ ဆန် စတာတွေကို အလှူမခံ ပါစေနဲ့ ။
( 8 ) လူကြီးလူငယ် မရွေး လူဝတ်ကြောင်တွေနဲ့ ( ချစ်ခင်ပေါင်းသင်း ) ရောနှောယှက်တင် မပြုပါစေနဲ့ ၊ မင်းချင်း ၊ မင်းစေ ၊ သောက်စား လောင်းကစားတဲ့လူ ၊ လော်လီ ဖောက်ပြားတဲ့လူတွနဲ့ မရောနှော ပါစေနဲ့ …. နောက်ပြီး
( 1 ) ၀ိနည်း သိက္ခာပုဒ်တော်နဲ့ လျှော်ညီတဲ့ ပိဋိပတ်ကိုသာ ကျင့်ဆောင်ပါစေ
( 2 ) တစ်ဂိုဏ်း တစ်ဂဏ တည်းသာ ဖြစ်ပါစေ … အဲဒီနှစ်ခုကို မဆောင်ရွက်နိုင်ဘူးဆိုရင် “လူထွက်ပါ” ……..ဆိုပြီး ရှင်ဘုရင်လုပ်သူက သူလိုချင်တဲ့ အောက်လိုင်းတွေကို သံဃာတော်ကြီးတွေထံ ပန်ကြားလျောက်တင်ပြီး ကလျာဏီ ကျောက်စာထဲ မှာ ရေးထိုးမှတ်တမ်းတင်ခဲ့ ပါတယ် ။http://www.lubo601.com/2013/12/blog-post_6555.html
ကလျာဏီသိမ် ကျောက်စာ
FB of Ko Maung Khin
သာသနာတော် သန့်ရှင်းစည်ပင်တိုးတက်ဖို့ရာ ရည်ရွယ်ပြီး ရဟန်းဘောင် ၀င်မယ့် ပုဂ္ဂိုလ် များကို ဘယ်လိုအရည်ချင်း သတ်မှတ်ချက်တွေ ပြည့်စုံပါမှ ရဟန်းဝတ်ခွင့် ပြုပေးဖို့ သက်ဆိုင်ရာ ဆရာတော်ကြီးတွေကို အရှင်ဘုရင်လုပ်သူက တောင်းပန်လျှောက်ထားတဲ့ အကြောင်းခိုင်မာတိကျစွာနဲ့ ကဗျည်း မှတ်တမ်းတင်ခဲ့ တဲ့ ကျောက်စာတစ်ချပ်ရှိပါတယ် ။ အဲဒီကျောက်စာက 1480 ပြည့်နှစ်မှာ ဓမ္မစေတီမင်း လို့ လူသိများတဲ့ ရာမာအဓိပတိမင်း ရေးထိုးခဲ့တဲ့ ပဲခူး ကလျာဏီသိမ် ကျောက်စာဖြစ်ပါတယ် ။
ရာမာအဓိပတိ လို့ခေါ်တဲ့ ဓမ္မစေတီ ( အခု ရန်ကုန်မြစ်ထဲမှာ နစ်မြုတ်နေတဲ့ ရွှေတိဂုံစေတီကြီးမှ ခေါင်းလောင်းကြီးရဲ့ အလှူ ရှင် ) မင်းကြီးဟာ ခရစ်နှစ်နှစ် 1472 ခုနှစ် သူနန်းတက်ပြီး နောက် နိုင်ငံ အုပ်ချုပ်ရေး ကိုခိုင်မာအောင် သုံးနှစ် အားထုတ်ပြီး 1475 ခုနှစ်မှာ သာသနာတော် သန့် ရှင်းပြန့်ပွားဖို့ ရည်ရွယ်ပြီး မဟာထေရမောဂ္ဂလန် အမှုးပြုတဲ့ သံဃာတော် 21 ပါးနဲ့ တိုင်ပင်တယ် ။ သာသနာမှာ ရဟန်းတွေ ကို အမှီပြုရသလို ရဟန်းတွေ ကလည်း သိမ်ကို အမှီပြုရတယ် ။ ဒီတော့ သိမ်အစစ်မှန်ဖြစ်ဖို့ရန်အတွက် အဲဒီချိန်က ဗုဒ္ဓဘာသာ အစစ်မှန်ထွန်းလင်းနေတဲ့ သီဟိုဠ် နိုင်ငံ မှ အကူအညီ ကိုရယူရမယ်လို့ တညီ တစ်ညွတ်တည်း ဆုံးဖြတ်ပြီး ရဟန်းတော်များကို ဇန်န၀ါရီ 22 ရက် 1476 ခုနှစ်မှာ သီဟိုဠ် ( သီရိလင်္ကာ ) ကိုစေလွတ်ခဲ့တယ်
Leave a Reply