အရမ်းကောင်းတယ်
မိုးသုနှင့် မိုးသုကို မူကြိုတန်းမှစ၍ စာပေပညာသင်ကြားပေးခဲ့သော ဆရာဘုန်းကြီးတို့ရဲ့ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး Chat Boxကနေ ဆွေးနွေးမိတာလေးတွေကို ပြန်တင်ပြပေးလိုက်ပါတယ်။
ဆရာဘုန်းကြီး။ ။ ရန်ကုန်မှာ စည်းဝေးပွဲ မင်းတက်တယ်မို့လား။
မိုးသု။ ။ မှန်ပါ့ တက်တယ်ဘုရား။ အောင်ဆန်းတောရ ပဌမအကြိမ် ဒုတိယအကြိမ် အစည်းအဝေးနဲ့ ရွာမအလုပ်ရုံ ဆွေးနွေးပွဲကို လေ့လာသူအနေနဲ့ တက်ပါတယ်ဘုရား။
ဆရာဘုန်းကြီး။ ။ သူတို့ လုပ်ငန်စဉ်တွေမှာ ဘယ်လို အချက်က ကောင်းပြီး ဘယ်အချက်ကို သဘောမကျဘူးလဲ။
မိုးသု။ ။ အမျိုးသမီးတွေ ဗုဒ္ဓဘာသာဝင်မဟုတ်ရင် မယူရဘူးဆိုတဲ့ဟာကို မကြိုက်ဘူးဘုရား မကြိုက်ဘူးဆိုတာက အမျိုးသားကျ ကြိုက်တာနဲ့ယူလို့ရနေတယ်။ နောက်ပြီးတော့ ဒီကိစ္စက ဥပဒေနဲ့ ထိန်းချုပ်လို့လဲ မရနိုင်ဘူးထင်မြင်မိပါတယ်ဘုရား။ ဒီကိစ္စဥပဒေနဲ့ ထိန်းချုပ်တာ ဘိန်းဖြူထိန်းချုပ်သလို ဖြစ်သွားမှာပဲလို့ ထင်မြင်မိပါတယ်ဘုရား။
တရားဝင်မယူရရင် တရားမ၀င်ယူကျမှာဘုရား။ တရားမ၀င် မယားငယ်တွေ ပိုများလာမလားလို့တောင် တွေးပူမိပါတယ်ဘုရား။ အမွေဆက်ခံခွင့်နဲ့ပတ်သက်လို့ သဘောကျပါတယ်ဘုရား။ ဒီတော့ လက်ထပ်ခွင့်ကို ဘာသာမတူရင် မယူရလို့ ထိန်းချုပ်မယ့်အစား ပစ္စည်းခန်းကိုပဲ ဥပဒေနဲ့ တိတိကျကျ ပြဋ္ဌာန်းပေး သင့်တယ်လို့ထင်ပါတယ်ဘုရား။
ဗုဒ္ဓဘာသာအမျိုးသမီးဟာ ဘာသာခြားနဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာ ရရှိသင့်တဲ့ အခွင့်အရေးတွေကို ဘာသာခြားက မထိန်းချုပ်ရဲအောင် မထိန်းချုပ်နိုင်အောင် တိတိကျကျ ပြဋ္ဌာန်းသင့်တယ်လို့ ယူဆပါတယ်ဘုရား။
လက်ထပ်ခွင့်ကို ဥပဒေနဲ့ မထိန်းချုပ်ပဲ ဘာသာချစ်စိတ်မြတ်နိုးစိတ် ယုံကြည်လေးစားစိတ်ရှိအောင် တပည့်တော်တို့ ရဟန်းသံဃာတွေက ယဉ်ကျေးမှုသင်တန်းတွေ ဖွင့်လှစ်သင်ကြားခြင်း လာဘ်လာဘမမျှော်ကိုးပဲ လူငယ်လေးတွေနဲ့ ရင်းရင်းနှီးနှီးနေပြီး ဘာသာရေးဗဟုသုတတွေ တဖြေးဖြေးချင်း ပြောပြသင့်တယ်လို့ ယူဆမိပါတယ်ဘုရား။
လူငယ်လေးတွေနဲ့ ရင်းရင်းနှီးနှီးနေရာမှာလည်း ရဟန်းသိက္ခာကို မထိခိုက်စေပဲ နေခြင်းမျိုးကိုသာ ဆိုလိုတာပါဘုရား။
တပည့်တော်သိကျွမ်းခင်မင်တဲ့ အသက်ခြောက်ဆယ်ကျော် တရားလွှတ်တော်ရှေ့နေကြီးတွေနဲ့ ဆွေးနွေးကြည့်တော့လည်း အခုဘုန်းကြီးတွေ မူကြမ်းအရဆိုရင် မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်ဘုရား။
ဆရာဘုန်းကြီး။ ။ အဲဒါက မျိုးစောင့်ဥပဒေနော် တို့လည်း တချို့အချက်တွေကို မကြိုက်လို့ လက်မှတ် မထိုးလိုက်ဘူး။ အဖွဲ့မူဝါဒတော့ မဆိုးပါဘူး ဆိုးတာက အဖွဲ့ဝင်အချို့ရဲ့ အသိမဲ့ လုပ်ရပ် ကုလားဆို အကုန်မုန်း ဒါတော့ မကြိုက်ဘူးဟေ့။
မိုးသု။ ။ တပည့်တော်လဲ ဘုန်းကြီးနဲ့ထပ်တူကျပါတယ်ဘုရား။ အခုဟာက ကိုယ့်အပြစ်ကို သူများလက်ညှိုးထိုးနေကြသလိုပဲဘုရား။ တကယ်တမ်းက ဘာသာခြားနဲ့ယူတာ ၀မ်းရေးကြောင့်က အဓိကအကြောင်းတရားဖြစ်ပြီး ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို တကယ်မသိကြလဲပါတယ်ဘုရား။ မျက်စိအောက်က ရဟန်းတွေရဲ့ ကြည်ညိုလေးစားဖွယ်ရာ အသွင်သဏ္ဍာန်မဲ့နေတာလည်း ပါမယ်လို့ ယူဆပါတယ်ဘုရား။
ဒေါ်စုသမ္မတဖြစ်ခွင့်ကို ကန့်ကွက်မယ့်အစား ဒေါ်စုသမ္မတဖြစ်လာလို့ ကိုယ့်သာသနာတော်ကို ထိခိုက်စေတာမျိုးဖြစ်လာရင် ဘယ်လို ကာကွယ်မလဲဆိုတာပဲ စဉ်းစားသင့်တယ်လိုလဲ မြင်မိတယ်ဘုရား။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ဘုန်းကြီးအုပ်ဟာ ကြံ့ဖွံ့လက်ကိုင်တုတ်ဖြစ်နေတယ်လို့ တစ်ဖက်က သံသယပွားသွားနိုင်ပါတယ်ဘုရား။
ဦးဝီရသူ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကို ထောက်ခံတယ်လို့ ပြောတာကို လုံးလုံးမနှစ်သက်ပါဘူးဘုရား။ ပြောလဲ မပြောသင့်တဲ့ စကားလို့ ထင်မြင်မိပါတယ်ဘုရား။
ဘုန်းကြီးအုပ်စုမှာလည်း ဒေါ်စုထောက်ခံတဲ့ ဘုန်းကြီးတွေ ရှိနေကြပါတယ်ဘုရား။
ဦးဝီရသူအဲလိုပြောလိုက်သောအားဖြင့် သံဃာထုကို နှစ်ခြမ်းကွဲသွားစေနိုင်ပါတယ် ဘုရား။ အခုဟာက ဘုန်းကြီးအများစုက သံဃာသင်းမကွဲအောင် ကိုယ့်ဆန္ဒကို ရှေ့တန်းမတင်တော့ပဲ ပူးပေါင်းလုပ်ဆောင်နေချိန်မှာ ဦးဝီရသူအဲလို ပြောချလိုက်တာ မှားကိုမှားတယ်ဘုရား။
အကောင်းဆုံးကတော့ ဒေါ်စုရော ဦးသိန်းစိန် ဦးရွှေမန်း ဘယ်သူကိုမှ မထောက်ခံတာ အကောင်းဆုံးလို့ထင်တယ်ဘုရား။ ဘုန်းကြီးတွေ ကိုယ်လုပ်ကိုပဲ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး လုပ်သင့်တယ်လို့ ယူဆပါတယ်ဘုရား။ ဒီဥပဒေကို လွှတ်တော်ဆွေးနွေးဖို့ တင်တိုင်း ဦးရွှေမန်းဦးဆောင်တဲ့ ကြံ့ဖွံ့အမတ်တွေ အခုချိန်ထိ ဒီဥပဒေကို လွှတ်တော်မှာ ဆွေးနွေးခွင့်မပေးတာတောင် ဦးဝီရသူက ထောက်ခံပြောတော့ အံ့သြလို့ မဆုံးဘူးဘုရား။ ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ကိုတောင် သိပ်မယုံချင်တော့ဘူး ဘုရား။
ဆရာဘုန်းကြီး။ ။ အခု အစိုးရလူတော်တော်များများကို မကြိုက်ပါဘူး အပြောင်းအလဲ ဖြစ်စေချင်တယ်။ ဒေါ်စုကိုတော့ သမ္မတ ဖြစ်စေချင်ပါတယ် ဒါပေမယ့် နောက်လာမည့် လူတွေအတွက်ရော ဘယ်လိုကန့်သတ်မလဲ စဉ်းစားကြည့်ပါဦး။ ဥပမာ တခြားနိုင်ငံသား/သူ ယူတဲ့သူတွေပေါ့။
မိုးသု။ ။ တပည့်တော်က အဲဒါကြောင့် ဘယ်ပါတီမှ မထောက်ခံတာဘုရား။ အရင်တုန်းက ရေးဘူးတယ် တိုင်းရင်းသားပါတီတွေ အင်အားကြီးစေချင်တယ်ဆိုတဲ့ အကြောင်းကိုဘုရား။ ဒါဆိုရင် ပြည်သူပြည်သားတွေ ရွေးချယ်စရာ ပိုများတာပေါ့ဘုရား။ တကယ်လို့ အမျိုးသားရေးဆိုရင်တောင် ဘာသာရေးဆွဲထည့်နေတာ မကောင်းဘူးဘုရား။ အမျိုးသားရေးကို ဘာသာရေးမပါဝင်စေပဲ လှုံ့ဆော်သင့်တယ်လို့ မြင်ပါတယ်ဘုရား။ အခုဟာက အမျိုးသားရေးနဲ့ ဘာသာရေး လုံးထွေးနေသလားလို့ဘုရား
ဆရာဘုန်းကြီး။ ။ လုံးထွေးနေတာ ဟုတ်တယ် ကင်းလို့တော့ ရမယ် မထင်ဘူး ၅၉ ကို ပေးလိုက်ရင် ဘင်္ဂါလီတွေအတွက် အခွင့်ကောင်း သမ္မတဖြစ်ခွင့်များ ရသွားလေမလား
မိုးသု။ ။ ဘုန်းကြီး အခြေခံဥပဒေဖတ်ကြည့်ပါဘုရား အဲဒါမပြင်ရင်လဲ အခုခြေဥအရ ၀ှိုက်ကဒ်ရှိနေရင်တောင် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခွင့်ရှိနေတယ်ဘုရား။ အခုခြေဥကို မပြင်ရင်တောင်မှ ခြေဥအရ ၀ိုက်ကဒ်ရှိတဲ့သူမှန်ရင် ပါတီထောင်ရွေးကောက်ပွဲဝင်ပြီး နိုင်ရင် လွှတ်တော်ဥက္ကဌတောင်ဖြစ်ခွင့် ရှိနေတယ်ဘုရား။ အဲဒီတော့ အမျိုးသားအရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ကြံ့ဖွံ့လည်း ယုံကိုမယုံရဘူးဘုရား။
ဆရာဘုန်းကြီး။ ။ အေး အဲဒါက ဖွတ်ပါတီ လုပ်ထားတာ အမြန်ထုတ်ဖို့တော့ သင့်ပြီ။
မိုးသု။ ။ အဲဒါကြောင့်ပြောတာဘုရား အဲဒီဖွတ်ပါတီကို ထောက်ခံတယ်ပြောလို့ တပည့်တော်က ဦးဝီရသူကို စိတ်ကုန်သွားတာဘုရား။
ဆရာဘုန်းကြီး။ ။ ဒေါ်စုပြောသလို ပြည်သူတွေကိုပဲ အပ်လိုက် ပြည်သူက ဆုံးဖြတ်လိမ့်မယ် သူတို့ မကြိုက်ရင် မဲမပေးပဲ နေလိမ့်မယ်ပေါ့ အဲဒါပဲ ကောင်းပါတယ်။
မိုးသု။ ။ ဒေါ်စုကို ယုံတယ်လဲမဟုတ်ဘူး မယုံဘူးလဲမဟုတ်ဘူးဘုရား ဒါပေမယ့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှ စားဝတ်နေရေးကြောင့် ဘာသာခြားကို လင်တော်နေရတဲ့ အဖြစ်မျိုးက ရပ်တန့်နိုင်မှာဘုရား။ တိုင်းပြည်က မဖွံ့ဖြိုးမတိုးတက်ရင်တော့ ဘာဥပဒေနဲ့တားတား မရနိုင်ဘူးဘုရား။ ဘိန်းဖြူမှောင်ခိုကူးသလိုဖြစ်နေမှာပဲဘုရား။ တိုင်းပြည်လဲ ဖွံ့ဖြိုးတိုးတက်မယ် ဘုန်းကြီးတွေလည်း ကြည်ညိုဖွယ်ရာ အနေအထိုင်းကောင်းမယ်ဆိုရင် တပည့်တော်ထင်ပါတယ် ဘာသာခြားကို လင်တော်ချင်တဲ့ မိန်းမ မရှိသလောက်ရှားမှာပါ။ ဒီအစိုးရ ဒီပါတီကတော့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်လို့ တပည့်တော်ကတော့ မထင်မြင်မိဘူးဘုရား။ အမေရိကန်တို့ ဂျပန်တို့ အင်္ဂလန်တို့ ဘယ်လိုနည်းနဲ့ သမ္မတနေရာကို ဘာသာခြား တက်မလာနိုင်အောင် လုပ်ထားသလဲ ဒါကို သေချာလေ့လာရမယ်ဘုရား။ အရှုးချီးပန်းလျှောက်လုပ်နေလို့တော့ ကောင်းဖိုရာ လမ်းမမြင်ဘူး
ဆရာဘုန်းကြီး။ ။ အဲဒါတော့ မှန်ပါတယ် များသောအားဖြင့်က ဆင်းရဲတော့ အလွယ်လမ်းလိုက်တာပါ အေး ဒါပဲနော်။ မိုးသု။ ။ မှန်ပါ့ဘုရား။ နောက်တစ်ရက်၌ ဆရာဘုန်းကြီးအထံမှ အောက်ပါ မက်ဆေ့ခ်ျ ၀င်လာခဲ့ပါသည်။ မိုးသုရေ ဦးသိန်းညွန့် ပြန်တင်သွင်းမဲ့ ဗုဒ္ဓဘာသာအမျိုးသမီးများ ထိမ်းများခြင်းဥပဒေတော့ မျိုးစောင့်ဥပဒေထက် ကြိုက်သကွဲ့။ မြန်မာအမျိုးသမီးများ ထိမ်းမြားခြင်း ဥပဒေလေ နဂိုအဟောင်းကို ပြင်ဆင်ပြီးတင်မှာ။ မိုးသု။ ။ ဦးသိန်းညွှန့်လုပ်ထားတာ အသေးစိတ်မသိရသေးပေမယ့် ကျေနပ်ဖွယ်ရာ ကောင်းမယ်လို့တော့ မျှောင်လင့်မိပါတယ်ဘုရား။ (မိုးသု-မန္တလေး)
Leave a Reply