မြန်မာနိုင်ငံသားတိုင်းရင်းသား အစ္စလာမ်ဘာသာဝင် မွတ်စလင် “ပသီကုလား”

FB of Mr.Patrick Tan

ကဲ မနေနိုင်လို့ ဝင်ပြောလိုက်ဦးမယ်။
အစ္စလာမ်ဘာသာကိုးကွယ်သူတိုင်း ကို မွတ်စ်လင်မ်လို့ ခေါ်တယ်။
ဒါလူမျိုးတစ်မျိုးမဟုတ်ပါဘူး၊
အမည်သညာတစ်ခုပါ။
မွတ်စ်လင်မ်ဆိုတဲ့ အမည်သညာတစ်ခုဟာ
Globally common nomination ပါ။
Border နယ်နိမိတ်ကန့်သတ့်ချက်မရှိဘူး။
Territory နယ်မြေကန့်သတ်ချက်မှိဘူး။
ဒီတော့ မြန်မာနိုင်ငံတွင်းရှိ အစ္စလာမ်ဘာသာဝင်
မွတ်စ်လင်မ်များအတွက် အမည်နာမတစ်ခုရှိဖို့လိုပါပြီ။
ရှေးဗမာဘုရင်တွေခေတ်ကတည်း ဗမာ့ရေမြေပိုင်နက်အတွင်း
မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်များကို
“ပသီကုလား” လို့ တရားဝင်သုံးစွဲခဲ့ကြတာဟာဖြင့်
ငြင်းမရနိုင်တဲ့ သမိုင်း အထောက်အထားပါပဲ။


ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလည်း
မြန်မာ့လွတ်လပ်ရေးအတွက် တစ်တပ်တအား
ပါဝင်ကြိုးပမ်းခဲ့ကြတဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက်
မြန်မာပြည်တွင်းမှီတင်းနေထိုင်ကြသူ မွတ်စ်လင်မ် အပေါင်းတို့ကိုလည်း
နိုင်ငံသား တိုင်းရင်းသားတစ်မျိုးအဖြစ်
တရားဝင်လက်ခံ အသိအမှတ်ပြုခဲ့တာလည်း
သမိုင်းမှာ အထင်အရှားပါ။
ဒါပေမယ့် နိုင်ငံရေးကစားကွက်တွေပေါ်လာတိုင်း
အရိုးခံအတိုင်သားတွေးမြင်တတ်ပြီး
မယုတ်မာတတ်တဲ့ မြန်မာနိုင်ငံသားတိုင်းရင်းသား
အစ္စလာမ်ဘာသာဝင် မွတ်စလင်မျာကို
ယုတ်ကန်းစွာဖြင့် ခုတုံးလုပ်ချကျွေးခဲ့ကြတာလည်း
အစိုးရအဆက်ဆက် သမိုင်းသက်သေဂှိခဲ့တာပါပဲ။
ဗမာရှင်ဘုရင်လက်ထက် ချစ်စနိုးအမည်သညာ
“ပသီကုလား” ကိုတောင် ဖိနှိပ်လက်ညှိုးထိုး ညိုညင်စရာဖြစ်အောင်
“ပသီ” ဆိုတဲ့ အပိုင်းကိုဖြုတ် “ကုလား” ဆိုတဲ့ အခေါ်ဝေါ်ကို
တွင်ကျယ်အောင်လုပ်ပြီး
နိုင်ငံအတွင်း အခြားလူမျိုး အခြားဘာသာဝင်တွေအထင်အမြင်လွဲမှားအောင် တိုက်ပေးထားခဲ့တာ သမိုင်အထောက်အထား
သက်သေ မြောက်များစွာရှိပါတယ်။
ကဲ ကျနော်ပြောချင်တဲ့ အပိုင်းရောက်ပါပြီ။
ကျနော်ကြိုပြောချင်တာတစ်ခုက
ကျနော် ပသီကြွေးကျော်နေသူတွေကို မစော်ကားဘူး၊
သို့သော် အားပေးတယ်။
ပသီ ကြွေးကျော်နေသူတွေကို တိုက်ခိုက်နေတဲ့သူတွေကို
အားမပေးသလို အချင်းချင်း နားလည်မှုရအောင်ညှိနှိုင်း
အဖြေရှာစေ့ချင်ပါတယ်။
နောက်နစ်ခု ကျနော်ပသီ မဟုတ်ပါ။
ကဲဆက်ကြရအောင်ပါ။
ကျနော်နဲ့ နီးစပ်ရာ “ကရင်” တိုင်းရင်းသားများကို
နမူနာပြပါရစေ။
စကောကရင်၊ ပိုးကရင် အားလုံး ကရင်ဆိုသော
အမည်သညာတစ်ခုအောက်မှာရှိပါတယ်။
ဒါ့အပြင် ကရင်လူမျိုးတွေ စုစည်းနေထိုင်ရာဒေသကို
ကရင်ပြည်နယ်လို့သတ်မှတ်ပါတယ်။
ကရင်ပြည်နယ်မှာ နေထိုင်လို့ ကရင်လို့ခေါ်တာမဟုတ်ပါဘူး။
ယခုမြန်မာနိုင်ငံမှာ ကျိုလီယာ၊ စူရတီ ဆိုတာ
ဘီဘင်တွေရဲ့ မူလဇာတိကိုအစွဲပြုခေါ်ကြတာပါ။
ကောလိယ နဲ့ စူရတ်က ဒေသအမည်ပါ။
ကောလိယ(ကျိုလီယာ) နဲ့ စူရတီ လူမျိုးအိန္ဒိယမှာမရှိပါဘူး။
ဥပမာပြောရရင်
မြန်မာပြည်မှာ တနင်းသာရီလူမျိုး၊ မကွေးလူမျိုး၊ စစ်ကိုင်းလူမျိုး
မရှိသလိုပါပဲ။
ဒီတော့ ကျိုလီယာဆိုတာလည်း ကုလားပါပဲ။
စူရတီလည်း ကုလားပါပဲ။
ကုလားဆိုတာ သမိုင်း ရာဇဝင်အရ အပြည့်အစုံဆိုရင်
ပသီကုလားပါ။
ဒါပေမယ့် အစိုးရအဆက်ဆက် ပသီ ကိုဖယ်၊
ကုလား ဆိုပြီး စော်ကားနေကြတယ်။
ယခုပြည်တွင်းက အအြမြင်ကျယ်သူ ခေါင်းဆောင်တစ်စုကလည်း
သူတို့လုပ်သလို အနှိမ်ခံနေရတဲ့ “ကုလား” ဆိုတဲ့ အပိုင်းကိုဖယ်
သမိုင်းလှခဲ့တဲ့ “ပသီ” ဆိုတဲ့ အမည်သညာလေးကိုကိုယူပြီး
ကျနော်တို့စုစည်း ညီညွတ်ကြရင်ရလာမယ့် Advantages တွေကို မျှော်ကိုးလျက် စုစည်းဖို့ကြိုးစားနေကြတာ ကျနော်တွေ့မြင်နေရပါတယ်။
ဒါကြောင့် ရလာမယ့် တွေ့ကြုံရမယ့် advantages and disadvantages များကို ကျိုလီယာကုလား အစား ကျိုလီယာပသီ၊
စူရတီကုလားအစား စူရတီပသီ ဆိုတဲ့ စိတ်ကလေးမွေးပြီး
ညီရင်းအကိုစိတ်ဓာတ်နဲ့ တွေ့ဆုံဆွေးနွေးကြည့်ကြပါလားဗျာ။
ဒါပေမယ့်ကျနော် ပသီ လော်ဘီမဟုတ်ပါ။
ဆွေ ၇ ဆက် မျိုး ၇ ဆက် မွေးဖွားကြီးပြင်းနေထိုင်ခေါင်းချခဲ့ရာ
မြန်မာပြည်မှာ “မြန်မာ” လို့ အသိပမှတ်ပြုခံရမှ ကျေနပ်မယ့်သူပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: