ကိုငှက်ကြီး ဗုဒ္ဓဘာသာရဲ့ ရာဇဝင်ကို အရင်သိအောင်လေ့လာပါဦးဗျာ

ခေါင်းစဉ်ကတော့ တကယ်ကို စိတ်ဝင်စားဖွယ်ပါပဲ၊

“မွတ်စလင်များဟာ့ဂ်ျသွားလုပ်တဲ့MaKarမြို့က အထွက်အမြတ်ထားတဲ့ခြေရာက အလာခြေရာမဟုတ်ဘဲ ဂေါတမမြတ်စွာဘုရားရဲ့ဗျာဒိတ်တော်နဲ့ချတဲ့ခြေရာဖြစ်နိုင်သလား”

ကိုငှက်ကြီးဆိုသူ တစ်ယောက် ရေးထားတဲ့ ပို့စ်လေး တစ်ခုကို ဖတ်ကြည့်ပြီးတော့ မုဒိတာ ပွါးရတာလေးတစ်ခုပါ။ပထမပိုင်းတော့ မွတ်စလင်တွေကိုပဲ တွယ်တော့မဟဲ့လို့ စိတ်ဝင်စားပြီး ဖတ်လိုက်တာ ဘယ်ဟုတ်မလဲ၊ နောက်ဆုံးမှာတော့ ခရစ်ယာန်ဘာသာဝင်တွေ ဟိန္ဒူ အယူဝါဒ ကို ယုံကြည်ကိုးကွယ်တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပယ်ပယ်နယ်နယ် ချိုးချိုးနှိမ်နှိမ်ရေးထားတာပဲ၊ ရေးတယ်လို့သာပြောရတယ် သူ့ခမျာ မြန်မာ အက္ခ္ခရာ ပတ်ဆင့်တွေကို စာလုံးပေါင်းမရိုက်တတ်လို့ ပတ်ဆင့်နေရာမှာ အင်္ဂလိပ်လို စာလုံးပေါင်းပြီး ရေးနေရတယ်၊ဘာပဲဖြစ်ဖြစ် ဒီလို အရှက်မရှိ ရေးသားနိုင်တဲ့ ကိုငှက်ကြီး ဆိုတဲ့လူ သိပ်တော်ပါတယ်၊

ဒီလိုတော်တဲ့ ကိုငှက်ကြီးတစ်ယောက် အင်တာနက် အလကားရတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ဖုန်းကြီးပဲ ထိုင်ပွတ်မနေနဲ့ဦးဗျ၊ ဥပုသ်နေ့မှာ ဘုန်းကြီးကျောင်းသွား တရားလေး ဘာလေး နာပြီး အတွေးအခေါ်လေးတွေ တိုးတက်အောင်လုပ်၊ စာအုပ်လေးတွေ ရှာဖတ်ရင်း ကိုယ်ရေးမဲ့ သမိုင်းကြောင်း၊ ဗုဒ္ဓဘာသာရဲ့ ရာဇဝင်ကို အရင်သိအောင်လေ့လာပါဦးဗျာ။

ရေးထားတာလေးတွေကို ကြည့်ပါဦး၊

((Buddha မရှိတော့သည့်နောက် နှစ် ပေါင်း၆၂၂(ထိုအချိန်တွင် ယေရူပေါ်နေပြီ)တွင် မဟာယာန buddha ဘာသာပေါ်လာသည်))

သူ့ခမျာ လူတတ်ကြီး လုပ်ပြီးသာ ပြောချင်တယ်၊ မဟာယာနနဲ့ ထေရဝါဒ ဘယ်အချိန်မှာ စကွဲသလဲဆိုတာတောင် သိပုံမပေါ်ပဲ ရောကြိတ်သွားလေရဲ့။

မဟာယာနနဲ့ ဟီနယာနခေါ် ထေရဝါဒသည် သာသနာနှစ် ၁၀၀ ကြာ ဝေသာလီပြည်(ရခိုင်ပြည်နယ်ရှိ ဝေသာလီကျောက်လှေကားမြို့ဟောင်း မဟုတ်) ဒုတိယ သင်္ဂါယနာတင်ချိန် တွင် ဟိမဝန္တာတောင်ခြေတစ်နေရာ၌ ဘုရင်တစ်ပါးကလက်ခံ၍ ၀ဇ္ဇီတိုင်းသားရဟန်းများကလည်း စင်ပြိုင် သင်္ဂါယနာတင်ခဲ့ကြလို့ ကိုးရီးယားနိုင်ငံ တောင်ပိုင်းကို အမေရိကန်က မြှောက်ပေး ကျန်တဲ့ မြောက်ပိုင်းကို ဆိုဗီယက်နဲ့ တရုတ် ကထောက်ပံ့ရင်း အချင်းချင်းအစိုးရတွေ အပြိုင်အဆိုင်ထောင်ကြရင်း ကိုးရီးယားနိုင်ငံ နှစ်ခြမ်း ဗြန်းဗြန်းကွဲသလို မြောက်ပိုင်း မဟာယနနဲ့ တောင်ပိုင်း ဟီနယာန(ထေရဝါဒ)ဆိုပြီး စတင်ကွဲပါတယ်။ဒါကြောင့် သာသနာနှစ် ၁၀၀ တွင် စကွဲပါတယ်၊ ခရစ်ယာန်သာသနာနှင့် ရောကြိတ်လို့ မရနိုင်ပါ။

((မဟယာယာနကို စတင်ခဲ့သူက ခုနက ရဟန်းမဟုတ်ပါ A zu Na ရဟန်းက နဂါးပြည်မှတရားထူးများရလာတယ်ဆိုပြီး သုည၀ါဒကျမ်းကိုရေးတာဗျ အဲတာ မဟာယာန ဂိုဏ်းပေါ်မယ့်အစပဲ))

သူပြောချင်တာက အေဒီ-၁၅၀ မှာ ပေါ်ခဲ့တဲ့ သုည၀ါဒကို စတင်တီထွင်သူ Nagarjuna (မဟာယန အဘိဓမ္မာပညာရှင်ကြိး) မြန်မာ အခေါ် နာဂဇုန ဆိုတဲ့ တစ်ယောက်ကို ပြောချင်တာဖြစ်ပုံရပါတယ်။နာဂဇုန ဟာ ဘယ်နဂါးပြည်ကမှ တရားထူးတွေ မယူခဲ့ရပါဘူးဗျာ။သူ့ရဲ့ မွေးရပ်မြေဟာ Nalgonda နလဂွန်ဒ လို့ အသံထွက်တဲ့ ဒေသ၊ယခုလက်ရှိ Andhra Pradesh အန်ဒရာ ပရာဒေ့ရ် ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ နာလဂွန်ဒနဲ့ နဂါးပြည်နဲ့ ဟာ မြန်မာ အသံထွက်မှာ ဆင်ဆင်တူလို့ တဆင့်စကား တဆင့်နားနဲ့ကြားပြီး လေဖန်းဒန်းစီးချင်ကြတဲ့ လူတွေအဖို့ မှားယွင်းကောင်းမှားယွင်းနိုင်ပါတယ်။မြန်မာ အိန္ဒိယ နယ်စပ်က နာဂ နယ်မြေ Naga Land လို့ ပြဿနာမရှာတာပဲ ကျေးဇူးတင်လှပါတယ်။

((buddha မရှိတော့သည့်နောက် နှစ် ၁၀၀၀အကြာမှာ (ခရစ်ပေါ်ပြီးနှစ်၄၀၀တွင်းမှာ)တရုတ်ရဟန်းတော်ဖာဟိရန် က ဂိုဘီ Desret ကိုအဖော်မပါ တပါးတည်း ၆နှစ်ကြာဖြတ်သန်းခဲ့ပါတယ်။သူက -ခင်ဗျားတို့ အကုန်လုံးသိပါတယ် မျောက်မင်းစွန်းဝူခုံး ကားက ထျန်စန်း ဆိုတဲ့ ဘုန်းကြီးလေ သူဘွဲ့အမှန်က ဖာဟိရန်ဗျ ))

အဲဒီ ပို့စ်ကို ရေးတဲ့သူ ကိုငှက်ကြီး ခမျာ ငယ်ငယ်တုန်းက မြဝတီတို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှာ လာတဲ့ ညကိုးနာရီ တရုတ်ဇာတ်လမ်းတွဲတွေကိုမလွတ်တမ်းကြည့်ရင်း အိပ်ချင်မူးတူးနဲ့ ရုတ်တရက် ထရေးလိုက်ခြင်းမျိုးလဲဖြစ်နိုင်ပါတယ်။
တကယ့်အဖြစ်မှန်က အေဒီ ၆၀၂-၆၆၄မှာ ပေါ်တဲ့ , တရုတ်ဇာတ်လမ်းတွဲ အနောက်အရပ်သို့ ခရီးသွားခြင်း Journey to the West က Xuanzang ထျန်စန်း ကိုယ်တော်က တစ်ပါး၊ အေဒီ-၃၉၉ မှာ ပိဋကတ်တော်များကို တရုတ်ဘာသာသို့ပြန်ဆိုတဲ့၊မြတ်စွာဘုရား ပရိနိဗ္ဗန် စံတော်မူတဲ့ လုမ္ဗနိ ဥယျာဉ်ထိ ကြွခဲ့ဖူးတဲ့ တရုတ် ဘုန်းတော်ကြီး ဖာဟီရန် Faxian က တစ်ပါး မတူရေးချ မတူပါ၊ နှစ်ပေါင်း နှစ်ရာကျော်ကွာတဲ့ တရုတ် ဘုန်းတော်ကြီး နှစ်ပါးကို တစ်ပါးတည်းဖြစ်အောင် သူ့အထင်နဲ့သူ ဆွဲစိလိုက်ခြင်းဖြစ်ပါတယ်။

((အဲဒီနှစ်မှာ ခု မွတ်စလင်ကိုးကွယ်တဲ့ အင်ဒို ၊မလေး မှာ buddha သာသနာထွန်းကားနေပြိဗျ။အလာ လား ဘာမှန်းတောင်မသိသေးပါဘူးဗျာ ))

အင်ဒိုနီးရှားမှာ ဗုဒ္ဓသာသနာတော် စတင်ပွင့်လန်း လာတယ်လို့ အစောဆုံး ယူဆရတာက အေဒီ ၇ရာစုလောက်ကလို့ပဲ ပြောလို့ရပါမယ်၊ တရုတ် ဘုန်းတော်ကြီး ဖာဟီရန် တို့ အေဒီ ၄၊၅ ရာစုမှာ အင်ဒိုနီးရှားဟာ ဟိန္ဒူ အယူဝါဒနဲ့ နတ်ကိုးကွယ်မှူသာ ရှိပါသေးတယ်။

((အဲဒီ တ၇ုတ်ရဟန်း ဖာဟီရန်က ကျမ်းစာလာယူပြီး(India တွင် ၇နှစ်buddha ကျမ်းစာသင်ခဲ့သည်) တရုတ်ကို တန်းမပြန်ဘဲ Buddha ကျမ်းစာမှာပါတဲ့ ဗျာဒိတ်တော်နဲ့ချတဲ့ ခြေရာကို သွားကြည့်ပါတယ်။buddha ကဘုရားဖြစ်ဖြစ်ချင်း ဗျာဒိတ်နဲ့ချတာ ဘယ် ညာ၂ဖက်ပဲချတာပါ ကျန်တာက ဒိအတိုင်းကြွလာရင်းခြေရာ ကျန်ခဲ့တာမျိုးပါ မြန်မာနိုင်ငံက ခြေရာကလဲ ဒီအတိုင်းချတာပါ(ဗျာဒိတ်နဲ့ ဟုတ်တောင်ခုနက ခြေရာလောက်မကြီးကျယ်ပါ) buddha က ဘယ်ဘက်ခြေဖ၀ါးကို အခု သီရိလင်္ကာမှာ ချပြီး ဒိနိုင်ငံက နောင်တချိန် buddha သာသနာ မှေးမိန်လာရင် ပြန်ထွန်းတောက်အောင်လုပ်မဲ့နိုင်ငံလို့ ဗျာဒိတ်ပေးပါတယ် တကယ်လဲ မှန်ပါတယ် မြန်မာပြည်ကို buddha သာသနာရောက်လာတာ ဒီနိုင်ငံကြောင့်ပါ ။နောက်တဖက်က အခု ဆော်ဒီအာရေဗျက MaKar မြို့မှာချတာပါ ))

သူများဘာသာ၊သာသနာ ၊ နိုင်ငံ သမိုင်းကို ဝေဖန်ပြစ်တင်ချင်ရင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့် ဗုဒ္ဓဘာသာရဲ့ ရာဇဝင်ကို အရင်သေသေချာချာ သိထားဖို့လိုပါတယ်။

မြတ်စွာဘုရားရှင်ဟာ သက်တော်ထင်ရှား ရှိနေဆဲကာလ အတွင်းမှာ မဇ္ဈိမ လို့ခေါ်တဲ့ အိန္ဒိယတိုက်ငယ် ဒေသ ကလွဲလို့ အခြား ဘယ်ဒေသ၊ဘယ်နေရာကိုမှ မရောက်ခဲ့ဘူးသလို ဘယ်ဘုရားဟောကျမ်းဂန်ထဲမှာမှလည်း မြန်မာနိုင်ငံရောက်ခဲ့ဖူးတယ်လို့ မပါပါ။
အခုတော့ ဒီလိုမဟုတ်ပါ၊ မြန်မာနိုင်ငံက ဘုရားသမိုင်းရေးသူ ရာဇဝင်ဆရာတွေ၊ မင်းလိုလိုက် မင်းကြိုက် ဆောင်ပြီး မြန်မာဘုရင်တွေကို အခွင့်ရရင် ရသလို အချွန်နဲ့ မ လေ့ရှိကြတဲ့ မင်းခစား ပညာရှိ အမတ်အချို့ကြောင့် မြတ်စွာဘုရှားရှင် ဂေါတမကိုယ်တော် ခမျာ ရှမ်းပြည်နယ် ကျိုင်းတုံရောက်လိုက်၊ တန့်ကြည်တောင် ရောက်လိုက်နဲ့ မြန်မာပြည် အနှံ့အပြား သူတို့ စိတ်ထင်ရာ ဒေသစာရီ ကြွခိုင်းကြပြီး ခြေရာတွေ ချထားပေးခဲ့ရသလို ရခိုင် အထိလာပြီး မဟာမြတ်မုနိ ရုပ်ပွါးတော်ကို ရင်ငွေ့တော် ၇ ချက်တိတိ ပေးခိုင်းတာကို ခံခဲ့ရတယ်။အမှန်က ရုပ်ထုဆင်းတုစပြီး ကိုးကွယ်တာက အာသောကမင်းကြီး လက်ထက်ရောက်မှဖြစ်ပါတယ်။

အဆိုးရွားဆုံးကတော့ မြတ်စွာ ဘုရားက ဒေသစာရီ ကြွလာ မန္တလေး တောင်အနီးကိုရောက် အဲဒီအခါ စန္ဒာမုခိ ဘီလူးမက သားမြတ် အစုံကို ဖြတ် လှူဒါန်းတာကို ခံယူရင်း ဤနေရာဤဒေသ တွင် နှောင်နှစ်ပေါင်းဘယ်လောက်မှာ သာသနာ ထွန်းကားမည့် မန္တလေး ဆိုတဲ့ မြို့ကြီး ပေါ်လတ္တံ့ဆိုပြီး သူ့ဟာသူ မြို့သစ်တည်ချင်တာနဲ့ ဘုရားကိုတောင် လက်ညှိုးထိုးပြီး ဗျာဒိတ်တော်ပေးခိုင်းတာပါပဲ။

စာကြွင်း**သားမြတ် ဆိုတာက ချိုချို စို့ရတဲ့ ဒူဒူးကို ပြောတာပါ**

ကဲ စဉ်းစားသာကြည့်တော့ဗျာ၊ ဒီလိုစားလို့လဲမရ သူများကိုလဲ ပြန်စွန့်လို့မရ ဘယ်နေရာမှ အသုံးမဝင်တဲ့ သွေးရဲရဲ သံရဲရဲ သားမြတ် အစုံကြီးကို ဂေါတမကိုယ်တော်က အလှူခံယူရင်း ဘာလုပ်လို့ ရမည်နည်း??
ဇာတ်ပေါင်းတော့ သာသနာ တဝက် မင်းကောင်းတစ်ဆက်မှာ စန္ဒာမုခိ ဘီလူးမက မင်းတုန်းမင်းကြီး ဖြစ်လာ ရတနာပုံနေပြည်တော်သစ် ကြီးကို တည်ဖို့ အချိန်ကျရောက်ပြီဟေ့ဆိုပြီးတော့ ဇာတ်ညွှန်းခွဲသူ မှူးမတ်ပုဏ္ဏားတွေရဲ့ ဂျင်းထည့်တာကို မင်းတုန်းမင်းကြီး ခမျာ မိန့်မိန့်ကြီး နဲ့ မြို့တည်၊နန်းတည် သာသနာ့ဒါယကာ မင်းတြားကြီးလို့ အမည်ဝင်ခံတော်မူသွားရပါတယ်။

ယုတ္တိရှိမရှိကိုယ့်ဟာကို စဉ်းစားသာကြည့်ပါ။ အိန္ဒိယကလွဲလို့ ဘယ်မှ မကြွဖူးတဲ့ ဘုရားရှင်ရဲ့ ခြေရာတစ်ဖက်ကို သိရိလင်္ကာမှာချ၊ နောက်တစ်ဖက်ကိုကျတော့ မိုင်ပေါင်းများစွာဝေးတဲ့ အာရေဗျကျွန်းဆွယ်က မက္ကာမြို့မှာ သွားချခိုင်းတယ်။
သူပြောချင်တဲ့ ဆော်ဒီက ခြေရာတစ်ဖက်ဆိုတာကြီးက ဟိုး ကမ္ဘေ ကမ္ဘာ ဘီစီ ၂၀၀၀ လောက်က ရှိခဲ့တဲ့ ဂျူး၊ခရစ်ယာန်၊ အစ္စလာမ် ဘာသာကြီး သုံးခုလုံးက အထွတ်အမြတ်ထားကြတဲ့ အာဗြဟံ ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ရဲ့ ခြေရာဖြစ်ကြောင်း ကမ္ဘာပေါ်မှာ ရှိရှိသမျှဘာသာရေး ပညာရှင်၊ သမိုင်းပညာရှင် အားလုံးက တညီတညွှတ်တည်းလက်ခံထားကြပါတယ်၊ ဘီစီ ၆ ရာစု လောက်မှ ပွင့်တော်မူတဲ့ ဘုရားရှင်ကို အနှစ် ၁၅၀၀ ကျော်လောက်စောပြီးကိုယ့်သဘောနဲ့ကိုယ် အာရေဗျမှာ ခြေရာ သွားချခိုင်းလောက်အောင် ရမ်းကားတဲ့ ဆောင်းပါးရှင်ရဲ့ ဦးနှောက်ကို အံ့ဩမိပါတယ်။ ဒါမျိုးတွေဟာ လက်ဖက်ရည်ဆိုင်ဝိုင်းမှာ စကားနိုင်လုတဲ့ အဆင့်သာရှိပြီး အဲဒီလောက်ဆို ပြဿနာမရှိပေမဲ့ စာတတန်ပေတတန် ရေးပြီး အွန်လိုင်းပေါ်လျှောက်တင် ကမ္ဘာကို ချပြရင် အင်မတန်မှ ရှက်ဖွယ်လိလိသာဖြစ်ပါတယ်။

သမိုင်းသုတေသနနဲ့ ဘုရားသမိုင်းကြောင်း ကို ရောလို့ မရနိုင်ပါ၊ ဒီလို အရောရော အထွေးထွေးဖြစ်ခဲ့ကြလို့ပဲ အနော်ရထားကြီးက လှံပျံကြီး ဖင်ကြားညှပ်ပြီး စီးရင်း တိုင်းခန်းလှည့်လည်၊ ကျန်စစ်သားက မယားကြီး၊မယားငယ်၊မယားလေး၊မယားထွေး၊မယားပိစိကွေး တွေပတ်ယူရင်း အငယ်အနှောင်း စမော ကီပင်လေးတွေထား၊အဆင်ပြေတာနဲ့ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တွေကမြန်မာနိုင်ငံမှာပဲဖြစ်ခဲ့သလိုလို ဆွဲစား၊ မြန်မာဘုရင်တွေ အိန္ဒိယက ဘုရားနဲ့ ဆွေမျိုးလှမ်းစပ်တာ အားမရလို့ ကမ္ဘာဦး အစ မဟာသမ္မတမင်းကြီးအထိ ဆွေစဉ်မျိုးဆက် သန်းခေါင်စာရင်းလိုက်ကောက်ရင်း ကိုယ့်ဟာကိုယ်တောင် တရုတ်မှန်း ကုလားမှန်း ဘယ်ကလာလို့ ဘာသွေးပါတယ် ဆိုတာ ကိုတောင် မသဲကွဲတော့ပဲ မြန်မာသမိုင်း ကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးပစ်ခဲ့ကြပြီးပြီ။

((မိုဟာမက်မပေါ်ခင်ကတည်းက နှစ်၁၀၀ပြည့်တိုင်း တမန်တော်တယောက်ပေါ်တယ်ဆိုပြီးတကယ်ဟုတ်ရင် ခုscience ခေတ်မှာ မိုဟာမက်ပေါ်ပြီး နှစ် ၁၀၀၀ ကျော်တောင် တမန်တော် တယောက်မှ ဘာလို့ထပ် မထွက်လာသေးတာလဲ ))

သူပြောတဲ့ အတိုင်းသာဆိုရင် အနှစ် ၁၀၀ပြည့်တိုင်း တမန်တော် တစ်ပါးပြီး တစ်ပါး စက်နဲ့ရိုက်ထုတ်သလို မှန်မှန်ပေါ်ပေးရမလိုဖြစ်နေတယ်၊ ဘုရား ဘုရား

((ကာလီ(လက်အများကြီး)မယ်တော်ရဲ့ အချစ်ဇာတ်လမ်း သူတို့ရဲ့ သား စရီမဟာပိနွဲဖြူ(ဆင်ခေါင်းကြီးနဲ့လေ) ရဲ့ အစွမ်း တွေ ကရစ်ရှနား ဘုရားရဲ့ မိန်းမတွေ သူ့ရှေ့ရောက်လို့ အ၀တ်အကုန်ချွတ်ရမယ်ဆိုပြီး ဘူးထချက်တွေ နောက်ရေးပြလိုက်ရင် Hindu ဘုရားကျောင်းမှာ အနော် Ikeda Zman ကို ဘုရားလူကြီးတောင် လာလုပ်ခိုင်းမှာစိုးရတယ်))
((ခရစ်ယာန် အပါအ၀င် တခြားဘာသာတွေမှာလဲ ရေးပါတယ် လုံးမှန်းသိမှ ပြင်ရေးကြတာပါ။ဲမယုံရင် american နိုင်ငံမှာ ရှေးရိုးစွဲခရစ်ယာန်တွေ ထောင်ထားတဲ့ KaBar ပြားအသင်းကြီးတောင်ရှိသေး online မှာရှာဖတ်ဗျာ))

ဘာမှကို ပြောစရာမရှိတော့ပါ၊ဒီလောက် အရေးအသားနဲ့တင် အဆင့်အတန်းကို သိနိုင်လောက်ရုံတင်ပြတာပါ။

ကျန်တဲ့ စာတွေကတော့ အရက်ဆိုင်မှာ အရက်သမားအချင်းချင်း မူးမူးနဲ့ ယောကျာ်းတန်မဲ့ အတင်းစုပြီးတုတ်တဲ့ အရည်မရ အဖတ်မရ အဆင့်ထက်တောင်နိမ့်ကျလွန်းလို့ အကုန်လုံးကို အတိအကျ မဖော်ပြချင်တော့ပါဘူး။ အကြောင်းစုံကို ဖတ်ချင်ရင်တော့ ကျွန်တော်အောက်မှာ လင့်ပေးပါ့မယ်။ အဲဒီမှာသာ သွားဖတ်ကြပါကုန်။

မသိပဲဖတ်မိလိုက်တဲ့လူ အချက်အလက်မှားတွေ ခေါင်းထဲရောက်သွားမှာစိုးလို့ သမိုင်းကြောင်းနဲ့ ဆိုင်တဲ့ အမှားအယွင်းလောက်သာ ကောက်နှုတ်တင်ပြသွားတာဖြစ်ပါတယ်။
ပညာရှင် ဆန်ဆန် နဲ့ ကျမ်းကိုး အကား တောင်းဆိုရင်လည်း အထက်က ရေးခဲ့တဲ့ ဖြေရှင်းချက်တွေ အတွက် ကျမ်းကိုးစာရင်း ပြသဖို့ ဝန်မလေးပါဘူး။ယဉ်ယဉ်ကျေးကျေး ဆွေးနွေးမှူများကို အချိန်မရွေးကြိုဆိုပါတယ်။
ပေါက်လွတ်ပဲစား ဆန်ဆန် အရေးအသားမျိုး ဖြစ်လို့ အဲဒီအဆင့်အတန်းမှာ လောက်မှာပဲရှိတဲ့ လူဗာလတွေ နားလည်လောက်တဲ့ အရေးအသားမျိုးနဲ့ ပြန်လည်ရေးသားထားတာကိုတော့ အနည်းငယ်သည်းခံပေးကြပါ။

အားလုံးကို ခြုံကြည့်ရင်တော့ ဘာသာရေး အငြင်းပွါးမှူမျိုးဟာ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးဘဝမှာ ငါ့ဘုရားက မင်းဘုရားထက် တန်ခိုးကြီးတာကွဟု ဖင်ပိတ်ငြင်းခဲ့ကြတာထက်တော့ မပိုပါ။
အမှန်က သူက ခရစ်ယာန်၊ငါက ဗုဒ္ဓဘာသာ၊ မင်းက မွတ်စလင်၊ ဟိုကောင်ကတော့ ဟိန္ဒူ ပဲ ဆိုပြီးတော့ကို အရေးတယူ ဂရုတစိုက်နဲ့ သောက်ပို အလုပ်တွေ လုပ်နေစရာကိုမလိုအပ်တာ ။လူကို လူလို့ မမြင်နိုင်သေးသမျှ အာဏာရှင်တွေရဲ့ သွေးခွဲအုပ်ချုပ်မှူ ကြားမှာ ထိပ်ဖူး ခရေကြွေပြီး စအိုတွန့်နေရဦးမှာပါပဲ။

Religious tolerance လို့ဆိုတဲ့ မတူတဲ့ ယုံကြည်မှူအကြား အပြန်အလှန် နားလည်မှူနဲ့ ကြီးပြင်း အရွယ်ရောက်လာခဲ့တဲ့ ယဉ်ကျေးတဲ့အသိုင်းအဝိုင်းက လူယဉ်ကျေးတစ်ယောက်အတွက် ဒီလို စကားလုံးတွေဟာ ပြောဖို့တောင် မလိုအပ်ပါ။

Religious wars ပဲ ခေါ်ခေါ် ဟိုဝါးဒီဝါး နဲ့ အမျိုး၊ဘာသာ ဆိုပြီး မဆီမဆိုင် ခေါင်းစဉ်ပဲတပ်တပ် ပဋိပက္ခတွေ အပြန်အလှန် ရိုက်ပွဲ၊လူသတ်ပွဲတွေဟာ လူတွေရဲ့ အသက်တွေနဲ့ ရင်းနှီးရတာဖြစ်လို့ ဘယ်သောအခါမှ အားမပေးပါ။ရှင်းရှင်းပြောရရင် ကိုယ့်ဟာကိုယ် အရက်ပဲသောက်သောက် နွားနို့ပဲသောက်သောက် သောက်ချင်ရာ သောက်ကြပါ၊ တိုတောင်းလှတဲ့ ထမင်းအိုး တပွက်စာ လူ့ဘဝလေးမှာ ဝါဒတွေ မှိုင်းတိုက် သောက်ကြီးသောက်ကျယ်တွေ ပြောပြီး ဖင်မယားကြပါနဲ့လို့ပဲ ပြောပါရစေ ခင်မျာ။

ဖတ်ချင်သူများ အတွက် > မူရင်းလင့်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: