“လူငယ်လောက၊ တို့ လမ်းပြ မိုးဝ ဓူဝံ လူရည်ချွန်” အပိုင်း (၃)

ဘ၀တာ နှင့် အမှတ်တရ အပိုင်း (၃)

By LYC FB of Dr. Daw Tint Tint Kyi on Tuesday, April 17, 2012 at 3:41pm

ဘ၀တာ နှင့် အမှတ်တရ အပိုင်း (၃)

ရဲထွတ်နီ ရေးသားသည်။

‘လူရည်ချွန်စီမံကိန်းသည် ဂုဏ်ပြုသင့်သော ကျောင်းသားကျောင်းသူ များကို ကောင်း

မြတ်သော မေတ္တာ စေတနာဖြင့် ဂုဏ်ပြုခြင်းဖြစ်၍ ဤစီမံကိန်းသည် ရှေ့ တွင်လည်း ဆက်လက်ရှိနေသင့်ကြောင်း……။’

ဤစကားကို ပြောခဲ့သူမှာ ကွယ်လွန်သူ ပညာရေး ၀န်ကြီး ၊ သံအမတ်ကြီး (ငြိမ်း)ဆရာကြီးဒေါက်တာခင်မောင်ဝင်း (ဒဿနိကဗေဒ) ဖြစ်ပါသည်။ ဆရာကြီး ပညာရေးဝန်ကြီးဌာ န ၀န်ကြီး တာဝန် ထမ်းဆောင်ရစဉ်က လူရည်ချွန်စီမံကိန်း ဗဟိုကော်မတီ၏နာယက အဖြစ်၊ ၁၈-၂-၇၆ ရက်တွင်ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေး အဖွင့် မိန့် ခွန်း၌ ထည့်သွင်းပြောကြားခဲ့သော စကားဖြစ်ပါသည်။

ပညာရေးဝန်ကြီးဖြစ်၍ စီမံကိန်းဗဟိုကော်မတီနာယက ဖြစ်၍  လုပ်ရိုးလုပ်စဉ် တာဝန်အရ ပြောကြားသည်ဟု အပေါ်ယံထင်မှတ်ဖွယ်ဖြစ်သော်လည်း တကယ်စင်စစ်တွင်မူ ၀န်ကြီးသည်

ကျောင်းဆရာတစ်ဦး ၊ ဒဿန ဗေဒ ပညာရှင်ပါမောက္ခ တစ်ဦး ၊ ပညာရေးတက္ကသိုလ်

ပါမောက္ခ ချုပ်တစ်ဦး။ သို့ ဖြစ်၍ကျောင်းဆရာစိတ်၊ ကျောင်းဆရာကို မွေးထုတ်သော

အတွေးအမြင်၊ ပညာရေး ပညာရှင်အနေဖြင့် ဆရာကြီး ၏စကားကို အပေါ်ယံကြော

ထက်နှစ်နှစ်ကာကာ ဟုနားလည်လက်ခံမိပါသည်။

၁၉၆၄ခုနှစ် ပထမဦးဆုံး စီမံကိန်း ဗဟိုကော်မတီနာယက မှာ ပညာရေး ဌာန

တာဝန်ခံ (ထို စဉ်အခေါ်) ဗိုလ်မှူးကြီးစည်သူဒေါက်တာလှဟန်ဖြစ်သည်။

စီမံကိန်းရပ်ဆိုင်းတော့မည့် ၁၉၈၈ ခုနှစ် (၂၅) ကြိမ်မြောက်စီမံကိန်း နှစ်တွင်

ပညာရေးဝန်ကြီးဦးကျော်ငြိမ်း မဟုတ်တော့ပါ။ အစည်းအဝေးတစ်ခုတွင် ကုန်သွယ်

ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးခင်မောင်ကြီးက နာယကပြုရပြီး ၊ လုပ်ငန်းဆောင်ရွက်

ချိန်တွင် ပညာရေးဝန်ကြီး အဖြစ် ဆရာကြီး ဒေါက်တာဦးကျော်စိန် ကဆောင်ရွက်

သည့်ကာလဖြစ်ပါသည်။

နားမလည်နိုင် စဉ်းစားရခက်သောထူးခြားချက် မှာ ၀န်ကြီးဦးကျော်ငြိမ်း လက်ထက် ၌ လူရည်ချွန်စခန်းများအဖြစ် အခိုင်အမာ အဆောင်များဆောက်လုပ်

ထားခဲ့သည့် ငပလီ ရွှေဝါချိုင်စခန်းနှင့် အင်းလေးခေါင်တိုင် စခန်းတို့ ကို

ကုန်သွယ်ရေး ဌာန သို့ အပြီးလွှဲပြောင်းပေးရကာ ဟိုတယ်များအဖြစ် ပြောင်းလဲ

သွားခြင်းဖြစ်ပါသည်။ နှစ်နှစ်ကာကာ နားလည်လက်ခံ မိသော ဆရာကြီး ဒေါက်တာ

ခင်မောင်ဝင်း ၏အမှာစကား နှင့် ဆန့် ကျင်ကာ စီမံကိန်း ရပ်ဆိုင်းတော့မည့် နိမိတ်ပုံ

လေလား။ တိုင်းပြည်ရင်သွေး လူငယ်တို့ အတွက် စခန်းနှင့် ဟိုတယ်၊ သည်နှစ်ခုတွင်

ဟိုတယ် အဖြစ် အသွင်ပြောင်းဖွင့်ဘို့ ကပို အရေးကြီးခဲ့သည်လား။

‘လူရည်ချွန်’ ဟူသောဝေါဟာရ ကို ပညာရေးဌာ နတွဲဖက် အတွင်းဝန်

ဒုတိယဗိုလ်မှူးကြီး ရဲထွန်းက ဥက္ကဌ၊ အတွင်းဝန်ကလေး ဦးသောင်းထွဋ် က ဆော်သြ

သူအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ ဝင် (၁၁) ဦးပါဝင် သည့်

‘ပညာရေး လက်တွေ့ ဖွံဖြိုးမှုလုပ်ငန်းများ ညွှန်ကြားရေးအဖွဲ့ ငယ်’ က ဆွေးနွေး ညှိနှိုင်း

ကာ ရွေးချယ်သတ်မှတ် ခဲ့ခြင်းဖြစ်သည် ဟူ၍ ‘မြန်မာ့ပညာရေး ရှုခင်း’ စာအုပ်တွင်

ပါမောက္ခချုပ်(ငြိမ်း) ဆရာကြီးဦးသောင်းထွဋ် က ရေးသားထားပါသည်။

ထိုဝေါဟာရသည် (၂၅) ကြိမ်မြောက်အပြီး လူရည်ချွန် ဆုဆွတ်ခူး ရရှိသူ

စုစုပေါင်း လူငယ်မောင်မယ် (၇၉၀၅) ဦး ပေါ်ထွက်အပြီး တွင်ပျောက်ကွယ်သွားပါတော့

သည်။

++++

ကို (ဒေါက်တာ) နေဦး တစ်ခေါက်ပြန်လာခဲ့စဉ်က သည်နံမည်ကို ပြောခဲ့ဘူးသည်ဟု

ထင်သည်။ ကြားဖူးသလို သိဖူးသလို နှင့်မေ့ပျောက်မေ့ပျောက်ဖြစ်နေခဲ့သည်။

သူ့ ကလောင်အမည် အောင်ထွဋ် ကိုတော့ပို ရင်းနှီးသိနေမိသည်။ (ဒေါက်တာ) တင့်

တင့်ကြည် ပြောလိုက်တော့မှ ကိုနေ၀င်းမောင် ဟူသော အမည်ကို လူရည်ချွန်များ ထဲ

တွင် သိနေခဲ့သည့်  အမည်မှန်း ကွဲကွဲပြားပြား သိလိုက်ရချိန်တွင် ကိုနေ၀င်းမောင်သည်

ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ သီတင်းတစ်ပတ်တွင် ထွက်ရှိသည့် The Voice Weekly

ဂျာနယ် တွင်တော့ သူမိခင်ကိုယ်တိုင် ရေးသားသည့် အမှတ်တရ စာလွှာထဲတွင်

နေ၀င်းမောင်စာကြိုးစားပြီး လူရည်ချွန်ဆုဆွတ်ခူးရရှိပုံ ကိုဓါတ်ပုံနှင့် တကွ ဖတ်ရှုလိုက်

ရပါသည်။ တန်ဘိုးထားပုံကို လည်း သဘောတူမိပါသည်။ သူအခုမရှိတော့ သော်လည်း

သူ့ ကို လူရည်ချွန်ပီပီ ဟူသော နာမ၀ိသေသန အသုံးကို သုံးနှုန်း နိုင်မည်ဟုမှတ်ပါသည်။ ဘ၀ အဆစ်အချိုးများ ပြောင်းလဲခဲ့သော်လည်း သူ၏လက်ဝဲဘက် ရင်အုံတွင်ချိတ်ဆွဲ ခဲ့ပြီးသည့် ငွေကြယ် တံဆိပ် ရှင် ကြယ်ပွင့်ပီသခဲ့သူ ဟုဆို ချင်ပါသည်။

ဤသို့ နှယ် ကြယ်ပွင့်ငွေ စင်ပီပြင်သူများ အများအပြား ရှိပါဦးမည်။ ဆယ်စု

နှစ် ဆယ်စုနှစ်များ ကုန်လွန် ကြာညောင်း လာသည်တွင်သူတို့ တွေ ၊ ဘယ်မှာ ရောက်နေကြလဲ၊ သူတို့ တွေ ဘာတွေလုပ်နေကြလဲ၊ ကြိုးစား၍ စုစည်းကြည့်သင့်သည်ဟုထင်ပါသည်။

ပညာရည်ထူးချွန်ထက်မြက်သူ လူငယ်မောင်မယ်များ နှင့် အကြောင်းအားလျော်

စွာ ကြုံရ ဆုံရ သိကျွမ်း ခင်မင်ရကာ တစ်ဦးစီ တစ်ဦးစီ ၏ ၀ိသေသ နှင့်အောင်မြင်အောင် ကြိုးစားပုံ ၊ မိသားစုဘ၀၊ ကိုယ်တိုင်ခံယူချက်နှင့် စနစ်ကလေး များရှိ ကြပုံ တို့ ကို ထုတ်ဖော် တင်ပြမိတ်ဆက် ပေးလို သဖြင့် လက်လှမ်းမီသလောက်စာရေးဖြစ်ခဲ့ပါသည်။ စာမူဖော်ပြပါရှိသော လက်ခံစာစောင်များက အိမ်မှာ ရှာ၍ မရတော့ပါ။ စဉ်းစားသတိရမိသမျှ ရေးသားဖြစ်ခဲ့သူ တို့ မှာ-

ကိုမောင်မောင် ခေါ် ကိုဖေသက်ခင်

ကိုအောင်ခိုင် ( အထက ၆ ဗိုလ်တထောင်)

ကိုသန်းဇော်မြင့်

ကိုနေဦး

မဌေးဌေးရင်

မမို့ မို့ စိမ်း

ကိုမြင့်ချို

ကိုကျင်ရှိန်

ကိုခင်မောင်လွင်

ကိုမြင့်နိုင်

မတင်မြင့်မော်

ကိုကျော်စိုးသိန်း

မတင်မေသန်း

ကိုအောင်ဇော်မျိုး

မခင်အေးနု

ကိုစိုင်းလုံ

တို့ ဟုစဉ်းစား၍ ရပါသည်။ ကိုနေဦး အကြောင်း ရေးမည်ရှိတော့ လမ်းမတော် ဆေးကျောင်း သူ့ အဆောင် စကြံ င်္တွင် ခြင်းပေါက်ခတ် ပြပုံကို ဓါတ်ပုံကို ကိုတင်မောင်နှင့် ရိုက်ကြသည်ကို မှတ်မိပါသည်။

ကိုခင်မောင်လွင် ကိုတော့ ဆေး(၂) မှ ဘတ်စကက်ဘောကွင်းမှာ နေ့ လည်ခင်းကြီး ဓါတ်ပုံရိုက်ခဲ့ကြသည်။ မတင်မေသန်း ကိုတော့ ရန်ကုန် (၄၂)လမ်းနေအိမ် မှာ ကြက်အဖြူကြီး တစ်ကောင်နှင့်ရိုက်ခဲ့ကြသည်။ ပြန်စဉ်းစားကြည့်ရင် ပျော်စရာ ကောင်းမလား။ ရယ်စရာများဖြစ်လေသလား။ ရယ်စရာဖြစ်လည်း ပြန်လည် နုပျို လန်းဆန်း ရသည်ဟုပင်ထင်ပါသည်။

စာကတော့ မနေ့ ကရေးချမိသော စာကို ဒီကနေ့ ပြန်ဖျက် ပြင်တတ်သည်။ အခု

ပင် ရေးမိသော စာကြောင်းကို တော်ကြာခြစ်ပစ်ရင်း၊ ပြင်ဖြည့်ရင်း အသစ်ပြန်ဖြစ်တတ်

သည်။ သို့ ဖြစ်၍သူတို့ ကိုယ်တိုင်စာမူ စာစောင်လက်ဝယ် ရှိဦးတော့ ကြိုက်ချင်မှ ကြိုက်

ပေလိမ့်မည်။ ကိုယ်တိုင်လည်း ကြိုက်ချင်မှကြိုက်မည်ဖြစ်သော်ငြား ရေးသားမိ၍ ပုံနှိပ်

စာလုံး ထင်ထင်မထင်ထင် တန်ဘိုးတော့ ထားနေ မိပါသည်။

ရဲထွတ်နီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: