Than Shwe’s order to Thein Sein, Min Aung Hlaing, Shwe Mann

scan0007

I got this from the person who is close to NLD HQ

 scan0008

 

One Response to “Than Shwe’s order to Thein Sein, Min Aung Hlaing, Shwe Mann”

  1. drkokogyi Says:

    Ashin Issariya
    16 hours ago
    ▄ ▄ ရန်သူမှာမဟာဗျူဟာကောနည်းဗျူဟာကောရှိတယ် ▄ ▄

    ၂၀၁၅အတွက်ကြံ့ဖွတ်ဟာနည်းမျိုးစုံကိုသုံးမှာပါ။
    ၂၀၁၃မှာဘာသာရေးအဓိကရုဏ်းတွေမီးမွှေးပေးထားပြီးတော့၉၆၉တို့၊မျိုးချစ်ရဟန်း
    တော်များသမဂ္ဂတို့ကိုရှေ့တန်းတင်ထားပြီးနောက်ကွယ်မှာလည်းခင်ရွှေဦးစီးတဲ့
    သာသနာ့နုဂ္ဂဟလိုအသင်းကအရံသင့်ရှိနေပြီးသား။သူတို့အတွက်ငွေအလုံးအရင်းနဲ့
    သုံးထားသလိုမှောင်ခိုအာဏာလည်းအပ်နှင်းပြီးသား။မအောင်မြင်လိုက်တဲ့၁၃၃လမ်း
    ကထောင်ချောက်ဖန်တီးသူကိုဘုန်းကြီးမဟုတ်မှန်းသိပါရက်နဲ့ဘာလို့ဘုန်းကြီး
    ကျောင်းကိုလိုက်ပို့သလဲ။သူအော်ဟစ်ဆဲချင်သလောက်ဆဲပြီးပြဿနာဖြစ်မယ့်ပုံ
    မပေါ်တော့မှအောင်ဖျာလိပ်သွားတာလေ။တကယ်လို့သာပြဿနာဖြစ်ခဲ့ရင်လိုက်
    ထရပ်နဲ့ပို့ထားတဲ့တောင်သာတပ်မတော်သားတွေဘယ်လောက်ရမ်းကားလိုက်မယ်
    မသိနိုင်ဘူး။

    ဒါကဘာသာရေးလိုင်းရှိသေးတယ်။ရန်ကုန်တိုင်းတတိုင်းလုံးကျူးတွေကိုရက်ရက်စက်
    စက်နှိပ်ကွပ်နေတာကြည့်။နေစရာမရှိလို့ဘုန်းကြီးကျောင်းသွားပါတယ်။ကျောင်းကို
    လိုက်ပြီးနှင်ချ။ပဲခူးတိုင်းကလက်မခံ။သရုပ်ကပေါ်လာပြီကြံ့ဖွတ်ကမြေနေရာပေးမယ်
    ဆိုတဲ့ကိစ္စ။နှင်သမျှကိုပေးမှာပါ။ဒါကသူတို့ဗျူဟာ။နည်းဗျူဟာပေါ့။အရပ်ပြောပြောရင်
    ဥာဏ်နီဥာဏ်နက်တွေပေါ့။

    ဆိုလိုတာကသူတို့မှာသူတို့မှာ A Plan , B Plan , C Plan စသည်ဖြင့်ရှိတယ်။
    နောက်ခုလက်ရှိကာချုပ်မင်းအောင်လှိုင်ကိုသမ္မတတင်ဘို့ရှိတယ်။ကာချုပ်နေရာ
    ကိုဖဒိုမန်းရှာကိုတာဝန်ယူလုပ်ကြံခဲ့တဲ့သူကကာချုပ်တက်ဖြစ်မယ်။စသည်ဖြင့်
    အားလုံးအစီအစဉ်တကျဆောင်ရွက်ထားပြီးသား။

    ဒါကသူတို့အပိုင်းလေ။ကိုယ့်ဘက်ကရောဘာတွေလုပ်ပြီးပြီလဲ။
    ဒေါ်အောင်ဆန်းစုကြည်သမ္မတနေရာအကြောင်းအမျိုးမျိုးကြောင့်မလုပ်နိုင်တော့
    ဘူးဆိုပါတော့။ B Plan အနေနဲ့ဘယ်သူ့ကိုရာထားပြီးကြပြီလဲ?
    အမေအမေနဲ့အော်နေတယ်။အမေ့နေရာကိုဘယ်သူ့အစားထိုးမှာလဲ။
    BBC ကတော့ဇင်မာအောင်ကိုပွဲထုတ်လာတယ်။လက်ခံမလား?
    နောက်ဒေါ်စုပြီးရင်နိုင်ငံတကာဆုအများဆုံးရထားတဲ့။လူကြီးလူငယ်ချစ်တဲ့။
    လူရိုးကြီးမင်းကိုနိုင်ကိုအစားထိုးမှာလား?
    သူကိုယ်တိုင်ကရောနိုင်ငံရေးလောကမှာဆက်လက်ရပ်တည်မှာလား?
    NGO အနေနဲ့ပွင့်လင်းကိုဆက်လက်ဦးဆောင်မှာလား?
    အော်ဂင်တီးမှာလား။သီချင်းဆိုမှာလား။ကဗျာရေးမှာလား၊စာဆက်ရေးမှာလား
    ကွက်စိတ်ဟောမှာလား? ခင်ဗျားတို့စာပွဲဝိုင်းမှာမေးပြီးပြီလား? တိုင်ပင်ပြီးပြီလား?

    သူလည်းတစ်စိုက်မတ်မတ်နိုင်ငံရေးလောကမှာလုပ်လာတာဘဲ။အနစ်နာခံလာတာ
    ဘဲဆိုတဲ့ကိုကိုကြီးကိုရွေးမှာလား? လယ်တောအိမ်ကပြန်လာကတဲ့ကစောက်ဖောင်း
    ထုနေတယ်လို့သာဘေးပြောနေကြတာ။တကယ်တမ်းသူ့ကိုရာထားဘို့စိတ်ကူးဘူး
    လား။ဘယ်လောက်လေ့လာထားဘူးလဲ။

    NLD ဒုတိယမျိုးဆက်ကဦးဥာဏ်ဝင်းတို့၊ဦးဝင်းထိန်တို့လို့စီနီယာသမားတွေကိုသုံး
    မှာလား။ခြံတွင်းအာဏာသိမ်းမှုဖြစ်တယ်ပြောလို့ပြော။ဘွားတော်တောင်ကိုယ့်အိမ်
    ကိုပြန်လာရင်စိတ်ဆင်းရဲလို့နေပူတော်မှာဘဲနေတော့တယ်ပြောလို့ပြော….။
    ကဲကိုရွှေဒီမိုတို့ကရောဘယ်လောက်ပြင်ဆင်ထားပြီးပြီလဲ????

    စစ်ခွေးများကတော့ခြေဥကိုမပြင်နိုင်အောင်ညစ်နည်းမျိုးစုံသုံးနေတာဘဲ။ဆက်သုံးဦး
    မှာဘဲ။ကိုယ်တွေဘက်ကဘာတွေပြင်ဆင်ထားပြီးပြီလဲ?????

    ခြေဥမပြင်နိုင်လို့ကတော့ဘာမှလုပ်ရမှာမဟုတ်မှန်းအားလုံးအသိဘဲလေ။
    အဲတော့တိုင်းရင်းသားပေါင်းစုံ၊ဘာသာပေါင်းစုံ။လူတန်းစားပေါင်းစုံညီညီညွတ်ညွတ်
    ခြေဥပြင်ရေးကိုနောက်ဆုံးထွက်သက်ထိတိုက်ပွဲဝင်သွားမလား?

    ဒါမှမဟုတ်အနောက်တိုင်းစကားပုံတစ်ခုလိုကိုယ့်ကိုဗလက်ကာယလာလုပ်လျှင်
    အတတ်နိုင်ဆုံးခုခံကာကွယ်နိုင်အောင်ကြိုးစားပါ။နိုင်ပုံဘယ်လိုမှမရှိဘူးဆိုလျှင်
    အပင်ခံအနာခံမနေနဲ့ငြိမ်နေလိုက်ပါ။နှစ်ဦးလုံးအကျိုးရှိပါသည်တဲ့။

    ကဲ…အချိန်တော့ကျနေပြီကြိုက်တာသာရွေးကြပေတော့…..။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: