သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များရှိတဲ့ လင်းဇင်းကုန်း မွတ်စလင်မ် သုသာန်မြေကို ပန်းဥယျာဉ်ဆောက်ရန် မန်းစည်ပင်က ဖျက်သိမ်းခိုင်း

Myanmar Muslim Media

သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များရှိတဲ့ လင်းဇင်းကုန်း မွတ်စလင်မ် သုသာန်မြေကို ပန်းဥယျာဉ်ဆောက်ရန် မန်းစည်ပင်က ဖျက်သိမ်းခိုင်း

ရန်ကုန်၊ ဖေဖော်ဝါရီ(၂၁)ရက်၊ ၂၀၁၄။
သတင်း- ဇောင်းလေး

မန္တလေးမြို့အတွင်းရှိသမိုင်းဝင် လင်းဇင်းကုန်းမွတ်စလင်မ်သုဿန်ကို မတ်လ(၅)ရက်နေ့ နောက်ဆုံး ထားပြီးဖျက်ပေးရန် မန်းစည်ပင်သာယာရေး
က သုဿန်ကော်မတီကို တောင်းဆိုထားကြောင်း သိရပါတယ်။

“ အဲ့ဒီဟာ မနေ့က အစည်းအဝေးမှာ ခေါ်ပြီးပြောပါတယ်၊ အဲ့မှာသမိုင်းဝင် ပုဂ္ဂိုလ်များ အများကြီး ရှိပါတယ်၊ အဲ့ဒါတွေ ကို လိုက်ပြီး
အမြဲတမ်း လိုက်ဖျက်နေတယ်၊ ဗလီတွေ ဇကေခါနာရှိပါတယ် အဲ့ဒါတွေကိုလည်း ဖျက်မယ်လို့လည်း ပြောနေပါတယ်’’ လို့ ခလီဖာသိန်းဝင်းအောင်(လင်းဇင်းကုန်းမွတ်စလင် သုဿန် အတွင်းရှိ အာဗိရှားဟ်ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ နာယက) က မြန်မာမွတ်စလင်မ်မီဒီယာ ကို ပြောကြားခဲ့ပါတယ်။

အဆိုပါသုဿန်မှာ မန္တလေးတိုင်း၊ အမရပူရမြို့၊ ဆင်စွယ်ပွတ်တန်းရပ် တွင်တည်ရှိသည့် ရှေးဟောင်း အမွေအနှစ် သုဿန်တစ်ခုဖြစ်ပါ
တယ်။လင်းဇင်းကုန်းသုဿန်အတွင်းရှိ ထိုင်းဘုရင်အုတ်ဂူ အနီးမွတ်စလင် မ်သုဿန်ကို မန်းစည်ပင်သာယာမှ ဖျက်သိမ်း၍ပန်းဥယျာဉ်
တည်ဆောက်မည်ဖြစ်ကြောင်းသိရပါတယ်။

“ သုဿန်ကော်မတီကပဲ မဖျက်ဆီးဖို့ အတွက် အသနားခံ
စာတွေ မေတ္တာရပ်ခံစာတွေ လုပ်နေပါတယ်။ ပြီးတော့ ယဉ်ကျေးမှု
ဌာနကလည်း တားမြစ်မယ့် သတင်းတွေထွက်ပေါ်နေပါတယ်၊ ကန့်ကွက်စာ တွေ ထွက်တယ် လို့တော့ကြားတယ် သေချာတော့ မသိဘူး။

ကျွန်တော်တို့လည်း နေပြည်တော်သမ္မတရုံး တို့၊ ယဉ်ကျေးမှုဝန်ကြီးဌာတို့ကို တင်ထားပါတယ်”လို့ ခလီဖာဦးသိန်းဝင်းအောင် ကမြန်မာမွတ်စလင်မီဒီယာ ကိုသုဿန်မဖျက်သိမ်းရေးအတွက်စာတင်ထားမှုအခြေအနေကိုရှင်းပြပါတယ်။
ပန်းဥယျာဉ်တည်ဆောက်နေချိန်မှာ ဘိုးဘွားအမွေအနှစ်
အဆောက်အဦးများ ထိခိုက်ပျက်ဆီးပါက ယဉ်ကျေးမှုဝန်ကြီးဌာနက ကန့်ကွက်သွားမည်ဖြစ်ကြောင်းကိုလည်း မန္တလေးမြို့ဒေသခံတစ်ဦး
က မြန်မာမွတ်စလင်မ်မီဒီယာ ကို သတင်းပေးပို့ခဲ့ပါတယ်။

“ ပြန်ပြီးတော့ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်လာပြီဆိုလို့ရှိရင် ဒီသချုင်္ီင်းဖျက်မယ်၊ သန်းကောင်စာရင်း ကောက်မယ့်အချိန်မှာ ကျွန်တော်တို့ ဒါတွေလုပ်ရမလား၊ သန်းကောင်စာရင်းကောက်ရမလားဖြစ်နေတယ်၊ ဒါက သူတို့နိုင်ငံရေး
လှည့်ကွက်ကစားနေသလို့ပဲ အဲ့လိုဖျက်မယ်ဖျက်မယ် လာလာလုပ်နေတယ်၊ ဒီလို လုပ်နေတာ (၄)၊ (၅)ကြိမ်လောက်ဖြစ်နေပြီပေါ့နော် မိတ္ထီလာဖြစ်လိုက်၊ ရခိုင်ဖြစ်လိုက် ဖြစ်တာနဲ့ ဒီသချုင်္ိင်း ဖျက်မယ့်ကိစ္စက ပြန်လှုပ်လာတယ်’’ လို့ ယင်းကပင် မြန်မာမွတ်စလင်မီဒီယာကို ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရခိုင်၊ မိတ္ထီလာ၊ ဥက္ကံတို့စတဲ့ နေရာအနှံ့အပြားမှာ ဖြစ်ပွားလျှက်ရှိသော ဘာသာရေးပဋိပက္ခ တွေ ဖြစ်ပွားလာတိုင်း လင်းဇင်းကုန်းသုသာန်ကိုပဲ အကြမ်းဖက်သမားများက ဖျက်ဆီးဖို့ အကြိမ် ကြိမ်ကြိုးစားလာခဲ့တယ်
လို့သိရပါတယ်။

“ ဒါမျိုးတွေက ဒီအချိန်မှာ မလုပ်သင့်ပါဘူးလို့ ၊ ကျွန်တော်တို့အားလုံး သန်းကောင်စာရင်းကောက်ဖို့အချိန်၊ ကလေးတွေ စာမေးပွဲလုပ်ဖို့အချိန်မှာ ဒါမျီုးလုပ်တယ်ဆိုဟာ တိုင်းပြည်ကို ဆူပူအောင် ဖန်တီးလှုံ့ဆော် တာဖြစ်တယ်၊ တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းမှုကို ပျက်စီးပါစေ၊ဒီ အနောက်ကို ပြန်သွားချင်တဲ့ ခရိုနီအုပ်စုတွေက ခိုင်းလို့ ဒါတွေလုပ်နေတဲ့ သဘောမျိုး ကျွန်တော်တို့ယူဆနေတယ် သမိုင်းရှိမှ ဇာတိရှိမယ်၊ ဇာတိရှိမှ သတ္တိရှိမယ်၊ မွတ်စလင်မ်သမိုင်းကို ဖျက်ဆီးတာဟာ ခွဲခြားဖြုတ်ချဖို့ အတွက်လို့ ယူဆပါတယ်’’ လို့ ခလီဖာဦးသိန်းဝင်းအောင် က မြန်မာမွတ်စလင်မီဒီယာကို ပြောကြားခဲ့ပါတယ်။

ဒီသုဿန်မြေကိုဖျက်သိမ်းလိုက်ပါကကျွန်တော်ဘိုးဘွားတွေရဲ့ နှလုံးသား ယုံကြည်ချက်ကို အဖျက်ဆီးခံရမည်ဖြစ်ကြောင်း၊ ဗလီ နဲ့ ဇကေခါနာလည်း ပါတဲ့အတွက် အင်မတန်မှ ဝမ်းနည်းရမည်ဖြစ်ကြောင်း၊ အထက်ပါပုဂ္ဂိုလ်
က မြန်မာမွတ်စလင်မ်မီဒီယာကို ပြောကြားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: