Ashin Issariya ◄◄မျိုးချစ်ပါတီ ထောင် မျိုးချစ်အမည်ခံပြီး အမျိုးသားခေါင်းဆောင်ကို လုပ်ကြံသူ ဦးစော

Ashin Issariya

◄◄မျိုးချစ်အမည်ခံပြီး အမျိုးသားခေါင်းဆောင်ကို လုပ်ကြံသူ

မျိုးချစ်ပါတီ ထောင်ပြီး ဦးစော ခေါင်းဆောင် ဖြစ်လာ►►

ဗိုလ်ချုပ်တို့ကို သတ်ခဲ့တဲ့ ဂဠုန်-ဦးစော အကြောင်း——-

ဦးစောဟာ သာယာဝတီ ခရိုင်၊ အုတ်ဖိုမြို့ ဇာတိ ဖြစ်ပါတယ်။
ငယ်စဉ်က ကြို့ ပင်ကောက်မြို့ အာ(ရ်)စီအမ်ကျောင်းမှာ ပညာသင်ခဲ့ပါတယ်။ ကျောင်းကို အုတ်ဖိုကနေကြို့ ပင်ကောက် အထိ မီးရထားနဲ့ တက်ရတယ်။
အဲဒီကျောင်းမှာပဉ္စမတန်း အထိ အောင်မြင်ခဲ့ပါတယ်။
ကျောင်းစာကို ကျောင်းမှာ မဖတ်ဘဲ လမ်းဘေး မီးတိုင်အောက်မှာ အော်ဖတ်လေ့ ရှိတဲ့ အတွက် အနီး ပတ်ဝန်း ကျင်မှ လူများက နားမခံသာ သောကြောင့် `“တော်ပါတော့၊ တန်ပါတော့၊ မောင်ဖိုးစောရယ်” လို့ ပြောခဲ့ကြရပါတယ်။

၁၉၂၇ မှာအောက်တန်း ရှေ့ နေ စာမေးပွဲ အောင်မြင်ခဲ့ပြီးနောက် ဂျီ-စီ-ဘီ-အေ ၀င်သာနု အသင်းထဲ ၀င်ရောက်ခဲ့ပါသည်။ ၈ျီ-စီ-ဘီ-အေ ၀ံသာနု အသင်းကြီး ပြိုကွဲ သွားသည့်အခါ ၂၁ -ဦးအဖွဲ့ (ရာထူး ယူတဲ့ အဖွဲ့ )ထဲ ပါသွားခဲ့တယ်။ သူရဲ့ လက်ဦး ဆရာကတော့ ဘကြီး ဘဘေ ဖြစ်ပါတယ်။

၁၉၃၈ -ခုနှစ်မှာ မျိုးချစ်ပါတီ ထောင်ပြီး ဦးစော ခေါင်းဆောင် ဖြစ်လာပါတယ်။ မျိုးချစ်ပါတီဟာ မြေပိုင်ရှင်တွေ ပေါင်းဖွဲ့ ထားတဲ့ ပါတီ ပါ။ မြေဧက နှစ်သောင်းကျော်ပိုင်တဲ့ ပဲခူး ဦးစိန်ဝင်း၊ အသုတ်က -မြေရှင် ဦးအောင်သာ ၊ ပြည်မြို့က- မြေရှင် ဦးလူဝ၊ တို့ဟာ ထင်ရှားတဲ့ မျိုးချစ်ပါတီတွေ ဖြစ်ပါတယ်။

ဦးစောဟာ သူရိယ သတင်းစာ ဒါရိုက်တာ အဖွဲ့ ၀င်တဦး ဖြစ်ခဲ့ပြီး ၁၉၄၀ ခုနှစ်မှာ၊ သတင်းစာ တိုက်နဲ့ ပိုင်ရှင် နဲ့ အယ်ဒီတာချုပ် ဖြစ်လာပါတယ်။

၉၁ ဌာန အုပ်ချုပ်ရေး စနစ်ရဲ့  ပထမဆုံး ရွေးကောက်ပွဲမှာ သာယာဝတီတောင်ပိုင်း၊ မဲဆန္ဒနယ်မှာ အရွေး ခံခဲ့ပါတယ်။ သခင်မြက နိုင်ပြီး သူက ရှုံးသွားခဲ့ပါတယ်။

အဲဒီနောက် ဟင်္သာတမြို့ မြောက်ပိုင်း မှာ ၀င်အရွေး ခံခဲ့ရာက ဟင်္သာတ ဦးမြရဲ့ အကူအညီနဲ့ သူ အနိုင်ရခဲ့တယ်။ လွှတ်တော်အမတ် ဖြစ်လာခဲ့တယ်။

၁၃၀၀ ပြည့် အရေးတော်ပုံမှာ ဦေးစာဟာ ရန်ကုန်မြို့မှာ ထုတ်ထားတဲ့ ပုဒ်မ ၁၄၄ ကို အာဏာ ဖီဆန်ပြီး သူ့ အဖွဲ့ သားတွေနဲ့ ချီတက် ဆန္ဒပြ လို့ အဖမ်းခံခဲ့ရတယ်။

လွှတ်တော် အစည်းအဝေးမှာ ဒေါက်တာ ဘမော်ရဲ့ ညွန့် ပေါင်း အစိုးရ ကို အယုံ အကြည်မရှိ အဆို တင်သွင်းခဲ့ရာမှာ ပထမ အကြိမ်မှာ မအောင်မြင်ခဲ့ပေ။

ရေနံမြေ အလုပ်သမား သပိတ်နဲ့ ကျောင်းသား သပိတ်များအပြင် ဗိုလ်အောင်ကျော် ကွယ်လွန်ရခြင်း၊ မန္တလေး အာဇာနီ ၁၇-ဦး ကျဆုံးရခြင်း၊ တို့ကို အကြောင်းပြုပြီး ဒုတိယ အကြိမ် အယုံအကြည်မရှိ အဆိုတင်သွင်းရာမှာ ဒေါက်တာ ဘမော် ညွန့် ပေါင်း အစိုးရ ရှုံးနိမ့် ပြုတ်ကျ သွားခဲ့ရသည်။
ထို့ နောက်ရွှေကျင်ဦးပု အစိုးရ တက်လာခဲ့သည်။ ဦးပု အစိုးရ အဖွဲ့ တွင် ဦးစောသည် သစ်တော ရေးရာ ၀န်ကြီး ဖြစ်လာခဲ့သည်။

မကြာမီ မှာပင် ဂဠုန် ဦးစောဟာ ဆင်ကြံ ကြံပြီး နန်းရင်းဝန် ဦးပု အစိုးရ အဖွဲ့မှ နှုတ်ထွက်ပြီး ဦးပု အစိုးရ အဖွဲံကိုပင် အယုံ အကြည်မရ၊ှိ အဆို တင်ပြန်သည်။ ဦးပု အစိုးရ ပြုတ်ကျသွားပြီး ဦးစောသည် နန်းရင်းဝန် ရာထူးနှင့် အစိုးရ အသစ် ဖွဲ့ ပါသည်။

သူနန်းရင်းဝန် ဖြစ်လာသည်နှင့် တပြည်လု့းမှာ ရှိသည့် သခင်များအားဂဠုန်တပ်(အုပ်ဖို သခင် တင်ဖေကတော့ဖြင့် ခွေးသေကောင်ပုပ်စားသည့် `“လဒတပ်”ဟု အမည်မှည့်ခေါ်ခဲ့သည်) က ၀ါးရင်းတုတ်နှင့် ရိုက်ပြီး နှိမ်နင်းခဲ့ပါသည်။ မှောဘီ အစိုနးရ စိုက်ပျိုးရေး ခြံတွင် ဂဠုန် စစ်သူကြီး ၀တ်စုံ ၀တ်ပြီး လယ်ထွန်မင်္ဂလာ ဆင်းခဲ့သည်။ သူ ၀န်ကြီးချုပ်ဖြစ်လာသည့်အခါ စူ၏ နိုင်ငံရေး လက်ဦးဆရာ ဦးဘဖေကို ကာကွယ်ရေး ပုဒ်မ နှင့် ဖမ်းဆီးထောင်ချခဲ့သည်။
သူ၏ သူရိယ သတင်းစာနှင့် အပြိုင် ဖြစ်သည့် မြန်မာ့ အလင်း သတင်းစာကို ၁၅-ရက် ကြာ ပိတ်ခဲ့သည်။ ထိုအချိန်က မြန်မာ့ အလင်းသတင်းစာ၏ တာဝန်ခံ အယ်ဒီတာစာရေးဆရာ မှာ ဓူဝံ ဦးသန်းတင်ဖြစ်ပါသည်။

ဦးစောဟာ မြန်မာ့အလင်း တာဝန်ခံ အယ်ဒီတာကို သူ့ အိမ်ခေါ်ပြီး မျိုးချစ်ပါတီ အပေါ် မဟုတ်မမှတ် သတင်းများ မရေးပါရန်သတိပေးခဲ့သည်။
အယ်ဒီတာ ဦးသန်းတင်က `“ မြန်မာ့ အလင်း သည် မဟုတ်မမှန် လုပ်ကြံ သတင်းများကို ရေးလေ့ မရှိပါ။
ဟုတ်သည့် သတင်းပင်လျှင် သတင်းစာ ပေါ်လစီနှင့် မကိုက်ပါက ထည့်လေ့ မရှိပါ။ ဥပမာ နန်းရင်းဝန် ဦးစော ၏ အိမ်အတွင်းရေးကို သတင်း အသေအချာ သိပါလျှက်နှင့် မထည့်ခဲ့ပါ”ဟု ဖြေရှင်းပြခဲ့ပါသည်။

ထိုသတင်းမှာ ဦးစော၏ သမီး ဘေဘီစောကို စာသင်ပေးရန် မခင်စီခေါ် ကျောင်းဆရာမ တစ်ယောက် ငှားထားခဲ့ပါသည်။ မကြာမှီမှာပင် မခင်စီမှာ သူ့ မယားငယ် ဖြစ်သွားခဲ့ပါတယ်။
တချိန်တည်းမှာပင် ရုပ်ရှင်မင်းသမီး နုနုကြည်ကို လည်း အိမ်ပေါ် ခေါ်တင်ထားခဲ့သည်။ ထိုမယာညးငယ် နှစ်ယောက် အကြာခန ရန် ဖြစ်ကြသည်။
တနေ့ တွင် မယားငယ် နှစ်ယောက်သည် အကြိးအကျယ် ခိုက်ရန် ဖြစ်ပြီး အပြန်အလှန် ပါးရိုက်နားရိုက် ဖြစ်ကြသည်နှင့် မရမ်းကုန်း ရဲဌာန ရောက်သွားသည်။
ထိုသတင်းကို မြန်မာ့ အလင်းက ရသွားခဲ့သည်။ သို့သော် သတင်းစာ ပေါ်လစီနှင့် မကိုက်ညီသဖြင့် မထည့်ခဲ့ပါ” ဟု ဦးသန်းတင်က ဦေးစာကို ရှင်းပြခဲ့ပါသည်။ယင်းအကြောင်းကို သတင်းစာတွင် နောက်ကြောင်းပြန် ဖော်ပြထားသည်ကို ထိုခေတ်အချိန်က လူအများ ဖတ်ခဲ့ကြရသည်။

ဦးစောသည် ဗိုလ်ချုပ် အောင်ဆန်း အင်္ဂလန်သွား လွတ်လပ်ရေးတောင်းဆိုရန် သွားစဉ် အတူ လိုက်ပါခဲ့သော်လည်း အောင်ဆန်း အက်တလီ စာချုပ်တွင် အခြား အဖွဲ ပ၀င်များ လက်မှတ် ပူးတွဲ ထိုးသော်လည်း ဥိးစောက လက်မှတ် မထိုးခဲ့ပေ။

ရန်ကုန် တွင် လူ ၄-ဦးက ဦးစော စီးလာသည့် ကားကို သေနတ်ဖြင့် ပစ်ခတ်ရာ မျက်လုံးတွင် ဒဏ်ရာ ရရှိခဲ့သည်။ ထိုကိစ္စကို ဗိုလ်အောင်ဆန်းကို သင်္ကာမကင်းဖြစ်သည်ဟု ဦးစောက ယူဆကြောင်း ဖော်ပြသည့် စာအုပ်အထောက်အထားများ ရှိခဲ့သည်။ ထိုကိစ္စနှင့်ပင် ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့ တွင် ဗိုလ်ချုပ်အပါအ၀င် အာဇာနည်ခေါင်ေးဆာင်များအား သတ်ဖြတ် လုပ်ကြံခဲ့သည်။ —

သခင်တင်မြ၏-ဘုံဘ၀မှာဖြင့် ထပ်ကြပါမကွာ။ စာအုပ်နှင့် နှင့်။
ဦးခင်အောင်၏-အောင်ဆန်းကို ဘယ်သူ သတ်သလဲ(ခေတ်ပြိုင်။စာပေ)
တို့တွင် အကျယ် ဖတ်နိုင်ကြပါသည်။

=============================
Credit To>Myanmar Market Economy<Thanks
1,000 Million Strong For Daw Aung San Suu Kyi in 2015

Credit to >>> U Naing Win <<< Myanmar Internet News မှ U Naing Win ၏ Status အားကူးယူဖော်ပြပါသည်။

Original Link >>>https://www.facebook.com/groups/myanmarinternetnews/permalink/694520970568411/?stream_ref=1

Leave a comment