
သင်သင်ချင်းအစနေ့မှာပဲ သရဏဂုံသုံးပါး ဖတ်ရတော့ ဆရာတော်က သေချာမှာတယ်။ သံဃံ သရဏံ ဂစ္ဆာမိ ဆိုတာ အရိယာ သံဃာကို ကိုးကွယ်ပါ၏လို့ ဆိုတာတဲ့။ အဲဒီကတည်းက ငါ ဂစ္ဆာမိတဲ့သံဃာ ရှစ်ယောက်ပဲ ရှိရမယ်လို့ သိလိုက်ပါတယ်။ (မဂ္ဂဋ္ဌာန် လေးယောက်၊ ဖလဋ္ဌာန်လေးယောက်၊ ရှစ်ယောက်အရိယာ၊ ပရမတ္ထ သံဃာ။)
သမုတိ သံဃာတော်များကို ကြည်ညိုပါတယ်။
ဒါပေမဲ့ ဂစ္ဆာမိတာကတော့ တခြားကိစ္စပဲလို့ အဲဒီ အရွယ်ကတည်းက နားရှင်းပါတယ်။
March 6 · 2014
ငယ်ငယ်တုန်းက ဘုရားဟောတရားတော်တွေကို သူများ interpret လုပ်တာမပါဘဲ အရင်းအတိုင်း လေ့လာချင်ရင် ပါဠိတတ်မှ ဖြစ်မယ်လို့ တွေးဘူးတယ်။ ဒါမှ ဗုဒ္ဓပါဝစန ကို အနီးကပ်ဆုံး ချဉ်းကပ်နိုင်မယ်လို့ ကြီးကြီးကျယ်ကျယ်စဉ်းစားပီး ငယ်ဆရာ၊ ဥပဇ္ဈာယ်ဆရာကို ပါဠိသင်ပေးဖို့ နားပူပါတယ်။ ငယ်ဆရာဖြစ်တဲ့ ဆရာတော် ဦးဝိသုဒ္ဓ (သာသနဓဇသီရိပဝရဓမ္မာစရိယ၊ ဝိသိဋ္ဌ ဒီဃ ဘာဏက)က ဆေးကျောင်း တတိယနှစ်ကျောင်းသားဟာ ပါဠိသင်ချင်တယ်ဆိုတာ လက်တွေ့ သိပ်မဖြစ်နိုင်တဲ့ ကိစ္စဆိုတာ သိပြီး ဖြစ်ပါတယ်။ (အဲဒီတုန်းက တနေ့မှာ သုံးနာရီ ဂိုက်လုပ်ပီး ငွေရှာတယ်၊ ကျောင်းလဲ တက်ရသေးသလို၊ တက်ကြွသော လူငယ်များ အခမဲ့စာကြည့်တိုက်လဲ သူငယ်ချင်းတွေနဲ့ စုပေါင်းပီး စလုပ်နေတဲ့အချိန်။) ဒါကြောင့် တပည့်က သင်ချင်တယ်ဆိုတာကို အလိုလိုက်ပီး သင်ပေးသလို၊ မင်း မသင်ဖြစ်တော့ရင်လဲ ငါ့ စိတ်ထဲ ဘယ်လိုမှ မနေ၊ သင်ချင်တယ်ဆိုလို့ သင်ပေးတယ် ဆိုတဲ့သဘောနဲ့ အစကတည်းက ပါဠိသင်တာ အပိုဆု လို့ သဘောထားလို့ မိန့်တယ်။ တပည့်တော် သေချာသင်ပါ့မယ် ဘုန်းကြီးဘုရားလို့ လျှောက်တယ်။ (ဘုန်းဘုန်းလို့ အဖျားဆွတ်ခေါ်တာကို ဆရာတော်က ကြိုက်တော်မမူလှ။ ဘုန်းကြီးလို့ ဆရာတော့်ကို အာလုပ်ပြုရတယ်။) ဒါနဲ့ ပါဠိ စသင်သူများ ထုံးစံအတိုင်း၊ တောင်မြို့ဆရာတော်ရဲ့ ပါဠိသိက္ခာနှင့် သဒ္ဒါကျဉ်းက စရတယ်။ သင်သွားရင်းနဲ့ တောင်မြို့ဆရာတော်ကို ချီးကျူးတော်မူတယ်။ သင်သင်ချင်းအစနေ့မှာပဲ သရဏဂုံသုံးပါး ဖတ်ရတော့ ဆရာတော်က သေချာမှာတယ်။ သံဃံ သရဏံ ဂစ္ဆာမိ ဆိုတာ အရိယာ သံဃာကို ကိုးကွယ်ပါ၏လို့ ဆိုတာတဲ့။ အဲဒီကတည်းက ငါ ဂစ္ဆာမိတဲ့သံဃာ ရှစ်ယောက်ပဲ ရှိရမယ်လို့ သိလိုက်ပါတယ်။ (မဂ္ဂဋ္ဌာန် လေးယောက်၊ ဖလဋ္ဌာန်လေးယောက်၊ ရှစ်ယောက်အရိယာ၊ ပရမတ္ထ သံဃာ။) သမုတိ သံဃာတော်များကို ကြည်ညိုပါတယ်။ ဒါပေမဲ့ ဂစ္ဆာမိတာကတော့ တခြားကိစ္စပဲလို့ အဲဒီ အရွယ်ကတည်းက နားရှင်းပါတယ်။
ဗုဒ္ဓဘာသာ ဒို့တရားဟာ မလွဲအောင်မှန်ပေတာ၊ လက်ငင်းဒိဋ္ဌ စိတ်ချစေတော့တခါ (ရသေးတယ်၊ လက်ခံသေးတယ်။ ဒီလောက်အထိ… ဆက်နားထောင်ကြည့်…၊ ဟော) အခြားဘာသာများထက် ဗုဒ္ဓဘာသာတရားက မှန်ပေတာတဲ့။ စလာပီနော်၊ လောက်စပီကာကြီးနဲ့ ဖွင့်နေတာ။
နောက်တပုဒ်ရှိသေးတယ်။ ဘာတဲ့- မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝလို့နေ ဗုဒ္ဓဘာသာ မြန်မာဒို့တိုင်းပြည်တဲ့၊ (ဟောဗျာ ခရစ်ယာန်တွေ၊ မွတ်စလင်တွေ၊ ဟိန္ဒူတွေ၊ နတ်ကိုးကွယ်တဲ့သူတွေ မင်းတို့ ဒို့တိုင်းပြည်ထဲ မထဲ့ဘူးလို့ ပြောသလိုများ ဖြစ်မနေဘူးလား။)
ဒီသီချင်းတွေက တော်ပါသေးတယ်၊ ငယ်ငယ်တုန်းက ကျောင်းမှာ မနက်တိုင်းဖွင့်တယ်-ဘာတဲ့- အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်တဲ့။ ခု ကြီးမှ ပြန်စဉ်းစားတော့၊ ကိုယ့်သူငယ်ချင်း ခရစ်ယာန်တွေ၊ မွတ်စလင်တွေကို အားနာလိုက်တာ၊ သူတို့ ဘယ်လိုများ ခံစားကြရရှာမှာပါလိမ့်။
ကြံဖန် ဂုဏ်ယူရင်တော့ ကျုပ်တို့ဆီမှာ သီချင်းတွေလဲ သိပ် racist ဖြစ်တာပဲလို့ ဆိုရုံရှိတာပဲ။
ဗုဒ္ဓဘာသာကို ခေတ်နဲ့အညီ interpret လုပ်ဖို့လိုပီလို့ ပြောရင်လဲ conservative ထေရဝါဒတွေက ငြူစူကြဦးမယ်။ secular state ဆိုတာကို မြန်မာပြည်က မလိုချင်ပါ။ ရှင်ဘုရင်ဟာ သာသနာတော်ကို ပြုစုရမယ်ဆိုတဲ့ ပဒေသရာဇ် idea ကိုပဲ နားလည်တယ်။ ဒါနဲ့ပဲ လူမှုနိုင်ငံရေးဘဝကို ကတုံးတွေ ဝင်စွက်ခွင့်ပေးလိုက်ကြတယ်။ သူတို့သြဇာကို နာခံကြတယ်။
ညီအရင်းလို ခင်တဲ့ ဂျူနီယာတယောက်က အကို့စာလုံးကို နဲနဲပြင်သင့်တယ်တဲ့၊ စိတ်ပူလို့ ပြောတယ်။ အကိုကြီးတယောက်က “Please, be careful in usage. I m with u.” လို့ လှမ်းပြောတယ်။ တကယ်ပါ၊ ဘုန်းကြီးလို့ သုံးနှုန်းလိုက်ရင် ကျနော် ကိုးကွယ်သော ဆရာတော်၊ သံဃာတော်ကြီးတွေကို မရိုသေရာကြမှာစိုးလို့ ကျနော် ဘုန်းကြီးလို့ မသတ်မှတ်သောသူတွေကို ရည်ညွှန်းလိုလို့၊ အဲဒီ့အသုံးကို သုံးလိုက်ပါတယ်။ ကျနော့် ဥပစ္ဇျာယ် လောကမှန်ကင်းဆရာတော်ကြီးဟာ ကျနော့်ကို နိုင်ငံရေး စိတ်ဝင်စားတတ်အောင် ပြောပြ၊ သင်ပြ၊ ညွှန်ပြပေးခဲ့သူပါ။ ဒါပေမဲ့ ဆရာတော့်ရပ်တည်ချက်က ရှင်းပါတယ်။ နိုင်ငံရေးလုပ်ချင်ရင် တိုက်ကအပ ဆိုတဲ့ မူနဲ့ နေပါတယ်။ secular ဖြစ်ရမယ်ဆိုတာကို လောကမှန်ကင်းဆရာတော်ကြီးက ထက်မင်းလွင် ငယ်ငယ်လေးကတည်းက သင်ပေးခဲ့ပါတယ်။ ဆရာတော်သို့ ဦးခိုက်လျက်
Like this:
Like Loading...
Related
This entry was posted on April 4, 2014 at 1:21 pm and is filed under Uncategorized. You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.
Leave a Reply