အလံရှူးတွေကနေ ၉၆၉ အမျိုးသားရေးရေစီးကြောင်းကို အစိုးရလိုချင်တဲ့ပုံစံရောက်အောင် မြောင်းဖောက်လိုက်ကြတယ်

ပြည်မက မျိုးစောင့်အုပ်စုတွေနဲ့ ပတ်သက်နေတဲ့ ရခိုင်သားတွေကို စကားနည်းနည်းပြောချင်တယ်။

အဲဒီအုပ်စုတွေနဲ့ ဘာကြောင့်ပတ်သက်တာလဲလို့မေးရင် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံတဲ့ အမျိုးသားရေးကြောင့်လို့ ဖြေတဲ့လူရှိမယ်၊ အမျိုးဘာသာသာသနာကို ကာကွယ်ချင်တာကြောင့်လို့ ဖြေတဲ့လူရှိမယ်။ ဟုတ်ပြီ။ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံတဲ့ အမျိုးသားရေးဆိုတာ ဘာကိုခေါ်တာလဲ။ ဘယ်လူမျိုး ဘယ်ဘာသာဝင်တွေ အကျုံးဝင်သလဲ။ အမျိုးဘာသာသာသနာကို ကာကွယ်ချင်တယ်။ ဟုတ်ပြီ။ ဘယ်လိုမျိုး ကာကွယ်မှာလဲ။ စင်ပေါ်တက်ပြီး အခြေခံဥပဒေထောက်ခံတဲ့အကြောင်း ဟောပြီးကာကွယ်မှာလား။ ပုဒ်မ ၅၉(စ)ကို ထောက်ခံပြီး ကာကွယ်မှာလား။ အစိုးရကို ထောက်ခံတဲ့အကြောင်း ဟောပြီးကာကွယ်မှာလား။ ဒါမှမဟုတ် ဟိုဟာမကဖြင့် ကုလားနဲ့ညားနေပြီ၊ ဒီဟာမကတော့ ကုလားဆီမှာ ကုန်းနေပြီလို့ အလန့်တကြားအော်ပြီး ကာကွယ်မှာလား။

ခင်ဗျားတို့စင်ပေါ်တက်ပြီး အမျိုး၊ဘာသာ၊သာသနာကို မိုက်နဲ့ကာကွယ်နေတဲ့အချိန်မှာ ခင်ဗျားတို့မွေးတဲ့နေရာက ရခိုင်တွေဟာ ကိုယ်နေတဲ့အိမ်၊ကိုယ်နေတဲ့ရပ်ရွာကို အသက်နဲ့ရင်းပြီး ကာကွယ်နေကြရတယ်။ ပြည်ထောင်စုအတွက်၊ တမျိုးသားလုံးအတွက်၊ ဘာအတွက်၊ညာအတွက် ခင်ဗျားတို့လို အာဖို့အချိန် သူတို့မှာမရှိဘူး။ အာရကောင်းမှန်းလည်း မသိဘူး။ သိစေချင်တာက ခင်ဗျားတို့အထဲမှာ သေနတ်ဘယ်လောက်ပဲရှိရှိ၊ ဘယ်လောက်ပဲပစ်တတ်တတ် ရခိုင်ပြည်နယ်ဆိုတဲ့ ခံတပ်ကြီးမရှိရင် အလကားပဲ။ ခုလက်ရှိအနေအထားမှာ ခံတပ်ပြိုလုလုဖြစ်နေတာကို ဘေးချိတ်ပြီး ရခိုင်သားတစ်ယောက်အနေနဲ့ မယောင်ရာဆီလူး လုပ်သင့်လား နဖူးလက်တင်ပြီး စဉ်းစားကြည့်။

မျိုးစောင့်ဥပဒေကို ထောက်ခံတယ်ဟုတ်လား။ ထောက်ခံပါ၊မတားပါဘူး။ ဒါပေမယ့် ကိုယ့်လူမျိုးအတွက် အဲဒီဥပဒေ တကယ်လိုအပ်နေလို့လား။ လိုအပ်နေတဲ့လူမျိုးတွေ လုပ်နေတာကို ကန့်ကွက်စရာအကြောင်းမရှိဘူး။ ဒါပေမယ့် ရခိုင်လူမျိုးတစ်ယောက်အနေနဲ့ ရခိုင်လူမျိုးအတွက် အမှန်တကယ်လိုအပ်နေတဲ့ ကိစ္စတွေကို ဘေးချိတ်ပြီး သူများလူမျိုးအတွက် လိုအပ်နေတာကို ရှေ့တန်းကနေ အားတက်သရော ၀င်ပါနေတယ်ဆိုကတည်းက လွဲနေပြီ။ အာဏာခွဲဝေမှု မညီမျှလို့ ကိုယ့်ပြည်နယ်မှာ ကိုယ့်လူမျိုးတွေ ဘာမှလုပ်ပိုင်ခွင့်မရှိပဲ ကြိုးဆွဲခံနေရတဲ့ အနေအထားကို ဘေးချိတ်ပြီး ရခိုင်သားတစ်ယောက်က စင်ပေါ်ကနေ အခြေခံဥပဒေကို ထောက်ခံပါတယ်လို့ မိုက်နဲ့အော်နေတာ ကိုယ့်ကိုယ်ကို မရှက်ဘူးလား။ သွေးသောက်ညီအစ်ကိုစိတ်ဓာတ်နဲ့ လူမျိုးမခွဲခြားပဲ ဗုဒ္ဓဘာသာမကွယ်ပျောက်အောင် လုပ်နေရတာလို့ ပြောမယ်။ ဟုတ်ပြီ။ ရခိုင်မှာ ခုနေကုလားနဲ့ထချရင် ခင်ဗျားတို့ခုပေါင်းနေတဲ့လူတွေ သွေးသောက်ညီအစ်ကို စိတ်ဓာတ်နဲ့ ဓားထမ်းပြီး ကုလားတွေကို လာခုတ်မှာတဲ့လား။ ဖေ့ဘုတ်မှာတော့ လာခုတ်ကြမှာ သေချာတယ်။

ဗုဒ္ဓဘာသာဝင် ယောင်္ကျားဖြစ်စေ၊ မိန်းမဖြစ်စေ တစ်ယောက်ယောက်ဟာ ဘာသာပြောင်းသွားတာပဲဖြစ်ဖြစ်၊ ဘာသာခြားနဲ့ညားသွားတာပဲဖြစ်ဖြစ် မြင်ရရင် ကျုပ်ရင်ထဲမှာ ခံပြင်းတဲ့စိတ်က ခင်ဗျားတို့ထက် မသာရင်နေမယ်၊ လျှော့တော့မလျှော့ဘူး။ ဒါပေမယ့် ဇကာပေါက်ကို ရွံ့နဲ့လိုက်ဖာဖို့တော့ စိတ်မ၀င်စားတာ အမှန်ပဲ။ နောက်တစ်ချက် ပြောချင်တာက ၉၆၉ ကမ်ပိန်းပေါ်လာပြီးတဲ့ နောက်ပိုင်း အမျိုးသားရေးလောကမှာ အလံရှူးတွေ ၀င်လာတယ်။ အဲမတိုင်ခင်ကတော့ ကိုယ်စီကိုယ်ငှ ပြည်ထောင်စု အသိစိတ်ဓာတ်နဲ့ လုပ်ခဲ့ကြတာ။ အဲဒီအလံရှူးတွေကနေ အမျိုးသားရေးရေစီးကြောင်းကို အစိုးရလိုချင်တဲ့ပုံစံရောက်အောင် မြောင်းဖောက်လိုက်ကြတယ်။ အဲဒီမြောင်းထဲ ပျော်ပျော်ကြီး စီးဝင်သွားတဲ့အထဲမှာ ခင်ဗျားတို့လို ရခိုင်သားတွေ အများကြီးပဲ။

ဘာလို့အဲဒီမြောင်းကိုဖောက်တာလဲ။ အဖြေကရှင်းပါတယ်။ အစိုးရရဲ့ လက်ရှိရနေတဲ့ ထိုင်ခုံအရေအတွက်ကို အလျှော့မခံနိုင်လို့။ လာမယ့်ရွေးကောက်ပွဲပြီးရင် ခုလိုပဲ တစ်ဖက်သတ်ကြီး ဆက်အုပ်ချုပ်ချင်လို့။ ထမင်းစားတယ်ဆိုရင် ဦးနှောက်လေးသုံးပြီး စဉ်းစားကြည့်။ ခင်ဗျားတို့ထောက်ခံနေတဲ့ အခြေခံဥပဒေကြောင့် တဖက်သတ်အာဏာရထားတဲ့ လက်ရှိအစိုးရလက်အောက်မှာ တခြားဒေသတွေခဏထား၊ ရခိုင်ပြည်နယ် ဘယ်အခြေအနေရောက်နေပြီလဲ၊ ဘယ်လိုမျိုးကစားခံနေရလဲ။ ရခိုင်တွေတစ်နှစ်တစ်နှစ် ရခိုင်ကိုဘယ်လောက်တောင် စွန့်ခွာနေကြပြီလဲ။ ခင်ဗျားတို့စင်ပေါ်တက်ဟောနေတဲ့အချိန် အဲဒီအချက်ကို စဉ်းစားမိရဲ့လား။

ဒီလိုပြောလို့ အတိုက်အခံဖက်ပါတယ်မထင်နဲ့။ ဒင်းတို့ ခုအစိုးရလိုမျိုးသာ တဖက်သတ်အာဏာရရင် အဲထက်ပိုဆိုးမယ်။ တိုင်းပြည်မှာ အမှန်တကယ်လိုအပ်နေတာက Check & Balance။ အပြန်အလှန်ထိန်းချုပ်နိုင်တဲ့ ပါဝါညီမျှမှုမရှိရင် ဘယ်ကောင်ပဲတက်တက် တဖက်သတ်အာဏာရှိပြီဆိုတာနဲ့ ဒီသောက်ချိုးပဲ ပြန်ချိုးမှာ။ ကျုပ်တို့ အဲအချိန်ထိ ခုလိုဆက်ကစားခံနေရမယ်ဆိုရင် မကြာဘူး ခံတပ်ပြိုမှာပဲ။ ခုတောင် ယိုင်နေပြီ။ ခင်ဗျားတို့ ခေါင်းထဲထည့်ထားရမှာက သူများတွေအတွက် တံတိုင်းဟာ ခင်ဗျားတို့ကျုပ်တို့နေတဲ့ အိမ်ဆိုတာပဲ။ သူများကိုကာချင်ရင် ကိုယ့်အိမ်ကိုယ်အရင်လုံအောင်လုပ်။

ဒီလိုပြောလို့ နိုင်ငံခြားကနေ ဘာမှမဟုတ်ပဲ လေကျယ်နေတယ်လို့ ပြန်ပက်ချင် ပက်လို့ရတယ်။ ကျုပ်ကိုရစရာမရှိအောင် ဆဲပြီးတဲ့အချိန် ခင်ဗျားတို့မြောင်းထဲက ပြန်တက်လာရင် ကျုပ်အဆဲခံရကျိုးနပ်ပြီ။ ဂလောက်ပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: