မြန်မာခေတ်ဦး သမိုင်းဟာ ပုံပြင်နဲ့စထားတယ် ၊ ပုံပြင်ဟာ သမိုင်းမဟုတ်ဘူးလို့အများသိကြပါတယ်

မြန်မာ့သမိုင်းအတိုအထွာ

သကျသာကီဝင်မင်းတစ်ပါး တကောင်းလာနေတယ်၊၊ သူ့အဆက်တွေ သရေခေတ္တရာ ရောက်လာတယ်၊ ပုဂံရောက်လာတယ်၊၊ ပျုစောထီးအကြောင်း ဒွတ္တဘောင်အကြောင်းလည်း ပြောကြရေးကြ၊ ကျောက်တိုင်ထုကြ၊ ဒါတွေများကြီးကြားရ တွေ့ရကြမှာပါ၊၊ ဂေါတမမြတ်စွာဘုရား ရခိုင်လာတယ်၊(ကိုစားတော် မဟာမုနိ ရှိရစ်တယ်) မင်းဘူး ရွှေစက်တော် ရောက်တယ် ခြေတော်ရာံချတယ်၊ ပြည်မြို့ ဖိုးဝင်းတောင်လည်းပါတယ်၊၊ ခဏရပ်ပြီး ကြည့်တော်မှူခဲ့တဲ့နေရာက တန့်ကြည့်တောင်လို့တွင်တယ်၊၊ ရွှေတိဂုံတို့၊ ရွှေဆံတော်တို့ဟာ တစ်ခေတ်ထည်း၊ ဘုရားသက်တော်ရှိစဉ်ကပေါ်ခဲ့တာလို့ပြောကြရေးကြပါတယ်၊၊

သောဏနဲ့ ဥတ္တရတို့ သတုံနယ်မှာ သာသနာပြုရောက်တယ်၊ ဥက္ကလာပ ကုန်သည်ညီနောက်က ၊ မဇ္စိုမဒေသ (အိန္ဒိယ ဗဟို)ကို ရောက်လို့ မြတ်စွာ ဘုရားက ဆံတော်ချီးမြင့်လိုက်တယ်၊၊ ပုဂံဆိုတာဘယ်အရပ်ကဘယ်မင်း တည်တာလို့ အတိကျ ပြောတက်ကြပေမဲ့ အထောက်အထားမတင်ပြနိုင်ကြပါဘူး၊၊ ဗုဒ္ဓဃေသ က၊ သီဟိုဠ်က ပိဋကကို ကူးလာတယ်၊၊ အဲဒီကော်ပီက သတုံမှာရှိတယ် ၊ အနော်ရထာကို ရျင်အရဟံက ဗုဒ္ဓသာသနာ အကြောင်းပြောပြပြီး သတုံက ပိဋကတောင်းယူဖို့ညွှန်တယ် ၊၊ တောင်းမရတဲ့အခါ အဲဒီကိုစစ်တိုက်တယ် ၊၊ ဆရာချစ်ဦးညိုရေးထားတဲ့ဝထ္ထုလည်းဖတ်လို့လည်းကောင်းတယ်၊၊. ပိဋက ကိုရတော့ဆင့်ပွားပြီး ရခိုင်ပြည်နယ်ရောက်၊ ရှမ်းပြည်နယ်ရောက်၊ နှံ့သွားတယ်၊၊ ပိဋကကို နားလည်အောင်ပါဠိသင်ရတယ်၊၊ နောက်မြန်မာဘာသာကို ပုံစံမျိုးစုံနဲ့ဘာသာပြန်တယ် ၊၊ ဂူကျောင်းဘုရားနံရံတွေမှာ အရုပ်နဲ့ရေးကြတယ်၊၊ ယူနန်မှာနေခဲ့ဘူးတဲ့ရှမ်းမြန်မာတွေရဲ့ ဘိုးဘွားတွေဟာ (မြန်မာနိုင်ငံကို ခရစ်ကိုးရာစုလောက်က ဝင်မလာမီ) ကနေ့ မြန်မာနိုင်ငံရဲ့မြောက်ဘက်၊ အရှေ့မြောက်ဘက်မြန်မာနိုင်ငံရဲ့ အနီးအစပ်နေရာတွေမှာ နေစဉ်ကပဲ ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်ပြီသား ဖြစ်နိုင်တယ်၊၊ ငါးရာ့ ငါးဆယ် ထဲက အမှတ် ၅၂၅ ၊ ၅၂၆ ဆိုတာတွေကလည်း အိန္ဒိယ ပုံပြင်င်ကို မြန်မာနိုင်ငံ တစ်နေရာရာမှ ဖြစ်လေဟန် ရေးကြပြောကြတာဖြစ်တယ်၊၊ (ဒီလိုပြောရင်းနဲ့ ဆိုရင်းနဲ့ ဘုရားလောင်းခြင်္သေ့မင်းဖြစဉ်က ဒီနေရာမှာ နေခဲ့တယ် အရင်ခေါ်တဲ့နာမည်က ဘယ်လို နောက်ကြာတော့ ဘယ်လို ပြောင်းသွားတယ် လို့ ပြင်ပြီး ပြောရာက ပြောတဲ့အတိုင်း တကယ်ဖြစ်မှာပါလို့ ထင်မှတ်စွဲလမ်းသွားကြပါသည်၊၊ ၁၉၀၄ ထုပ် ဆူလက်တင် ခေါ်တဲ့စာစောင်နာမည် ပြင်သစ်ဘာသာရေး၊ အရှေ့တိုင်းအကြောင်းကို ပေလီယိုဆိုသူက ရေးတဲ့စာတမ်းမှာ သမိုင်းကိုခိုင်ခံ့သလား ယုံရမလားဆိုပြီး မှတ်ကျောက် စပြီး တင်ကြည့်တာကိုတွေ့နိုင်ပါတယ်၊၊ ရှမ်းတွေမှာလည်း အလားတူ ပုံပြင်တွေ ရှိနေပါတယ်၊၊
ဂေါတမမြတ်စွာဘုရားသခင် ရဟန္တာ ငါးရာခြံပြီး ကြွရောက်လာဖူးတာပေါ့ ဆိုတာကို ယုံယုံကြည်ကြည်တွင်တွင်ကျယ်ကျယ်ပြောကြပါတယ်၊၊ ဘုးရားခြေတော်ရာက ဒီမှာရှိတော့ရှိတယ် လိုက်ရှာချင်ရှာပေးတယ်ဆိုတာလည်း တစ်ကယ်ပြောတာ မင်းမယုံရင် မင်းဟာဓမ္မ န္တပဲဟေ့လို့ပြောလာကြတယ်၊၊ မြတ်စွာဘုရားဟောကြားတဲဒေသနာတွေကိုဖွင့်တဲ့ ဋီကာ၊ အဠကထာတွေကပါ တစ်သံတည်းထွက်လာတယ်၊၊ ဥပမာ အလောင်းတော်ကဿပ ဖြစ်ပေါ်လာပုံကို မှူလသရဝသ္တု ဆိုတဲ့ သက္ကတ ကျောင်းထဲမှာရှိတယ်၊၊ တရုပ်ဘာသာပြန်ပြီး တရုပ်တွေကလည်း ဘုးရားခြေတော်ရာ သူတို့ဆီမှာ ထုလုပ်ကိုးကွယ်တယ်၊၊ ဗျတ်ဝိ ဗျတ္တ တို့ကလည်း ဘုရင်ဥတိဘွားကိုလည်ပင်းကိုတောင် ထုံးသုံးရစ်တားလိုက်သေးတယ်၊၊ ဂျပန်ကလည်း သူတိုဆီမှာ ထုလုပ်ကိုးကွယ်တယ်၊၊ ဂျပန်ကလည်း မင်းတို့ဆီမှာ ခြေတော်ရာရှိသလား တို့မှာရှိတယ် ကြည့်စမ်းဆိုပြီးပြတော့၊ ကာဂိုရှိမ တက္ကသိုလ်ဂျာနယ်တစ်ခုမှာ ထည့်သွင်းဖော်ပြဖူးတယ်၊၊ ထွင်တဲ့ပုံပြင်တွေဟာရှေးကျလေကောင်းလေဆိုတော့ လူစွမ်းကောင်းကပျူစောထီးပေါ့၊၊ “ပျူ”က လူမျိုး” စော”က ရှမ်းလို “မင်း” အနက်ပေးထားတယ် “ထီး”က ရှေးတရုပ်စကားမှာ “ရှင်ဘုရင်”လို့အနက်ပေးတယ်၊၊ ဒီတော့ ပျူစောထီးဟာ လူပုဂ္ဂိုလ် တစ်ဦးရဲ့နာမည်မဟုတ် ဂုဏ်ထူးရာထူးကိုဖော်ပြတဲ့ အမည်ပဲ ဖြစ်တယ်၊၊ ဒီပုဂ္ဂိုလ် ဟာ ဥကပေါက်တယ်လို့ ပြောပြန်တယ် ၊၊ တွင်းသင်းဝန် ဦးထွန်းညိုက ဥကပေါက်ရင်ဌက်ဖြစ်မှာပေါ့၊ လူမဖြစ်နိုင် လို့ တော့ သူရေးတဲ့ ရာဇဝင်သစ်မှာ ပြောဘူးတယ် ၊၊ ဒီလိုပဲရှေးစကားဆိုတာ နည်းနည်းတော့ကြွားမှာပေါ့ လို့၊ ပြေလည်အောင် ဝင်ရှင်းကြပါတယ်၊၊ အာသောကမင်း ကိုးတိုင်းကိုးဌာန ကို လွှတ်တယ်ဆိုတာ သီဟိုဠ်ကျွန်းကလွဲရင် ကျန်နေရာတွေက ကုလားပြည်အတွင်းမှာပဲရှိပါတယ်၊ကုလားအစိုးရ ပြန်ကြားရေးဌာနက မြေပုံအကြီးကြီးမှာ ဒီကိုးတိုင်း၊ ကိုးဌာနကိုပြတယ်၊၊ သူတို့ပြပွဲ မြန်မာနိုင်ငံ မြို့ကြီးတွေထိ သွားပြတယ်၊၊ ဒီက ဘယ်ပုဂ္ဂိုလ်ကမှ ဟေ့ကြည့်စမ်း တို့ပြောနေတာတွေ မဟုတ်ဘူးနော်လို့ မပြောပါ၊၊ သူတို့ပြတာတွေ မယုံနဲ့ လို့ပြောတဲ့လူတော့ အနည်းအပါး ရှိမလားမသိဘူး၊၊ ကုလားက ဇွတ်(ချဲ)တော့ မြန်မာ၊ ယိုးဒယား၊ တရုပ်၊ ဂျပန်တွေက ကွမ်းစားမပျက် ကွာစေ့စားမပျက် ကြည့်လိုက်ကြပါတယ်၊၊ ကျမ်းကိုရှာကြည့်ရင်တော့ ဒီပုံပြင်ကို စပြောတာ ခရစ်ခြောက်ရာစု နှစ်ဦးလောက်က သီဟိုဠ်ကရေးတဲ့ မဟာဝင်က စတာဖြစ်ပါတယ်၊၊ အသောကမင်းကြီး (ခရစ်မပေါ်မှီ ၂၇၂-၂၃၂) ကလည်း၊ သူ့သာသနာပြုအဖွဲ့ကို အီဂျစ်ကတော်လမီဘုရင်၊ မက်ဆီဒိုးနီးယား က အန်တီဂေါနပ်စ် တို့ဆီကိုတောင် လွှတ်သေးတာပဲ မြန်မာနိုင်ငံတော့ မေ့ရစ်မှာ မဟုတ်ဘူးဆိုပြီး ၊ တို့ဆီကို လည်းရှင်သောဏ နဲု့ ရှင်ဥတ္တရတို့ကြွလာပါတယ်တို့၊ ဇွတ်ဖြည့်ပြောကြတယ်၊၊ ဒီမှာလည်း လူခြောက်သောင်း အကျွတ်တရားရကြတယ်လို့ ပြောကြတယ်၊၊ သမင်မက လူမိန်းကလေးမွေးတာ၊ အလံဗုသဇာတ် (၅၂၃)နဲ့ နာလိနိက (၅၂၆)မှာ တွေ့နိုင်တယ်၊၊ နေနတ်သားနဲ့နဂါးမနဲ့ရတဲ့အခါ နတ်ကပြား၊မြွေကပြားပဲဖြစ်ဖို့ရှိတယ်၊၊ လူဖြစ်ပေါ့မလားလို့ မေးသူပေါ်လာပါတယ်၊၊ ရိုးရိုးပြောတော့ မေးမိတဲ့လူက ကြောက်ကြောက်ရွှံရွှံနဲ့ မေးတာပါ၊၊ “ဘာကွ” လို့ငေါက်လိုက်ရင် ထပ်မေးရဲမယ်မထင်ဘူးဗျ၊၊ ဒွတ္တဘောင် ဇာတ်လမ်းကလည်း အတူတူပဲ၊၊ ဘာတစ်ခုမျှ သမိုင်းမှန်ရဲ့လားလို့ အစစ်မခံရဲပါ၊၊ ” စောထီး” ဆိုတဲ့ဝေါဟာရလိုပဲ ၊ “တ္ဒ”ဆိုတဲ့ ဝေါဟာရက “မင်းကြီး”လို့ အဓိပ္ပာယ်ရှိလို့ ရာထူးအမည်ဖြစ်တယ်၊ လူအမည်မဟုတ်ပါ၊၊ ဆိုလိုတာက မြန်မာခေတ်ဦး သမိုင်းဟာ ပုံပြင်နဲ့စထားတယ်၊၊ ပုံပြင်ဟာ သမိုင်းမဟုတ်ဘူးလို့အများသိကြပါတယ်၊၊၊

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: