လူရည်ချွန် ဘက်စုံထူးချွန် စီမံကိန်း

Dr Daw Tint Tint Kyi

လူရည်ချွန်အဖွဲ့ မှ လက်ရှိဘက်စုံထူးချွန် စီမံကိန်းအပေါ် ပါဝင်ထောက်ကူပြုနိုင်ရေး အစီအစဉ်

‘လူရည်ချွန်’ ဟူသောဝေါဟာရ ကို ပညာရေးဌာ နတွဲဖက် အတွင်းဝန်ဒုတိယဗိုလ်မှူးကြီး ရဲထွန်းက ဥက္ကဌ၊ အတွင်းဝန်ကလေး ဦးသောင်းထွဋ် က ဆော်သြသူအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ ဝင် (၁၁) ဦးပါဝင် သည့်‘ပညာရေး လက်တွေ့ ဖွံဖြိုးမှုလုပ်ငန်းများ ညွှန်ကြားရေးအဖွဲ့ ငယ်’ က ဆွေးနွေး ညှိနှိုင်းကာ ရွေးချယ်သတ်မှတ် ခဲ့ခြင်းဖြစ်သည် ဟူ၍ ‘မြန်မာ့ပညာရေး ရှုခင်း’ စာအုပ်တွင် ပါမောက္ခချုပ်(ငြိမ်း) ဆရာကြီးဦးသောင်းထွဋ် က ရေးသားထားပါသည်။

၁၉၆၄ ခုနှစ် လူရည်ချွန်စီမံကိန်း စတင်သည့်နှစ် က စီမံကိန်းစာအုပ်ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားပြီးပါဝင်အကောင်အထည်ဖော်သူများကို တွေ့ မြင်ရပါသည်။ ကျောင်းသူနှစ်ဦးမှ ရန်ကုန်မြို့  ကြည့်မြင်တိုင်မိန်းခလေး အထကမှ
မခင်ထွေးကြည် နှင့် ရှမ်းပြည်နယ် အထက လားရှိုးမြို့ မှ ဖလော်ရီစာလိန္ဒ ( Florile Sailida ) ( ရှမ်းလူမျိုး၊ ဆရာဒေါက်တာ စိုင်းခမ်းလိတ် ၏ နှမ ဝမ်းကွဲ ) လူရည်ချွန် ကျောင်းသူနှစ်ဦးဖြစ်ကြောင်း(၃)ထပ်ကွမ်းလူရည်ချွန် ဒေါက်တာဒေါ်နွဲ့ နွဲ့ တင်မှပြောပြခဲ့ပါသည်။

 

လူရည်ချွန် စခန်းများတွင် လူငယ်များကို ကွင်းဆင်းလေ့လာစေသည်။ ထို့ နောက် စာတွေ့ ပို့ ချဆွေးနွေးသည်။ ထို့ ပြင် အားကစား၊ အနုပညာ အရည်အသွေး များ ပေါ်ထွက်အောင် ဆောင်ရွက်စေသည်။ ပါတ်ဝန်းကျင်မှ လူအများနှင့်အတူနေထိုင်တတ်စေသည်။
ဘာသာရပ်ဆိုင်ရာများကို ပါမောက္ခကြီးများကိုယ်တိုင် ဆွေးနွေးပေးသည်။ ထူးချွန်သူမောင်မယ်များကို အခြေခံပညာ အလွန်ဘာသာရပ်
များအကြောင်းနားလည် နိုင်အောင်ရှင်းပြရင်းအဆင့်မြင့်ဆီသို့ ဆွဲခေါ်သွားပြီးထိတွေ့ စေသည်။ သူတို့ လိုက်နိုင် လက်ခံကြောင်းသိလာရသည်။

လူရည်ချွန်စီမံကိန်းကို တော်လှန်ရေးကောင်စီလက်ထက် (၁၉၆၄) ခုနှစ်မှ စတင်ခဲ့ပါသည်။
၁၉၆၄ ခုနှစ်စတင်စဉ်က တော်လှန်ရေး ကောင်စီ ၏ ပညာရေးတာဝန်ခံ လက်အောက်ရှိ လူငယ်ရေးရာဌာန ခွဲ မှတာဝန်ယူ
ဆောင်ရွက်ခဲ့ပြီး (၁၀)ကြိမ်မြောက်လူရည်ချွန်စီမံကိန်း(၁၉၇၃) ခုနှစ်မှစတင်ကာ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကျောင်းသားရေးရာဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ
ပေါ်ပေါက်လာသည့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် အစိုးရ လက်ထက်တွင် ဆက်လက် ဆောင်ရွက်ခဲ့ပြီး
(၁၉၈၈) ခုနှစ်အထိ (၂၅) ကြိမ်တိုင်အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ လူရည်ချွန်စီမံကိန်းဗဟိုကော်မတီကိုဖွဲ့ စည်းကာ ဆောင်ရွက်ခဲ့သည်။

လူရည်ချွန်စီမံကိန်းဗဟိုကော်မတီတွင် ပညာရေးဝန်ကြီးမှ နာယက၊ ဒုဝန်ကြီးမှ ဥက္ကဋ္ဌဖြစ်ကာ ကျန်ဝန်ကြီးဌာနများကုန်သွယ်ရေး၊ကျန်းမာရေး၊ လယ်ယာသစ်တော၊ ပို့ ဆောင်ဆက်သွယ်၊ ပြန်ကြားရေး၊ ဒုဝန်ကြီးများမှ အဖွဲ့ ဝင်ဖြစ်သည်။ စခန်းဖွင့်
ပွဲများကိုထိုဒုဝန်ကြီးများမှဖွင့်ပေးပြီး ရန်ကုန်စခန်းကိုမူ ပညာရေးဝန်ကြီးအမှာစကားပြောဖွင့်သည်။ ဝန်ကြီးမိန့် ခွန်းဆွေးနွေးခြင်း
သည်ပင် လူရည်ချွန်များ၏လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ဗဟိုကော်မတီတွင် ၁၉၇၇ ခုနှစ်၌ ၂၈ ဦးရှိပြီး ၊ ညွှန်ချုပ်များ( အခြေခံ၊ အထက်တန်း၊ စက်စိုက်သက်၊ ဆေးပညာ၊ အား/ကာ ) တို ပါဝင်သည်။ လမ်းစဉ်လူငယ်ဗဟိုကော်မတီဝင် ၃ဦးပါဝင်ပြီး၊ ၁၉၈၃ခုနှစ်မှ
စတင်ကာ လမ်းစဉ်လူငယ်အဖွဲ့ မှ ပါဝင်ခြင်းမရှိတော့ပါ။
လူရည်ချွန်စခန်း များကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့စဉ် အစိုးရဘဏ္ဍာရေး အသုံးစရိတ်ကို ပညာသင်ဆုများဖျက်သိမ်း လိုက်သဖြင့်
ပိုထွက်လာသော ဘတ်ဂျက်ငွေဖြင့် စတင်ခဲ့ကြောင်း ဆရာကြီး ဦးသန်း ဦးမှ ပြောကြားခဲ့ဘူးပါသည်။
ငယ်စဉ်က ကျောင်းသားဘဝ အရွယ်တွင် ထူးချွန်သူ အချင်းချင်းတရားမျှတစွာ ယှဉ်ပြိုင်ခြင်းမှ ပေါ်ထွက်လာသည့် အတန်းလိုက်၊ ဒေသ
လိုက် ကျောင်းသားကို နိုင်ငံတော်အဆင့်အနေနှင့် နွေရာသီလူငယ်စခန်းသို့ စေလွှတ်စေသည့်အစီအစဉ်ဖြစ်သည်။
ဆုရသည့်ကျောင်းသားများသည် ထိုခေတ် က အစစအရာရာ ရှားပါးချွေတာရချိန်တွင် ဌာန ဆိုင်ရာများ ၏ပံ့ပိုးကူညီမှုများဖြင့် သာမန်လူငယ်တို့ လေ့လာခွင့် မရနိုင်သည့်ဒေသများသို့ ရောက်ရှိထိတွေ့ ခွင့်ရခဲ့ကြပါသည်။

၁၉၆၄ ခုနှစ် လူရည်ချွန်များကိုစတင်ရွေးချယ်ပြီးနောက် ၁၉၆၅ နှင့် ၁၉၆၆ (၃)နှစ်ဆက်တိုက်ရွေးချယ်ခြင်းခံရသည့်
ပထမဆုံးသောသုံးထပ်ကွမ်းလူရည်ချွန်များဖြစ်ပါသည်။

စခန်း ၏ ဖွဲ့ စည်းပုံဇယားတွင် စခန်းမှူး ကျောင်းအုပ်ဆရာကြီးတစ်ဦးမှ တာဝန် ခံအုပ်ချုပ်ပြီး စခန်းလုပ်ငန်း စီစဉ်ရေး နှင့်လေ့ကျင့်ရေး၊
ပြန်ကြားရေး( သတင်းစဉ် နှင့် ဓါတ်ပုံ) ၊ဖျော်ဖြေရေး အဖွဲ့ ၊ ရုပ်ရှင် ၊ လုံခြုံရေး၊ သယ်ယူပို့ ဆောင်နေရာချထားရေး၊ အခန်းအနားပြင်ဆင်ရေး၊ ကျန်းမာသန့် ရှင်းရေး ၊ စခန်းရုံးအဖွဲ့  နှင့် ဘဏ္ဍာရေး ၊ ရိက္ခာ နှင့် ကျွေးမွေး ချက်ပြုတ်အဖွဲ့ ၊စသည့် အင်အားများဖြည့်တင်းထားပြီး လူရည်ချွန်များစခန်းဝင်ရာတွင်အဆင်ပြေအောင်စီစဉ်ထားရှိပါသည်။
၁၉၆၄ မှ ၁၉၈၈ ခုနှစ် အထိ လူရည်ချွန် စုစုပေါင်းမှာ ကျား ၅၀၂၇ ၊ မ ၂၈၈၁ ၊ပေါင်း ၇၉၀၈ ဖြစ်သည်။

ထို့ အထဲတွင်
၇ ထပ်ကွမ်း ၂
၆ ထပ်ကွမ်း ၁၉
၅ ထပ်ကွမ်း ၄၃
၎ ထပ်ကွမ်း ၂၃၇
၃ ထပ်ကွမ်း ၆၂၃
၂ ထပ်ကွမ်း ၁၃၉၃
ထပ်ကွမ်းမရ လူရည်ချွန် ၅၅၉၁
ထပ်ကွမ်းလူရည်ချွန် ဆိုသည်မှာ လူရည်ချွန် ဆုကို ရရှိရာတွင် တကြိမ်ထက်ပိုရပြီး နှစ်အားဖြင့်ဆက်တိုက်ရ
ခြင်းကိုဆိုပါသည်။ နှစ်ကျော်ရရှိသူများကို မဆိုလိုပါ။ ယခင်နှစ်များက မည်မျှပင် ရရှိခဲ့သော်လည်း
တနှစ်ခြားသွားလျှင် ထပ်ကွမ်းလူရည်ချွန်မဖြစ်နိုင်ပါ။ နှစ်ထပ်ကွမ်းလူရည်ချွန်ရဃပြီးသူသည် တတိယနှစ်မရရှိဘဲ စတုတ္ထနှစ် လူရည်ချွန် ထပ်မံရရှိလျှင် သုံးထပ်ကွမ်းလူရည်ချွန်မဟုတ်သဖြင့် နောက်ဆုံးရရှိသည့် လူရည်ချွန် ဆုတံဆိပ် တခုတည်းကိုသာ တပ်ဆင်ရပါမည်။
ဥပမာ- မောင်အောင်ဇော်မျိုးသည် ၁၉၈၂ ခုနှစ် သတ္တမတန်း ချောင်းဆုံအထက မှ စတင်လူရည်ချွန်ရရှိခဲ့ရာ ၁၉၈၂၊၁၉၈၃၊၁၉၈၄၊၁၉၈၅၊၁၉၈၆၊၁၉၈၇၊၁၉၈၈ ခုနှစ်များတွင် (၇) နှစ်ဆက်တိုက်
လူရည်ချွန် ရရှိခဲ့သည့်အတွက် (၇) ထပ်ကွမ်းလူရည်ချွန်အဖြစ်သတ်မှတ်သည်။
ခြွင်းချက်ရှိပါသည်။
အချို့ ထပ်ကွမ်းလူရည်ချွန်များမှာ ခုနှစ်အားဖြင့်ဆက်တိုက်မဟုတ်သော်လည်း ထပ်ကွမ်းလူရည်ချွန် အဖြစ်သတ်မှတ်သည်။ အကြောင်းမှာ သူတို့ ၏ ပညာရေးနှစ်များမှာ နိုင်ငံတော်အစိုးရ မှ တရားဝင်ပိတ်ထားခြင်းကြောင့်ဖြစ်
သည်။ ဥပမာ မတင်မေသန်းသည် ၁၉၇၆ ခုနှစ်၊ အဋ္ဌမတန်း အထက လပွတ္တာ မှ လူရည်ချွန် ရွေးချယ်ခံခဲ့ရသည်။ ၁၉၇၇၊၁၉၇၈၊၁၉၇၉၊၁၉၈၀၊ ၁၉၈၂ စသည်နှစ်များတွင် လည်းဆက်တိုက်ရွေးချယ်ခံခဲ့ရသည်။ ခြားသွားသော ၁၉၈၁ ခုနှစ်မှာ နိုင်ငံတော်မှ တရားဝင် ကျောင်းပိတ်ထားသော ပညာသင်နှစ်များကြောင့်ဖြစ်၏။
ထို့ ကြောင့် ထိုသူတို့ ကို နှစ်ခြားသော်လည်း ထပ်ကွမ်းအဖြစ်သတ်မှတ်သည်။ ထို ကဲ့သို့ သော လူရည်ချွန်ထပ်ကွမ်းများမှာ
မောင်ခင်မောင်လွင် -(၆) ထပ်ကွမ်း ၁၉၇၃၊၁၉၇၄၊၁၉၇၅၊၁၉၇၆၊၁၉၇၈၊၁၉၈၀ ( ရှင်းလင်းချက်- ၁၉၇၇ ခုနှစ်တွင်ဒေသကောလိပ်ပထမနှစ် တက်ရန်ဖြစ်သော်လည်း လူရည်ချွန်ရွေးချယ်နိုင်ရန်ဧပြီလမတိုင်မှီကျောင်းဖွင့်လှစ်မှုမရှိသောကြောင့်လူရည်ချွန်ရွေးချယ်ရန်မဖြစ်နိုင်ခဲ့ပါ။ အလားတူထို ၁၉၇၆ ခုနှစ် အခြေခံပညာအထက်တန်းအောင်ကျောင်းသားများအနေနှင့် ၁၉၇၉ ခုနှစ်တွင်လည်းမေလမှသာပညာသင်နှစ်ဖွင့်လှစ်ခဲ့ခြင်းကြောင့်လူရည်ချွန်စာမေးပွဲနှင့်ဝေးခဲ့ရပြန်သည်။ သို့ သော်သူတို့ သည် လူရည်ချွန် မရသူများမဟုတ်။ ထို့ ကြောင့် သူတို့ ၁၉၈၀ ခုနှစ်တွင် ရသောအခါ ၁၉၇၈ ခုနှစ်ရသည် နှင့်ဆက်
တိုက်နှစ်အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုခဲ့သောကြောင့်သူတို့ ကို ထပ်ကွမ်းအဖြစ်သတ်မှတ်ခဲ့သည်။
စခန်းလမ်းညွန်စာအုပ်တွင် ၁၉၈၀ ခုနှစ်စာအုပ်တွင်မောင်ခင်မောင်လွင်ကို (၆) ထပ်ကွမ်းအဖြစ်သတ်မှတ်ခြင်းမရှိနိုင်သေးပါ။ နောင် အစည်းအဝေး ဆုံးဖြတ်ချက်များအရ (၆) ထပ်ကွမ်းအဖြစ်သတ်မှတ်ခဲ့သည်။
ယခင် နှစ်များကလည်း အလားတူသတ်မှတ်ပေးခဲ့ရသည်များရှိသည်။
ဥပမာ၁၉၇၆ ခုနှစ်တွင် မမြတ်မွန်လူရည်ချွန်ရသောအခါ သူမ ကျောင်းပိတ်စဉ်ရွေးချယ်သည့် နှစ်ကာလ
များတွင် မရရှိခြင်းကို ခြွင်းချက်အဖြစ် အသိအမှတ်ပြုကာ ၊ ၁၉၇၄ ခုနှစ်က ဒသမတန်းတွင် လူရည်ချွန်ပထမဆုံးအကြိမ်ရခြင်း ကို ဆက်တိုက်မှတ်ယူလျှက် အသိအမှတ်ပြုသည်။ မမြတ်မွန်သည် ၁၉၇၄၊၁၉၇၆၊
၁၉၇၇၊၁၉၇၈ ၄ ထပ်ကွမ်းလူရည်ချွန်ဖြစ်သည်။
ကျောင်းသားလှုပ်ရှားမှုများကြောင့်လူရည်ချွန်များ၏ စာသင်နှစ်များကို စီမံကိန်းအရ မရွေးချယ်မှီ ဖွင့်ရန် နောက်ကျခဲ့သည့်အတွက် ထို ပညာရေးနှစ်များကို ချပ်လှပ်ပြီးဆက်တိုက်အနေ နှင့်ရေတွက်ခြင်းဖြစ်သည်။

၁၉၆၄ မှ ၁၉၈၈ ခုနှစ် (၂၅) ကြိမ် အထိ နှစ်စဉ် လူရည်ချွန်ပေါင်း (၃၀၀) ခန့် ကို (၂၅) နှစ်အတွင်းရွေးချယ်ခဲ့ရာ အတန်းစဉ်အလိုက်ကျောင်းသိပ္ပံတက္ကသိုလ် အလိုက် ရွေးချယ်မှုကိုလေ့လာကြည့်ရန် ကျောင်းသားရေးရာဋ္ဌာန မှ ဆရာဦးညွန့် မောင်
ကိုယ်တိုင်ကြီးကြပ်ကာ အောက်ပါအတိုင်းစာရင်းပြုစုထားခဲ့ပါသည်။
စဉ် ကျောင်း သိပ္ပံ တက္ကသိုလ် ကျား မ ပေါင်း
၁ သတ္တမတန်း ၆၉၁ ၆၃၇ ၁၃၂၈
၂ အဋ္ဌမတန်း ၇၂၉ ၅၈၇ ၁၃၁၆
၃ နဝမတန်း ၈၆၈ ၄၈၇ ၁၃၅၅
၎ ဒသမတန်း ၈၈၉ ၃၉၆ ၁၂၅၈
၅ သချာင်္ရည်ချွန် ၆၈ ၁၆ ၈၄
၆ စက်မှုအထက်တန်းကျောင်း ၁၀၁ – ၁၀၁
၇ စက်မှုသိပ္ပံ ၃၀၃ ၁၈ ၃၂၁
၈ စိုက်ပျိုးရေး အထက်တန်းကျောင်း ၆၆ ၇ ၇၃
၉ စိုက်ပျိုးရေးသိပ္ပံ ၁၄၃ ၁၀ ၁၅၃
၁၀ ဆရာအတတ်သင်ကျောင်း ၈၀ ၇၀ ၁၅၀
၁၁ ဆရာအတတ်သင်သိပ္ပံ ၂၆ ၃၆ ၆၂
၁၂ တက္ကသိုလ်ကောလိပ်။ ဒေသကောလိပ်များ ၁၀၂၅ ၆၀၂ ၁၆၂၇
၁၃ ရွာသစ်ကြီးတိုင်းရင်းသားဖွံဖြိုးရေးသိပ္ပံ ၃၈ ၁၃ ၅၁

ပေါင်း ကျား ၅၀၂၇ မ ၂၈၈၁ ၇၉၀၈
( မှတ်ချက် အကြိမ် ထပ်ကွမ်းများ မနှုတ်ရသေး)

လူရည်ချွန် တံဆိပ်
ငွေရောင်ငါးထောင့်ကြယ်တွင် စပါးနှံ နှစ်ခက်ဝန်းရံထားသည့် ရွှေရောင်ပြာပါရှိသည်။ ယင်း ရွှေရောင်ပြား၏
အလယ်တွင် ခွေသွားစိတ် (၁၂) ခုပါသည့် စက်သွားစိတ် (ပင်နီယံ) ရှိသည်။ စက်သွားစိတ်(၁၂) ခုသည်
ရှေ့ ဆောင်လူငယ် ကျင့်ဝတ် (၁၂)ပါးကို သရုပ်ဖေါ်ပြသည်။ ( ထို စာသားကို ၁၉၇၃) ခုနှစ်မှစ၍မတွေ့ ရတော့ပါ။ လမ်းစဉ်လူငယ်အဖွဲ့ ပေါ်ပေါက်လာသောကြောင့်ဖြစ်သည်။ ရွှေရောင်ပြား၏အပေါ်ထိပ်တွင်
လူရည်ချွန်ဟူသောစာတန်းနှင့်စက်သွားစိတ်၏အလယ်တွင် ခုနှစ်သက္ကရာဇ်ကို ရေးထားသည်။

ကြယ်
တော်လှန်ရေး အလံ၏ အထိမ်းအမှတ်သဘော၊ နိုင်ငံ၏ချီးမြှင့်မော်ကွန်းတင်သည့်သဘော၊ ခရီးလမ်းကို မရပ်
မနားသွားတတ်းခြင်း၊ သွားမြဲ ခရီးကိုမစွန့် လွှတ်တတ်ခြင်း၊ အဖန်းတလဲလဲရှေ့ သို့ တက်နေခြင်း၊ ခရီးသည်တို့ ၏လမ်း ညွှန်ဖြစ်ခြင်း၊ ကိုယ်ပိုင်အလင်းရောင်ဖြင့်ထွန်းလင်းခြင်းစသောသဘောရှိသည်။
ငွေသားဖြင့်ပြုလုပ်ထားသည့်ကြယ်မှာ ဖြူစင်ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း၊ တည်ကြည်ခြင်း အဓိပ္ပါယ်ဆောင်
သည်။

စပါးနှံ
ပြည်ထောင်စု တခုလုံး၏ အားထားရာ အသက်သွေးခဲအဖြစ်သရုပ်ဖေါ်ပြသည်။ လယ်ယာလုပ်ငန်းကိုအဓိက
အားထားနေသည့်တိုင်းပြည်နှင့်လယ်သမား တို့ ၏ ဘဝတိုးတက် ဖွံ့ ဖြိုးမှု ကို ရှေး ရှုလုပ်ဆောင်ကြမည်ဟူ
သော ရည်ရွယ်ချက်ရှိသည်။

စက်သွားစိတ်
စက်မှုလက်မှုလုပ်ငန်းကိုသရုပ်ဖေါ်ပြသည်။ တိုင်းပြည်အားစက်မှုလက်မှုနိုင်ငံတော်အဖြစ်သို့ ရောက်ရှိရေးကို
ရှေးရှုလုပ်ဆောင်ကြမည်ဟူသော ရည်ရွယ်ချက်ရှိသည်။ ရွှေရောင်ပြားသည် အဘိုးတန်ခြင်း၊ မှေးမှိန်မှုမရှိခြင်း၊
အကြောင်းကိုဖေါ်ပြသည်။
စခန်းတွင်းလှုပ်ရှားမှုများမှာ
တပ်ပုံဖွဲ့ စည်းမှုရှိပြီး ကျောင်းသားကျောင်းသူများကိုအဖွဲ့ ခေါင်းဆောင်များအဖြစ်တာဝန်ပေးထားသည်။ ဌာနမှ ကြိုတင်ရွေးချယ်ခြင်း
ဖြစ်ပြီး အကြိမ်များ၊ထပ်ကွမ်းအများဆုံးရသူ၊ ဦးဆောင်နိုင်စွမ်းရှိသူများကိုတာဝန်ပေးလေ့ရှိသည်။
တာဝန်ကျ တပ်စိတ်အလိုက် အလံတင်အလံချ၊ စခန်းတွင်းလှုပ်ရှားမှုများတွင်တာဝန်ယူရသည်။ ဥပမာ ထမင်းစားချိန်တွင် ရိက္ခာဖြန့် ဖြူး
သည့်တာဝန် စသည်အားဖြင့်တာဝန်များခွဲဝေယူရသည်။ တာဝန်လက်ပါတ်ကို တနေကုန် လက်မောင်းတွင်ဝတ်ဆင်ထားရသည်။
စခန်း တွင်နေ့ စဉ်လှုပ်ရှားမှုများကိုနံက် (၆) နာရီတွင်အိပ်ယာထ၊ (၇) နာရီ ကာယလေ့ကျင့်ခဏ်းလုပ်၊ ၇း၄၅ မှ ၈း၁၅ နာရီ လ္ဘက်ရည်သောက်၊ ၁၁၃၀ တွင် နံက်စာစား၊ ၁၅း၀၀ နာရီတွင် နေ့ လည်လဘက်ရည်သောက်၊ ၁၇း၀၀ မှ ၁၉း၀၀ နာရီညနေစာစားအနားယူ ခြင်း ဖြင့်လှုပ်ရှားသွားသည်။
နံက်ခင်း ၈း၃၀ မှ၁၁၃၀ နာရီအထိ လုပ်ငန်းများမှာ ငပလီ၊ အင်းလေး၊ နယ်လှည့်စခန်းများအလိုက်အနည်းငယ်ကွဲပြားသော်
လည်း၊ စခန်းဖွင့်ပွဲအပြီးတွင် ဟောပြောပွဲလုပ်လေ့ရှိသည်မှာ လူရည်ချွန်များခံယူအပ်သည့်သဘောထားကိုစခန်းမှူးမှတာဝန်
ယူဟောပြောခြင်းဖြစ်သည်။ ငပလီစခန်းတွင် အဏ္ဏဝါဗေဒ အကြောင်း သဲသောင်ပြင်ထွက်ကာ မလေ့လာမှီ ဟောပြောပို့ ချခြင်း
ကို မော်လမြိုင်ကောလိပ်မှ ဌာနမှူးကိုယ်တိုင်လာရောက်ဟောပြောခဲ့သည်။ ပါတီညီလာခံမှပညာရေးမူဝါဒများအကြောင်း၊
လမ်းစဉ်လူငယ်အကြောင်း၊ အစိုးရ၏ ဖွံဖြိုးရေးစီမံကိန်းများအကြောင်း၊ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းကြောင်း စသည်အားဖြင့်
ဟောပြောခဲ့သည်များရှိသည်။
ထူးခြားသောလှုပ်ရှားမှုများမှာ၊ တပ်စိတ်လိုက်ယှဉ်ပြိုင်ဖြေဆိုရသော ဥာဏ်စမ်းပြိုင်ပွဲများဖြစ်ပြီး၊ ဆရာဦးသောင်းထွဋ်မှ မေးခွန်းများ
စီစဉ်ထားသည်။ စုဆောင်းထားသော ဥာဏ်စမ်းမေးခွန်းပုံစံများကို ပူးတွဲတင်ပြပါသည်။
လက်ဆောင်လဲလှယ်ပွဲ ၊ စခန်းသိမ်း အက၊ အဆိုများကို အဖွဲ့ လိုက်ဆိုကြ ကကြ နှင့်မနားရအောင်လှုပ်ရှားရသည်။
ညပိုင်းတွင် ဖျော်ဖြေရေး ရုပ်ရှင်ပြရန် ဗဟိုရုပ်ရှင်ကားများ ပြသည်။ နယ်လှည့်စခန်းမှ မှတ်တမ်းတင်ကားများကို ကြည့်ရှုရသည့်အပြင်
စကားပြောသောအသည်းနှလုံး၊ နိုင်ငံခြားကားများစသည်တို့ ကိုပိတ်ကားထိုးပြခဲ့ရာနယ်မြေခံလူထု ပါကြည့်ရှုခွင့်ရသည်။
သင်္ကြန်ရေကစားခြင်းကို ၁၉၇၄ ခုနှစ်ခန့် အထိ ဆောင်ရွက်နိုင်ခဲ့ပြီး၁၉၇၅ မှ စတင်ကာ သင်္ကြန်အပြီးမှသာလျှင်လူရည်ချွန်စခန်းများ
စတင်ခဲ့သည်။ စီမံကိန်းဝင်လူငယ်ထုတွေ့ ဆုံပွဲ ကို ၁၉၇၄ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ လူရည်ချွန်များ၊ လမ်းစဉ်လူငယ်သင်တန်းများမှ သင်တန်းသားများ၊ စံပြကြက်ခြေနီများ၊ ရေကြောင်းလေကြောင်း၊ ဘင်ခရာစသည်သင်တန်းသားများ စုဝေးသောအစီအစဉ်တစ်ခုဖြစ်သည်။
လူရည်ချွန် စခန်းအစောပိုင်းကာလ များတွင် ၊ လူငယ်စခန်းမှ အနီးရှိ မိဘပြည်သူများ အိမ်တွင် တရက်တာသွားရောက်ရောက်နေထိုင်
ကာ သူတို့ နေထိုင်သည့်ဘဝဓလေ့အတိုင်း လုပ်ငန်းများကို ကူညီလုပ်ကိုင်ပေးသည့် ပြည်သူ့ ဘဝ အတူနေပြီးလေ့လာသည့် အစီအစဉ်
များလည်းရှိခဲ့ဘူးကြောင်းသိရှိရပါသည်။ ခရီးကြမ်းစခန်းချ၊ လမ်းညွှန် အိမ်မြှောင်သုံး ကာ လမ်းရှာ သွားရသည့်တောစခန်းချ အစီအစဉ်
များလည်း ရှိခဲ့ဘူးသော်လည်း နောက်ပိုင်းတွင် မရှိတော့ပါ။
အင်းလေးစခန်းတွင် နေထိုင်လျှက် တောင်ကြီးမြို့ ၊ လွိုင်ကော်မြို့ ၊ ပင်းဒယ၊ ညောင်ရွှေ၊ ဗထူး တပ်မြို့ စသည့်မြို့ များသို့ လေ့လာရေး ခရီး
များညအိပ်ထွက်ကြရပါသည်။
ငပလီ ခရီးတွင်လည်း လေယာဉ်ပျံ၊ ပင်လယ်ကူးသဘောင်္ နှင့် ကူးသည်များအပြင် ၊ ပန်းတောင်းတောင်ကုတ်လမ်းမှ ဟီးနိုးကားကြီးများ
စီးကာ သွားခဲ့ကြသည်။
၁၉၇၀ ခုနှစ်တွင် ရွာသစ်ကြီးစခန်း ဖွင့်ကာ မေမြို့ ၊ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး လေ့လာရေး ခရီးထွက်ခြင်း၊ ပွေးကောက်လူရည်ချွန်စခန်း
ဖွင့်ခြင်း၊ ၁၉၇၄ ခုနှစ်မှစတင်ကာ သုံးကြိမ် နှင့်အထက်လူရည်ချွန်များအတွက် နယ်လှည့်လူရည်ချွန်စခန်းများဖွင့်ရာ မန်းဒဂုံ၊ မြစ်မင်းဧရာ၊
မွန်ဒဂုံ၊ မောင်းမကန်စက်စဲ၊ ပုပ္ပါးစသည်အားဖြင့် ဖွင့်လှစ်ခဲ့ပါသည်။

လူရည်ချွန်စခန်းများသည် ငယ်ရွယ်သေးသော ကျောင်းသားကျောင်းသူများကိုမိမိကိုယ်ကိုအားကိုးတတ်စေရန်၊ အများနှင့်အတူတွဲ
အကောင်းဆုံးဆောင်ရွက်တတ်စေရန်၊ ဥာဏ်စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ အဖွဲ့ လိုက်ယှဉ်ပြိုင်စေ
ခဲ့သည်။ ၁၉၇၈ ခုနှစ်မြစ်မင်းဧရာ သုံးကြိမ်နှင့်အထက်စခန်းတွင် ဘက်စုံပြိုင်ပွဲ ပြုလုပ်ရာအားကစားပြိုင်ပွဲ အကအဆိုပြိုင်ပွဲ ၊ အိမ်
တွင်းမှု အချုပ်အလုပ်ပြိုင်ပွဲ အမျိုးသားအမျိုးသမီးများအားလုံးတပ်စိတ်လိုက် ပြိုင်ရသော သစ်စေ့ အဆန်၊ အရွက် အသီးစသည်တို့ ကို
နာမည်တတ်ရသော ဥာဏ်စမ်းများကိုဖြေဆိုယှဉ်ပြိုင်ခဲ့ရသည်။
ပြိုင်ပွဲ အနေဖြင့် မဟုတ်သည့်တိုင် စခန်းသိမ်းပွဲ တွင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့ လိုက်ဖြစ်စေ တပင်တိုင်၊ ယိမ်းစသည်အားဖြင့် အကတိုက်
ဆင်နွှဲကြသည်။ အငြိမ့်က ကာ လူရွှင်တော်များဖြင့် မင်းသမီးများ ကခဲ့ကြသည်။ အနုအရည်အသွေးများကိုလည်း ပြသခဲ့ကြသည်။

နောင်တွင် လူရည်ချွန် ရပြီးသူများထဲမှ ကျောင်းသားခေါင်းဆောင်အချို့ သည် ကျောင်းသားအရေးအခင်းများတွင် ပါဝင်ပြီး ထိုစဉ်က အ
စိုးရမှ ကျောင်းထုတ်၊ အရေးယူအပြစ်ပေး၊ ထောင်ချစသည်အားဖြင့် ပြစ်ဒဏ် ခံခဲ့ရသူအချို့ လည်းရှိခဲ့သည်။ ( ၁၉၇၄ မှ ၁၉၇၆ ) အထိ။

၂။ လမ်းစဉ်လူငယ်အဖွဲ့ အကြောင်း
၁၉၇၁ ခုနှစ် သြဂုတ်လ (၄) ရက်နေ့ မှ စတင်ကာ လမ်းစဉ်လူငယ်အဖွဲ့ ကို ဖွဲ့ စည်းကာ နိုင်ငံတစ်ဝှမ်းရှိလူငယ်များကို နွေရာသီတွင် လှုပ်ရှားမှု မျိုးစုံဆောင်ရွက်စေခဲ့သည်။
ပထမအကြိမ် လမ်းစဉ်လူငယ်နှီးနှောဖလှယ်ပွဲ ကို ၁၉၇၃ ခုနှစ်အောက်တိုဘာ (၂၈) ရက်နေ့ မှ (၃၁) ရက်နေ့ အထိကျင်းပခဲ့သည်။
ကိုယ်စားလှယ်ပေါင်း (၁၂၉၃) ဦးတက်ရောက်သည်။
ဒုတိယအကြိမ် လမ်းစဉ်လူငယ်နှီးနှောဖလှယ်ပွဲကို ၁၉၇၈ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့ မှ စတင်ကျင်းပသည်။
တတိယအကြိမ် လမ်းစဉ်လူငယ်နှီးနှောဖလှယ်ပွဲကို ၁၉၈၆ ခုနှစ် ဧပြီလ ၂၈ မှ ၃၀ ရက်နေ့ အထိကျင်းပသည်။ ( လူရည်ချွန်စခန်း
လမ်းညွန် ၁၉၈၆)
လမ်းစဉ်လူငယ်ခေါင်းဆောင်သင်တန်းများကို (၁၉၇၃)ခုနှစ်မှစတင်ဖွင့်လှစ်သည်။

ခုနှစ် သင်တန်းသားအရေအတွက်
၁၉၇၃ ၇၉၄
၁၉၇၄ ၈၉၇
၁၉၇၅ ၁၁၈၉
၁၉၇၆ ၁၄၄၇
၁၉၇၇ ၁၃၇၉
၁၉၇၈ ၂၂၉၅
၁၉၇၉ ၁၅၉၅
၁၉၈၀ ၁၄၀၀
ပေါင်း ၁၀၉၉၆

၁၉၈၀ ခုနှစ်တွင် ပြည်နယ်တိုင်း (၁၄) ခုရှိမြို့ နယ် ၂၉၁ မြို့ နယ်မှ ၈၀၀ နှင့် တက္ကသိုလ်ကောလိပ်သိပ္ပံဒေသကောလိပ် (၃၉) ခုမှ
ကျောင်းသားကျောင်းသူ ၆၀၀ ဦး သင်တန်းတက်ရောက်ခဲ့သည်။ လမ်းစဉ်လူငယ်ခေါင်းဆောင်သင်တန်းအမှတ်စဉ် (၁၅ နှင့် ၁၆) ဖြစ်သည်။
၃။ စီမံကိန်းဝင်လူငယ်များတွေ့ ဆုံပွဲ

လမ်းစဉ်လူငယ်ခေါင်းဆောင်သင်တန်း၊ ဘင်ခရာ၊ ရေကြောင်း၊ လေကြောင်းသင်တန်းများ၊ လူငယ်လုပ်အားပေး စခန်းများ၊ စံပြကြက်ခြေ
နီစခန်းများ စသည်အားဖြင့် လူငယ်များ ဖွံဖြိုးမှု ၊ လှုပ်ရှားမှု များပြုလုပ်ခဲ့ရာမှ စီမံကိန်းဝင်လူငယ်တွေ့ ဆုံပွဲ ကို ၁၉၇၄ ခုနှစ်တွင် ပထမဆုံး
အကြိမ် ပြုလုပ်နိုင်ခဲ့သည်။
စီမံကိန်းဝင်လူငယ်တွေ့ ဆုံပွဲများသည် လူငယ်ထောင်ချီ တွေ့ ဆုံကြသည့်ညချမ်းအချိန်များဖြစ်ကာ လူကြီးများစကားပြောပြီးချိန်
တွင် လူငယ်ကိုယ်စားလှယ်အသီးသီးမှပြောကြားကြသည်ကိုတွေ့ ရသည်။ ဒုတိယပိုင်းတွင် ဖျော်ဖြေရေး အစီအစဉ်များဖြစ်သည်။
ဖွင့်ပွဲသီချင်း၊ ပိတ်ပွဲသီချင်းများဖြင့် ပျော်ရွှင်ကြည်နှုး ဘွယ်ကောင်းလှသည်။
စီမံကိန်းဝင်လူငယ်ထုတွေ့ ဆုံပွဲများ

အကြိမ် ရက်စွဲ ၊ နေ့  နေရာ တက်ရောက်သောလူငယ်ပေါင်း
ပထမအကြိမ် ၁၀-၄-၁၉၇၄ ရန်ကုန်ဝိဇ္ဇာနှင့်တက္ကသိုလ်
မြက်ခင်းပြင်
ဒုတိယအကြိမ် ၂-၅-၁၉၇၅ ရန်ကုန်ဝိဇ္ဇာနှင့်တက္ကသိုလ်
မြက်ခင်းပြင်
တတိယအကြိမ် ၂-၅-၁၉၇၆ ရန်ကုန်ဝိဇ္ဇာနှင့်တက္ကသိုလ်
ဘွဲ့ နှင်းသဘင် ခန်းမ
စတုတ္ထအကြိမ် ၃၀-၄-၁၉၇၇ လှိုင်နယ်မြေ
သမိုင်း အားကစားရုံ
ပဉ္စမအကြိမ် ၂-၅-၁၉၇၈ လှိုင်နယ်မြေ
သမိုင်း အားကစားရုံ
ဆဋ္ဌမအကြိမ် ၃၀-၄-၁၉၇၉ ကျိုက္ကဆံကွင်း ဆရာစံခန်းမ ၄၃၃၈ ဦး
သတ္တမအကြိမ် ၂၁-၄-၁၉၈၀ တနင်္လာနေ့  ရန်ကုန်လမ်းစဉ်လူငယ်
ဗဟိုဌာနချုပ် ကမ္ဘောဇရိပ်သာ
(ချင်းချောင်း နန်းတော်) ၅၂၂၃ ဦး
အဋ္ဌမ အကြိမ် ၃၀-၄-၈၁ ကြာသပတေး
နဝမအကြိမ် ၈၂
ဒသမအကြိမ် ၂၈-၄-၈၃
(၁၁) ကြိမ်မြောက် ၂၈-၄-၈၄
(၁၂) ကြိမ်မြောက် ၂၈-၄-၈၅
(၁၃) ကြိမ်မြောက် ၂၈၊ ၂၉၊ ၃၀ ရက်များတွင် နေ့ ပိုင်းတွင် လူငယ်နှီးနှောဖလှယ်ပွဲ တက်ရောက်သူအဖြစ်
ညပိုင်းတွင် လူငယ်နှီးနှောဖလှယ်ပွဲ ဖျော်ဖြေမှုအစီအစဉ်သို့ တက်ရောက်သည်။
(၁၄) ကြိမ်မြောက် ၂၈-၄-၈၇
(၁၅) ကြိမ်မြောက် ၂၈-၄-၈၈ ကြာသပတေး

စီမံကိန်းဝင်လူငယ်တွေ့ ဆုံပွဲများကို နှစ်စဉ် နွေရာသီလူငယ်စီမံကိန်းများနှင့်အတူ စုဝေးကျင်းပခဲ့ရာ ၁၉၈၈ ခုနှစ်အထိ ကျင်းပပြုလုပ်နိုင်
ခဲ့သည်။
လူငယ်လုပ်အားပေးစီမံကိန်းများလည်းရှိခဲ့ရာ တလ တာ စခန်းချနေထိုင်ပြီး လုပ်အားပေးခြင်းဖြစ်သည်။ သုဝဏ္ဏမြို့ သစ် တည်ဆောက်
ရေးမှသည် ပျဉ်းမနားရေဇင်းစိုက်ပျိုးရေးတက္ကသိုလ်တည်ဆောက်ရေး၊ ပုဂံဘုရားများပြုပြင်ရေး၊ ပြည်သူ့ လွှတ်တောတည်ဆောက်ရေး၊
ပုသိမ်မှန်ပြားစက်ရုံ၊ မြောင်းမြဂုန်နီစက်ရုံတည်ဆောက်ရေးလုပ်ငန်းများ၊ လှိုင်တက္ကသိုလ်နယ်မြေ စည်ပင်သာယာလမ်းဖောက်လုပ်ရေး၊
ဖူးကြီးရေပေးရေးစီမံကိန်း၊ စသည်လုပ်အားပေးစခန်းများစွာ ရှိခဲ့သည်။ ၁၉၇၃ ခုနှစ်မှစတင်သော လူငယ်လုပ်အားပေးစခန်းများတွင်
ပါဝင်လုပ်အားပေးသော လူငယ်ပေါင်းမှာ ၁၉၈၁ ခုနှစ်အထိ (၂၃၀၀၀၀) ကျော်ရှိခဲ့သည်။
ရန်ကုန်လူရည်ချွန် စခန်းတွင် အနုပညာရှင် ကြယ်ပွင့်များနှင့်တွေ့ ဆုံသောအစီအစဉ်လည်းပါသလို မြန်မာ့အသံသို့ သွားရောက်လေ့လာ
ရသည်။ ရွှေတိဂုံဘုရားဖူးကာ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ ပန်းခွေချ အလေးပြုရသည်မှာ နှစ်စဉ်ဖြစ်သည်။ အကြီးစားစက်မှုလုပ်ငန်း
လေ့လာခြင်း၊ တိရိ စ္ဆာန်ဥယျာဉ်လေ့လာခြင်း စသည်အားဖြင့် အစီအစဉ်များလည်းရှိသည်။
စံပြကြက်ခြေနီစီမံကိန်း ဖြင့်ထူးချွန်ကြက်ခြေနီလူငယ်များကို စခန်းချဖွင့်လှစ်ကာဂုဏ်ပြုသောစီမံကိန်းကို ၁၉၇၁ ခုနှစ်တွင်စတင်သည်။
၁၉၇၁ တွင်ငပလီ၊ ၁၉၇၂ တွင် ရန်ကုန်မြို့ ကျိုက္ကဆံ၊ ၁၉၇၃တွင်မေမြို့ ပွေးကောက်၊ ၁၉၇၄ တွင်ရွေးချယ်ခြင်းမရှိ၊ ၁၉၇၅ တွင် အင်းလေး၊
၁၉၇၆ တွင် ရန်ကုန်မြို့ အင်းလျားလေးလူငယ်စခန်း၊ ၁၉၇၇တွင် ပုပ္ပါး၊ ၁၉၇၈ တွင်မြစ်ကြောင်းဧရာ စသည်ဖြင့်စခန်းများဖွင့်လှစ်ခဲ့သည်။
( အထက်ဖော်ပြပါ အချက်အလက်များကို မြန်မာ့ရုပ်မြင်သံကြားမှ မေးမြန်းပါသဖြင့်
ဖြေကြားထားပါကြောင်းအသိပေးအပ်ပါသည်။)

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: