ဗုဒ္ဓဘာသာအမည်ခံကာ မ.ဘ.သ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဟာ အာဃာတနှင့်အမုန်းတရားထားက မိစ္ဆာဝါဒသာဖြစ်

Myanmar Muslim Media

မ.ဘ.သ၏ ချို့ယွင်းချက်များကို နာမည်ကျော် ဆရာတော်များ ဝေဖန်ထောက်ပြ

ဗုဒ္ဓဘာသာအမည်ခံကာ အာဃာတနှင့်အမုန်းတရားထားက မိစ္ဆာဝါဒသာဖြစ်ဟု အရှင်သောဘိတက မိန့်ကြား

ကိုပေါက်(Myanmar Muslim Media CJ) ဇွန်လ ၂၉ ၊ ၂၀၁၄

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဟာ နိင်ငံရေးခံတွင်းပျက်နေသူတွေရဲ့အသုံးချခံဖြစ်ပြီး အဆိုပါအဖွဲ့ရဲ့လုပ်နည်းလုပ်ဟန်တွေနဲ့ပတ်သက်လို့ မှားယွင်းနေတဲ့အတွက် လက်မခံနိင်တဲ့အချက်တွေရှိတယ်လို့ မေတ္တာစကားဝိုင်းမှာပါဝင်ဆွေးနွေးခဲ့တဲ့ ထင်ရှားတဲ့ဆရာတော် ၃ ပါးကမိန့်ကြားဝေဖန်လိုက်ပါတယ်။

အာဃာတတွေ နဲ့ မုန်းတီးမူတွေပွားနေတာဟာ ဗုဒ္ဓဘာသာအမည်ခံထားတဲ့မိစ္ဆာဝါဒပဲလို့ မေတ္တာစကားဝိုင်းမှာပါဝင်ဆွေးနွေးခဲ့တဲ့ ဘ၀အလင်းဆရာတော်ကမိန့်ကြားပါတယ်။

“ဗုဒ္ဓ၀ါဒဟာ မေတ္တာဝါဒ၊ ဗုဒ္ဓ၀ါဒဟာ မေတ္တာဝါဒ၊ အဲဒီတော့ ဗုဒ္ဓဘာသာအမည်ခံပြီးတော့ အာဃာတတရားတွေ၊ မုန်းတီးမူတွေပွားမယ်ဆိုရင်အဲဒါဟာမိစ္ဆာဝါဒ လို့ပဲဦးဇင်းကတော့ ပြတ်ပြတ်သားသားပြောချင်ပါတယ်”လို့ အရှင်သောဘိတ(ဘ၀အလင်းဆရာတော်)ကဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင်“သာသနာကိုအမှီပြုပြီးအတ္တ၀ါဒကိုထူထောင်တဲ့ ဘုန်းကြီးတွေ မြန်မာနိင်ငံမှာအလွန်များလာပါတယ်”လို့လည်း အရှင်သောဘိတက ဝေဖန်လိုက်ပါတယ်။
ဒီနေ့ မဘသရဲ့လုပ်ရပ်ဟာ သြဇာကို မထူထောင်ဘဲ အာဏာကိုထူထောင်နေခြင်းသာဖြစ်တယ်လို့လည်း ဆရာတော် အရှင်သောဘိတကသုံးသပ်ပါတယ်။တကယ်အမျိုးချစ်သူအချို့ပါဝင်နေပေမယ့် မဘသ ဆိုတာဟာ ၀ဇီကံနဲ့တောင်တခြားဘာသာတွေအပေါ်မေတ္တာမထားနိင်သူတွေပါလို့လည်း အရှင်သောဘိတက ထပ်မံဝေဖန်ပါတယ်။

အခု မဘသ လို့အော်နေတဲ့ ပုဂ္ဂိုလ်တော်တော်များများဟာ ရွှေဝါရောင်တုန်းကလည်းမပါ၊ လက်ပံတောင်း တောင်ကိစ္စမှာလည်းမပါခဲ့တဲ့သူတွေဖြစ်တဲ့ အတွက်ဒီလိုလူတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းတစ်ခုကိုဘယ်လိုယုံကြည်ရမှာလဲလို့လည်း အရှင်သောဘိတ(ဘ၀ အလင်းဆရာတော်)က မေတ္တာစကားဝိုင်းမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

“မဘသနဲ့ ပတ်သက်တဲ့အမြင်လေးတွေကို ဦးဇင်းဆရာတော်တော်များများ ကိုလျှောက်ထားကြည့်တယ်။ အဲဒီ့အခါမှာ အမြင်ရှိတဲ့ လောကီလောကုတ္တရာအပေါ်မှာ နိင်ငံအပေါ်မှာ မျက်ခြေမပြတ်အမြင်ရှိတဲ့ ဆရာတော်တွေတော်တော်များများဟာ မနှစ်သက်ကြောင်းကိုသွားတွေ့ပါတယ်”လို့လည်း အရှင်သောဘိတ(ဘ၀အလင်းဆရာတော်)က အထက်ပါ စကားဝိုင်းမှာမိန့်ပါတယ်။

အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအတွက်ဆိုပြီး ပြောကြားခဲ့တဲ့ မ.ဘ.သ အဖွဲ့ဆိုတာဟာ နိင်ငံရေးမှာ ခံတွင်းပျက်နေတဲ့ နိင်ငံရေးခံတွင်းပျက်သမားတွေနဲ့ အသုံးချခံရတဲ့ ပုဂ္ဂိုလ်တွေ တွေ့တဲ့ပွဲလို့လည်း အရှင်ပညာသီဟ(ရွှေည၀ါဆရာတော်) သုံးသပ်ပါတယ်။

“ဟိုဘက်ကနိင်ငံရေးခံတွင်းပျက်၊ နိင်ငံရေးတုန်လှုပ်ခြောက်ခြားမှုလို့ခေါ်တယ်။၂၀၁၅ ဆိုတာနီးလာလေလေ သူတို့အတွက်ရှုးလာလေလေ။အဲဒီတော့ ဒီဘက်ကနေအသုံးချခံရတဲ့ ပုဂ္ဂိုလ်တွေကလည်း ဇရက်တောင်ပံကျိုးတွေ၊အဲဒီတော့ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးတွေ့တဲ့ပွဲမှာ ဒို့ကအသာလေးကြည့်နေရုံပဲ”လို့ ရွှေည၀ါ ဆရာတော်က အစိုးရနဲ့ မ.ဘ.သ အဖွဲ့ကို အထက်ပါအတိုင်းတွဲဖက်သုံးသပ်ပါတယ်။

“ဒီကိစ္စမှာမေတ္တာကို မေတ္တာမှန်း၊မာယာကိုမာယာမှန်း မခွဲခြားတတ်သေးတဲ့ရှင်ငယ် ရဟန်းငယ်တွေရဲ့ ယောင်ဝါးဝါးပြဿနာဖြစ်ပါတယ်။ ဒီတော့ နိင်ငံရေးအတန်း ပညာနဲ့ပြောမယ်ဆိုရင် ရှင်ငယ်ရဟန်းငယ်တွေဟာ သူတို့ရိုးသားမူမှာ အသုံးပြုခံရ တာဖြစ်တယ်။နောက်ပြီး နိင်ငံရေးအမြင်မှာ မူကြိုအဆင့်လောက်ပဲရှိပါတယ်”လို့ ရွှေည၀ါဆရာတော်က သုံးသပ်ခဲ့တာဖြစ်ပါတယ်။

ဓမ္မပီယဆရာတော် အရှင် သံဝရာလင်္ကာရ၊ ရွှေညဝါဆရာတော် အရှင်ပညာသီဟ၊ ဘဝအလင်းဆရာတော် အရှင်သောဘိတ၊ စာရေးဆရာ စည်သူအောင်မြင့်၊ စာရေးဆရာ ဦးဘုန်း (ဓာတု)၊ စာရေးဆရာမ စမ်းစမ်းနွဲ့  (သာယာဝတီ)နဲ့  စာရေးဆရာမ မသီတာ (စမ်းချောင်း) တို့ က ဦးဆောင်ဆွေးနွေးတဲ့ မေတ္တာတရားနှင့်နိင်ငံတော် ခေါင်းစဉ်နဲ့ စကားဝိုင်းမှာ အခမ်းအနားတက်ရောက်လာသူတွေက မဟန အဖွဲ့နဲ့ပတ်သက်လို့ ဆရာတော်တွေရဲ့ သဘောထားမှတ်ချက်တွေကို မေးမြန်းရာမှာ ဆရာတော် ၃ ပါးက ယခုတင်ပြချက်တွေအတိုင်း ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။အထက်ပါအခမ်းအနားကိုတော့ ဇွန်လ ၂၈ ရက်နေ့က ဆူးလေ ရှန်ဂရီလာဟော်တယ်မှာ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီအထိကျင်းပခဲ့တာဖြစ်ပါတယ်။

“မဘသကိုလက်မခံနိင်တာ ၂ ချက်တည်းပဲရှိတယ်။ဒီမိုကရေစီလမ်းကြောင်းကိုမထိခိုက်ပါနဲ့ ဒီမိုကရေစီလမ်းကြောင်းကိုထိခိုက်တာလုံးဝလက်မခံနိင်ဘူး။နံပါတ်၂ ကိုပြောရရင်တော့ပုဂ္ဂိုလ်ရေးဖြစ်သွားမှာပေါ့။ဒေါ်စုကိုမထိခိုက်ပါနဲ့ ဒေါ်စုကို ထိခိုက်တာလုံးဝလက်မခံနိင်ဘူး”

အမျိုးဘာသာသာနာကိုစောင့်ရှောက်မယ်ဆိုရင် သာသနာကိုအဓိကစောင့်ထိန်းရမှာဖြစ်ပြီး သာသနာအတွက် စာသင်စာချအလုပ်တွေကို လုပ်ရမှာဖြစ်ကြောင်းနဲ့၊ ကိုယ့်အလုပ်ကိုယ်လုပ်နေသူတွေဟာ မိမိတို့ရဲ့ကျောင်းအသီးသီးမှာ စာသင်စာချအလုပ်ကိုလုပ်ကို်င်နေသူများဖြစ်ပြီး ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့သူတွေလို့သတ်မှတ်ရမယ့်သူတွေသာ မဘသ အဖွဲ့ထဲမှာပါဝင်နေတာအများစုဖြစ်တယ်လို့လည်း ဓမ္မပီယ ဆရာတော်က မှတ်ချက်ချခဲ့ပါတယ်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: