ဖိနှိပ်ခံရလို့ ကွယ်ပျောက်သွားတဲ့သာသနာဆိုတာ လောကမှာ ရှိသလား လူမိုက်တို့

ဖိနှိပ်ခံရလို့ ကွယ်ပျောက်သွားတဲ့သာသနာဆိုတာ လောကမှာ ရှိသလား လူမိုက်တို့

U Aung Tin. October 8, 2014 at 9:24pm

အိုစာမာဘင်လာဒင်နှင့် နိုင်းဝမ်းဝမ်းဆိုတာ ကမ္ဘာကိုကိုင်လှုပ်ပြောင်းလဲစေခဲ့သော သမိုင်းဝင် အဖြစ်အပျက်ကြီးဖြစ်တယ်။ ဒီဖြစ်ရပ်ဆိုးကြောင့် အနောက်နိုင်ငံတွေရဲ့ သူရဲကောင်း မင်းသားတစ်ပါး(Darling) ဖြစ်ခဲ့သူ အိုစာမာဘင်လာဒင်လည်း  ပီဘိ ရာဇဝင်လူဆိုးကြီးအဖြစ် ပြောင်းလဲသွားခဲ့တယ်။

နိုင်းဝမ်းဝမ်းအပါအဝင် အကြမ်းဖက်မှုမှန်သမျှသည် အစ္စလာမ့်သင်ကြားချက်နဲ့ လုံးဝဆန့်ကျင်တာမို့ ကျနော်တို့ ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။

သို့သော် နိုင်းဝမ်းဝမ်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာ တရပ်လုံးနှင့် ကမ္ဘာ့မွတ်စလင်ထုတစ်ခုလုံးကို လူ့သမိုင်းမှာ အမြင့်ဆုံးသော ပုံဖျက်မှု၊ အသရေဖျက်မှုကြီးကလည်း ကမ္ဘာတစ်ဝှမ်းမှာ အရှိန်အဟုန်နဲ့ ပေါ်ပေါက်လာခဲ့ပြီ။

ကိုလံဘီယာတက္ကသိုလ်က ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင်(World Leading Thinker) မွတ်စလင်ပါမောက္ခ ဒေါက်တာ Mahmood Mamdani က နိုင်းဝမ်းဝမ်းပြီးနောက် နယူးယော့တိုင်းသတင်းစာအရ ကုရ်အာန်က အမေရိကမှာ အရောင်းရဆုံး Best Seller အဖြစ် ကာလရှည်ကြာစွာ ရပ်တည်ခဲ့တာ ဘာကြောင့်လဲဆိုတာကို မေးခွန်းထုတ်ပါတယ်။

မွတ်စလင်တွေ လေယာဉ်နဲ့ တိုက်ခိုက်ခံရတာ ဘာကြောင့်လဲဆိုတာ အမေရိကန်နိုင်ငံသားတွေက ကုရ်အာန်ကို အလုအယက်ဖတ်၊ အဖြေရှာခဲ့ကြပေမဲ့၊ အာဖဂန်နစ္စတန်ကို ခရစ်ယာန်အမေရိကန်က ဗုံးကြဲတိုက်ခိုက်တော့ အာဖဂန်တွေက ဘာဖြစ်လို့ ဘိုင်ဘယ်လ်ကိုဖတ်ပြီး အဖြေမရှာခဲ့ကြတာလဲဆိုတာကို စဉ်းစားခိုင်းပါတယ်။

အနောက်နိုင်ငံတွေက အစ္စလာမ်ဆန့်ကျင်ရေး ထိပ်တန်းခေါင်းဆောင်တွေလည်း အစ္စလာမ်ကို တိုက်ခိုက်ဖို့ အချက်အလက်တွေ ရှာရင်းရှာရင်းနဲ့ ဖအေတင်မက သားပါ မွတ်စလင်ဖြစ်လာတယ်။ ခရူးဆိတ်ဒါ အမေရိကန်သမ္မတ ဘွတ်ရှ်ရဲ့ သွေးသောက်ကြီး အင်္ဂလန်ဝန်ကြီးချုပ် တိုနီဘလဲယားရဲ့ ခယ်မကလည်း ရဲရဲတောက် မွတ်စလင်ဖြစ်လာတယ်။

အခုမြန်မာပြည်မှာလည်း အစ္စလာမ်မကောင်းကြောင်း ပွဲခံထိုးနှက်ကြရင်း မွတ်စလင်ဖြစ်လာကြမှာကို မြင်ယောင်မိတယ်။

အလ္လာဟ်သျှင်က ပြောပါတယ်။ ငါအလိုရှိရင် သင်တို့လူသားအားလုံးကို မွတ်စလင်အဖြစ် ငါအသျှင် ပြောင်းလဲပစ်နိုင်တယ်။ သင်တို့အားလုံးကို ဖရစ်ရှ်တာ(နတ်ဒေဝတာ)တွေလို အကုသိုလ်ဒုစရိုက်မှန်သမျှ ရှောင်ကြဉ်သူအဖြစ် ငါဖန်တီးနိုင်တယ်။

သို့သော် ငါအလိုရှိတာက အမှားနဲ့ အမှန်၊ လမ်းမှားနဲ့ လမ်းမှန်ကို သင်တို့ကိုယ်တိုင် ရွေးချယ်ခြင်းကို လိုလားတယ်။ လောကရဲ့ မာယာတွေ၊ လှည့်စားမှုတွေကို သင်တို့အသိညာဏ်နဲ့ ရှောင်ရှားပြီ လမ်းမှန်ကို ရွေးလျှောက်နိုင်တဲ့ ခွဲခြားနိုင်ခြင်း အသိကိုပေးအပ်ထားခြင်း ခံရတဲ့အတွက် လူသားတွေရဲ့ အဆင့်အတန်းသည် ဖရစ်ရှ်တာလို့ခေါ်တဲ့ နတ်ဒေဝတာတွေရဲ့ အဆင့်အတန်းထက် ပိုမြင့်စေခဲ့တယ်။

လမ်းမှန်ကို ရွေးလျှောက်နိုင်သူတွေ အောင်မြင်မှု ရကြမယ်။

အမှားအမှန်ကို မခွဲခြားနိုင်ဘဲ လမ်းမှားလျှောက်သူတွေသာ နစ်နာဆုံးရှုံးသူဖြစ်ကြမယ် လို့ဆိုပါတယ်။

ဒါကြောင့် ဘာသာခြားတွေ မွတ်စလင်ဖြစ်လာရင်လည်း အစ္စလာမ်အတွက်ထူးပြီး ဝမ်းမသာပါဘူး။ ပြောင်းလာသူအတွက်သာ လမ်းမှန်ရောက်သွားပြီဆိုပြီး ဝမ်းသာမှာပါ။ အစ္စလာမ်အတွက် မဟုတ်ဘူး။

မွတ်စလင်တွေက အခြားဘာသာပြောင်းသွားလည်း အစ္စလာမ်အတွက်ထူးပြီး ဝမ်းမနည်းဘူး။ ပြောင်းသွားသူအတွက် လမ်းမှားရောက်သွားလို့ စိတ်မကောင်းဖြစ်ရတာပါ။ အစ္စလာမ်က ဘာမှနစ်နာသွားမှာ မဟုတ်ဘူး။

အစ္စလာမ်သာသနာသည် မှန်ကန်တဲ့သာသနာဖြစ်တဲ့အတွက် အစ္စလာမ်သာသနာ ကွယ်ပျောက်သွားမှာ ကြောက်တဲ့မွတ်စလင် ကမ္ဘာမှာ တစ်ယောက်တောင် မရှိပါဘူး။ ကျနော်တို့သာသနာအပေါ် ကျနော်တို့ ယုံကြည်မှုအပြည့် ရှိပါတယ်။

မြန်မာပြည်မှာ ပလီတွေကို လူစုလူဝေးနဲ့ ဖျက်တယ်။ အဖျက်ခံရတဲ့ ပလီတွေကို အစိုးရက ချိတ်ပိတ်ပေးတယ်။ ပြန်ဖွင့်ခွင့် မပေးဘူး။ ပြူပြင်ခွင့် မပေးဘူး။ မွတ်စလင်လူဦးရေ တိုးတက်လာတာနဲ့အညီ ပလီသစ်တွေ ဆောက်ခွင့်မပေးဘူး။

အဲဒီလိုလုပ်လို့ မွတ်စလင်တွေ ကွယ်ပျောက်လာသလား။ လျော့နည်းသွားသလား။ ဗုဒ္ဓဘာသာကို ကူးပြောင်းသွားသလား။ အခြားသာသနာကို ကူးပြောင်းသွားကုန်လား။

မွတ်စလင်တွေက အရင်ကလို မဟုတ်တော့ဘူးဗျာ။ ဘာသာရေးစိတ်ဓါတ်တွေ ပိုပြင်းလာသလိုဘဲ။

အရင်က ဦးထုပ်မဆောင်းသူတွေ ဦးထုပ်ဆောင်းလာတယ်။ မုတ်ဆိပ်တွေလည်း ထားလာကြတယ်။ အကျီရှည်တွေလည်းဝတ်ကြတာ အများကြီးဘဲ။ ပလီဆိုရင်လည်း လူတွေပြည့်နေတာဘဲ။

အမျိုးသမီးတွေလည်း ပုဝါဆောင်းကြတာ ပိုများလာတယ်။ အရင်က လုံးဝမမြင်ဖူးတဲ့ တစ်ကိုယ်လုံးကို ခြုံထားတာတွေတောင် တွေ့နေရပြီ။

ဘာကြောင့်လဲလို့ လူတွေက မေးခွန်းထုတ်ကြတယ်။

ခင်ဗျားတို့ကြောင့်ပါ။

မှတ်ချက်။   ။ ၁၉ ၆၂မှာ အာဏာသိမ်းတဲ့ တရုပ်စစ်ဗိုလ် ဗိုလ်နေဝင်း တစတစ မွတ်စလင်တွေကို ပိုပြီးခွဲခြား မဖိနှိပ်လာခင် ကာလက မြန်မာမွတ်စလင်လူ့အဖွဲ့အစည်းရဲ့ အစည်းအဝေးတွေ၊ နိုင်ငံရေး၊ လူမှုရေး အခမ်းအနားတွေ၊ ချီတက်ပွဲဓါတ်ပုံမှတ်တမ်းတွေ အားလုံးကို ပြန်လေ့လာပါ။ တိုက်ပုံဝတ်သူတွေ၊ ရင်ဖုံအင်္ကျီဝတ် ပုဝါမခြုံတဲ့ မွတ်စလင်အမျိုးသား အမျိုးသမီး အများအပြားကို တွေ့ရမယ်။ ဦးထုပ်ဆောင်း၊ အင်္ကျိရှည်ဝတ်၊ မုတ်ဆိပ်ထား၊ ပုဝါခြုံတဲ့ မွတ်စလင်ဆိုတာ မရှိသလောက်တောင် ရှားခဲ့တယ်။ ဒါက ခိုင်မာတဲ့ သမိုင်းအချက်အလက်ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: