ထိုင်းနိုင်ငံတရားရေးကိစ္စမှာ စိတ်ပူပြီး အမျိုးစုံ ၀င်ရောက် စွက်ဖက် ပြောဆိုနေတဲ့သူတွေ- မြန်မာပြည်ထဲမှာ လူမျိုးဘာသာ မခွဲခြားဘဲ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနေတဲ့ လူငယ်တယောက်ကို မတရားသဖြင့် အမှုတွေဆင် မဆိုင်တဲ့အမှုတွေမှာပါ တရားခံလုပ် နေတာကို ဘယ်လိုပြောကြမှာလဲ

ကဲ- ထိုင်းနိုင်ငံတရားရေးကိစ္စမှာ စိတ်ပူပြီး အမျိုးစုံ ၀င်ရောက် စွက်ဖက် ပြောဆိုနေတဲ့သူတွေ-

မြန်မာပြည်ထဲမှာ လူမျိုးဘာသာ မခွဲခြားဘဲ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနေတဲ့ လူငယ်တယောက်ကို မတရားသဖြင့် အမှုတွေဆင် မဆိုင်တဲ့အမှုတွေမှာပါ တရားခံလုပ် နေတာကို ဘယ်လိုပြောကြမှာလဲ-

၁၂-၇-၂၀၁၄ ရက်နေ့ ရဲအင်အား၅၀လောက်အပြင် အနံ့ခံခွေးတွေနဲ့ အိမ်ကိုဝင်ရှာပြီး ဖမ်းသွားတယ်-ဘာပစ္စည်း ဘာလက်နက်မှာ ရှာတွေ့တယ်ဆိုတာမရှိဘူး-

လူမဆန်တဲ့နည်းတွေနဲ့ ရိုက်နှက် နှိပ်စက် စစ်ဆေးခြင်းခံခဲ့ရတယ်-

၂၅-၇-၂၀၁၄ ရက်နေ့ရောက်တော့မှ အိမ်ထဲမှာ လက်နက်တွေမိပါတယ်လို့ ကြေငြာခဲ့တယ်-

ဘာမှမသက်ဆိုင်တဲ့ မန္တလေးအကြမ်းဖက်ခံရတဲ့ ဒုတိယနေ့က ၃၄လမ်းမှာ သေခဲ့တဲ့ ရွှေကြေးစည်ထွန်းထွန်း ကိုသတ်မှုနဲ့ပါ အမှုစွဲတင်ထားတယ်-

မှန်တရားကို သိပ်ကြိုက် သိပ်မြတ်နိုးကြတဲ့သူတွေ
အမှုမှန်ပေါ်ပေါက်ရေးအတွက် သောကရှိတဲ့သူတွေ ဘာလုပ်ကြမလဲ ဘာပြောကြမလဲ-လို့
စဉ်းစားနေမိတယ်-ိ

2 Responses to “ထိုင်းနိုင်ငံတရားရေးကိစ္စမှာ စိတ်ပူပြီး အမျိုးစုံ ၀င်ရောက် စွက်ဖက် ပြောဆိုနေတဲ့သူတွေ- မြန်မာပြည်ထဲမှာ လူမျိုးဘာသာ မခွဲခြားဘဲ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနေတဲ့ လူငယ်တယောက်ကို မတရားသဖြင့် အမှုတွေဆင် မဆိုင်တဲ့အမှုတွေမှာပါ တရားခံလုပ် နေတာကို ဘယ်လိုပြောကြမှာလဲ”

  1. drkokogyi Says:

    သမိုင်းအသစ် ခရီးအစ

    အကန်းတို့ဆင်စမ်းခြင်း
    ________________

    ငယ်ငယ်တုန်းက မျက်ကန်းပုန္နားခြောက်ယောက်ဆင်စမ်းတဲ့ပုံပြင်လေးသည်တစ်ခါ ဗွားကနဲပေါ်လာတော့တယ်။ ဖြစ်ပုံကသည်လို့ပါ။ ဟိုတလော့က ထိုင်းနိုင်ငံ ကမ်းခြေမှာ ဗြိတိသျှလင်မယားကိုမြန်မာလူငယ်နှစ်ယောက်သတ်ခဲ့တယ်ဆိုတဲ့သတင်းတက်လာတယ်။ ထိုင်း အာဏာပိုင်တို့က ထိုမြန်မာလူငယ်နှစ်ယောက် သတ်ကြောင်း သက်သေသက်ကန်နဲ့ပြသပြီး မီဒီယာတွေကိုလည်းသတင်း ပေးခဲ့ပါတယ်။
    သည်မှာပင် fb မုန်တိုင်းက ၀ုန်း တော့တာပဲ။ မျိုးချစ်ဆိုသူတို့ကလည်း ဗမာပြည်ကမော်ဒယ်များစကားပြောသလို လေကထွက် ရမယ့်အပေါက်ကမ ထွက်လျှာမှတင်လမ်းပျောက်လို့ ဆန်ဆန်ပြန်တက်ကာနှာခေါင်းထဲက လှန်လှန်ထွက်ရတဲ့အခါမတော့ (သ)နဲ့(တ) ခွဲမရတော့ဘူး။ အဲ့သည်တော့ (သ)မီး က(တ)မီးဖြစ်လိုဖြစ်၊ (တိုင်း) ပြည်ကလည်း (သိုင်း) ပြည်ဖြစ်လိုဖြစ်၊ … ဖြစ်…ဖြစ်… (သိသူတွေ ဆက်ရေးကြပါ)။ ဗမာဆိုသည်မှာ သည်လိုမဟုတ် ဟိုလိုမဟုတ်၊ ဟုတ်ဟုတ်-မဟုတ်ဟုတ်၊ ဟိုလိုမှဟိုလို၊ သည်လိုမှသည်လို။ မြန်မာပြည် fb မှာမျိုးချစ်စိတ်ကဲပြနေသူတွေ ဖြစ်စဉ်အမှန်ကို တကယ်မသိ၊ တကယ်မမြင် ပဲပြောနေသည်မှာသေရှာသည်။ သူများ ယောင်လို့ယောင် အမောင်တောင် မှန်းမြောက်မှန်းမသိ – မျိုးချစ်ရောဂါတစ်မျိုးတည်းဖြင့်ကုရာနထ္တိ ဆေးမရှိဖြစ်သွားရလောက်အောင်တ ကယ်ပဲ ရူးသွားလေရော့လား။

    တကယ်တော့ အမျိုးကိုချစ်သောမျိုးချစ်စိတ်ဓါတ်ဆိုတာတန်ဘိုးများလှပါတယ်။ တစ်ချိန်က မြန်မာတွေ အင်္ဂလိပ်ကိုလိုနီအောက်မှာ ကျွန်ဖြစ်တော့ အမျိုးအတွက် မိမိကိုယ်ကိုစွန့်လွှတ်စွန့်စားရဲသောစိတ်ဓါတ်မျိုးကိုဆိုလိုတာဖြစ်ပြီး၊ အဲ့သည်လိုစွန့် လွှတ်စွန့်စားရဲသူ တွေ ကိုမျိုးချစ်သူရဲကောင်းအာဇာနည်တွေလိုဆိုတယ်။

    ဒါပေမယ့် စစ်အုပ်စုလော်ဘီတွေ၊ ဘိန်းစားသိန်းစိန်အစိုးရလော်ဘီတွေ၊ ဖွတ်ထွဋ္ဌ်၊ မွတ်ထွဋ္ဌ်၊ မှူးဇော်၊ ဘူးဇော်မကျန် မနေ့ကပဲ အမျိုးအတွက် ရှိသမျှသစ်တော အပြောင်ရှင်း ခဲ့တဲ့ကောင်တွေ၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် ရသမျှသိမ်ကြုံးမျိုး ထားဆို့ထား ဘုံးထားလို့ အာဏာကိုအသက်နဲ့လဲ ကာကွယ် နေရတာ နေ့နေ့ ညညအိပ်ကောင်း မအိပ်နိုင်၊ စားကောင်းမစားနိုင်၊ အိပ်ရင်လည်း လန့်လန့်နိုး၊ စားမြုံ့ပြန်လေတိုင်း အမျိုးတို့သွေးအနံ့က တထောင်း ထောင်း၊ မသေခင် ကတည်းကဖောင်ကားနေလိုက်ကြတာ အပုပ်ကောင်ဆီလူး ထားသလို။ သည်လူသည်အမျိုးတွေက လှော်လို့လော် လီတွေ fb မှာ ဂေါ်လီလုပ်နေတာ မျက်စိနားနှာခေါင်း သနလိုက်တာ။

    အဲ့သည်အမျိုးတို့သွေးအနံ့မကင်းသေးတဲ့သူတွေက မျိုးချစ်စိတ် ဓါတ်ဆိုတာလော် အကူနဲ့ငယ်သံပါအောင် အော်နေလို့မြန်မာတွေ လန့်အ နိုးမှာ ဒီမိုကရေစီ ဆိုတာ တစ်ခုတည်းပဲကြားကြတော့တယ်။ တစ်ဗိုလ်ကျတစ်ဗိုလ်တက်စနစ်နဲ့ ၀ုန်းကြ၊ ဘုန်းကြလို့ တိုင်းပြည်လည်း လဲမွဲပြာ ကျသွားလေရော – (ဗြုန်း) ဆိုမြန် မာတွေနိုးတောနိုးလာပါရဲ့ ကမ္ဘာကြီးကိုကောင်းကောင်း မမြင်နိုင် ကြသေး၊ ၀ါးနေဦးမယ်။ (၀ါး) ဆိုလည်း (၀ါး) ခွင့်ရှိပါတယ်၊ အခုမှအိပ်ရာကနိုးစဆိုတော့၊ ဒါပေမယ့်ခက်တာက အဲ့သည်(၀ါး)နေဒါကနေ မမြင်မကန်းနဲ့ ဆင်စမ်းသလို ရမ်းရမ်းထအော်နေတဲ့အခါ – ခက်တော့နေပြီ။

    သည်ဇတ်ဆရာနဲ့သည်ဇတ်စည်းဝါးကိုက်နေလိုက်ကြတာ၊ သည်တစ်ခါကျွန်ဖြစ် လို့ကတော့ နှစ်တစ်ထောင်မကဘူးဟေ့။

    သမိုင်းအသစ် ခရီးအစ
    အောက်တိုဘာလ (၉) ရက်၊ ၂၀၁၄။

  2. drkokogyi Says:

    တရုတ် ငချိတ်

    ထိုင်း ပြည်သူတွေက ခု လိပ်ကျွန်း လူသတ်မှု့မှ့ ရဲ တွေကို
    ယုံကြည်မှု့ နည်လာပါပြီလို့ ဆောင်းပါးတစ်ပုဒ် နဲ့ ရေးကြတာ ပါ
    ကျုပ်တို့ တွေက ကတော့ ရခိုင် အရေးစဖြစ်ကတည်းက မယုံတော့ တာ အတော်ကြာပေါ့ဗျာ:)
    ဒီကြားထဲ မိထ္တိလာအရေးဖြစ်တော့ ပိုသေချာလာပေါ့ဗျာ.
    နောက် ရန်ကုန်အရေး လာရှိုးအရေး ဘာရေးညာရေး တွေ
    ဖြစ်လာတော့ စိတ်ဒုန်းဒုန်းချလိုက်တော့ တယ် ဘရို့…….ူ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: