စစ်အာဏာရှင်တွေရဲ့ မြန်မာသမိုင်းရာဇဝင်မှာ ဘယ်တုန်းဘယ်တုန်းကမှ နိုင်ငံခြားတိုင်းပြည်တခုမှာ အပြစ်ဒဏ်ခံရသူတယောက်အတွက် ကိုယ့်နိုင်ငံသားအတွက် အမှု့မှန်ပေါ်ပေါက်စေဖို့ တရားဝင် အမှု့လိုက်ပေးခဲ့တာ မရှိပါဘူး

စစ်အာဏာရှင်တွေရဲ့ မြန်မာသမိုင်းရာဇဝင်မှာ ဘယ်တုန်းဘယ်တုန်းကမှ နိုင်ငံခြားတိုင်းပြည်တခုမှာ အပြစ်ဒဏ်ခံရသူတယောက်အတွက် ကိုယ့်နိုင်ငံသားအတွက် အမှု့မှန်ပေါ်ပေါက်စေဖို့ တရားဝင် အမှု့လိုက်ပေးခဲ့တာ မရှိပါဘူး။ ထူးထူးခြားခြား အခုတော့ မြန်မာနိုင်ငံသားဖြစ်သူနှစ်ယောက်၏ မုဒိမ်းမှု့အတွက် သမ္မတကိုယ်တိုင်ကတောင် ယိုးဒယာက ဝန်ကြီးချုပ်ကိုဆက်သွယ်ပြီး မုဒိမ်းမှု့ကို စီစစ်ဖို့ တောင်းဆိုမယ်ဆိုတော့ အတော်လေးကို အံအားတသင့် ဖြစ်မိတာတော့ အမှန်ပါပဲဗျာ ။

အဲ့ဒါကြောင့် ဘာကြောင့်လဲ ဘာအတွက်လဲ ဘာလဲစတဲ့ မေးခွန်းတွေကို မေးရင်းလိုက်ရင်း လောလောဆည် တွေ့ရှိတာကတော့ သူတို့လေးတွေက ရခိုင်လေးတွေ ဖြစ်နေတာကို တွေ့ရတယ် ။ ဒါဆို ဗိုလ်သိန်းစိန်က ရခိုင်လား … noပါပဲ .. ရခိုင်ကို ပြုတ်သုတ်ဖုတ်စားမည့်သူ တယောက်သာ ဖြစ်ပါတယ် ။ စဉ်းစားကြည့်လေ … ရခိုင်က ရွှေဖြူသဘာဝဓာတ်ငွေ့တွေကို ရခိုင်လူမျိုးတွေစီက အနိုင်ကျင့်ပြီး နိုင်ငံအတွက်မဟုတ်ပဲ အာဏာရှင်ကြီးတွေ ဒေါ်လာပေါင်းများစွာ အိပ်ထောင်ထဲထည့်ပြီးတော့ ရောင်းစားထားတဲ့ သယံဇာတတွေကို ကာကွယ်ဖို့အတွက် ရခိုင်လူမျိုးတွေကို အချိုသတ်ပေးဖို့လိုတယ် ၊ တနည်းအားဖြင့် ဆိုဒ်ဝါးလ်ပေးပြီး ကြိုတင်ကန်ထားဖို့ လိုတယ်မဟုတ်လား ။ တကယ်လို့ ရခိုင်တွေက မကျေနပ်လို့ အကြောင်းရှာပြီး တရုတ်ကိုပို့တဲ့ ဓာတ်ငွေ့ကိစ္စ ထကြွခဲ့ရင် ဇာတ်လမ်းတွေက ရှုတ်ထွေးသွားနိုင်တယ် ။ အဲ့ဒါကြောင့်ပဲ ရခိုင်တွေနဲ့ မူဆလင်လူမျိုးတွေကို နည်းမျိုးစုံမီးမွှေးပေးပြီး မြန်မာအစိုးရကို ကယ်တင်ရှင်ကြီးဖြစ်အောင် လုပ်ထားတာကို တွေ့ရတယ် ။ သဏ္ဍာန်လုပ်သရုပ်တူစေချင်ပြီး တချက်ခုတ် နှစ်ချက်ပြတ်အောင် NLDကိုပါ မွတ်စလင်အားပေးဆိုပြီး နည်းမျိုးစုံ ဝါဒဖြန့်ချီရေးတွေနဲ့ ဟစ်တလာရဲ့ ဝါဒအတိုင်း အကြိမ်ကြိမ်ပြောရင် အဟုတ်ထင်လာတယ်ဆိုတဲ့ မူကို လက်ကိုင်ထားပြီး ချောက်တွန်းခဲ့တယ် ။ ယုတ်မာခဲ့တယ် ။ ပြီးတော့ မူဆလင်မုန်းဘုန်းကြီးဖြစ်တဲ့ ဝီရသူ ( ဦးဝိစိတ္တ မစိုးရိမ် )ကို နည်းမျိုးစုံ မြှောက်ပေးပြီး နိုင်ငံရေးခုတုန်းလုပ်ခဲ့တယ် ။ ဝီရသူ ကလောင်အမည်ရှိ ဘုန်းကြီးက ကုလားမှု့နဲ့ ထောင်ကျခဲ့တာဆိုတော့ အခွင့်ရတုန်း ကုလားတိုက်ခိုက်ရေးဆင်နွှဲပြီး သမ္မတကြီးကို ထောက်ခံပါတယ်လို့ လုပ်ခဲ့တယ် ။ခုတော့ အလှည့်က တကွက်တွေ့ပြန်တယ် .. အဲ့ဒါကတော့ ရခိုင်လူမျိုးလေးတွေဖြစ်တဲ့ မြန်မာနိုင်ငံသား၂ ယောက်ဟာ ယိုးဒယားမှာ မုဒိမ်းလူသတ်သမားအဖြစ် အစွတ်စွဲခံနေရတယ် ။ ဟုတ်တာမဟုတ်တာ မသေခြာသေးပါဘူး ။ ဒါပေမယ့် ဟုတ်ခဲ့ရင်တော့ နိုင်ငံတော်အတွက် တရှက်ကနေ နှစ်ရှက်ရစရာဖြစ်တာပေါ့ ၊ သို့သော်လဲ မဟုတ်ခဲ့ရင် လွတ်မြောက်ခဲ့ရင် ဗိုလ်သိန်းစိန်အစိုးရက မျက်နှာရဖြစ်သွားပြီး ရခိုင်တွေကို ပိုပြီးတော့ လှည့်စားလို့ကောင်းသွာတော့မှာ သေချာသွားတယ် ၊ တကယ်လို့ ဟုတ်ခဲ့ရင်လဲ ရခိုင်တွေဘက်က ရှေ့နေလိုက်ပြီး အကူအညီပေးခဲ့တဲ့ ဗိုလ်သိန်စိန်အတွက် အမြတ်ထွက်တာပဲလေ…………..။

3 Responses to “စစ်အာဏာရှင်တွေရဲ့ မြန်မာသမိုင်းရာဇဝင်မှာ ဘယ်တုန်းဘယ်တုန်းကမှ နိုင်ငံခြားတိုင်းပြည်တခုမှာ အပြစ်ဒဏ်ခံရသူတယောက်အတွက် ကိုယ့်နိုင်ငံသားအတွက် အမှု့မှန်ပေါ်ပေါက်စေဖို့ တရားဝင် အမှု့လိုက်ပေးခဲ့တာ မရှိပါဘူး”

  1. drkokogyi Says:

    Khin Maung Aye
    ဘာအထောက်ထားမှမရှိဘဲ ထိုင်း ပြည်တွင်း ခိုးဝင်လာမှု လဝက ပြစ်မှုကို ဘယ်လိုငြင်းဦးမလဲ။

    နိုင်ငံတော်က တရားမဝင်မြန်မာပြည်ပြည်ပထွက်ခွါသွားတာကို လဝကဥပဒေက ခွင့်ပြုထားတဲ့ ပြင်ဆင်ချက် ထုတ်ပြန်ထားပြီးလား။

  2. drkokogyi Says:

    ALL the Myanmars are shouting for RULE OF LAW to be practiced on the other side of the border.

    DASSK should also chip in with her USUAL RHETORIC, “Rule of Law.”

    But she and Myanmars are IGNORANT that the LAW itself must be just, fair and need the truthfulness.

    IF NOT, RULE OF LAW would just deteriorate in the RACIST BIGOT DICTATORS’ hands into RULE BY LAW. (Unjust law of the jungle which bully, oppress and discriminate the weak minorities like in Myanmar. Myanmar practices the LAW that came out from the barrel of the gun.)

  3. drkokogyi Says:

    Thuzar Mdy

    ထိုင်းနဲ့ မြန်မာ ..မနှိုင်းပါနဲ့
    ================

    ထိုင်းတွေ.. မကောင်းဘူး .ဟုတ်တယ်…။ မှန်တယ်..။
    သူတို့ ဌာနဆိုင်ရာတွေ .. အဂတိ မကင်းဘူး …. မှန်တယ်..။
    ဒါပေမယ့် ..
    ထိုင်းနိုင်ငံရဲ့ ..
    အာဏာသိမ်း အစိုးရပဲဖြစ်ဖြစ် ….ရွေးကောက်ခံ အစိုးရပဲဖြစ်ဖြစ် ..။
    သူတို့ ..သမ္မတ ..သူတို့ ဌာနဆိုင်ရာတွေအနေနဲ့ ..
    သူတို့နိုင်ငံရဲ့ အကျီုးစီးပွား..
    သူတို့ တိုင်းပြည်ရဲ့ ၀င်ငွေ ..မထိခိုက်အောင် …
    သူတို့ နိုင်ငံသား မထိခိုက်အောင် ..
    သူတို့ နိုင်ငံ့ Image ကမ္ဘာ့အလယ်မှာ သိက္ခာမကျအောင်…
    နည်းလမ်းပေါင်းစုံသုံးပြီး .. စွမ်းစွမ်းတမံ ကာကွယ်ကြတယ်..။
    ဒါကမှ. ..အမျိုးသားရေးစိတ်ဓာတ်ပဲ..။
    ဒီက ..သောက်သုံးမကျတဲ့ အစိုးရတစ်ရပ်ကတော့..
    အမျိုးသား အကျီုးစီးပွား ဆိုတာကို နားလည်ဖို့နေနေသာသာ..
    မိမိပြည်သူကို ..ဖိထောင်း..
    တရုတ်အတွက် …သံဃာတွေကို မီးတိုက်လိုတိုက်..။
    လယ်သိမ်းခံ တောင်သူတွေကို .သေနတ်နဲ့ ပစ်လိုပစ်..။
    တွေ့သမျှ မြေပေါ်မြေအောက် ရေပ်ါရေအောက်..
    သယံဇာတ လုပ်ကွက်တွေ ..မြစ်ချောင်းသဘာဝ ပတ်ဝန်းကျင်တွေကို ..
    လက်ညိုးထိုးရောင်းစား.။.
    တိုင်းပြည် ဆင်းရဲစုတ်ပြတ် …
    လုပ်ချင်တာတွေလုပ် ..စီမံချင်သလိုစီမံ..။
    သယံဇာတတွေကုန်ခမ်း.. အကြွေးတွေကထူ..။
    ဘယ်နိုင်ငံသွားသွား ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရ..။
    အဲဒီလို ….စုတ်ပြတ်စွာ သိက္ခာ ကျနေတာနဲ့တော့ …
    မနှိုင်းပါနဲ့ဗျာ..။
    နံသာဆီနဲ့ …အီးပါပဲ.။

    Yan Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: