ဘယ်လိုအခြေအနေကိုဘဲ ရောက်ရောက် နောက်ဆုံးတော့ အမျိုးသားရင်ကြားစေ့ရေးကို မဖြစ်မနေ လုပ်ကိုလုပ်ကြရမှာ ပါ

မွတ်စလင်တွေတင်လုပ်လို့ မရပါဘူး-
ကျွန်တော်တို့တတွေ အများကြီး လုပ်ခဲ့ကြပါတယ်-
ကြိုးစားခဲ့ကြပါတယ်-
သူများထက်ပို လှူခဲ့ကြပါတယ်-
ပိုအလုပ် လုပ်ခဲ့ကြပါတယ်-
ဒါပေမဲ့ဗျာ
တာဝန်ရှိသူတွေက block လုပ်ခဲ့ကြတယ်-
အမြင်ကျဉ်းသူတွေက လက်မခံကြဘူး-
ဒါကြောင့် ကိုယ့်ငွေနဲ့ သူများအလှူ ဖြစ်ခဲ့ရတာတွေအများကြီးပါ-

ပြုပြင်ဖို့လိုတာကတော့ လူ့အဖွဲ့အစည်းတခုလုံးပါ-
အားလုံး လိုအပ်မှုပန်းတိုင်တခုကို လက်ခံကြပြီး
ဘက်ပေါင်းစုံက တက်ညီလက်ညီ ကြိုးစားလိုက်ကြရင်
အေးချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းကို ခဏနဲ့ တည်ဆောက် လို့ရနိုင်ပါတယ်-

တဦးနဲ့တဦး သံသယတွေ ပယ်ဖြောက်နိုင်ဖို့အတွက် သံသယ ဖြစ်စေတဲ့ ကောလဟလ ထုတ်လွှင့်မှုတွေ ရပ်ဆိုင်းဖို့ လိုအပ် သလို သံသယဖြစ်စေမဲ့-အပြောအဆို အပြုအမူ-အနေအထိုင်-အ၀တ်အစား အားလုံးကို ပြုပြင်သွားရမှာပါ။

ဒါတွေကို ဘာသာရေးခေါင်းဆောင်တွေရော-လူထုလူတန်း စားခေါင်းဆောင်တွေရော-ကျောင်းသားခေါင်းဆောင်တွေပါ တိုင်းပြည်အကျိုး မျှော်ကိုးပြီး အင်တိုက်အားတိုက် နေ့မအား ညမအား ချက်ခြင်း လုပ်ကြရမှာပါ-

အစိုးရက လက်မခံရင်တောင် လူထုအားနဲ့လုပ်ယူရင် ရနိုင်ပါ တယ်-

ဒါပေမဲ့ ဒီကနေ့ မြန်မာပြည်မှာ အမုန်းတရားတွေ လှိုင်လှိုင် ဖြန့်ဖြူးနေတဲ့ ဦးဝီရသူလိုမျိုး -အခါအခွင့်သင့်တိုင်း ဒါးသွားပေါ် ပျားရည်စက်ကလေးတွေလိုက်ချနေတဲ့ သီတဂူ လိုမျိုးပုဂ္ဂိုလ်တွေ ပြောသမျှ လုပ်သမျှ ဟောသမျှ ကို အတိုက်အခံတွေ-ကျောင်းသားခေါင်းဆောင်တွေ- လူထု လူတန်းစားတွေ ပေလယျကံ လုပ်နေပုံက သူတို့ကိုယ်တိုင် သဘောတူပြီး ကျေနပ်နေကြသလိုပါဘဲ-

ဒီလိုအခြေအနေမျိုးမှာ ခံစားချက်ပြင်းထန်တဲ့လူတွေကိုဘဲ ကြည့်ပြီး-ဘာသာရေးကို တိတိကျကျ လိုက်နာတဲ့သူတွေကို ဘဲ အပြစ်တင်ပြီး လိုက်ပြင်ခိုင်းနေမယ်ဆိုရင်တော့ ဘာအကျိုးကျေးဇူးမှ ရလာစရာမရှိပါဘူး-

ဘယ်လိုအခြေအနေကိုဘဲ ရောက်ရောက် နောက်ဆုံးတော့ အမျိုးသားရင်ကြားစေ့ရေးကို မဖြစ်မနေ လုပ်ကိုလုပ်ကြရမှာ ပါ-

ဘယ်ပုံ ဘယ်နည်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကိုလုပ်ကြ မယ်ဆိုတာ အစီအစဉ်တွေတောင် ရေးဆွဲနေကြပါပြီ-

မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သဟဇာတရှိရှိ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် အကောင်အထည်ဖော်ဖို့ အတွက် ယူအဲန် နဲ့ အနောက်နိုင်ငံတွေအပါအ၀င် ကမ္ဘာ့ နိုင်ငံ အများအပြားက ငွေအင်အား-လူအင်အား-အကြံဥာဏ်အား-
နည်းပညာအကူအညီ-လူအင်အားအကူအညီတွေပေးကြဖို့ အဆင်သင့် ဖြစ်နေပါပြီ-

အမျိုးသားရင်ကြားစေ့ရေးဟာ ပါဝင်တဲ့သူအားလုံးအတွက် ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်ရပါမယ်-

ဒီလုပ်ငန်းတွေ အစပြုနိုင်ဖို့အတွက် Heat Speech တွေကို ရပ်တန့် ဖယ်ရှားရပါလိမ့်မယ်-

အစိုးရကတော့ Heat Speech တွေကို သူတို့ ကိုယ်တိုင်က ဖန်တီးပေးနေတာဆိုတော့ အကျဉ်းထဲ အကျပ်ထဲမရောက်ဘဲ ဘာမှ လုပ်မှာ မဟုတ်ပါဘူး-

အဲ့ဒီတော့ အတိုက်အခံခေါင်းဆောင်တွေ ကျောင်းသား ခေါင်းဆောင်တွေ-လူထု လူတန်းစားအဖွဲ့အစည်းအသီးသီး ကခေါင်းဆောင်တွေဟာ မိမိတို့ အင်အားတွေကို စုစည်းပြီး ဦးဝီရသူတို့လို အစွန်းရောက်သံဃာတချို့နဲ့ မဘသ အဖွဲ့ဝင် တွေရဲ့ ဟောပြောမှု လှုတ်ရှားမှုတွေကို တိတိကျကျ ကန့်ကွက် တားဆီးကြရပါမယ်-

သီတဂူကိုလည်း ဒါးသွားပေါ်ပျားရည်စက်ချတဲ့ လုပ်ရပ်တွေ မလုပ်ဖို့ တားမြစ်ပေးကြရပါမယ်-

အဲ့ဒီလောက်အလုပ်ကလေးတွေကို အင်နဲ့အားနဲ့ ထိရောက် အောင်လုပ်ပေးလိုက်ရင်-

အစ္စလာမ်ဘာသာဝင်တွေဘက်ကလဲ အစစပြေလည်မှုတွေ အကောင်အထည်ဖော်လာကြမှာ အသေအချာပါ-

ဘီး ဆိုတာ တဖက်ထဲ လှိမ့်လို့ ခရီးမရောက်နိုင်ပါဘူး-

အထက်ကအချက်တွေ မလုပ်ဘဲနဲ့

နောက်ထပ် အစ္စလာမ်ဘာသာဝင်တွေအပေါ် ကန့်သတ်ချုပ် ချယ်မှုတွေလုပ်နေယုံနဲ့တော့ အိပ်ပေါက်နဲ့ ဖားကောက်သလို-

အမျိုးသား ရင်ကြားစေ့ရေးဆိုတာ အလှမ်းဝေးနေဦးမှာပါ-

မွတ်စလင်မ် အားလုံးအတွက် လိုအပ်နေတဲ့ အချက်က

လူထု ၊ တနည်းအားဖြင့် ဘာသာခြား အတူနေ နိုင်ငံသား

တွေနဲ့ မကင်းကွာဖို့ပါပဲ … ကောင်းမွန်တဲ့ ဆက်ဆံရေး

ရှိသင့်တယ် ထင်ပါတယ် ။ ဥပမာ … ဘာသာတူချင်း

ရွေးပေါင်းသင်းတာမျိုး ၊ ဘာသာခြားကို အရေးမလုပ်

တာမျိုး မဖြစ်စေချင်ဘူး ဗျာ ။ ပရဟိတလုပ်ငန်းတွေမှာ

ပါဝင်မှု နည်းသေးတယ်လို့ ယူဆပါတယ် ။ ဒါကလည်း

ဘာသာတူချင်း ကူညီနေတဲ့ ပုံစံ မဖြစ်စေချင်ပါဘူး …။

ဘာသာတူချင်း ကူညီသလို ၊ နိုင်ငံသား အားလုံးအတွက်

လုပ်တဲ့ ပရဟိတ လုပ်ငန်းတွေမှာ ပိုမို ပါဝင်လာစေချင်

ပါတယ် …။ အတော်အတန် အမုန်းနဲ့ အထင်လွဲမှုဟာ

ဒီ ပရဟိတ လုပ်ငန်းကြောင့် အမြင်ကြည်လာစေတယ် …

နားလည်မှုကို တည်ဆောက်နိုင်တယ်လို့ ယုံကြည်ပါတယ် ။

တချို့ ပညာတတ်တွေမှာတောင် တွေ့ရတယ် …

ဘုန်းကြီးကိုယ်တိုင်က ဖိတ်တာကို မုတ်ဆိတ်ကြီးနဲ့မို့

ဝင်ပါခြင်း မရှိတာမျိုး … ဘုန်းကြီးကျောင်း သွားရမှာ

ကြောက်နေတာမျိုး မဖြစ်သင့်ပါဘူး … မြန်မာနိုင်ငံမှာ

ဘုန်းကြီး အများစုဟာ အင်မတန် သဘောကောင်း

ကြပါတယ် … စားစရာကျွေးရင် မစားမှာတောင်

စိုးရိမ်နေကြပါတယ် … သန့်ပါတယ် ဆိုပြီး

ကော်ဖီ ဖျော်တိုက်တယ် ဗျာ ။ ဘီစကစ်နဲ့ …

စားပေါ့ … မစားရင် ငတ်ပေါ့ … ဒါ့အပြင် တမျိုးမြင်

သွားတာကိုပါ ခံရပါမယ် …။

ဒါက လူမှု ဆက်ဆံရေး အပိုင်းပါ … ကိုယ်တိုင်

အားနည်းနေမှုတွေကိုလည်း မြင်တတ်ကြရပါမယ် …။

နောက်ဆုံး ပြောလိုတာကတော့ လူမှုဆက်ဆံရေး နဲ့

ပရဟိတမှာ တက်ကြွလှုပ်ရှားသူတွေ အများကြီး

လိုနေသေးတယ်လို့ သုံးသပ်မိပါတယ် ….။

ဗြန် ။

Maung Maung Skw ကျူးလွန်စော်ကားမှုတွေ ရပ်လိုက်ပါ-ပြင်လာကြပါ လိမ့်မယ်-

Koung Khan မွတ်စလင်က ဘယ်ဘုရား
ဘယ်စေးတီကိုမှမဖျက်ဆီးဘူး
ဘယ်ဘာသာသနာကိုမှ

စပြီးစော်ကားထားဒါမရှိဘူိး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: