ဘာသာရေးသမားမဟုတ်ပါ၊ အလ္လာဟ်ကိုဆွဲထုတ်ပြနိုင်လား မေးတာတော့ ဒါမျိုးဖြေချင်

ဘာသာရေးသမားမဟုတ်ပါ၊ အလ္လာဟ်ကိုဆွဲထုတ်ပြနိုင်လား မေးတာတော့ ဒါမျိုးဖြေချင်
=============================================
ပထမဆုံး စပြောရရင် အလ္လာဟ်ရုပ်ပုံဆွဲပြပါဆိုရင် အလ္လာဟ် ဆိုတာ ခင်ဗျားတို့ထင်နေသလို အကောင်တစ်ကောင်၊ တစ်ခုခုစားပြီး ၀မ်းသွားမယ်။ ပြီးရင်တစ်နေ့သေမယ်၊ အဲ့လိုမ ဟုတ် တဲ့ အတွက် အလ္လာဟ်ရုပ်ပုံကို ခင်ဗျားထင်သလို ဆွဲပြလို့ မရနိုင်ဘူး။ ဒါက နာမ် ပိုင်း ဆိုင်ရာ ကိစ္စ လေ။ နောက်တစ်ခု က ခင်ဗျား အခု ရှုရှိုက်နေတဲ့ လေ၊ နောက်ပြီး မြေကြီးမှာ ခင်ဗျားက သစ် စေ့သာ ပျိုးနိုင်ပြီး ပေါက်လာတဲ့ အသီးအပွင့်ကို စားတယ်မဟုတ်လား၊ ဒီ လို ဖြစ်စဉ် ကြီးတွေကို စနစ်တကျ ဖြစ်စေတာ ဘာ့ကြောင့်လဲ။ ပြန်မေးရ မယ့်မေးခွန်း ပါ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် က တရားကျင့်လို့ ဒါတွေ ဖြစ်သွားတာလား။ ဖြစ်နေတာလား။

ပြီးတော့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းမက လို့ နှစ်သိန်းပဲ ဖြစ်ဖြစ်လေ တစ်စုံ တစ် ဦးက ဒါမျိုးကျင့်ကြံရုံ နဲ့ ယ နေ့စကြ၀ဠာ ခပ်သိမ်း နေမြေရေလ ဂြိုဟ်တွေ န က္ခတ် တွေ စနစ်တကျ ဖြစ်တည်လို့ရသလား။ ဒါမျိုးဖြစ်နိုင်သလား။ ဖြစ်နိုင်တယ်ဆို တရားတွေ ကျင့်ကြံကြိုးဘို့အား ထုတ်ပြီး ကျောက်စရစ်ခဲလေး တစ်ခဲလောက် ဖြစ်အောင် အရင် လက်တွေ့ လုပ်ပြကြပါ။ ကျင့်ကြံ တဲ့ အကျင့်စာဂ ၏ အစွမ်းကြောင့် လေထဲ ပျံနေတဲ့ ငှက်ကို ချက်ချင်းပျြုတ်ကျ လာ အောင် လုပ်နိုင်တဲ့ အစွမ်း ဘယ်လူပုဂ္ဂိုလ် တစ်ဦးဆီမယ် ရှိသလဲ။ ကြည့်ချင်လို့ ပြစမ်းပါ။

နောက်ပြီး အဲ့ဒီ လေးအ သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဘာပြုတယ် ညာပြုတယ်ပေါ့လေ၊ ဆိုတာ အဲ့ဒါ တစ်စုံတစ် ယောက်က ပြောခဲ့လို့ ခင်ဗျားတို့ သိတာမဟုတ်လား။ အဲ့ဒါကို ဟုတ်တယ်မဟုတ်ဘူး ဆန်းစစ်ကြည့်ချင်လို့ ဟုတ်မဟုတ်ဆိုတာ ခင်ဗျားတို့ရော အသေအချာသိလို့လား။ သက်သေပြလို့ရမလား၊

ဒါကို ဒီဖြစ်စဉ်ကြီးကို အရုပ်ရေးပြလို့ရသလား။ ရေးပြနိုင်သလား။ နောက်ပြီး ဒီနေ့ ဆု တောင်းပြည့် ဘုရား ဘာညာမယ် သွားပြီး ဆုတောင်းနေကြတယ်၊ အိမ်က ဘုရားစင်ရှေ့မှာ ဆု တောင်း တာတွေ ဘာတွေ လုပ်နေကြတယ်။ အဲ့ဒါ ဘယ်သူ့ဆီတောင်းလို့ ဘယ်သူ က အဲ့ဒီ ဆုတောင်းတွေ ဖြည့်ပေးနေတာတုန်း။ အဲ့ဒါလောက် ရော စဉ်းစားမိရဲ့လား။ ဆုတောင်းတာတွေ ကို ပြည့်စုံစေပေး နေတာ တွေဟာ ဗုဒ္ဓကြောင့်တော့မဟုတ်ဘူး၊ ဗုဒ္ဓလည်း မဟုတ်ဘူးလေ။

ဗုဒ္ဓအဘိဓမ္မာ အရ ဆိုရင် ဒီနေ့ ဗုဒ္ဓဘယ်မလဲ၊ ဗုဒ္ဓဘုရားရှင်ကိုယ်တော် ဟာ ပရိနိဗ္ဗာန် ပြု (သေ ဆုံး) ပြီးကတည်းက နိဗ္ဗာန်ကိုရောက်သွားပြီ။ နိဗ္ဗာန် ဆိုတာ တကယ်တော့ ဘာမှ မ ရှိ တော့ ဘူး။ ၃၁ ဘုံ ကလွတ်မြောက်သွားပြီး သူက လုံးဝ အဆုံးစွန် ပျောက် ပျက်သွားပြီ၊ မရှိတော့ ဘူးလေ။ သူက ခုချိန်ခါမှာ ဘယ်သူ့ကိုမှလည်း မကယ်နိုင်ဘူး။ မ ပေးနိုင်ဘူး၊ သူကိုယ်တိုင် က ဒီစကြ၀ဠာကြီးမယ် မရှိတော့ဘူး။

ဒါဆို အရှင်ဘုရား ဘာ နဲ့ပြည်စုံရပါလို၏ ညာနဲ့ ပြည့်စုံရပါလို၏ ဘာပေးပါ ညာပေးပါ ဆိုတာ သဘာဝ ကျပါ သလား။ သုံးသပ်စဉ်းစားဖို့ အချိန်လေး ပေးပြီး စဉ်းစားပါ။ ဒါမျိုးစဉ်းစား ပြီးမှ အောက် တန်းကျတဲ့ အတွေးအခေါ် နတ္တိ ဖြစ်တဲ့ ကွန်မန့် မျိုးလာပေးသင့်တယ်ထင်ပါတယ်။ ဗုဒ္ဓဘာသာဟာ တကယ်တမ်တော့ ဆုတောင်းရတဲ့ ဘာသာတရား မဟုတ်ဘူး။ ဆုတောင်းတဲ့ သူဟာ ဗုဒ္ဓနည်းကျ အတွေးအခေါ်အရ လူကြောင်ပဲ။ ဒါဆို ဘာလို့ ဒီနေ့ ဗုဒ္ဓဘာသာဝင် တွေ ဆုတွေ တစ်ထမ်းကြီး နေ့စဉ်တောင်းနေရတာတုန်း။

နောက်ဆုံးနဲ့ အရိုးရှင်းဆုံး မေးချင်တဲ့ မေးခွန်းလေး တစ်ခုက လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ပွင့်ပေါ်ခဲ့တော်မူသော ဗုဒ္ဓဘုရားရှင် ရဲ့ သူနေထိုင်ရှင်သန်ခဲ့စဉ် က ရုပ်ပုံ အစစ်အမှန် ကိုရော ဒီနေ့ ခင်ဗျားတို့ထဲက ဘယ်သူက ဒါဟာ စစ်မှန်ပါတယ်၊ အ မှန်အကန်ဖြစ်ပါတယ်လို့ အာမဘန္တေ ခံပြီး ဆွဲပြနိုင်လို့လား။

ဗုဒ္ဓရဲ့ ရုပ်ပွားတော် တွေ က ရုပ်သွင်တွေဟာ ကုလားပြည်မှာ ကုလားရုပ်ပေါက် နေ တယ်။ တ ရုတ်ပြည်မယ် တရုတ် ရုပ်ပေါက်နေတယ်။ ဗမာပြည်မှာ ဗမာရုပ်ပေါက် နေ တယ်။ ကုန် ကုန် ပြော ရရင် ဗိုလ်တစ်ထောင် မှာ ကျော်ဟိန်း သွန်းလုပ် ပူဇော် ခဲ့တယ် ဆိုတဲ့ ဗုဒ္ဓရုပ်ပွားတော် မြတ်ဟာ ကျော်ဟိန်းရုပ် ပေါက်နေတယ်။

ဒါဆို ခင်ဗျားတို့ထဲက ဘယ်သူက ဗုဒ္ဓရုပ်ပွားတော် ရုပ်သွင်အစစ်ကို ဆွဲပြနိုင်လို့လဲ။ မဆွဲပြ နိုင်ဘူးမဟုတ်လား။ ဒါဆို ဒီမေးခွန်းက ဟာသ မေးခွန်း ဆိုတောလောက်တော့ ခင်ဗျား သိသင့် ပြီး ဒီ့ထက်နက်နဲ လေးပင် တဲ့ အတွေးမျိုးတွေ ခင်ဗျားတို့ တွေးသင့်ပြီပေါ့။ မဟုတ်ဘူးလား။
ထင်ယောင်ထင်မှား ၀ိစ္စိကိစ္စ တွေက လွန်မြောက် နိုင် ပြီးမှ လွတ်မြောက် ရာ လမ်းကို ရှာတာက ပိုသင့်မြတ်ပါတယ်။ ဒီပို့စ် https://www.facebook.com/photo.php… အောက်မယ် ဒါမျိုး ကွန်မန့် မျိုးလာရေး ထား လို့ ဒါမျိုး ရေးဖြစ်သွားတာပါ။ မည်သူ့ ယုံကြည်ကိုးကွယ်မှု ကိုမျှ ဝေဘန် စော်ကား လို စိတ် အလျဉ်း မရှိပါ။ ကိုယ်တိုင်ကိုက လည်း ဘာသာရေး သမားမဟုတ်ပါ ။ တရားလွန် စော်ကားမှု မျိုးများကိုတော့ ပြန်လည် မေးခွန်းထုတ်ချင်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: