ဟဲ့…ပေါ်ဦး….လက်ရှိ အကောင်းဆုံးကြွေးကြော်သံကဘာလဲ ပေါ်ဦး။ ။ အမျိုးဘာသာ သာသနာ ပါဘုရား မင်းကြီး။ ။ သူ့ချည်းသာလော ပေါ်ဦး။ ။ အဆဲအဆိုလေးနဲ့ပါဘုရား

Thuzar Mdy Scroepion King

မင်းကြီး။ ။ ဟဲ့..ပေါ်ဦး နင်ကိုးကွယ်နေတာ ဘာကြီးလဲ

ပေါ်ဦး ။ ။ တောင်ပို့ကြီးပါဘုရား

မင်းကြီး။ ။ ဟဲ့….သူ့ချည်းသာလော

ပေါ်ဦး။ ။ ဖွတ်ပါထွက်လာပါတယ်ဘုရား

မင်းကြီး။ ။ ဟဲ့…ပေါ်ဦး……အသားထဲ ဘာအသားအကောင်းဆုံးလဲ

ပေါ်ဦး။ ။ ဖွတ်သားပါဘုရား

မင်းကြီး။ ။ သူ့ချည်းသာလော

ပေါ်ဦး။ ။ ၄၃၆ပြင်ဆင်ရေး ကလေးနဲ့ပါဘုရား

——————-

မင်းကြီး။ ။ဟဲ့…ပေါ်ဦး….ရိုးရိုးမဲ မနိုင်ရင်ဘာကောင်းသလဲ

ပေါ်ဦး။ ။ PR ကောင်းပါတယ် ဘုရား

မင်းကြီး။ ။ သူ့ချည်းသာလော

ပေါ်ဦး။ ။ စစ်တပ် အစိတ်သားနဲ့ပါဘုရား

——————-

မင်းကြီး။ ။ ဟဲ့…ပေါ်ဦး….အစိုးရအရည်အချင်းဆိုတာဘာလဲ

ပေါ်ဦး။ ။မျက်နှာပြောင်ရပါမယ် ဘုရား

မင်းကြီး။ ။ သူ့ချည်းသာလော

ပေါ်ဦး။ ။ အလိမ်အညာလေးနဲ့ပါဘုရား

——————-

မင်းကြီး။ ။ဟဲ့….ပေါ်ဦး…..ဒီခေတ် ဘာအလုပ်ကောင်းလဲ

ပေါ်ဦး။ ။ ဖွတ်အမတ်ပါဘုရား

မင်းကြီး။ ။ သူ့ချည်းသာလော

ပေါ်ဦး။ ။ ဘုန်းထားတဲ့ စည်းစိမ်တွေနဲ့ပါဘုရား

——————–

မင်းကြီး။ ။ဟဲ့…ပေါ်ဦး…..လက်ရှိပေါ်ပြူလာအဖြစ်ဆုံးကဘာလဲ

ပေါ်ဦး။ ။ခေါင်းလောင်းဆယ်တာပါ ဘုရား

မင်းကြီး။ ။သူ့ချည်းသာလော

ပေါ်ဦး။ ။နဂါးနဲ့ ပါဘုရား

——————-

မင်းကြီး။ ။ဟဲ့…ပေါ်ဦး….လက်ရှိ အကောင်းဆုံးကြွေးကြော်သံကဘာလဲ

ပေါ်ဦး။ ။ အမျိုးဘာသာ သာသနာ ပါဘုရား

မင်းကြီး။ ။ သူ့ချည်းသာလော

ပေါ်ဦး။ ။ အဆဲအဆိုလေးနဲ့ပါဘုရား

——————–

မင်းကြီး။ ။ဟဲ့….ပေါ်ဦး….အကောင်းဆုံးစားပေါက်ကဘာလဲ

ပေါ်ဦး။ ။ မြို့သစ်တည်တာပါဘုရား

မင်းကြီး။ ။ သူ့ချည်းသာလော

ပေါ်ဦး။ ။ ဆွေမျိုးပေါက်ဖေါ်တွေနဲ့ပါဘုရား

———————

မင်းကြီး။ ။ဟဲ့…ပေါ်ဦး….ဘယ်သီးနှံစိုက်လို့တွက်ခြေအကိုက်ဆုံးလဲ

ပေါ်ဦး။ ။စိန်တစ်လုံးသရက် နဲ့ နဂါးမောက်သီးပါဘုရား

မင်းကြီး။ ။ သူ့ချည်းသာလော

ပေါ်ဦး။ ။ တရုတ်နည်းပညာနဲ့ အလကားသိမ်းလို့ရတဲ့မြေနဲ့ပါဘုရား

——————–

မင်းကြီး။ ။ဟဲ့…ပေါ်ဦး…ပြောစမှတ်ပြုရမယ့်တည်ဆောက်ရေးကဘာလဲ

ပေါ်ဦး။ ။နေပြည်တော် အမြန်လမ်းမကြီးပါဘုရား

မင်းကြီး။ ။သူ့ချည်းသာလော

ပေါ်ဦး။ ။အသေအပျောက် လေးနဲ့ပါဘုရား

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: