ဒီလူတွေကို တကယ်သနားမိတယ်

ဒီလူတွေကို တကယ်သနားမိတယ်။

သူတို့ ခမျာ အစ္စလာမ်နဲ့ပတ်သက်ပြီး basic theoryတွေကို သေချာဂဃဏနသိဖို့ ဝေးစွ၊ အစ္စလာမ်ဆိုင်ရာ အခေါ်အဝေါ် technical terms တွေကိုတောင် ကောင်းကောင်း မသိရှာဘူး။ အစ္စလာမ်နဲ့ပတ်သက်ပြီး အခြေခံလေးတောင် နားကန်းတစ်လုံးမှမသိဘဲ ရမ်းသမ်းအပုပ်ချဖို့ စာတွေလိုက်ရှာနေရတာ တစ်နေ့တစ်နေ့ သူတို့ဘယ်လောက် ပင်ပန်းမလဲ ခန့်မှန်းမိနိုင်တယ်။ မနက် အစ္စလာမ်မုန်းတီးရေး၊ နေ့လည် အစ္စလာမ် အပုပ်ချရေး၊ ညနေ အစ္စလာမ် သွားပုပ်လေလွင့်ပြောရေး၊ ညဖက်လည်း မနားရ၊ anti islamic site တွေထဲက စာတွေကို မတောက်တခေါက် ဘာသာပြန်၊ အမှန်တ၀က် အမှားတ၀က် ရောချ၊ တစ်ခါတစ်လေ အမှားတွေချည်းပဲ ပြောပြ၊ ကျွန်တော်ဖြင့် ဒီလူတွေကို တကယ်သနားတယ်။

လက်ရှိ အစ္စလာမ်ဆန့်ကျင်ရေးလုပ်ပြီး အစ္စလာမ်ကို ပုတ်ခတ်စော်ကားပြီး ((ထမင်းစားနေတဲ့)) မီဒီယာတွေ၊ စာနယ်ဇင်းတွေ၊ အချို့အမည်ခံဘုန်းကြီးတွေ၊ လူပုဂ္ဂိုလ်တွေ တဖြည်းဖြည်းများလာတာတွေ့ရတယ်။ ပါတီထောင်ပြီး အစ္စလာမ်ဆန့်ကျင်ရေးသက်သက်လုပ်တဲ့ နေမျိုးဝေရယ်၊ ခု ခင်မောင်ရဲစိန်ရယ်၊ ကောင်းမြတ်မင်းစိုးရယ်၊ အရင်က စစ်ဗိုလ်နိုင်ရှစ်လုံးတို့ Boston Cats စတဲ့ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်တွေ အများကြီးပဲ။ နောက်လိုက်နောက်ပါ မြန်မာစာတောင် လေးလုံးမကွဲတဲ့ ယောင်စိန်လေးတွေလည်း ထုနဲ့ဒေး။ စာသာမတတ်တာ၊ အဆဲကတော့ အားကိုးရတယ်ဗျ။

ကိုယ်ပိုင်ပိုက်ဆံအကုန်ခံပြီး ဒီအလုပ်ကို လုပ်မလား။ တွေးကြည့်ပေါ့ဗျာ။ မနက်ည အချိန်ပြည့်နီးနီး ဖေ့စ်ဘုတ်ကို ဈေးအသက်သာဆုံး MPT နဲ့ တက်ရင်တောင် ဖုန်းဘေလ်ဖိုး ၅ သောင်း အထက်မှာ ရှိတယ်။ မြန်မာပြည်ကလူတွေ မစားမသောက် တစ်လ ၅ သောင်းအထက် အကုန်ခံပြီး (ကိုယ့်ငွေနဲ့ ကိုယ်) အစ္စလာမ်ဆန့်ကျင်ရေး မလုပ်နိုင်တာက အမှန်ပဲ။ ၀ိုင်ဖိုင်တို့ ဘေလ်တို့ ဖရီးရရင်တောင် ဒီအလုပ်ကို ဇောက်ချလုပ်ဖို့ ((လခမရရင်)) မလုပ်နိုင်ဘူး။ သူများဘာသာတရားတစ်ခုကို အပုပ်ချတိုက်ခိုက်ဖို့ အဖိုးတန်တဲ့ အချိန်တွေကို ပေးလိုက်ရမှာ နှမြောစရာဗျာ။ အကျိုးအမြတ်တစ်ခုခုရှိတဲ့လူပဲ လုပ်မှာပေါ့ဗျာ။

ကျွန်တော်ကို “ဗုဒ္ဓဘာသာဆန့်ကျင်ရေးလုပ်ပေး” လို့ လာပြောတဲ့လူရှိရင် ဒီလူကို စုတ်ပြတ်သတ်အောင် ပြန်ပြောမိမှာ အမှန်ပဲဗျ။ ဘာလို့လဲဆိုတော့

၁) ကျွန်တော့်အတွက် အကျိုး မရှိဘူး။

၂) လူပေါင်း သန်း ရာချီကိုးကွယ်နေတဲ့ ဘာသာတရားကို ကျွန်တော်တစ်ဦးတည်း ထိုင်ဆဲနေရလောက်အောင် ကျွန်တော် မတုံးသေးဘူး၊

၃) ဒီဟာကို လုပ်ရင်း ဘ၀မှာ အဖိုးတန်တဲ့ ဒီ့ပြင်ဟာတွေ လုပ်ဖို့ အချိန်ကုန်သွားမှာပေါ့ဗျ၊

၎) ဘာသာတရားတစ်ခုကို ဆဲလို့ရလာမယ့် အကုသိုလ်ကို ငရဲကို အလကား မလိုချင်ဘူး။

၅) ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းမှု အနှစ်သာရကို ဗုဒ္ဓဘာသာဝင်တစ်ဦးကပဲ သိနိုင်တယ်။ ဒီ့ပြင် ဘာသာဝင်တွေ မသိနိုင်ဘူး။

ကဲ… နားနဲ့ မနာကြနဲ့… သာဓကရှင်းရှင်းလေးတစ်ခုပေးပါ့မယ်။

ကိုယ့်မိန်းမကို အရမ်းချစ်လို့ မြတ်နိုးလို့ ဘယ်နေရာလေးကကောင်းလို့၊ ဘာလေးက ကောင်းလို့..စသည်ဖြင့် ကြွားချင်လည်း ကြွားပါ။ ချစ်ကြပါ၊ ကောင်းကြပါ၊ ပြသနာမရှိပါဘူး။ ကိုယ့်မိန်းမတစ်ယောက်တည်းပဲ ကောင်းတယ်၊ ကျန်တဲ့ မိန်းမ အားလုံး မကောင်းဘူးလို့ လက်ညှိုးထိုးနေပြန်ရင်တော့ ဒီလူ အဆံချောင်နေပါပြီ။

ငါ့မိန်းမပဲ တစ်ကမ္ဘာလုံးမှာ အသာဆုံး အမြတ်ဆုံးလို့ လည်ချောင်းကွဲမတတ်အော်နေပြီး ကျန်တဲ့ မိန်းမတွေက ဘာအဆင့်မှ မရှိဘူး၊ လမ်းဘေးက မကောင်းတာလုပ်စားတဲ့ကောင်မတွေလို့ စွပ်စွဲနေတဲ့လူကို ခင်ဗျားတို့ ကျွန်တော်တို့ ဘယ်လို သမုတ်ကြမလဲ…. ရှင်းရှင်းလေးပဲဗျ။ ဒီကောင် သွက်သွက်ခါအောင် မယားတရူး ရူးနေတာပဲ။

ဒါကြောင့် သနားတယ်လို့….ပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: