တောင်ကြီးမှာ ဖမ်းခံထားရတဲ့မွတ်စလင်၂၀ဦးရဲ့ ရှေ့နေနှင့်တွေ့ဆုံခန်း
အကြမ်းဖက် အဖွဲ့တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲ ဖမ်းခံထားရသူတွေရဲ့ ရှေ့နေနှင့် တွေ့ဆုံမေးမြန်းခန်း
====================
အောက်တိုဘာ ၁၁ ၊ ၂၀၁၄
DVB မှ တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်သည်ဟု သံသယရှိသူများအမှု ရှေ့နေဖြစ်သူကိုမေးမြန်းချက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတကာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့ လူ ၂၀ အနက် ၃ ဦးပဲ ဖြောင့်ချက်ပေးထားပေမယ့် ၀န်ခံထားတာတော့မဟုတ်ဘူးလို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။
တရားစီရင်နေချိန်မှာ ရဲတပ်ဖွဲ့က ဒီလူတွေ ပြစ်ဒဏ်ကျုးလွန်ထားတာ ခိုင်လုံတယ်လို ထုတ်ပြောဖို့ မသင့်ဘူးလို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုး က အောက်တိုဘာ ၁၀ရက်က ဒီဗွီဘီကို ပြောပါ တယ်။
အသံဖိုင် နားထောင်ဖို့ အခက်အခဲရှိသူတွေ အတွက် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးပြောကြားချက်တွေ အကျဉ်းချုံးပြီး ရေးသားဖော်ပြပေးလိုက်ပါတယ်
အစ္စလာမ်ဘာာဝင် လူ ၂၀ ကို ၄-၈-၂၀၁၄ ကတည်းက ဖမ်းထားခြင်းဖြစ်
ကွန်ဟိန်းမှာ မင်္ဂလာဆောင်သွားသော အဖွဲ့ကို ဖမ်းခြင်းဖြစ်
ယခု ခရိုင်တရားရုံးတွင် စွဲချက်တင်တဲ့အဆင့်ရောက်နေ၊
ဘာသာရေး အမှု မဟုတ်၊ စွဲချက်တဲ့အမှုများမှာ ၅(ည)၊ ၅(ဌ)
အမျိုသမီး ၄ ဦး အမျိုးသား ၁၆ ဦး ပါဝင်၊
ကျောက်ဆည် လက်ပံ့ရွာက ၆ ယောက်ပါဝင်၊ ကွန်ဟိန်းမင်္ဂလာဆောင်ကိုသွားတဲ့ တောင်ကြီးမြို့နေ ၁၃ ဦး၊ နေပြည်တော်မှ ၁ ဦး ပါဝင်
ရဲချူပ်က RFA အင်တာဗျူးမှာ ဒီလူတွေ အမှုကခိုင်လုံကြောင်းပြော၊ ဒါဟာ တရားစီရင်ရေး မပြီးဆုံးခင်မှာ ဒီလို လက်လွတ်စပါယ်မပြောသင့်ကြောင်း၊
သတို့သားဘက်မှ အဖေ၊ အမေ မိသားစု အားလုံးဖမ်းခံရတဲ့ အထဲမှာပါကြောင်း၊
စွပ်စွဲ ဖမ်းခံရသူတွေမှာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တဲ့ အပေါ် သတင်းတွေ မပြန့်အောင် မိမိတို့ ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ခဲ့၊
သာမာန် နိုင်ငံရေး ပုဒ်မကို ဘာသာရေး အသွင်မဖြစ်စေချင်၊ ဒါပေမယ့် တနေ့က ရဲချူပ် ဦးထွဋ်ခေါင်ရဲ့ အင်တာဗျူးမှာ ဒီလူတွေက တကယ်ကို ဝန်ခံထားပြီးကြောင်း၊ ဒိလူတွေတကယ်လို လုပ်ထားပြီးကြောင်း၊ ပြောတယ်ဆိုတာ မိမိသိရ၊
ဒီလူတွေက ဝန်ခံထားတာ မရှိကြောင်း၊ လူ ၂၀ မှာ ဖြောင့်ချက်ပေးတာ ၃ ယောက်သာပါကြောင်း၊ ဖြောင့်ချက်ပေးတယ်ဆိုတာ ဝန်ခံတာ မဟုတ်ကြောင်း၊ ဖြောင့်ချက်ဆိုတာလဲ တရားဥပဒေပိုင်းမှ တရားမျှတအောင် ကြိုးစားရမှာဖြစ်ကြောင်း၊
ဆရာဝန် ဆေးစစ်ချက်တွေ အရ ဒီလူတွေထဲမှာ သတို့သားရဲ့ တူတော်သူ ၁၇ နှစ် အ၇ွယ် အသက်မပြည့်သေးတူ တယောက်ပါကြောင်း၊
တကယ်တကယ် အဓိက တရားခံလို့ ပြောတဲ့ မွဖ်သီအာရစ်ဆိုသူက ထွက်ပြေးသွားပြီဖြစ်ကြောင်း၊
အဲဒီလူက ဗလီမှာ ဂျီဟတ် တရားတွေ ဟောတယ်လို့ တဖက်က စွပ်စွဲကြောင်း၊ မိမိတို့လဲ မသိလိုက်ကြောင်း
အခု စွပ်စွဲခံထားရတဲ့ လူ ၂၀ က အဆိုပါ တရားကိုနားထောင်ရတဲ့လူတွေ မဟုတ်ကြောင်း၊ သံသယ တရားခံတွေသာဖြစ်ကြောင်း၊
အခု စွဲထားတဲ့ ၅(ဌ) ဆိုတာ ပေါက်ကွဲစေတတ်တဲ့ အမှုဖြစ်ကြောင်း၊ သူတို့ဆီက ဘာလက်နက်၊ ဘာစာရွက်စာတမ်းမှ လဲ မမိကြောင်း၊ ဒါမိမိဘက်လိုက်ပြီးပြောတာ မဟုတ်ကြောင်း၊
တောင်ကြီးက ဖမ်းခံထားရတဲ့ လူ ၁၂ ယောက်က တောင်ကြီးမှာ နှစ်ပေါင်းများစွာ အခြေတကျနေလာသူတွေဖြစ်ကြောင်း၊
ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ပြနိုင်ရင်ကောင်းပါကြောင်း၊
မိမိတို့လဲ အကြမ်းဖက်အဖွဲ့အစည်းကို အားမပေးကြောင်း၊
အခု ဖမ်းခံရတဲ့ တောင်ကြီးကလူတွေ က ဘာသာက အစ္စလာမ်ကိုးကွယ်ပေမယ် တိုင်းရင်းသားတွေဖြစ်ကြောင်း၊
အသံဖိုင် Download ယူလိုလျှင် http://goo.gl/B8O91V
File Size 8.2 MB
One Response to “တောင်ကြီးမှာ ဖမ်းခံထားရတဲ့မွတ်စလင်၂၀ဦးရဲ့ ရှေ့နေနှင့်တွေ့ဆုံခန်း”
  1. drkokogyi Says:
    Pan Pan Pwint
    အစိုးရကိုယ်တိုင် ဘာသာရေးနှိပ်ကွပ်မှုလုပ်နေတာ ကတော့ပေါ်လွင်နေပါ
    တယ် ယခုတောင်ကြီးမှာ အဖမ်းခံနေရသူတွေဟာ တောင်ကြီးကမိန်းကလေးနဲ့
    ကျောက်ဆည်က အမျိုးသား
    နေကာလုပ်ရန် မင်္ဂလာဆောင်ဧည့်ပွဲလုပ်ရန်
    တောင်ကြီးကိုသွားရောက်
    သည့်အစ္စလာမ်ဘာသာဝင်
    များဖြစ်ပါတယ် ၄င်းမိသားစုအဖမ်းခံရ၍ နေပြည်တော် လွှတ်တော်ရုံး
    ၌ ယဉ်မောင်းအဖြစ်တာဝန်
    ထမ်းဆောင်နေသူညီအား
    အကူအညီတောင်ခံသဖြင့်
    ညီဖြစ်သူက တောင်ကြီးသို့
    သွားရောက်မေးမြန်းစုံစမ်းစဉ်
    ဆီးထောင်ထဲထည့်ထားပါ
    သည်ထိုဝန်ထမ်းမှာ ပင်စင်
    တင်ထားပြီး တစ်လ နှစ်လနေလျှင် ပင်စင်ကကျ
    တော့မှာဖြစ်ပါတယ် အခု
    အစိုးရကတော့သူ့ဝန်ထမ်း
    မကလို့ဘာဖြစ်ဖြစ် အစ္စလာမ်
    ဆိုနှိပ်ကွပ်နေတာတော့ပေါ်
    လွင်နေပါတယ် ၀ဋ်ဆိုတာ
    တော့မကြာပါ ပြန်လည်ပေး
    ဆပ်ရမှာပါ
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: