သမ္မတရူးဦးခင်ညွန့်ရေ- ပြီးခဲ့တဲ့အစိုးရလက်ထက်က တာဝန်ပျက်ကွက်မှုတွေ အလွဲသုံးစားမှုတွေကို အရေးယူမယ်ဆိုရင် ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် ကြိုးမိန့်ပေးလိုက်ပါ

And…Khin Nyunt is the MOST responsible person for MOST of the Anti-Muslim Atrocities in Myanmar.

သူကပြောရှာတယ်-

” ယခင်အစိုးရ၏ တာဝန်ပျက်ကွက်ခဲ့မှုများကို အဓိကထား ဖော်ထုတ် အရေးယူသွားမည်”

“ပြည်ခိုင်ဖြိုးပါတီ၏ ငွေကြေး အလွဲသုံးစားမှုများအား မိမိ၏ ထောက်လှမ်းရေးကွန်ယက်ဟောင်းဖြင့် စုံစမ်း ဖော်ထုတ်သွားမည် ” ……………………………တဲ့-

ပြီးခဲ့တဲ့အစိုးရအဖွဲ့တုန်းက တာဝန်ပျက်ကွက်မှုတွေ-အလွဲသုံးစားမှုတွေမှာ သူကဘဲတာဝန်မရှိသယောင်ပြောသွား လိုက်တာ-

ကျွန်တော့်အတွေ့အကြုံလေးတခု ပြောပြမယ်-

ခင်ညွန့် ပြုတ်-ပြီးတဲ့နောက် သိပ်မကြာတဲ့ကာလတခုမှာ
ခင်ညွန့်မပြုတ်ခင် ရှစ်လ လောက်က တာဝန်ကအနားအပေး ခံခဲ့ရတဲ့ ခယက ဥက္ကဌ တယောက် ကျွန်တော့်ဆိုင်ကို မုန့်လာ စားတယ်-

သူက ခယက ဥက္ကဌ တာဝန်ယူထားတဲ့အချိန်ကထဲက ကျွန်တော့်ဆိုင်မှာ ကြက်သားပလာတာ လာစားနေကျ ဖောက်သယ်ပါ-(ကျသင့်ငွေလဲ အမြဲပေးပါတယ်)

ခင်မင်နေတော့ မုန့်အော်ဒါမှာထားတာစောင့်နေရင်း ကောင်တာထိုင်နေတဲ့ ကျွန်တော့်ဘေးကခုံမှာဝင်ထိုင်ပြီး အပ်လာပ သပ်လာပပြောဖြစ်ကြပါတယ်-

ပြောကြရင်း ထောက်လှမ်းရေးတပ်ကလူတွေ အဖမ်းခံရ ပစ္စည်းတွေ အသိမ်းခံရတာတွေအကြောင်းရောက်သွားတော့

ကျွန်တော်က ” ဗိုလ်မှူးကြီးရော နားလိုက်ရတာ အေးအေး ဆေးဆေးဘဲ မဟုတ်လား- ပစ္စည်းတွေ မြေတွေ ဘာပြနာမှ မရှိဘူး မဟုတ်လား” လို့ မေးလိုက်တော့-

ခယက ဥက္ကဌဟောင်းက “အေးဗျာ-အေးအေးဆေးဆေးပါဘဲ ကံကောင်းလို့ပေါ့ဗျာ-ကျွန်တော်ပြုတ်တာ ရှစ်လလောက်စော သွားတယ်-ကျွန်တော်တောင် ရင်တထိပ်ထိပ်ဖြစ်နေတာ ဗျ “တဲ့-

ဒါနဲ့ကျွန်တော်က ” ဗိုလ်မှူးကြီးတို့က ထောက်လှမ်းရေးဘက်
ကမှမဟုတ်တာ-အရပ်ဖက် အုပ်ချုပ်ရေးကဘဲ-ထောက်လှမ်း ရေးတွေဖြစ်တာနဲ့ ဘာစိုးရိမ်စရာရှိလို့လဲ ” ဆိုတော့-

” ဪ-ကိုမောင်မောင်ရယ်- မြန်မာပြည်မှာ ထောက်လှမ်းရေးနဲ့မပတ်သက်ရင် ရပ်ကွက်အဆင့် ရယက အဖွဲ့ဝင်တောင် မဖြစ်ပါဘူးဗျာ- ကျွန်တော်က ခရိုင်အဆင့် ခယက ဥက္ကဌ လုပ်ခဲ့တာပါဗျာ” တဲ့-

**********************
အဲ့ဒီတော့ ပြီးခဲ့တဲ့အစိုးရလက်ထက်က အစိုးရအဖွဲ့ အုပ်ချုပ်မှု အဆင့်အသီးသီးရဲ့တာဝန်ပျက်ကွက်မှု အလွဲသုံးစားမှုတိုင်း မှာ တပ်မတော်ထောက်လှမ်းရေးမှာ တာဝန်ရှိနေတာ အထင်အရှားပါ-

အဲ့ဒီတော့ သမ္မတရူးဦးခင်ညွန့်ရေ-

ပြီးခဲ့တဲ့အစိုးရလက်ထက်က တာဝန်ပျက်ကွက်မှုတွေ အလွဲသုံးစားမှုတွေကို အရေးယူမယ်ဆိုရင် ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် ကြိုးမိန့်ပေးလိုက်ပါကွယ်-

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: