ဒီမိုဟမ္မဒ်က အမေ့သားနှစ်ယောက်ကို ဘယ်လိုတွေရိုင်းစိုင်းသွားအောင် ဘာတွေများ သွန်သင်ပေးလိုက်လို့လဲအမေ?

အမယ်အိုတစ်ဦး
ထင်းတစ်စည်းကိုခေါင်းပေါ်ရွက်
ဂျုံမှုံ့တစ်အိတ်ကိုလက်ကဆွဲလို့
တစ်ဖက်ရွာကနေ ပင်ပန်းကြီးစွာလမ်းလျှောက်ပြန်လာတယ်။

ရွာအဝင်မှာ
ရုပ်ရည်သန့်ပြန့်တည်ကြည်ပြီး
သန်သန်မာမာ အသက် ၄၀ ကျော်လူရွယ်တစ်ဦးနဲ့ဆုံတယ်။

အမေပင်ပန်းနေရှာပြီပေါ့။
ကျနော်ကူညီညာ သယ်ပို့ပေးပါရစေလား။

ငါတောင် ငါစားဖို့
ဟိုး….ဝေးလံတဲ့ရွာမှာအလုပ်သွားလုပ်ကိုင်ပြီး
ရသမျှလေးနဲ့ ဝယ်ချမ်းလာရတာ၊
ကိုယ့်ဝမ်းတောင်ကိုယ်အနိုင်နိုင်မို့
နင့်ကို အလုပ်သမားခ မပေးနိုင်ဘူး တော်ရေ့!
ကိုယ့်ဖာသာကိုယ်ပဲ ထမ်းမယ်ဟဲ့….။

သြော်…. အမေရယ်၊
ကိုယ့်အမေအရွယ် လူကြီးသူမတစ်ဦး
ပင်ပန်းတကြီးသယ်ပိုးနေရတာ မမြင်ရက်လို့
ကူညီချင်တာပါ။
အခကြေးငွေမယူရက်ပါဘူးခင်ဗျာ။
ခွင့်ပြုပါ။

အေး…..အဲ့ဒါဆိုရင်တော့ ရော့!
ဒီလိုနဲ့ လူရွယ်က
ထမ်းသင့်တာထမ်း၊ ဆွဲသင့်တာဆွဲလို့
မောနေတဲ့အမေအိုကြီးကို စောင့်ရင်း
စကားတပြောပြောနဲ့အမေအိုအိမ်အရောက်
လမ်းလျှောက်လာကြသတဲ့။

ဒါနဲ့အမေရယ်
ဒီလိုအသက်အရွယ်ရောက်မှ
တပင်တပန်းရှာဖွေစားသောက်နေရတာ၊
သားထောက်သမီးခံများ မရှိလေရော့သလားအမေ?

ရှိပါ့တော်၊
ရှိတာမှ သန်သန်မာမာနဲ့ အလွန်မတန် လိမ္မာသော
သားနှစ်ယောက်တောင်ရှိခဲ့တာပါ့။
ငါလိုမုဆိုးမ မအေအိုကြီးကို လုပ်ကိုင်ရှာဖွေကျွေးမွေးနေတာ။

အခုတော့
ဒီနှစ်ကောင် မပေါင်းအပ်သူနဲ့တွေ့ပြီး
လူပေါ့လူသွမ်းလူမိုက်တွေဖြစ်ကုန်လို့
နှစ်ယောက်လုံးအိမ်ပေါ်ကမောင်းချထားတယ်။
အိမ်ရိပ်နင်းတာနဲ့သေအောင်သတ်မှာ။
ဒါ့ကြောင့် ငါ့ထမင်းငါရှာစားနေရတယ်ဟေ့….!

အလို ဘယ်လူတွေနဲ့များ ပေါင်းသင်းနေမိလို့လဲခင်ဗျာ?

ဟဲ့
ဘယ်သူရှိမတုန်း။
အခုတလော လူပြောများနေတဲ့ ဟို မိုဟမ္မဒ်ဆိုတဲ့ကောင်ပေါ့ ဟဲ့။

ဟုတ်လား!
ဒီ မိုဟမ္မဒ်ဆိုသူက ဘယ်လိုလူမို့လို့တုန်း အမေ?

အံ့ပါရဲ့တော်၊
ဒီလောက်လူပြောများနေတာ၊
မင်းမို့ မသိတယ်။

အမေရော
ဒီ မိုဟမ္မဒ်ဆိုသူနဲ့ ဆုံဖူးပြီလား

ဆုံဖူးဖို့ဝေးလို့
သူ့စကားတွေ ငါ့သား နှစ်ကောင်ဆီကကြားရပြီး
အော့နှလုံးနာလွန်းလို့ပါ။
တွေ့လည်းမတွေ့ မြင်လည်း မမြင်ချင်ပေါင်တော်!
ဒါကြောင့်လည်း
ဒီနှစ်ကောင်ကို အိမ်ရိပ်တောင်မနင်းနဲ့ဆိုပြီး
မောင်းချလိုက်တာပေါ့ဟဲ့။

အို ဖြစ်ရလေအမေရယ်!
ဒါနဲ့ နေပါဦး အမေ
ဒီမိုဟမ္မဒ်က အမေ့သားနှစ်ယောက်ကို
ဘယ်လိုတွေရိုင်းစိုင်းသွားအောင်
ဘာတွေများ သွန်သင်ပေးလိုက်လို့လဲအမေ?

မင်းလည်း ညံ့ပါ့ကွယ်၊
တို့ဒေသမှာ အတော်များများက
ဒီအကောင်ကိုသတ်ချင်နေပြီ ကွယ့်။
ဒီအကောင်က
တို့ ဘို့စဉ်ဘောင်ဆက် မိရိုးဖလာကိုးကွယ်လာတဲ့
ကာဗာထဲက ရုပ်တုတွေကိုစော်ကားပြီး၊
အဲ့ဒါတွေကို ရှိခိုးပူဇော်ခြင်းမပြုဖို့၊
ထာဝရဘုရားသခင် ဖန်ဆင်းရှင် အလ္လာကိုသာ ဦးချဖို့၊
သူ့ကို အလ္လာ စေလွှတ်လိုက်တဲ့ တမန်တော်အဖြစ်လက္ခံဖို့ ဆိုပြီး
သွန်သင်ကာ တရားသစ်တွေဟောပြီး၊
ဘာသာအသစ် တီထွင်နေတယ်ကွယ့်။
တော်တော်လူပါးဝတဲ့ အကောင်ကွယ့်။

လူတွေဘာတွေကို သတ်ဖို့၊
မကောင်းမှုဒုစရိုက်တွေလုပ်ဖို့များ
သွန်သင်ပေးလိုက်သေးလားအမေ။

အဲ့လိုတော့ မသွန်သင်ဘူး၊
ငါ့သား ၂ ယောက်ပြောတာတော့
သူကငြိမ်းချမ်းရေး သမားလို့တော့ပြောတာပဲ။

ကဲကဲ ဒါ အမေ့အိမ်ပဲကွယ့်။
လာ လာ ဒီနားမှာချ။
သားလေးလည်း အတော်ပင်ပန်းသွားပြီ၊
အမေက ဆင်းရဲလေတော့
ဘာမှဧည့်ခံကြွေးမွေးစရာ မရှိဘူးကွယ်။
ရော့ရော့ ရေပဲတိုက်နိုင်တယ် သောက်လိုက်ဦး။

ကျေးဇူးပါပဲ အမေရယ်။

သားကိုသာ အမေကကျေးဇူးတင်ရမှာပါကွယ်။
ဟင်… ငါ့သား နှစ်ကောင်များ
မင်းလို လိမ်မာယဉ်ကျေးရင်
အမေ ဘယ်လောက် ဝမ်းသာ ရရှာမလဲကွယ်။

ဒါနဲ့ နေစမ်းပါဦး
သားလေးနာမည် အမေ့ကိုပြောပြပါဦး။

မပြောပါရစေနဲ့အမေ၊
တော်ကြာ အမေ ကျနော့ကြောင့်
ဒေါသထွက်စိတ်အနှောက်အရှက်ဖြစ်သွားရင်
ကျနော်ဝမ်းနည်း နေရမှာမို့ပါ။

အောင်မလေး သားလေးရယ်။
ဒီလောက်လိမ်မာယဉ်ကျေးတဲ့ ကူညီတတ်တဲ့
လူလိမ်မာလေးကြောင့်
အမေက ဘာကိစ္စ စိတ်အနှောက်အရှက်ဖြစ်ရမှာလဲကွယ်။
ကိုယ့်ကျေးဇူးရှင်လေး နာမည်လေးတော့သိရစမ်းပါရစေ။

ဟုတ်ကဲ့အမေ၊
ဒါဆိုလည်း ပြောပြပါ့မယ်။
အမေ အလွန်မတန်မုန်းတီးပါတယ်လို့ တစ်လမ်းလုံးပြောဆိုလာတဲ့
မိုဟမ္မဒ် ဆိုတာ ကျနော်ပါခင်ဗျာ။

အလို
ငါတော့ အမှားကြီး မှားပါပြီလား သားလေးရယ်။
အမေ မင့်ကိုတစ်လမ်းလုံး မကောင်းပြောပြီး ကျိန်ဆဲလာတယ်။
သားလေးက အပြုံးမပျက်သည်းခံပြီး
အမေ့ကို အဆုံးအထိကူညီတယ်။
အမေ သူများပြောစကားအကြားတွေနဲ့ သားလေးကိုရွံမုန်းခဲ့တယ်။
ဒါ့ကြောင့် သားစကားကို နားထောင်သွားတဲ့
အမေ့သားအရင်းနှစ်ယောက်အပေါ်မှာလည်း မှားခဲ့မိပြီ။
သားလေးကိုလည်း စော်ကားမိပြီ။
အမေ့ကို ခွင့်လွှတ်ပါကွယ်။
သားလေးဟာ တစ်ကယ့်သူတော်ကောင်းကြီးပဲ၊
အလ္လာရဲ့ စေတမန်တော်ဆိုတာ အစစ်အမှန်ဆိုတာ
အမေယုံကြည်လက္ခံပါပြီကွယ်။

ကဲ စာဖတ်သူများခင်ဗျား။
ဖြစ်ရပ်မှန်ပါ။

ဒီအမေအိုဟာ
တမန်တော်မြတ်ကြီး(Peace be upon Him) ရဲ့
ဝတ်စားဆင်ယင်ထုံးဖွဲ့မှုကြောင့် အစ္စလာမ်ကို
သက်ဝင်ယုံကြည်လက်ခံသွားတာလား?

တမန်တော်မြတ်ကြီး(p.b.H) ရဲ့
အပြုအမူအပြောအဆို လုပ်ရပ်မေတ္တ္တာတရားတို့ကြောင့်
အစ္စလာမ်ကို သက်ဝင်ယုံကြည်လက်ခံသွားတာပါလား ခင်ဗျား?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: