IF the Myanmar Military Government dare to do this constitutional coup they must prepare the severe repercussions withing the country and from abroad

IF they dare to do this constitutional coup they must prepare the severe repercussions withing the country and from abroad.

The worse scenario may be violent protests which need to suppress with shoot and kill order and ALL the severe sanctions from UN and USA including ICC indictments for TOP leaders starting from Than Shwe, Thein Sein, Min Aung Hlaing and et al.

Maung Zarni ommented>>>

Myanmar/Burma politics since 1962 reminds me of some of the nasty bullies and the ways they played childhood games.

If they won, they kept on playing.

If they loose or sensed they were loosing they either broke or bent the rules of the game, or ended the game suddenly – and started another game.

It is NOT my PhD that taught me how to understand the military and politics in Burma.

Having grown up in hot, dry and dusty Mandalay full of stray dogs carrying infectious diseases, my political understanding is informed, inevitably by what I learn about stray, aggressive dogs.

The last resort is A-Hseit Ton Pyit Dae.

When I share my conclusion – that the generals and ex-generals will NOT give up power-wealth ALIVE – I am being really REALISTIC – not PESSIMISTIC.

We have a choice of working with them: 1) in the unrealistic hope and on the proven false assumption – to turn dogs into vegetarians or 2) to feed them poison.

I tried the first option long enough to know it didn’t work.

I only have one option left. I alone cannot be the poison-feeder.

၂၀၁၅ ရွေးကောက်ပွဲမဖြစ်ရင် ဘယ်သူတွေ ဆက်အုပ်ချုပ်မှာလဲ

(ဆောင်းပါးရှင် – ဦးစိန်ကျော်လှိုင်)

(၁)

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်မထိုးဖြစ်ရင် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်နိုင်ဖြစ်မယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ဖြစ်ရင် (နိုင်ငံရေးမတည်ငြိမ်ရင်) ၂ဝ၁၅ ရွေးကောက်ပွဲလည်း မသေချာဖြစ်နိုင်တယ်ဆိုတဲ့သဘောမျိုး သမ္မတဦးသိန်းစိန်က သူ့ရဲ့အပတ်စဉ် ရေဒီယိုမိန့်ခွန်းမှာ မကြာခင်က ပြောသွားပါတယ်။

ဒီမှာတင် ၂ဝ၁၅ ရွေးကောက်ပွဲမဖြစ်ရင် ဘယ်သူက တိုင်းပြည်ကိုဆက်အုပ်ချုပ်မလဲ။ လက်ရှိ ဦးသိန်းစိန်အစိုးရကပဲ ဆက်အုပ်ချုပ်မှာလားစတဲ့ စိုးရိမ်တဲ့မေးခွန်းတွေ ပြည်သူတွေကြား ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲမဖြစ်ရင် ဘယ်သူဆက်အုပ်ချုပ်မလဲဆိုတဲ့ ပြဿနာကို အခြေခံဥပဒေ ၂ဝဝ၈ ကို အခြေခံပြီး ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။

တိုင်းပြည်မတည်ငြိမ်လို့ ၂ဝ၁၅ ရွေးကောက်ပွဲ မလုပ်ဖြစ်တော့ဘူးဆိုရင် အခြေခံဥပဒေ ၂ဝဝ၈ အရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး တစ်နှစ်အချိန်ကြာမယ့် အရေးပေါ်အခြေအနေ(State of Emergency) ကို ကြေညာရပါမယ်။ (ပုဒ်မ ၄၁၇)။ အဲဒီနောက် နိုင်ငံတော်သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာ စတဲ့ အာဏာသုံးရပ်လွှဲအပ်ကြောင်း ကြေညာရမှာဖြစ်ပါတယ်။ (ပုဒ်မ ၄၁၈-က) တစ်နည်းပြောရရင် တိုင်းပြည်အရေးပေါ် အခြေအနေမှာ စစ်တပ်က တမင်အာဏာသိမ်းနေစရာမလိုဘဲ သမ္မတဖြစ်သူကသာ ကာကွယ်ရေးဦးစီးချုပ်ကို (အခြေခံဥပဒေ ၂ဝဝ၈ အရ) အာဏာလွှဲပေးရမှာ ဖြစ်ပါတယ်။

အဲသလို အာဏာကြီးသုံးရပ်ကို သမ္မတ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လွှဲအပ်ကြောင်း ကြေညာတဲ့နေ့ကစပြီး လွှတ်တော်အားလုံးနဲ့ ဦးစီးအဖွဲ့တွေအားလုံးရဲ့ ဥပဒေပြုရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရမှာ ဖြစ်ပါတယ်။ အဲဒီလွှတ်တော်တွေရဲ့ သက်တမ်းကုန်သွားတဲ့အခါ သက်ဆိုင်ရာလွှတ်တော်တွေ အလိုလိုဖျက်သိမ်းပြီးဖြစ်တယ်ဆိုပြီး မှတ်ယူရမယ်လို့ပါ။ ပုဒ်မ ၄၁၈-က မှာ ပြဌာန်းထားပါတယ်။

ထူးခြားတဲ့အချက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲတဲ့နေ့ကစပြီး အခြေခံဥပဒေ ၂ဝဝ၈ မှာ ဘယ်လိုပဲရေးထားထား သမ္မတနဲ့ ဒုသမ္မတများမှအပ သက်ဆိုင်ရာလွှတ်တော်တွေရဲ့ သဘောတူညီချက်နဲ့ ခန့်အပ်တာဝန်ပေးထားတဲ့ အဖွဲ့အစည်းဝင်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့၊ ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ဝင်တွေကို တာဝန်မှရပ်စဲပြီးဆိုပြီး မှတ်ယူရမယ်လို့ပါ ပြဌာန်းထားပါတယ်။ (ပုဒ်မ ၄၁၈-ခ)။

တစ်နည်းပြောရရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာသုံးရပ်လွှဲပေးချိန်ကစပြီး သမ္မတနဲ့ ဒုသမ္မတတွေကလွဲလို့ အစိုးရအဖွဲ့ဝင်အားလုံး ပျက်ပြယ်သွားတဲ့သဘော ဖြစ်ပါတယ်။

(၂)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့ကိုပေးထားတဲ့တာဝန် (နိုင်ငံတွင်း မူလအခြေအနေ အမြန်ပြန်ရောက်စေရန်) မပြီးသေးလို့ အချိန်တိုးပေးဖို့တင်ပြလာရင် သမ္မတဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး တစ်ကြိမ် ခြောက်လနဲ့ နှစ်ကြိမ်ထိ သက်တမ်းတိုးပေးနိုင်ပါတယ်။ (ပုဒ်မ ၄၂၁-ခ)။ အဲသလို သက်တမ်းတိုးတဲ့ကိစ္စကို ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ပြီး အစီရင်ခံတင်ပြရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်တဲ့ အချိန်မျိုးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့တာဝန်မပြီးပြတ်သေးလို့ သက်တမ်းတိုးရေးတင်ပြလာရင် အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီက တစ်ကြိမ်ခြောက်လနဲ့ နှစ်ကြိမ်ထိ သက်တမ်းတိုးပေးနိုင်ပါတယ်။ (ပုဒ်မ ၄၂၅)။

ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်မယ့်အချိန်ဟာ သက်ဆိုင်ရာလွှတ်တော်တွေ သက်တမ်းကုန်လို့ ပုဒ်မ ၄၁၈-က အရ အလိုလိုဖျက်သိမ်းချိန် နဲ့ တိုက်ဆိုင်နေရင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးကို ဘယ်သူတွေနဲ့ခေါ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာ မတွေ့ရပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သူ့ကို ပေးထားတဲ့တာဝန်တွေ ပြီးမြောက်အောင် ဆောင်ရွက်ပြီးစီးပါပြီဆိုတာကို ပြည်ထောင်စုလွှတ်တော် သက်တမ်းမကုန်ခင်တင်ပြလာရင် သမ္မတဟာ ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ် အစီရင်ခံတင်ပြပြီးတဲ့နေ့ကစ၍ ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်တဲ့အချိန်မျိုးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်ပြလာရင် တင်ပြချက်လက်ခံရတဲ့နေ့ကစပြီးဖြစ်စေ၊ ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာလွှဲထားတဲ့ အမိန့်ပယ်ဖျက်ကြောင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး ကြေညာရပါမယ်။ (ပုဒ်မ ၄၂၂)

ဒီနေရာမှာ စဉ်းစားစရာရှိတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့ကိုလွှဲထားတဲ့ အာဏာကြီးသုံးရပ်ကို ပြန်မအပ်ဘဲ ဆက်အာဏာသိမ်းထားရင် ဘာလုပ်မလဲဆိုတာကို အခြေခံဥပဒေ ၂ဝဝ၈ မှာ ပြဌာန်းချက် မပါရှိပါ။

အဲလို အာဏာဆက်တိုက်မသိမ်းနိုင်အောင် ဘယ်လို အပြန်အလှန်ထိန်းကျောင်းမှုတွေ လုပ်ထားတယ်ဆိုတဲ့ ပြဌာန်းချက်မျိုးလည်း မတွေ့ရပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာလည်း လူသာမန်ဖြစ်တာမို့ အာဏာကို အကြောင်းအမျိုးမျိုးကြောင့် ဆက်သိမ်းထားပြီး အခြေခံဥပဒေ ၂ဝဝ၈ ကိုပါ ဖျက်သိမ်းပစ်မယ်ဆိုရင် တိုင်းပြည်ကံကြမ္မာဟာ မတွေးဝံ့စရာဖြစ်ပါတယ်။ တစ်နည်းပြောရရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အခြေခံဥပဒေ ၂ဝဝ၈ ပါ ပုဒ်မ ၄၂၂ ကို အရင်က အောင်မြင်စွာကျင့်သုံးခဲ့တဲ့ အစဉ်အလာမရှိသေးတဲ့အတွက် ပုဒ်မ ၄၂၂ ပြဌာန်းချက်အတိုင်း လက်တွေ့မှာ ချောချောမောမော ကျင့်သုံးနိုင်ပါ့မလားဆိုတာ ပြည်သူတွေအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။

ဒါကြောင့် ပုဒ်မ ၄၂၂ ဟာ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ဖြစ်လာပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကာလကနေ အရပ်ဘက်အုပ်ချုပ်ရေးဘက်ကို တစ်ခါကူးပြောင်းနိုင်အောင် လမ်းဖွင့်ပေးထားတဲ့ ထွက်ပေါက်သဖွယ်ဖြစ်နေတာ တွေ့ရပါတယ်။ ရထားတဲ့ အာဏာကြီးသုံးရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်အပ်မှသာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကဆက်ပြီး အရပ်ဘက်အုပ်ချုပ်ရေးအသွင်ကူးပြောင်းရေး လမ်းပွင့်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ သဘောကတော့ ပုဒ်မ ၄၂၂ ကို အောင်မြင်အောင် မကျင့်သုံးနိုင်ရင် အရပ်ဘက်အုပ်ချုပ်ရေးကို ချောချောမောမော မကူးပြောင်းနိုင်တော့ဘူးဆိုတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။

(၃)

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာလွှဲထားတဲ့အမိန့် ဖျက်သိမ်းပြီး ခြောက်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမှာ ဖြစ်ပါတယ်။ (ပုဒ်မ ၄၂၉)။

လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ ဒုသမ္မတ နှစ်ဦးကတော့ ဖွဲစည်းပုံအခြေခံဥပဒေနဲ့အညီ သမ္မတသစ်နဲ့ ဒုသမ္မတအသစ်တို့ ရွေးချယ်တင်မြှေက်ပြီးသည်ထိ ဆက်ရှိနေမှာဖြစ်ပေမယ့် လုပ်ပိုင်ခွင့် မရှိတော့ပါ။ အလားတူ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ နှစ်ဦးလည်း နောက်ထပ် ပြည်သူ့လွှတ်တော်ဥက္ကဠသစ်၊ အမျိုးသားလွှတ်တော်ဥက္ကဠသစ်တွေ ရွေးချယ်တင်မြှေက်ပြီးတဲ့အထိ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။
(ပုဒ် ၄၂၄ )။

ပိုပြီး ထင်သာမြင်သာအောင် ထောက်ပြရမယ်ဆိုရင် ၂ဝ၁၅ မှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးဆိုတာနဲ့ နိုင်ငံတော်အာဏာကိုကျင့်သုံးမယ့် အဖွဲ့အစည်းနှစ်ရပ် ပေါ်လာမှာဖြစ်ပါတယ်။ ပထမအဖွဲ့အစည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခေါင်းဆောင်တဲ့ တပ်မတော်ကို အာဏာသုံးရပ် လွှဲအပ်ရတဲ့အပိုင်း ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က သူ့တာဝန်ပြီးဆုံးကြောင်း ပုဒ်မ ၄၂၂ အရ သတင်းပို့ပြီးတာနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲထားတဲ့အမိန့်ကို ဖျက်သိမ်းပြီးချိန်နဲ့ အထွေထွေရွေးကောက်ပွဲ မကျင်းပခင်ကြားကာလမှာ နိုင်ငံတော်အာဏာကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဆက်လက်ကျင့်သုံးမှာ ဖြစ်ပါတယ်။

ဆိုလိုတဲ့သဘောက ၂ဝ၁၅ မှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးဆိုတာနဲ့ ဆက်လက်အုပ်ချုပ်မယ့် အဖွဲ့အစည်းတွေက တပ်မတော်နဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ ရေးကောင်စီ နှစ်ဖွဲ့ကသာ နှစ်ပိုင်းခွဲ ဆက်လက်အုပ်ချုပ်သွားမှာ ဖြစ်တယ်လို့ အရပ်စကားနဲ့ အလွယ်ပြောနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို သီအိုရီအရ သမ္မတက ဦးဆောင်တယ်လို့ဆိုတဲ့တိုင် အဖွဲ့ဝင် ၁၁ ဦးမှာ ခြောက်ဦးက တပ်မတော်ကဖြစ်နေတာမို့ တပ်မတော်ကသာ Default veto အာဏာရထားပြီးလို ဖြစ်နေပါတယ်။
ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ငံတော်အာဏာကျင့်သုံးတဲ့ကာလမှာလည်း တပ်မတော်ရဲ့ ဩဇာလွှမ်းမိုးမှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ပါ ယူဆနိုင်ပါတယ်။

(ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် UPWC နှင့် NCCT တို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးညှိနှိုင်းမှုဆွေးနွေးပွဲကို စက်တင်ဘာလအတွင်းက တွေ့ရစဉ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: