ကျွန်ဆိုတာက လွန်ခဲ့နှစ် နှစ်ထောင်ကျော်လောက်က တရုပ်ရှေးစကားတခုမှာ မြင့်မြတ်တဲ့လူမျိုး လို့အဓိပ္ပါယ်ရတယ်ဗျ….ကျွန်တော်တို့က အဲ့ကဆင်းသက်လာတာ …. “

နှစ်သုံးဆယ်လောက် နိုင်ငံခြားမှာ ကြိုးစားပန်းစားအလုပ်လုပ်ခဲ့ပြီးပြီ ….အမိမြေကို မကြာခင်ခြေချရတော့မယ်..လေယာဉ်ပြတင်းပေါက်ကတိမ်တွေကိုကြည့်ရင်း…..ကြည်နူးစိတ်နဲ့ ပျော်နေမိတယ်….ဘေးကပ်ရပ်ခုံက တပည့်ကျော်မောင်ဂတုံးကတော့ သိပ်ပြီးရင်မခုန်သလိုပဲ..အင်းပေါ့…သူကမနှစ်ကမှ မြန်မာနိုင်ငံကထွက်ခဲ့တာဆိုတော့ အမိမြေကို ကိုယ့်လောက်တော့ဘယ်လွမ်းလေမလဲ………..
ရောက်ပါပြီ ဂိုးဒန်းလန်း …..ငါတို့နိုင်ငံက လေကမှ သန့်ရှင်းလတ်ဆတ်တာ…..အားရပါးရရှူ ပျိုက်မယ်….လေရဲ့အနံ့ကိုက လတ်ဆတ်တဲ့…သန့်ရှင်းတဲ့…….ဟင် ညှော်နံ့ အသားတွေ မီးလောင်နေတဲ့အနံ့……”ဟဲ့ကောင် ဂတုံး ညှော်နံ့ရနေသလိုပဲ..”….”.အော် ဆရာရယ် တမြို့လုံး အကင်နဲ့ဘီယာဆိုင် အပြည့် ….ညှော်နံ့မရလို့ အော်လီဂတုံးနံ့ရရ မှာလား.”…အော် ဟုတ်ပါပီကွာ…..”ဒီလမ်းကြီးက ကျယ်လာပါ့လား အဝိုင်းပတ်ကလည်းအကြီးကြီးပဲ”
“အဲ့ဒါ ဥတည်ဖွား အဝိုင်းပတ်လို့ခေါ်တယ် ဆရာရဲ့” ဥတည်ဖွားရဲ့ အမျိုးးတွေ ဒီနားမှာနေကြလို့”…..”.အော်”


“ဟဲ့ကောင် တရားရုံးရှေ့က ရုပ်ထုကြီးက ဘာရုပ်ကြီးလဲကွ…..”
“ပေါင်ချိန်လေ တရားသူကြီးလေ ဆရာသိမှာပါ သူ့ရုပ်ထုပေါ့ သူရှိနေတော့ တရားရုံးကို လူတွေ ယုံကြည်လာမလားဆိုပြီး ထုထားတာတဲ့”
“အော်…… တခုခုလိုနေသလိုပဲ ပေါင်ချိန့်မျက်နှာက….”
“အော်…. မျက်နှာပေါင်းတင်ထားလို့ ဖြူနေတာ ….ကုလားနဲ့တူမှာဆိုးလို့တဲ့ မျက်နှာကို စကျင်ကျောက်သားအနှစ်နဲ့ထုထားတာ”
“အော် ကောင်းပါ့ကွာ”
“ဟဲ့ကောင် ငါတို့ဝယ်ထားတဲ့ ကွန်ဒို ရဲ့အခန်းသော့က ဘယ်မှာဝင်ယူရမလဲကွ….ငါနားချင်ပြီ”
“အဲ့ဒါက စကားဝှက်ပြောရုံနဲ့ တံခါးအဖွင့်အပိတ်လုပ်တဲ့ စနစ်ဗျ….ကျွန်တော့်ဆီစကားဝှက်ပို့ပေးပြီးပြီ..”
စကားဝှက်က” ညဉ်းပုကျွတ်တောက် ငေါပုကျွတ်တောက်”
“ဟာ ဘာစကားတွေလဲဟ ငါတော့……ဘာမှကိုမသိတော့ဖူးကွာ”
“အဲ့ဒီ့ဘာမှမသိဖူးဆိုတာကိုက လှို့ဝှက်ချက်ဗျ စကားဝှက်ဗျ”
“ဟဲ့ ကတုံး ဟိုစစ်တက္ကသိုလ်ရှေ့က နီနီနဲ့ဝါဝါရုပ်ထုကြီးတွေက ဘာကြီးတုန်းဟ”
“အော် နီနီက ကျန်ကုဝေ ဝါဝါက စွန်းဝူခုန်း”
“မြတ်စွာဘုရား….အဲ့နှစ်ကောင်က ဘယ့်နှယ့်လုပ်ပီး ဒီရောက်လာတာလဲကွ…..,ရာရာစစကွာ ငါတို့ရဲ့ နောင်တခေတ်ရဲ့ အောင်စစ်သည်ကျောင်းနဲ့မျောက်ရုပ်နဲ့ တူသလားတန်သလားကွ …”
ဆရာမသိသေးဖူးလား သင်ရိုးညွှန်းတန်းတွေပြန်ဖတ်ပါ….
ဆရာရယ် မောတာ ရှင်းပြရတာ….”
“ပြောပါတဖဲ့ရယ် ဆရာမသိလို့ပါ”
ဆရာတို့သင်ခဲ့ရတဲ့မြန်မာ့သမိုင်းက အမှားကြီး….အနော်ရထာ သာသနာပြုဖို့ တောင်အရပ်ကိုသွားတော့ ကူညီခဲ့တာ စွန်းဝူခုန်းဗျ….ထီးလှိုင်အရပ်မှာ ထင်ရှားခဲ့တာက အပေါင်ဆိုင်ဖွင့်တဲ့ကျန်ကုဝေ…..သူ့ကိုအနော်ရထာက ကျန်ကျောင်းဘွဲ့ပေးပြီး သူကောင်းပြုထားတာ…ပဲခူးကို စစ်သူကြီးချောင်းချောင်း ဝင်သိမ်းတော့ အနော်ရထာကိုစစ်ကူပို့ပေးဖို့ပြောတာနဲ့..ကျန်ကုဝေ ချောင်ယွင်ဖတ် ယွန်ပြောင်းနဲ့ ဂျက်ကီချန်းတို့ကို လွှတ်လိုက်တာ….”
“ကြားဖူးနေသလိုပဲ အဲ့နာမည်တွေကို”
“သူရဲကောင်းနာမည်တွေ ကိုဂုဏ်ပြုပြီး မင်းသားတွေ သမ္မတတွေ ဝန်ကြီးတွေက အဲ့နာမည်တွေ ထားကြတာလေ” သမ္မတနာမည်တောင် ဦးပါကျဲစိန်တဲ့ …..လွှတ်လှ”
“ဘုရား ဘုရား”
“ဘုရားတမနေနဲ့ ဆရာ့ဦးနှောက်ထဲ တွေးထားဖို့က ဘူကနာမည်မေးမေး”ကျွန်”မျိုးရိုးပါလို့အရင်ဖြေရမယ်…..
“ဘာာာာကွ ငါတို့က သခင်မျိုးရိုးကွ မင်း သခင်ဘသောင်းတို့ ဝိုင်အမ်ဘီအေ တို့မကြားဖူးဘူးလားကွ…….”
“ဆရာရယ် ကျွန်ဆိုတာက လွန်ခဲ့နှစ် နှစ်ထောင်ကျော်လောက်က တရုပ်ရှေးစကားတခုမှာ မြင့်မြတ်တဲ့လူမျိုး လို့အဓိပ္ပါယ်ရတယ်ဗျ….ကျွန်တော်တို့က အဲ့ကဆင်းသက်လာတာ …. ”
“ဟာ ဟဲ့ကောင် ဂတုံး….ငါတို့ဘိုးဘွားတွေဖြစ်တဲ့ တကောင်းက အဘိရာဇာ တို့ကဘယ်ပျောက်သွားပြန်သလဲ”
“ဆရာနားလိုက်ပါအုံး….ပင်ပန်းပြီးဂယောင်ခြောက်ခြားတွေ ဖြစ်နေပီ…..”
” ဒါမြန်မာနိုင်ငံပါဆရာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအရ ရှေးတရုပ်မျိုးရိုးက ဆင်းသက်လာတဲ့ ကျွန်မျိုးရိုး တွေဆိုတာကိုဆရာလက်ခံပေးပါဆရာ” “ဒါမှပဲ ဆရာဒီနိုင်ငံမှာ နေလို့ရပါလိမ့်မယ်ဆရာ”

One Response to “ကျွန်ဆိုတာက လွန်ခဲ့နှစ် နှစ်ထောင်ကျော်လောက်က တရုပ်ရှေးစကားတခုမှာ မြင့်မြတ်တဲ့လူမျိုး လို့အဓိပ္ပါယ်ရတယ်ဗျ….ကျွန်တော်တို့က အဲ့ကဆင်းသက်လာတာ …. “”

  1. drkokogyi Says:

    Yemin Nyinyi
    September 26 at 10:28pm ·

    မန်းလေး ၃၅ လမ်းပေါ်က အပနားလက်ဖက်ရည်ဆိုင်တဆိုင်မှာ ဒံပေါက် အုန်းထမင်း ပဲထမင်း ကီးမား စတာတွေကို ကျီနားလို ရေးထားတာ တွေ့ရတော့ …..
    ကွမ်ကျိုး…ပီကင်းလု က ပါကစ်ဆိုင်ကိုသတိရတယ်
    မန်းလေးမှာ မကြာခင် မန်စီလု ခွေးမင်လု တွေပေါ်လာတော့မယ် ထင်တယ်……
    ဈေးကွက်စီးပွားရေးပဲဆိုဆို ရေကြည်ရာမြက်နုရာပဲ ပြောပြော ….မန်းလေးမြို့အတွက်တော့ တိုးတက်သလိုလိုနဲ့ ကျဆုံးခြင်းလမ်းမှာ အရှိန်ပြင်းပြင်း ခရီးနှင်နေဆဲ…..
    မယောင်ရာဆီလူး — သန်းရှာနေသူများ အိမ်မက်လှလှ မက်နေချိန်မှာ မြို့တစ်မြို့လုံး သေနတ်တချက်မဖောက်ပဲ သိမ်းသွားတဲ့ ခေတ်သစ်ကိုလိုနီဝါဒကတော့ သောက်ရမ်းလန်းတယ်……
    ကိုလင်းလင်း ရဲ့ သီချင်းလေးကိုသတိရမိတယ်…….
    “”သူစိမ်းတွေနဲ့ ရှုတ်ထွေး နေတဲ့ ငါတို့ရဲ့ မန်းလေးမြို့ သေဆုံးခြင်း…….””
    (မျိုးချစ်အပေါင်း….သူတော်ကောင်းတို့ အိမ်မက်လှလှ မက်နိုင်ကြပါစေ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: