တိုင်းပြည်မှာ သာသနာညှိုးနွမ်း ဂိုဏ်းဂနတွေကွဲ ပဋိပက္ခတွေ ဖြစ်နေတာ အရှင်မင်းမြတ်ရဲ့ အစီအမံကြောင့်ပါဘုရား….ခိုင်းစေမှုကြောင့်ပါဘုရား…..”

ဘုရင်….”ဝန်ကြီးများ…..ငါပျင်းတော်မူတယ်…မေးခွန်းမေးမယ်ဟေ့ ဖြေနိုင်ရင် လယ်ဧက တစ်သောင်းပေးမယ်….မဖြေနိုင်ရင် မောင်မင်းတို့ကို အာမခံမပေးပဲချုပ်….ရုံးချိန်း ၁၂ခါ ထုတ်…. ထောင်ချတော်မူမယ်….”
ဝန်ကြီးများ…”.မှန်လှပါ့ ”
ဘုရင်…… “ငါ့ပြည်သူတွေကမွဲပြီး ငါအပါအဝင်..မောင်မင်းတို့ဆွေမျိုးတသိုက်ကြ ဘာကြောင့်ချမ်းသာနေရသလဲ …ကာဝန်ကြီးဆိုတဲ့ကောင် ဖြေစမ်းလကွာ”
ကာဝန်ကြီး…”.မှန်လှပါ ဘုန်းတော်ကြောင့် ရှေးဘဝက ကုသိုလ်ကံကြောင့် ဘဝအဆက်ဆက်ကပြုခဲ့ဖူးတဲ့ ဒါနသီလကြောင့် တွေပါဘုရား……….”


ဘုရင်….”.မှားတယ်…… ရုရှား မြောက်ကိုရီးယားနဲ့ တရုပ် နိုင်ငံထုတ်သေနတ်တွေကြောင့်ကွ ….”(ရဲမက်များ ကာဝန်ကြီးအား ဖမ်းပြီး အင်းစိန်သို့ပို့စေ)
ဘုရင်…..”ငါတို့နိုင်ငံရဲ့ ပညာရေး ကဘာကြောင့်အဆင့်နိမ့်နေတာလဲ ဘိုမြှင့်ပေးရမလဲ….ပညာဝန်ကြီးဆိုတဲ့အကောင် ဖြေစမ်းလကွာ”
ပညာဝန်ကြီး……”မှန်လှပါ ….ဘုန်းတော်ကြောင့် နိမ့်ကျ(အဲ မှားလို့) သင်ကြားမှု စနစ်ကြောင့်နိမ့်ကျနေတာပါဘုရား….ဝိဇ္ဇာသိပ္ပံ ဘာသာရပ်တွေကို ဘိုလိုမသင်ပဲ သုဒ္ဓ/မိဿဓါတ်..မြူ…စသဖြင့်….အခန့်သင့်သလို ပြောင်းလဲခေါ်ဝေါ်သင်ကြားစေလျှင် တိုးတက်လာပါလိမ့်မယ် ဘုရား…..”
ဘုရင်…….”မှားတယ်….မင်ဒရင်း ယူနန် ကွမ်တုံ ဘာသာတွေ ပြောင်းသင်မှ တိုးတက်မှာကွ (ဒီကောင်သောက်ရူးပဲ….ဖမ်းပြီး တံတားလေးကိုအရင်ပို့ပလိုက်စမ်း အဲ့ကောင်ကို ….)”
ဘုရင်……”..ငါ့နိုင်ငံကလူတွေ ကျန်းမာရေးအခြေအနေ သိပ်မကောင်းတာ အသက်တိုတာရောဂါထူတာ ဘာကြောင့်လဲ…..ဟဲ့ကောင်ကျန်းဝန်ကြီး ဖြေစမ်း”
ကျန်းဝန်ကြီး…..”.မှန်လှပါ ဘုန်းတော်ကြောင့် အများစုကကျန်းမာလျှက်ပါဘုရား…တရုပ်ကလာတဲ့ အစားအသောက်/အရုပ်/စိုက်ပျိုးရေးဆေး/လူသုံးကုန်ပစ္စည်း/ဆိုက်ကယ်တွေကြောင့် အနည်းငယ်သော လူတချို့သာ သေရုံလေးသေသွားကြတာပါဘုရား….”
ဘုရင်……”မှားတယ်…….ကွကိုသောက်သုံးမကျလို့ စားကြသောက်ကြအသုံးပြုနေပြီး သေတာကို သာကောတို့နာမည်ထည့်မပြောနဲ့ …..ကွ……အသုံးမကျလို့သေတာကွ သေတာတောင် ရိုးရိုးမသေဖူး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးရေးကို ဖျက်ဆီးသွားကြသေးတယ် ငါ့လိုဥရောပ နဲ့ယူအက်စ်မိတ်တွေသုံးရင် သေပါ့မလားဟ ….ကျန်းဝန်ကြီးကိုဖမ်း ကျေးဇူးရှင်တွေကို အကြည်ညိုပျက်စေမှုနဲ့ ထောင်ချပလိုက်….”
ဘုရင်…..”သာဝန်ကြီး ရှေ့တိုးပြီးဖြေစမ်း
အခု တိုင်းပြည်မှာ သာသနာညှိုးနွမ်း ဂိုဏ်းဂနတွေကွဲ ပဋိပက္ခတွေ ဖြစ်နေတာ ဘာကြောင့်လဲကွ…မောင်မင်းဖြေစမ်း”
သာဝန်ကြီး….”မှန်လှပါ ဘုန်းတော်ကြောင့် ပါဘုရား ဘုန်းတန်ခိုးကြီးမားတဲ့ အရှင်မင်းမြတ်ရဲ့ အစီအမံကြောင့်ပါဘုရား….ခိုင်းစေမှုကြောင့်ပါဘုရား…..”
ဘုရင်…..”မောင်မင်း…..အတင့်ရဲလှချေလားကွ….မှားတယ် နင့်ကြောင့်ဟဲ့
ဝန်ချောင် မာဟန့် ကျောက်လုံး ကျောက်ဟူ လာကြစမ်း သာဝန်ကြီးကိုဖမ်း ပိုင်ဆိုင်မှုတွေသိမ်း ထောင် ၁၅ နှစ် ချပလိုက်…. နင့်ကြောင့်ဟ နင့်ကြောင့် မယုံရင်နက်ဖြန် သတင်းစာမှာဖတ်ကြည့် နင့်ကြောင့်ဆိုတာ သက်သေသက်ကာယတွေနဲ့ အတိအကျ ဖော်ပြလိမ့်မယ်…..ဟွန်း…..”

(ဗာရာဏသီပြည်)

One Response to “တိုင်းပြည်မှာ သာသနာညှိုးနွမ်း ဂိုဏ်းဂနတွေကွဲ ပဋိပက္ခတွေ ဖြစ်နေတာ အရှင်မင်းမြတ်ရဲ့ အစီအမံကြောင့်ပါဘုရား….ခိုင်းစေမှုကြောင့်ပါဘုရား…..””

  1. drkokogyi Says:

    Yemin Nyinyi
    September 24 at 10:50pm ·

    မေး…..သမ္မတကြီးကိုထောက်ခံပါသလား
    ဖြေ….. ထောက်ခံပါတယ်
    မေး….. ဝမ်းသာလိုက်တာဗျာ…ဘာကြောင့်ထောက်ခံသလည်းဆိုတာပါဖြေပေးပါအုံး…..
    ဖြေ….. အော် ပန်းရံလုပ်တာကပင်ပန်းတယ်လေ ဒါတောင်တရက် ၃၅၀၀ ပဲရတယ်….ရေသန့်တဗူး ထမင်းတဗူးနဲ့ တရက် ၄၅၀၀ ရလို့ကတော့ ……. လမ်းထဲကဖာခေါင်းဖြစ်ဖြစ် ဆိုက်ကားသမားဖြစ်ဖြစ် ထောက်ခံပျိုက်မှာ…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: