သူ့ ကျွန်မခံပြီ” ဘ၀တုန်းက ၆၃ နှစ်ပဲကြာတယ်။ “စစ်ကျွန်မခံပြီ” က သံသရာဆုံး တိုင် ဖြစ်လိမ့်မယ် ထင်ပါရဲ့

အာရပ်က နွေဦးမျိုး ဟောင်ကောင်မှာ၊ တရုတ်မှာ၊ မြန်မာပြည်မှာ ဘယ်တော့မှ ဖြစ်လာနိုင်မယ် မထင်ဘူး။ အုပ်ချုပ်သူတွေဘက်မှာ အာဏာကို စွန့်လွှတ်ဖို့ ဘယ်တော့မှ မစဉ်းစားဘူး။

အင်္ဂလိပ်က လွတ်လပ်ရေးပေးတာ လွယ်သလောက် ကိုယ့်လူမျိုးချင်းကျမှ လှေခွက် ချည့်ကျန် အလံမလှဲတွေနဲ့ တွေ့ရတာ။ ဘယ်လက်ညောင်းရင် ညာလက်ပြောင်းပြီး မသေမချင်း ဆက်ကိုင် မယ့်သူတွေ။ ဘောင်းဘီနဲ့ ကြည့်မကောင်းရင် ခေါင်းပေါင်းနဲ့ ပြောင်းထိုင် မယ်လေ။ ထိုင်တာတော့ သူတို့ချည့်ပဲ ထိုင်မှာ။ ဘယ်သူ့ကိုမှ နေရာပေးချင်တာ မဟုတ်ဘူး။ လက်မခံနိုင်လို့ အထွန့်တက်လည်း လူငါးသန်း လက်မှတ်ထိုးထားတောင် ပေါင်ကြားထဲ မညှပ်လောက်ဘူးလို့ မကြားချင်ယောင်ဆောင်တုန်း။ ဒလန်aလးငါးယောက်လောက် ပီအာရ်အော်တဲ့ အသံကျ တစ်ပြည်လုံးကြားအောင် မိုက်တပ်ပြီး လွှင့်ပေးတယ်လေ။

သူ့ ကျွန်မခံပြီ” ဘ၀တုန်းက ၆၃ နှစ်ပဲကြာတယ်။ “ကိုယ့်ကျွန်မခံပြီ” ကရင် သံသရာဆုံး တိုင် ဖြစ်လိမ့်မယ် ထင်ပါရဲ့။ ဘိုးတော်များ စုတေစိတ် ကျရင်တောင် တိဘက်ဘုန်းကြီးများလို “ငါ ဟိုနားလေးမှာ သွားဝင်စားမယ်။ ငါ့လိုက်ရှာ ပြီး နန်းတင်ကြ။” လို့ ဗျာဒိတ်ချွေမသွားတာ ကံကောင်း။ (လူပြန်မဖြစ်တာ သေချာလို့ နေမှာပေါ့နော်)

ကိုယ့်ကျွန်မခံပြီ…သရော်စာ (Satire) – ငွေစန်းရောင်
————-

ဟောင်ကောင်ကျွန်းကို တရုတ်ပြည်မကြီး လက်အောက် ပြန်ပို့လိုက်တုန်းက ရှန်းကန် မောင်မယ်တွေခမျာ ငိုကြီးချက်မနဲ့ အင်္ဂလန်ဘုရင်မကြီးဆီ လိုက်သွားပြီး လန်ဒန်မြေပဲယို ပဲ ရောင်းရတော့မလိုလို ပြောကြတယ်ဆိုတော့ သူတို့မလည်း အဲသလောက် ကျွန်သက်ရှည် တာတောင် အားမရလို့ အိမ်တိုင် ယာရောက် သဘောက်လုပ်ချင်ကြသေးသကိုး လို့ ကိုယ်တို့အိမ်က ကိုယ့်ကျေး ကိုယ့်ကျွန်တွေက မစာမနာ ပြောကြပါတယ်။ သူ့ကျွန်ဖြစ်ရတဲ့ ဘ၀နဲ့ ကိုယ့်ကျွန်ဖြစ်ရတဲ့ဘ၀ ကို ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ထွက်ခဲ့လျက်သားနဲ့ ကိုယ့်ဟာကမှ ပိုချိုတယ်ထင်နေ ကြတော့လည်း ခက်တာပဲ။

အဲ့ဒီတုန်းကတော့ ကောင်းသည်ပဲဖြစ်စေ၊ ဆိုးသည်ပဲဖြစ်စေ၊ နိုင်ငံ့ခေါင်းဆောင်တွေ ကတိကဝတ် စာချုပ်စာတမ်းနဲ့ လုပ်ထား တဲ့ကိစ္စဆိုတော့ ပြောပြီးစလစ် နံပတ်တစ်နဲ့ပဲ ပွဲသိမ်း ခဲ့တယ်။ ပြည်မကြီးက လူတွေကတော့ ပျော်တာပေါ့။ တိန့်ရှောင်ဖိန်ကြီးကဆို မာဂရက်သက်ချာ ကြီးနဲ့ စာချုပ်ချုပ်တဲ့အခါ ပြုံးပြုံးကြီး မင်္ဂလာယူပြီး မှတ်သားလောက်တဲ့ ဩဝါဒချွေခဲ့တယ်။

“ပေတစ်သောင်းမြင့်တဲ့ သစ်ပင်ပဲ ဖြစ်ပစေ၊ အရွက်ကြွေရင်တော့ အမြစ်ရှိရာ ပြန်လာရစမြဲပဲ” တဲ့။

သူတို့ကသာ ပြည်ကြီးမဏ္ဍိုင်ဆိုတော့ မူလရင်းမြစ် ဆွေမျိုးအစစ်ကြီးတွေပါ။ သာတယ် နာတယ် သဘောမထားပါနဲ့။ ဟောင်aကာင် တရုတ်တစ်ယောက်အနေနဲ့ ပြည်ကြီးတရုတ်တွေရဲ့ မေတ္တာ ရိပ်အောက်ကို ခိုလှုံရတာ ကိုယ့်ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုး ရမှာပေါ့။ တောင်တရုတ် ပင်လယ် ကိုတောင် နိုင်ငံတကာနဲ့ အငြင်းပွားပြီး တစ်လက်မ အထိမခံ တွန်းလှန်နေတဲ့ တရုတ်ကြီးဟာ ဟောင်ကောင်ကျွန်းကို ဘယ်နည်းနဲ့မှ လက်လွတ်ခံစရာ အကြောင်းမရှိဘူး။

လူဦးရေချင်း ယှဉ်ကြည့်လိုက်ရင် ဥသျှစ်သီး နဲ့ နှမ်းစေ့ လောက် ကွာတယ်။ သူတို့ဘက် က ဟောင်ကောင်သားတွေကို “ကွန်မြူနစ်လက်အောက် မို့ မပျော်နိုင်ဘူး ထင်ရင်လည်း မနေချင်သွားပေါ့။ မြေအုတ်တို့ ပြိုရင် ကျောက်အုတ်တို့ အစားထိုးဖို့ အသင့်ရှိတယ်” လို့ သဘောထားကြတယ်။ အဲသည်အခါမှာ သူတို့နှစ်ဦး ပေါင်းစည်းရေးဟာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးလို့ ဘယ်လိုပြောပြော ယုံနိုင်စရာမရှိပါဘူး။

အရင်တုန်းက သူတို့ကြုံတွေ့ရတဲ့ ဒုက္ခ ကတော့ လူဝင်မှုကြီးကြပ်ရေး ပြဿနာပဲ။ ပြည်မက လူတွေ က အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းတဲ့ ဟောင်ကောင်ကို အလုအယက်လာကြတယ်။ အလုပ်အဆင်ပြေရင် အိမ်ယာထူထောင်ပြီး မိသားစုပါ အခြေချကြတယ်။ ဟောင်ကောင် မှာ မွေးလာတဲ့ကလေးဟာ ဟောင်ကောင် ကျွန်းသားဖြစ်ဖို့ မပြောနဲ့ ဟောင်ကောင်ဆေးရုံတွေ မှာ မွေးနိုင်ဖို့တောင်မှ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတားအဆီးတွေကို ခါးစည်းခံကြရတယ်။ တို့ဆီက လူတွေ ထိုင်းထွက် အလုပ်လုပ်ကြသလို နေမှာပေါ့ကွယ်။

(အခုတော့ တရုတ်ပြည်မကြီးရဲ့ စီးပွားရေး တိုးတက်လာလို့ ဟောင်ကောင်ဆိုတာ လည်လည် ထွက်စရာ ရှော့ပင်ထွက်စရာ မက္ကာအို လောက်ပဲ သဘောထားတော့သတဲ့။)

ဟောင်ကောင်သားနဲ့ ပြည်ကြီးပေါက်ဖော် တို့ကတော့ တရုတ်ချင်းတူပေမယ့် လူတန်းစားချင်း မတူ၊ ယဉ်ကျေးမှုချင်း မတူ၊ အတွေးအခေါ်ချင်း မတူတော့ဘူး။ ဟောင်ကောင်ကျွန်းဟာ အင်္ဂလိပ် လက်အောက်မှာ နှစ်ပေါင်း ဘယ်လောက်ကြာခဲ့သလဲ။ သူတို့ကိုယ်သူတို့ တရုတ်လို့ ခံယူထားရင်တောင် ကွန်မြူနစ်ဝါဒ ကိုတော့ အယုံအကြည်မရှိတာ သေချာတယ်။ ဟောင်ကောင် မှာ အမြစ်တွယ် အခြေကျနေတဲ့သူတွေဟာ ကွန်မြူနစ်ဝါဒကို ကြောက်လွန်းလို့ ရှန်ဟိုင်းကနေ ထွက်ပြေးလာတဲ့သူတွေ အများကြီး။

တံခါးပိတ်ထားတဲ့ တရုတ်ပြည်မကြီးမှာ ကြီးတဲ့ ကလေးတွေနဲ့ အနောက်တိုင်းနဲ့ ဥဒဟို ဝင်ထွက်သွားလာရာ ဟောင်ကောင်မှာ ကြီးပြင်းတဲ့ ကလေးတွေ အတွေးအမြင်ချင်း ဘယ်လိုမှ တူစရာ အကြောင်းမရှိဘူး။

မဆီမဆိုင် မောင်စံဖား ကတောင် ငါတို့ အမိမြန်မာပြည်ကြီးလည်း အနှစ် ၅၀ လောက် နောက် ကျပြီးမှသာ လွတ်လပ်ရေး ရခဲ့မယ်ဆို ဟောင်ကောင်လောက်တော့ တိုးတက်နေမလားပဲလို့ ကျွန်စိတ် သဘောက် စိတ်တွေ တဖွားဖွားပေါ်မိတယ်။ မိဘဘိုးဘွား အသက်သွေးချွေးတွေနဲ့ မျိုးဆက်နှစ်ဆက်လောက် တိုက်ယူလာရတဲ့ လွတ်လပ်ရေးကို တန်ဖိုးမထားသူ အမျိုးသား သစ္စာဖောက်အဖြစ် နာမည်ကြီးတော့မှာပဲ။

အမှန်တော့ ဘယ်သူ့ကိုမှ ကျွန်မခံချင်ပါဘူး။ သူ့ကျွန် လည်း မခံချင်ဘူး။ ကိုယ့်ကျွန်လည်း မခံချင်ဘူး။ လူအချင်းချင်း ကျွန်လို သဘောထားတာကို မခံနိုင်ဘူး။ သူ့ကျွန်ရော ကိုယ့် ကျွန်ရော နှစ်တစ်ရာကျော်အောင် ခံလာရလို့ တစ်မျိုးသားလုံး နွံနစ်နေတာကြာပေါ့။

မြန်မာပြည် ဗြိတိသျှနယ်ချဲ့ လက်အောက် မှာတုန်းက ကျွန်ဘ၀ရောက်နေတဲ့ မြန်မာလ မျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး အဆင့်အ တန်း၊ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့ ဖွံဖြိုး တိုးတက်မှု စတာတွေဟာ အခု ကိုယ့်မင်းကိုယ့်ချင်းနဲ့ သခင်မျိုးဟေ့ တို့ ဗမာ ဖြစ်လာတဲ့အချိန်မှာ ရှိတဲ့ဟာနဲ့ ဘယ်ဟာက ဘယ်လိုနေပါလိမ့်လို့ သိမီသူများကို မေးကြည့်ပါလား။

ကျွန်ပညာရေး စနစ်ကို အလိုမရှိလို့ သပိတ်မှောက်ခဲ့တဲ့ ကာလကတ္တား တက္ကသိုလ်ရဲ့ လက်အောက်ခံ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပညာတတ်များဟာ သည်ကနေ့ ဆိုက္ကားနင်း ပဲပြုတ်ရောင်းပြီး ဆန္ဒဖော်ထုတ်နေသူ တက္ကသိုလ်ဘွဲ့ရ ကျောင်းသားများနဲ့ ဘယ်လိုကွာသလဲ လို့ ရှေ့မီနောက်မီ ပညာရေးအကြံပေး မာမီကြီးကို အင်တာဗျူး ချင်လိုက်တာ ။ ငွေသော်တာရောင်ခြည် သီချင်းလေး စပ်ပေးရတဲ့ အာဇာနည်ဗိုလ်အောင်ဆန်း တစ်ယောက် ဆရာမလေး မခင်ကြည်နဲ့ ဖူးစာဆုံခဲ့တုန်းက ပြည်သူ့ဆေးရုံကြီးတွေ ဟာ တော်တော် သာသာယာယာ ရှိမှာပဲနော်။ အခု သူတို့နှစ်ဦးရဲ့ သမီးလေး ဦးဆောင်ပြုပြင်နေတဲ့ ကိုယ်တို့ ဆေးရုံကြီးနဲ့ ဘယ့်နှယ့်နေသလဲ။

အင်္ဂလိပ်နယ်ချဲ့တွေဟာ တကယ်ကို စိတ်နာစရာ ကောင်းလှပါတယ်။ တို့အရှင် တို့သခင်တွေကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းသွားပြီး တို့တိုင်းပြည်ရဲ့ သယံ ဇာတအဝ၀ကို ဂုတ်သွေးစုတ် အမြတ်ထုတ်သွားကြတယ်။ ဒါပေသိ သူတို့လက်ထက်တုန်းက လေ့ကျင့် သင်ကြား တာဝန်ထမ်း ဆောင်သွားတဲ့ တောအုပ်တောခေါင်းတွေ၊ မြို့အုပ်ဝန်ထောက်တွေရဲ့ တာဝန်သိမှု တာဝန်ယူမှုတွေကို သည်ကနေ့ ထွေ/အုပ်က လူတွေ၊ သစ်တောဦးစီးမှူးတွေနဲ့ စည်းချင်း စနစ်ချင်း နှိုင်းယှဉ်ကြည့်ဖို့ အားနာပါတယ်လေ။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိကြမပေါ့။

အင်္ဂလိပ် ချန်ထားခဲ့တဲ့ မြန်မာ့သစ်တောတွေ အခု ဘယ် လောက်ကျန်နေသေးလည်း မြေပုံပေါ် လက် ညှိုးလေးနဲ့ ပြလို့ရရင် ပြစမ်းပါ။ မသေခင်လေး မြင်ဖူးချင်လို့။ တစ်နိုင်ငံလုံး မြေမလှန်ဘဲ တက်သိမ်း သွားတဲ့ အင်္ဂလိပ်ကြီးဟာ ဧရာဝတီမြစ်ကြီးကို တော့ လက်ညှိုးထိုး ရောင်းစား မသွားတာ သူက အ လို့လား၊ ဝယ်မယ့်သူ မပေါ်သေးလို့ လား။ သူ့ခေတ်တုန်း ကတော့ လျှပ်စစ်ဓာတ်အားတွေ မပိုသေးဘူး ထင်ပါရဲ့နော်။ မီးပြတ် တယ်တောင် မကြားဖူးဘူး။

တိုင်းတစ်ပါးသား အစိုးရ ဆိုတော့ ဝံသာနုတွေ၊ မျိုးချစ် ကျောင်းသားတွေ ကို နှိပ်ကွပ်တဲ့နေရာ မှာ လက်သံပြောင်တာတော့ ငြင်းမရပါဘူး။ ဒါပေမယ့် ဗိုလ်အောင်ကျော် ကျဆုံးတာ နံပါတ်တုတ် နဲ့ပဲ။ သေနတ်ဒဏ်ရာ မပါဘူး။ ဦးဝိစာရ ပျံလွန်တော်မူတာ အစာငတ်ခံဆန္ဒပြလို့။ မီးသင်္ကန်းကပ်ခံရလို့ မဟုတ်ဘူး။ စကော့တလန်မှာ တွဲရေးခွဲရေး မဲခွဲတာနဲ့ ကိုယ်တို့ဆီ မှာ ခြေဥဆန္ဒခံယူပွဲ လုပ်တာ၊ ကြိုတင် ရွေးကောက်ပွဲ လုပ်တာတွေနဲ့ တူသလား။ သူများ လုပ်တာ ဘာမှ မကောင်းဘူး။ ကိုယ်လုပ်သမျှ အကုန်ကောင်းတယ်ဆိုတဲ့ အတ္တစွဲလေး နည်းနည်းလျှော့ပြီး ဘယ်သူက ကိုသာဆိုး လဲ စဉ်းစား ပါဦး။

“ဪ ဒါဖြင့် မင်းက ကျွန်ပြန်ဖြစ်ချင်တာ ပေါ့လေ။ ဒါပေမဲ့ ကိုယ့်ချင်းကိုယ့်ချင်း ကျွန်ခံရတဲ့ ဘ၀ဟာ သူတစ်ပါးဆီ ကျွန်ခံရတဲ့ အဖြစ်ထက် မယှဉ်သာအောင် ပိုဆိုးနေတာကတော့ ကိုယ်တွေ ဘယ်လောက် ခြောက်တုံး မကျသလဲ သဘောပေါက်သင့်ပြီလို့ ပြောချင်တာပါ။ ကိုယ့်တိုင်းသူပြည်သား ကိုယ့်အမျိုး သားအချင်းချင်း အင်္ဂလိပ်နယ်ချဲ့လောက်တော့ ညှာတာ ဦးမှပေါ့ စေတနာထားဦးမှပေါ့” လို့ စကားနာထိုးချင်တာပါ။

“ညှာတာသားပဲလေ။ မင်းမှ မသိတာကိုး။” လို့ ကျောသပ်ရင်သပ် ၁၃ ကျပ်လောက် ပေး ပြီး ချွေးလာမသိပ်နဲ့။ တိုင်းသူပြည်သားများအပေါ် ရန်သူကြီး တွေလို သဘောထား တယ်၊ ပြားနေအောင် နင်းထားမှ ငတ်နေအောင် လှောင်ထားမှ ငါတို့ နားအေးပါးအေး နေလို့ ရမယ်လို့ သဘောထားတယ်လို့ သိနေတာကြာလှပေါ့။ ပျားရည် နဲ့ ဝမ်းချပေါင်းများလို့ လူလည်းမျော့မျော့ပဲ ကျန်တယ်။

ကိုယ်နဲ့ အတူတူပါပဲ။ ဟောင်ကောင်က လူငယ်ကလေးတွေ သည်ကနေ့မှာ ထီးကလေးတွေ ဆောင်း၊ လမ်းမထွက်ပြီး မီးခိုးငွေ့ တွေ မျက်ရည်တောက်တောက်ကျအောင် ရှူနေကြရတာဟာ အင်္ဂလန်က ဘျင်မကြီးကို “ဝမ်းစွေ့ ဝမ်းစွေ့ ဝမ်းဝမ်းစွေ့” လို့ “မေဂေါ့ဘလက်စ်ယူ” လုပ်ဖို့ မဟုတ်ပါဘူး။

တရုတ် အစိုးရရဲ့ နောက်ကွယ်က လက်မည်းကြီးနဲ့ ကြိုးကိုင်ချယ်လှယ်မှုတွေကို မခံစားနိုင်လို့၊ ဒီမိုကရေစီ လိုချင်လို့ပါတဲ့။ ၂၀၁၇ မှာ ရွေး ကောက်ပွဲလုပ်တဲ့အခါ တရုတ်ပြည်မကြီးက မိုးကျရွှေကိုယ် ကိုယ်စားလှယ်တော်များကို ထည့်ရွေးရမယ်ဆိုလို့ ပညာတတ် ကျောင်းသား လူငယ်များက ကန့်ကွက်ဆန္ဒပြကြတာ လို့ ဆိုတယ်။ အကျိုးနည်းကွယ်။ ငါတို့လိုများ အစိတ်သား မှန်မှန် နတ်နေကိုင်းချန်ရရင် သူ တို့ဘယ်လိုများ နေမယ်မသိ။ အဲသည်မှာတင် သူတို့လည်း ဒုက္ခနဲ့လှလှ တွေ့ကြတော့တာပဲ။ ပြည်ကြီးပေါက်ဖော်ကြီးတွေဟာ ကျောင်းသား ဆိုရင် တဇောင်းစေးနဲ့ မျက်ချေး မုန်းတယ်။ တင့်ကားကြီးတွေနဲ့တောင် တက်ကျိတ်သတဲ့။ ကမ္ဘာကျော် ဓာတ်ပုံတစ်ပုံ ရှိခဲ့ဖူးတယ်လေ။ (တို့ဆီက စလစ်ပါစီးတဲ့ စစ်သားကြီးလို ပေါ့ကွယ်)

အခုဟောင်ကောင်က ကျောင်းသား ကလေးတွေ လမ်းမပေါ် ထီးရောင်စုံနဲ့ ထွက်လာတာ ကိုကြည့်ပြီး ကိုယ်ပိုင်အချုပ်အခြာ အာဏာနဲ့ နေပါတယ်ဆိုတဲ့ ကိုယ်တို့ဆီက ဘဘကြီးတွေတောင် “ကျာ်တို့က တရုပ်ကို လည်း ကြောက်ရသေးတယ်လေ။” လို့ တရားဝင် ထုတ်ဖော်ပြောကြားခဲ့သေးတာပဲ။ တရုတ်ကြီးတွေ သဘောကျ ရွေးကောက်တင်မြောက်ထား တဲ့ ဟောင်ကောင်ဘုရင်ခံ ဆိုရင် စဉ်းစားသာကြည့်ပါတော့။

ကိုယ်တွေကတော့ ကိုယ့်အတွေ့အကြုံနဲ့ ကိုယ် သည်ကလေးတွေတော့ အနွှာခံရတော့ မှာပဲလို့ ရင်တထိတ်ထိတ် ဖြစ်ရတယ်။ ၈၈ မှာတုန်းက တစ်ပြည်လုံး အုံကြွလာတာတောင် နောက်ဆုံး ကျတော့ ကျော်ဟိန်းက ကျော်ဟိန်း ပါပဲ။ အဓိကရုဏ်း နှိမ်နှင်းရေးဆိုတာ ရဲတွေ ကိုပဲ မျက်ရည် ယိုဗုံး သုံးတတ်ရုံ၊ လူစုခွဲတတ်ရုံ လေ့ကျင့်ထားပေးတာ မဟုတ်ဘူး။ နောက်ကွယ်က ကြိုးကိုင် သူတွေ အချင်းချင်း ဉာဏ် နီဉာဏ်နက် ဉာဏ်ဝါဉာဏ်ပြာတွေနဲ့ ဇယား ရွှေ့ကြ တယ်။

စပွန်ဆာလာပေးတိုင်း အတိုက်အခံက မမှတ်နဲ့။ ဖျာခင်းဖို့ ပွဲလှန့်သူတွေက အစိုးရထဲမှာလည်း ရှိတယ်။ ဆေးရုံရှေ့ ဆန္ဒ ဖော်ထုတ်လာတိုင်း လူနာနဲ့ လူနာရှင်တွေ မခံမရပ်နိုင်လို့မဟုတ်မှန်း ကိုယ်တွေ့သိခဲ့ပြီး ပြီ။ အာရပ်က နွေဦးမျိုး ဟောင်ကောင်မှာ၊ တရုတ်မှာ၊ မြန်မာပြည်မှာ ဘယ်တော့မှ ဖြစ်လာနိုင်မယ် မထင်ဘူး။ အုပ်ချုပ်သူတွေဘက်မှာ အာဏာကို စွန့်လွှတ်ဖို့ ဘယ်တော့မှ မစဉ်းစားဘူး။

အင်္ဂလိပ်က လွတ်လပ်ရေးပေးတာ လွယ်သလောက် ကိုယ့်လူမျိုးချင်းကျမှ လှေခွက် ချည့်ကျန် အလံမလှဲတွေနဲ့ တွေ့ရတာ။ ဘယ်လက်ညောင်းရင် ညာလက်ပြောင်းပြီး မသေမချင်း ဆက်ကိုင် မယ့်သူတွေ။ ဘောင်းဘီနဲ့ ကြည့်မကောင်းရင် ခေါင်းပေါင်းနဲ့ ပြောင်းထိုင် မယ်လေ။ ထိုင်တာတော့ သူတို့ချည့်ပဲ ထိုင်မှာ။ ဘယ်သူ့ကိုမှ နေရာပေးချင်တာ မဟုတ်ဘူး။ လက်မခံနိုင်လို့ အထွန့်တက်လည်း လူငါးသန်း လက်မှတ်ထိုးထားတောင် ပေါင်ကြားထဲ မညှပ်လောက်ဘူးလို့ မကြားချင်ယောင်ဆောင်တုန်း။ ဒလန်aလးငါးယောက်လောက် ပီအာရ်အော်တဲ့ အသံကျ တစ်ပြည်လုံးကြားအောင် မိုက်တပ်ပြီး လွှင့်ပေးတယ်လေ။

“သူ့ ကျွန်မခံပြီ” ဘ၀တုန်းက ၆၃ နှစ်ပဲကြာတယ်။ “ကိုယ့်ကျွန်မခံပြီ” ကရင် သံသရာဆုံး တိုင် ဖြစ်လိမ့်မယ် ထင်ပါရဲ့။ ဘိုးတော်များ စုတေစိတ် ကျရင်တောင် တိဘက်ဘုန်းကြီးများလို “ငါ ဟိုနားလေးမှာ သွားဝင်စားမယ်။ ငါ့လိုက်ရှာ ပြီး နန်းတင်ကြ။” လို့ ဗျာဒိတ်ချွေမသွားတာ ကံကောင်း။ (လူပြန်မဖြစ်တာ သေချာလို့ နေမှာပေါ့နော်)

ဒါထက်စကားမစပ် ဒီမိုကရေစီ ရရှိရေးကို တရုတ်လို ဘယ်လိုပြောသလဲမသိဘူးဗျ။ အဘိဓာန်ထဲ မတော့ ပါကောင်းပါရဲ့လေ။

ငွေစန်းရောင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: