May be Min Aung Hlaing should promise that Myanmar Military like to promise the best model of Democratic welfare system in exactly 50 years later

မြန်မာ့ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် တပ်မတော်က ခိုင်ခိုင်မာမာရပ် တည်သွားမည်ဟု ကာကွယ်ရေးဦးစီးချုပ်ပြော
==========================================

စိုးမြင့်နိုင် ၊ ရန်ကုန်၊

အနာဂတ် မြန်မာနိုင်ငံဒီမိုက ရေစီ ရှင်သန်ဖွံ့ဖြိုးရေးတွင် တပ်မတော် ကခိုင်မာစွာရပ်တည်ပြီး ရှေ့ဆက်လုပ် ဆောင်သွားမည်ဟု တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က အောက်တိုဘာ ၁၄ ရက် မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ)နှင့်တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

မြန်မာ့တပ်မတော်အနေဖြင့် အ နာဂတ်တွင် မီဒီယာများနှင့်ထိတွေ့မှု များ ပိုမိုလုပ်ဆောင်သွားမည် ဖြစ်ပြီး ဗိုလ်ချုပ်အဆင့်ရှိ တပ်မတော်အရာရှိ သုံးဦးကို မီဒီယာဆက်ဆံရေးတာဝန်ခံ များ ခန့်အပ်သွားမည်ဟု ဆိုသည်။

အဆိုပါ ကာကွယ်ရေးဦးစီးချုပ် နှင့် စာနယ်ဇင်းကောင်စီတွေ့ဆုံပွဲတွင် ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် ဦးသီဟစောက
”ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နဲ့ ကျွန်တော်တို့ တွေ့ဆုံတဲ့ အချိန်မှာ ကာချုပ်ကြီးဟာ ဒီမိုကရေစီ စနစ်ကို သူယုံကြည်တဲ့ အကြောင်း၊ အ နာဂတ် မြန်မာပြည်ရဲ့ ဒီမိုကရေစီဖြစ် စဉ် တိုးတက်အောင် ခိုင်ခိုင်မာမာ ပူး ပေါင်းဆောင်ရွက်သွားမယ့် အကြောင်း နိုင်ငံအနေနဲ့ ရှေ့ဆက်သွားမယ့် ပါတီစုံ ဒီမိုကရေစီစနစ်ကို အပြည့်အဝထောက် ခံသွားမယ့် အကြောင်း ကျွန်တော်တို့ကို ကတိကဝတ်ပြုခဲ့ပါတယ်ဟု”ဟု ရန်ကုန် တိုင်းမ် ဂျာနယ်သို့ ပြောကြားခဲ့သည်။

ထို့ပြင် တပ်မတော်နှင့် မီဒီယာ ဆက်ဆံရေး ပိုမိုအဆင်ပြေစေရန်အ တွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိ ယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်၊ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာ ရှိချုပ် ဗိုလ်ချုပ်စိုးနိုင်ဝင်းနှင့် တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းတို့ကို တာဝန်ပေးအပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာစာ နယ်ဇင်းကောင်စီ(ယာယီ)မှ ဒုဥက္ကဋ္ဌ ဦးခင်မောင်လေး(ဖိုးသောကြာ)၊ အတွင်း ရေးမှူးဦးကျော်မင်းဆွေ၊ တွဲဖက်အတွင်း ရေးမှူး ဒေါ်နန်းကလျာဝင်း၊ ကောင်စီ ဝင်များဖြစ်ကြသော ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊ ဦးသီဟစော၊ ဦးရဲ မင်းဦး၊ ဦးဇော်သက်ထွေးတို့ တက် ရောက်ခဲ့ကြောင်း သိရသည်။

‪#‎Yangon‬ Times Journal , အတွဲ ၁၀ ၊ အမှတ် ၄၀

Myo Min HOW? HOW? HOW? DEMOCRACY Vs BULLETS. I wish I could have understanding on such unlikely pairing in this life.

My comment>>>May be Min Aung Hlaing should promise that Myanmar Military like to promise TRUE democracy and welfare of the people even better than Norway, Denmark, Germany, Australia. EU etc. may be the best model of Democratic welfare system in exactly 50 years later. Reference: မန္တလာ ဆရာမျိုး

ဒါလေးဖတ်လိုက်မိတော့ ငယ်ငယ်တုန်းက ဖတ်ထားတာလေးတခု သတိရမိတယ်
ဘိုးတော်ဦးဝိုင်းကို လူတယောက်ကနေ မဖြူတဲ့ဆင်ကို ဆင်ဖြူတော်ဆိုပြီး ဆက်သတယ်
ဘုရင်က အမတ်ကြီးဦးပေါ်ဦးကို ဆင်ဖြူတော်က ဖြူလဲမဖြူဘူး တကယ်ကော ဟုတ်ရဲ့လား လို့မေးတယ်
အဲ့ခါ ဦးပေါ်ဦးက ဆင်ဖြူတော်မှန်ကန်ကြောင်း နောင်နှစ် ၅၀ ကြာလျှင်
ဖွေးဖွေးဖြူသွားမည်ဖြစ်ကြောင်း ပြန်လျှောက်တော့
ဘုရင်က လာဆက်သတဲ့လူကို ဆုတော်လာဘ်တော်တွေ ချီးမြှင့်သတဲ့
အပြင်ရောက်တော့ အခြားဝန်မင်းကမေးတယ်
ဦးပေါ်ဦး… ဆင်က နောင်နှစ် ၅၀ ကြာရင် တကယ်ဖြူမှာလားတဲ့
အဲဒီအခါမှာ..အော် ဝန်မင်းရယ် အဲ့ခါကျရင် ဘုရင်ကော ကျုပ်ကော
ဝန်မင်းရော ဆင်ဆက်တဲ့လူရော ဆင်ရော ရှိပါဦးမလားတဲ့…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: