The Muslims Are Coming! မွတ်စလင်မ်တွေလာနေပြီဟေ့

The Muslims Are Coming!

မွတ်စလင်မ်တွေလာနေပြီဟေ့

ပြန်ဆိုသူ – နိုင်ဦး (မြန်မာမွတ်စလင်မ် မီဒီယာ)

၉/၁၁ အရေး ဖြစ်ပွားပြီးနောက်ပိုင်းမှ စတင်ပြီး အမေရိကန်မွတ်စလင်မ်တွေဟာ သူတို့နဲ့ သူတို့ယုံကြည်မှု အပေါ် ပုံဖျက်ခံရတာတွေ နားလည်မှုလွဲခံရတာတွေကို ခါးစည်းခံခဲ့ကြရပါတယ်။


Pew Research Center ရဲ့ လေ့လာမှု တွေ အရ ၉/၁၁ အရေးအပြီး အမေရိကန်မှာ မွတ်စလင်မ်တစ်ယောက် ရယ်လို့ ရပ်တည်ဖို့ အခက်အခဲတွေ အများကြီးပိုလာတယ်လို့ အမေရိကန် မွတ်စလင်မ်အများစုက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း မွတ်စ်လင်မ်တွေဟာ ဒီလို ပုံဖျက်မှုတွေကို စာပေနဲ့ ဟာသပညာနဲ့ပြန်လည်ခြေပ ခြင်းဖြင့် တိုက်ဖျက်နေကြပါတယ်။

မွတ်စလင်မ်တွေလာနေပြီဆိုတဲ့ ရုပ်သံဇာတ်လမ်းက .. မွတ်စလင်မ် ဟာသပညာရှင်တွေဟာ သူတို့ရဲ့ ဟာသပညာနဲ့ အစ္စလာမ်မိုဖိုးဘီးယား ဆိုတဲ့ကြောက်စိတ်ဝင်နေမှုတွေကို တိုက်ဖျက်ခဲ့ပါတယ်။

Allah Made Me Funny ဆိုတဲ့ ဇာတ်လမ်းက လည်း တရားဝင်မွတ်စလင်မ် ဟာသ ခရီးသွားအစီအစဉ်တစ်ခုပါပဲ။ အဲဒီမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာ အငြင်းပွားနေတဲ့ ခေါင်းစဉ်တွေကို ရှင်းလင်းခဲ့ပြီး မွတ်စ်လင်မ် ဟာသပညာရှင်တွေကို အမေရိကားနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

ပေါ့ပ် ယဉ်ကျေးမှုဟာ အမေရိကန်တွေကြားမှာ အရင်ကတည်းက သံမိုနှက်သလို နက်နက်ရှိုင်းရှိုင်း ထိုးဖေါက်နေရာယူထားပြီးဖြစ်ပါတယ်။

မွတ်စ်လင်မ်တွေအနေနဲ့လည်း TV ဇာတ်လမ်းတွဲတွေ ဟာသတွေ တေးဂီတတွေသုံးပြီး ဝင်ရောက်ဖို့ ကြိုးစားနေပါပြီ။

ဘလောက်ဂါတစ်ယောက်က ကျွန်တော်အနေနဲ့ Cosby ဆိုတဲ့ ဇာတ်လမ်းတွဲလိုဟာမျိုးကို အမေရိကန်မွတ်စလင်မ်တွေ အတုယူလုပ်တာက အရမ်းကောင်းတဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်တယ် TV ဇာတ်လမ်းတွဲထဲမှာ မြင်နေကျ အကြမ်းဖက်သမား ပုံစံ မဟုတ်တဲ့ အသွင်နဲ့ မွတ်စလင်မ် ဇာတ်ကောင်တွေကိုဖန်တီးယူခြင်းဟာ လမ်းမှန်ကို ရောက်ဖို့ အဆင့်တစ်ခုကို တက်လှမ်းတာဖြစ်တယ်လို့ ယုံကြည်ပါတယ် လို့ ချီးကျူးဖေါ်ပြထားပါတယ်။

NBC,CBS နဲ့ ABC သတင်းဌာနတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နံမယ်ကြီး ရုပ်သံ သတင်းသမား တစ်ဦးဖြစ်တဲ့ Katie Couric က မွတ်စလင်မ် စတိုင် Cosby မိသားစု ဇာတ်လမ်းတွဲတွေဟာ အမေရိကန်တွေကို အကောင်းဆုံး ပညာပေးနိုင်မှာဖြစ်တယ်လို့ အကြံပြုပြောကြားခဲ့ပါတယ်။

မွတ်စ်လင်မ် အနုပညာရှင်တွေအနေနဲ့ ကာတွန်းတွေကို အသုံးချပြီး လူတွေရဲ့ ရပ်တည်မှုတွေကို ပြောင်းလဲဖို့ ကြိုးစားနေကြပါတယ်။ The 99 ဆိုတဲ့ ကာတွန်းဟာဆိုယင် သူ့ရဲ့ စူပါဟီးရိုးဇာတ်ကောင်တွေကနေတစ်ဆင့် မွတ်စလင်မ်တွေရဲ့ တန်ဖိုးတွေကို အမေရိကန် တွေဆီကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဆိုရှယ်မီဒီယာ ကိုအသုံးပြုတဲ့ မွတ်စလင်မ်တွေ အနေနဲ့လဲ ” # ” ဆိုတဲ့ သင်္ကေတကို သုံးပြီး ဟာသတွေနဲ့ နှောလို့ သူတို့ရဲ့ ယုံကြည်မှုကို အများလေးစားစေဖို့ ဆောင်ရွက်နေကြပါတယ်။

#MuslimRageMovies မှာဆိုယင် လူသိများတဲ့ အထင်အမြင်လွဲမှားမှုတွေ ကို နံမယ်ကြီး ရုပ်ရှင် ခေါင်းစဉ်အဖြစ်ပြောင်းလဲ တင်ဆက်ခဲ့ပါတယ်။

The Muslims Are Coming! ဆိုတဲ့ခေါင်းစဉ်ဟာလဲ တကယ်တော့ Arun Kundnani ဆိုတဲ့သူရေးသားတဲ့ မွတ်စလင်မ် မုန်းတီးရေးစာအုပ်ရဲ့ခေါင်းစဉ်ကို သရော်ပြီး ဖန်တီးတာတဲ့ ဟာသရိုက်ချက်တစ်ခုဖြစ်ကြောင်းသိရပါတယ်။

Ref: http://themuslimsarecoming.com/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: