အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ မြန်မာမွတ်စလင် ဂျီနိုဆိုက် အသိပေး ဟန့်တားရေး ညီလာခံ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ တွင် မကြာမှီက ကျင်းပပြီးစီးခဲ့သော-
မြန်မာမွတ်စလင် ဂျီနိုဆိုက် အသိပေး ဟန့်တားရေး ညီလာခံတွင်……
MYANMAR CIVIL RIGHTS MOVEMENT မှ ACTIVIST ကိုဌေးလွင်ဦး ပြောကြားခဲ့သည့်….မိန့်ခွန်း…..

(Connection မကောင်းမှုကြောင့် Video File ဖွင့်မရသော မြန်မာပြည်မှ မိတ်ဆွေများ အတွက်…..)

အတ်စလာမို့အလိုင်းကွမ်း…..

ပထမဦးဆုံးအနေနဲ့…ကျွန်တော် ကျေူဇူးတင်စကားပြောချင်ပါတယ်…
ကျေးဇူးတင်စကား ဆိုတာက…
ကျေးဇူးတင်စရာ အကြောင်းရှိလို့ …ကျေးဇူးတင်ရခြင်းဖြစ်ပါတယ်…
မြန်မာနိုင်ငံထဲမှာ…အပြစ်မဲ့ လူမျိုးတုန်း သတ်ဖြတ်ခံနေရတဲ့…ရိုဟင်ဂျာတွေကို ကာကွယ်ဖို့…
ဘာသာတခုကို…အပျောက်ရိုက်ခံနေရတဲ့…အစ္စလာမ်ဘာသာဝင်တွေကို ကာကွယ်ဖို့…
ရာသက်ပန်…ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့…ကချင်…ကရင်…ချင်း…မွန်…ရှမ်း…စတဲ့…လူမျိုးစုတွေ အားလုံးအတွက်…တန်းတူညီမျှသော အခွင့်အရေးရဖို့…
ရာဇဝတ်မှုကို ကျူးလွန်တဲ့ …ရာဇဝတ်ကောင်တွေကို…ကန့်ကွက်…ထုတ်ဖော်…ဆန္ဒပြ တဲ့အနေနဲ့…
ဒီအခန်းအနားကို…
လူအား…ငွေအား…အချိန်အား…အကုန်သုံးပြီးတော့…အပင်ပမ်းခံပြုလုပ်တဲ့…
Burmese American Association အဖွဲ့ဝင်များနဲ့…
ဒီလိုအခန်းအနားဖြစ်လာအောင်…ဝိုင်းဝန်းကူညီရပ်တည်ပေးတဲ့…ရပ်မိ ရပ်ဖ အပေါင်းကို ကျေးဇူးတင်ပါတယ်…
တဆက်ထဲမှာဘဲ…
ကျွန်တော်တို့ ဗမာပြည်မှာ…အုပ်ချုပ်နေတဲ့ အစိုးရက…လူမျိုးတုန်း သတ်ဖြတ်မှု… ဂျီနိုဆိုက် ဆိုတာကို…ကျူးလွန်သွားပါပြီ…လို့…ဒီမှာလာပြီးတော့…သက်သေ သက်ခံပြု ပေးတဲ့…ဂျီနိုဆိုက်အဖွဲ့ရဲ့ ဥက္ကဌကြီး….
ဂျီနိုဆိုက်ဝါ့ခ်ျ ဥက္ကဌကြီး…
အဲန်း တူသာ ဂျီနိုဆိုက် အဖွဲ့က ဥက္ကဌ…
ဂျူးဝှစ် အဖွဲ့က ဒုတိယ ညွှန်ကြားရေးမှူး…
ခရစ်ယာန်ဘုန်းတော်ကြီး…ဒေါက်တာစိုင်းမောင်ထွေး…………..စသည့်အားဖြင့်
လာရောက်ပြီးတော့…သက်သေ သက်ကံပြုပေးတဲ့…ဒီလူကြီးတွေကိုလည်း…ကျေးဇူး တင်ရှိပါကြောင်း…ပြောလိုပါတယ်…
အဓိက ကျွန်တော်ပြောလိုတာက….
ကျွန်တော်တို့တွေက ရင်ဆိုင်နေရတဲ့…ရာဇဝတ်ကောင်တွေဟာ…
တောင်အာဖရိကနိုင်ငံမှာ…မင်ဒဲလားကြီး ရင်ဆိုင်ရတဲ့…လူဖြူအစိုးရလို အစိုးရမျိုး မဟုတ်ဘူး…
အိန္ဒိယမှာ…ဂန္နီကြီး ရင်ဆိုင်ခဲ့ရတဲ့…ဗြိတိသျှအစိုးရလို အစိုးရမျိုးလည်း မဟုတ်ပါဘူး…
မြန်မာနိုင်ငံမှာ…ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီးတော့…တော်လှန်ခဲ့ရတဲ့ အင်္ဂလိပ် အုပ်ချုပ်ရေး ပုံစံလဲ မဟုတ်ဘူး…
ဗြိတိသျှ တို့ လူဖြူတို့က…နိုင်ငံရေး သဘောတရားအရ…အတိုက်အခံကို အတိုက်အခံ လို့ သဘောထားတယ်…
နိုင်ငံရေးပြိုင်ဘက်ကို…သူတို့ ရသမျှအားနဲ့ လှဲကြည့်တယ်…
မနိုင်တော့ဘူး…ဆိုရင်…
သိက္ခာရှိရှိ…ယုတ္တိရှိရှိ…ယောက်ျားပီပီသသ…
သူတို့က နိုင်ငံရေးအရ နောက်ဆုတ်သွားတယ်…
သူတို့ရဲ့ ဆိုးပါတယ်…ညစ်ပါတယ်…ဆိုတဲ့…သမိုင်းကြောင်းတွေကို…ပြန်ဖျောက်ဖို့… သိက္ခာဆယ်ဖို့ ကြိုးစားကြတယ်…
ကျွန်တော်တို့…မြန်မာပြည်မှာ…စဉ်ဆက် အုပ်ချုပ်လာတဲ့…ဂျီနိုဆိုက်တရားခံ အစိုးရက …အဲ့ဒါနဲ့ ဆန့်ကျင်ဘက်ကို သွားတယ်…
သူတို့မှာ…လူနည်းစုတွေကို ညှဉ်းပမ်းနှိပ်စက်ဖို့…ကြီးနိုင် ငယ်ညှဉ်းလုပ်ဖို့အတွက်… မျိုးစဉ်…မျိုးဆက်…Plan A … Plan B …Plan C … တို့ ချမှတ်တယ်…
အတိုက်အခံကို…အတိုက်အခံလို့ သဘောမထားဘူး…
ရန်သူလို့…သဘောထားတယ်…
ကျူပင်ခုတ်…ကျူငုတ်မကျန်အောင် အပြတ်ရှင်းမယ်ဆိုတဲ့…စိတ်မျိုးတွေ…သူတို့မှာ ထားတယ်…
တကယ်လို့…အုပ်ချုပ်သူ အစိုးရက…သူ အုပ်ချုပ်နေစဉ်ကာလမှာ…ဒီ လူမျိုးတမျိုးကို… သတ်ဖြတ်လို့…မနိုင်ခဲ့တော့ဘူး…ကမ္ဘာကြီးက ဝိုင်းအော်တယ်ဆိုရင်…
ငါ ဆင်းသွားပြီးရင်…မင်း ဆက်ပြီးသတ်လိုက်ကွာ…ဆိုပြီး…နောက်တယောက်ကို… မကောင်းတဲ့ အမွေ…ပေးခဲ့တယ်…
ဒီလို…ညစ်တီး ညစ်ပတ်…အင်မတန် ကောက်ကျစ်ယုတ်မာတဲ့…အစိုးရမျိုးကို… ကျွန်တော်တို့ ရင်ဆိုင်ရတဲ့အခါမှာ…
ကျွန်တော်တို့ဘက်က…သူတို့ထက်…ပညာ…စည်းလုံးညီညွတ်မှု…ကမ္ဘာ့ အဆက်အသွယ် ထိုးဖောက်နိုင်မှု…အပင်ပမ်းခံနိုင်မှုက အနည်းဆုံး သုံးဆလောက် ပို လိုပါတယ်…
ဒါကြောင့် …ရန်သူသည်…အစိုးရဖြစ်တယ်…
အစိုးရသည်…အင်အားရှိတယ်…
အစိုးရမှာ…လူအား…ငွေအား…ပညာအား…ကမ္ဘာ့ ယန္တယားအား…အကုန်ရှိတယ်…
ဒါတွေကို ရင်ဆိုင်ရတဲ့အခါမှာ…ကျွန်တော်တို့တွေက…အစိုးရရဲ့ လမ်းကြောင်းထဲကို… အစိုးရ နှပ်ပေးတဲ့ လမ်ကြောင်းထဲကို…မဝင်သွားဖို့…လိုပါတယ်…
ကျွန်တော်တို့…ဒီဗမာအစိုးရဟာ…လူမျိုးတမျိုးအပေါ်မှာ…ဂျီနိုဆိုက် ကျူးလွန်ပါပြီ…လို့ လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က…ကျွန်တော်တို့ လူတစု စအော်တယ်…
အဲ့ဒီအခါမှာ…ကမ္ဘားအသိုင်းအဝိုင်းက…ဟာ…မင်းတို့က…သိပ် စဲန်စက်တစ် ဖြစ်လို့ အော်ဒါဘဲ…ဒီအစိုးရက…ပြုပြင်ပြောင်းလဲနေတာ…ပြုပြင်ပြောင်းလဲတဲ့ သဘောတရား မှာ…အလှုတ်အခါလေးလောက်တော့…ရှိမှာပေါ့…လို့…ကျွန်တော်တို့ကို…သံသယ ဝင်ခဲ့ တဲ့လူတွေ ရှိပါတယ်…
ကျွန်တော်တို့ အချင်းချင်းကသည်ပင်လျှင်…ဒီကောင်တွေက…ဆိုဒ်ဝါး…ပစ်နေတာ…စိတ်ဓာတ် စစ်ဆင်ရေးလုပ်နေတာ….ဟာ…ဒီကောင်တွေက…အော်ကြီး ဟစ်ကျယ်တွေ လျှောက် အော်နေတာ ဆိုပြီးတော့…ပြစ်တင်ခံရတာတွေ…ရှိပါတယ်…
ဒါပေမဲ့ ကျွန်တော်တို့…တစိုက်မတ်မတ် လမ်းလျှောက်ခဲ့တဲ့အတွက်…ကျွန်တော်တို့ရဲ့ လမ်းလျှောက်မှု…ခွန်နှစ်လ သို့မဟုတ် ရှစ်လတာ ကာလလောက်…ရောက်လာတဲ့ အခါမှာ…ဒုတိယအဆင့်…အောင်မြင်မှုတွေ ရတယ်…
အဲ့ဒါ…ဘာလဲဆိုတော့…
ဗမာပြည်ထဲက…သမ္မတဖြစ်ဖြစ်…လွှတ်တော် ဥက္ကဌဖြစ်ဖြစ်…အတိုက်အခံခေါင်းဆောင် ကြီးတွေဖြစ်ဖြစ်…ဗမာပြည်ရဲ့ အပြင်ကို ထွက်တာနဲ့…
ခင်ဗျားတို့ နိုင်ငံမှာ…လူမျိုးတုန်း သတ်ဖြတ်မှုတွေကျူးလွန်နေတယ်…အဲ့ဒါ ဟုတ်သ လား လို့…ဆိုတဲ့…မေးခွန်းကို ရင်ဆိုင်ရတယ်…
အဲ့တော့…သူတို့က…နောက်တခေါက်…နိုင်ငံခြားကို ထွက်ဖို့အတွက်…နိုင်ငံခြားကို မထွက်လာခင်မှာ… ၂ရက်လောက် အိပ်ရေးပျက်ခံပြီးတော့…ငါ…ဒီမေးခွန်းကြီးတော့… ဘယ်လိုရင်ဆိုင်ရမယ်…မသိဘူး လို့…သူတို့ စဉ်းစားလာရတဲ့…အဆင့်ကို ရောက်လာ တယ်…
တကမ္ဘာလုံးက ဝိုင်းမေးတယ်….
ဒါဟာ…ကျွန်တော်တို့…ဒီမှာရှိနေတဲ့ အင်အားစုတွေက…လှုတ်ရှားလို့…ကျွန်တော်တို့ တွေက…အရေးယူလို့…ဖြစ်ပေါ်လာတဲ့ အဖြေတွေ ဖြစ်ပါတယ်…
ဒါတွေက…ကျွန်တော်တို့ မလှုတ်ရှားခဲ့ဘူးဆိုရင်…ဖြစ်လာစရာ အကြောင်းမရှိဘူး…
ဒီက အဆင့် နောက်တဆင့် တက်လာတယ်…
ကျွန်တော်တို့…
အခုအချိန်မှာ…
မြန်မာနိုင်ငံအစိုးရသည်…
မြန်မာနိုင်ငံအစိုးရနဲ့…သူတို့ရဲ့ လက်ပါးစေများသည်…
ဂျီနိုဆိုက် ကျူးလွန်ခဲ့ပါပြီ…ဆိုတဲ့ သက်သေခံမှုတွေက…အခုလို…ပညာရှင်များ… NGO များသာ မကဘူး…ကမ္ဘာမှာ…အရေးရောက်တဲ့ အစိုးရတွေကိုယ်တိုင်ကလဲဘဲ… ကျွန်တော်တို့နဲ့…စကားတွေအများကြီး…ပြောပြီးသား…ရှိသွားပါပြီ…
ကမ္ဘာကို ဆုံးဖြတ်နိုင်တဲ့ အဖွဲ့ အစည်းမှာပင် သည်လျှင်…ဒီအခါ…ကျွန်တော်တို့ အတွက်…ကိုးဆယ် ရာခိုင်နှုန်းဖြစ်နေပြီ…
နောက်ဆုံး အခြေအနေအရ…လက်ရှိ ဗမာအစိုးရရဲ့ အနေအထားသည်…စားပွဲခုံလေး တခုပေါ်မှာ…ပြုတ်ကျလုဆဲဆဲ…တင်ထားတဲ့…ပုဂံလုံးလေး တလုံးလို ဖြစ်နေပြီ…
တချက် တောက်လိုက်ယုံဘဲ ရှိတော့တယ်…
အဲ့ဒါ…သူတို့ဘက်က ဆက်ပြီး ကျူးလွန်ရင်…ကျွန်တော်တို့ဘက်က…လုပ်ရမဲ့ အလုပ်ပါ.
အဲ့ဒါကြောင့်…ကျွန်တော်တို့လူတွေက…စိတ်ဓာတ်မကျဖို့ လိုတယ်…
စိတ်မလျှော့ဖို့ လိုတယ်…
စီတ် မပျော့ဖို့ လိုတယ်…
ဟာ…ငါတို့မှာ လူ ၂ယောက်နဲ့ တပိုင်း လုပ်နေရတာ…အဆင်ပြေပါ့မလား…
အဲ့ဒီ…လူ ၂ယောက်တပိုင်းမဟုတ်ဘူး…လူလေး တခြမ်းရဲ့ လက်ထဲမှာ…
လူ တယောက်ပြည့်စရာတောင်မလိုဘူး…လူလေး တခြမ်းရဲ့ လက်ထဲမှာ… နူကလီးယား အလုံး ၂၀ ရှိရင်…ကမ္ဘာကို ကိုင်လှုတ်လို့…ရတယ်…
ကျွန်တော်ဆိုလိုတာက…လက်နက်ခဲယမ်းမီးကျောက်ကို ပြောတာမဟုတ်ဘူး…
ဒီကိစ္စကိုလဲ…ကျွန်တော်တို့…သတိထားရမယ်…
ကျွန်တော်တို့က…ခံရပါများတော့…အရမ်းခံနေရတဲ့ကာလမှာ…လူ့ရဲ့ သဘာဝအရ… ခံချချင်တယ်…ခံတီးချင်တယ်…ပြန်တုတ်ချင်တယ်…ဒါမျိုးတွေ…ရှိတယ်…
တကယ်တော့…ကျွန်တော်တို့ ကိုင်ထားတဲ့ လက်နက်သည်…ကမ္ဘာမှာ…ဖောက်ခွဲရေး အင်အား အဆပေါင်းများစွာထက်ကြီးတဲ့…ကမ္ဘာ့ဖိအား လက်နက်ကြီးကို ကျွန်တော်တို့ ကိုင်ထားတာ…
တနည်းအားဖြင့်…ကမ္ဘာ့ဖိအားလက်နက်ကြီးသည်…ကျွန်တော်တို့နဲ့အတူရှိတယ်…
ကျွန်တော်တို့အပေါ်မှာ ဂရုဏာ ရှိတယ်…
ကျွန်တော်တို့ အပေါ်မှာ…ပါဝင်ပတ်သက်မှုတွေ ရှိတယ်…
အဲ့ဒီ…ကမ္ဘာ့ဖိအား လက်နက်ကြီးကို တကယ်တမ်း လိုချင်တာက…ဗမာ…ဂျီနိုဆိုက်ကျူး လွန်ထားတဲ့ အစိုးရ…သူတို့ လိုချင်တာ…သူတို့ လက်ထဲကို ရောက်အောင်…ဆွဲသွင်းချင် တာ…ဒါပေမဲ့ သူတို့က မရဘူး…
သူတို့ အထင်အမြင်သေးထားတဲ့…ကျွန်တော်တို့ လူနဲစုတွေက…အဲ့ဒါ ရထားတယ်…
အဲ့ဒီအခါ…ကျွန်တော်တို့ကို ဘာလုပ်မလဲ…
တီရှပ် ဝတ်လို့ရအောင်…တီရှပ်မှာတံဆိပ် ထုပြီးသား…
တီရှပ် ဝတ်လို့ရအောင်…
ကျွန်တော်တို့ကို…ဟိုဟာကိုင်ခိုင်း…ဒီဟာ ကိုင်ခိုင်းတွေလဲ…ရှိပါတယ်…
ကျွန်တော်တို့ အထဲကလဲ…တချို့ လူတွေကို…မသိမသာ မြှောက်ပေးပြီးတော့… Facebook တို့ Online တို့မှာ…ဒါတွေ ဖြန့်ခိုင်းတယ်…
ဟိုဟာလုပ်မယ်…ဒီဟာ လုပ်မယ်…
မှားလို့…ယောင်လို့…………….
ကျွန်တော် မေတ္တာရပ်ခံပါတယ်….ကျွန်တော်တို့ လူတွေကို….
မှားလို့…ယောင်လို့…အဲ့ဒီဘက်ကို စိတ်မကူးပါနဲ့…
ကျွန်တော်တို့ တိုင်းပြည်ကို…ကတိပေးနိုင်တယ်…
လူနဲစု…ညှဉ်းပမ်းနှိပ်စက်ခံနေရတဲ့ လူတွေကို ကတိ ပေးနိုင်တယ်…
ကျွန်တော်တို့…ဗမာ အစိုးရကို…အရေးယူမယ်လို့…ကတိပေးထားတာ…အားလုံးက ကတိအတိုင်း…တည်ကို တည်စေရမယ်…
ဒီအစိုးရကို…အရေးယူကို ယူမယ်…
ဒါကြောင့်….
ကျွန်တော်တို့ဘက်က ဒီ ကတိကို…ဖြည့်ဆည်းဖို့…တစိုက်မတ်မတ် သွားနေတဲ့အချိန် မှာ…
အခုလိုမျိုး…လူ့အခွင့်အရေးကို ချိုးဖောက်တာတွေကို မကြိုက်တဲ့လူတွေ…
ဂျီနိုဆိုက် ကျူးလွန်တာကို မနှစ်သက်တဲ့လူတွေ…
လူ အချင်းချင်း အမုန်းတရားဖန်တီးမှု…လူအချင်းချင်း သတ်ဖြတ်မှုကို ဆန့်ကျင်တဲ့ လူတွေက…
ဒီလို ပွဲမျိုးတွေ မကြာခဏ လုပ်ပြီးတော့…
ငါတို့တော့…မင်းတို့ရဲ့ ရာဇဝတ်မှုတွေကို…ဘယ်တော့မှ…မထောက်ခံဘူး ဟေ့…လို့
ပြသတဲ့ပွဲတွေ…မကြာခဏ…လုပ်ပါ…လို့…ပြောကြားရင်း…နိဂုံးချုပ်ပါတယ်…
စလာမ်မို့အလိုင်းကွမ်း….

မြန်မာမွတ်စလင်မ် ဂျီနိုဆိုက် ညီလာခံ ပြောကြားခဲ့သော ဦးဌေးလွင်ဦး မိန့်ခွန်း
===========================================
အမေရိကန် ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ် မြို့တွင် ကျင်းပပြီးစီးသွားခဲ့သည့် ” မြန်မာမွတ်စလင်မ် ဂျီနိုဆိုက် အသိပေး ဟန့်တားရေး ညီလာခံ ” ကြီးတွင် ပြောကြားသွားခဲ့သည့် မြန်မာမွတ်စလင်မ် ဂျီနိုဆိုက် ညီလာခံ ပြောကြားခဲ့သော ဦးဌေးလွင်ဦး မိန့်ခွန်းအားကြည့်ရှုနိုင်ပါပြီ

ဆက်လက်ပြီး အသေးစိတ်ကို
အောက်ပါလင့်များတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်

၁။ ‪#‎MMGAC‬ http://ba-ma.org/
၂။ http://www.ba-ma.org/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: