ဗမာ နဲ့ မြန်မာ ကို မကွဲပြားကြပါ

Bran Sai

လက်ရှိ မြန်မာ သို့မဟုတ် ဗမာလူမျိုး အများစုဟာ …ဗမာ ( မြန်မာ ) ဆိုတာနဲ့ ဗုဒ္ဓဘာသာဝင် လူမျိုးတွေ
ဗမာစကား ( မြန်မာစကား ) ပြော ၊ ဗမာစာ တတ်သူတွေ လို့ယူဆကြတယ် …

ဥပမာ – အစ္စလာမ်ဘာသာဝင် တယောက်ကို ကုလားလို့သမုတ်ပြီး ဗမာလူမျိုး မဟုတ်သလို   စော်ကားတတ်ကြတယ် …။

ခရစ်ယန်လို့ ပြောလိုက်တာနဲ့ တိုင်းရင်းသားလားလို့ မေးခံရတယ် … ဆိုလိုချင်တာက ဗမာလူမျိုးဆိုတာနဲ့ဗုဒ္ဓဘာသာပဲ ကိုးကွယ် ရမယ်လို့ ဆိုလိုနေတဲ့ သဘောမျိုးပဲ …။

လူတိုင်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို မေ့ထားတယ်။

နောက်တချက်က ဗမာ နဲ့ မြန်မာ ကို မကွဲပြားကြပါဘူး …
ဗမာပြည် သို့မဟုတ် မြန်မာပြည် အတူတူပါပဲ ….ဗမာစာ ၊ မြန်မာစာ အတူတူပါပဲ …
ဟုတ်ဘူးလေ လူမျိုးက ဗမာ ၊ တိုင်းပြည် နာမည်ကမှ မြန်မာ လို့
လုပ်ချင်ကြပါတယ် …

ကျောင်းသုံးစာအုပ်တွေမှာ ဗမာစာကိုမြန်မာစာ လို့ပဲ သုံးတာ တခုတည်းနဲ့ ဗမာ ၊ မြန်မာ အတူတူပဲ
ဆိုတာ သိသင့်ပါတယ် … ကချင်စာ ၊ ကချင်စကားက မြန်မာစကား ဖြစ်မလာပါဘူး …

အမေရိကန်မှာ လူမျိုး ဘယ်လောက်ပဲ စုံစုံ အများသုံးဘာသာစကားက အင်္ဂလိပ်စာလေ … ဒီတော့ ဘာသာစကားပြဿနာ မရှိပါဘူး … ဒီနိုင်ငံမှာတော့ ရှိပါတယ် …

မျိုးနွယ်စု တိုင်းရင်းသားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုစာပေနဲ့ သမိုင်းတို့ကို အဓွန့်ရှည်အောင် ကာကွယ်စောင့်ရှောက်လိုကြပါတယ် …. ဒါဟာလည်း တရားမျှတ ပါတယ် …
ဒါပေမယ့် အများစု အာဏာပိုင်များနဲ့ ဗမာလူမျိုး အများစုဟာတိုင်းရင်းသား အခွင့်အရေး ဆိုတာကိုလည်း နားမလည်ကြပါဘူး ။
လူနည်းစု အခွင့်အရေး ဆိုတာကိုလည်း လစ်လျူရှုထားကြပါတယ် ။

အထက်က ပြောခဲ့သလို ဘာသာရေး လွတ်လပ်ခွင့်ကတော့အစော်ကားခံရဆုံး ကိစ္စတခု ဖြစ်လာပါတယ် …

ကချင်လက်နက်ကိုင်များကို ဗမာစစ်တပ်က ထိုးစစ် ဆင် …လို့ ရေးရင် သိပ်သဘောမကျ ကြပါဘူး …
ဗမာစစ်တပ်မို့ ဗမာစစ်တပ် ခေါ်တာပဲ … ဘာဆန်းသလဲ …ဘယ်မှာလဲ ကချင် တပ်မှူး၊ ကရင်တပ်မှူး ၊ ရှမ်း တပ်မှူး ။ဒီတော့ ဗမာလူမျိုး အများစုသာ ကြိုးကိုင်ထားတဲ့ စစ်တပ်ကိုဗမာစစ်တပ်လို့ မခေါ်ရင် ဘယ်လို ခေါ်မလဲ …
ပြည်ထောင်စု စစ်တပ်မှ မဖြစ်သေးတာပဲ …တနည်းအားဖြင့် ဖြစ်အောင် မလုပ်ကြတာပဲ …

ရဲမိုး တခါက ပြောဖူးတယ် ။ အဲသလို တပ်ရင်းတွေတပ်မှူးတွေနဲ့ တိုင်းရင်းသားတပ်တွေ ဖွဲ့စည်းလိုက်ရင်လက်နက်ကိုင် တောခိုသွားရင် ဘယ်လို လုပ်မလဲ တဲ့ ။
ဒါကလည်း အာဏာရှင်က တောခိုအောင် တနည်းအားဖြင့်ပြေလည်အောင် မဖြေရှင်းပေးခဲ့လို့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရတာပဲ … ကျနော် စစ်ပွဲတွေကိုမုန်းပါတယ် … ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့တော်လှန်ရေးကိုတော့ အပြစ်မဆိုချင်ဘူး …

စစ်ပွဲကာလတွေ ၊ စစ်တပ်တွေ ကြီးစိုးနေတဲ့ နေရာမှာအမှားအယွင်းဆိုတာကတော့ ရှိစမြဲ ပါပဲ …
ဒါတခုတည်းကို ဟိုက်လိုက်လုပ် ရေးနေပြောနေတာကတော့သိပ်သဘာဝ မကျပါဘူး …

ဒီတော့ ခု ငြိမ်းချမ်းရေး စကားပြောတယ် … ဒီနေ့ပဲ … တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်နေပါပြီ …
ဖက်ဒရယ် ကို ဘယ်လို သွားမှာလဲ …ဒီမိုကရေစီစနစ်ကို ဘယ်လို ဖော်ဆောင်ကြမှာလဲ …။
ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ဘာသာရေး အမုန်းမီးတွေပဋိပက္ခတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းကြမှာလဲ …
စကားလုံးသာ ရှိပြီး အနှစ်မရှိတဲ့ သင်္ကြန်အမြှောက်လိုဆွေးနွေးပွဲတွေကို စိတ်ကုန်တယ် ဆိုရင် လွန်သလား ဗျာ ။

ဗြန် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: