အလ်အက္ကဆာဗလီတွင်း ၀င်ရောက်စီးနင်းအကြမ်းဖက်သည့် အစ္စရေးတပ်ကို ဟားမတ်ခေါင်းဆောင် သတိပေး

အလ်အက္ကဆာဗလီတွင်း ၀င်ရောက်စီးနင်းအကြမ်းဖက်သည့် အစ္စရေးတပ်ကို ဟားမတ်ခေါင်းဆောင် သတိပေး

အောက်တိုဘာ ၁၇။

ဂျေရုစလင်မြို့ရှိ ကမ္ဘာ့မွတ်စလင်တို့ တတိယ အထွတ်အမြတ်ထားရာ အလ်အက္ကဆာကျောင်းတော်အတွင်း အစ္စရေးစစ်တပ်က ၃ ပတ်ကြာ ၀င်ရောက်သောင်းကျန်းခဲ့ပြီးနောက် ဗလီဝတ်ကျောင်းတော်နယ်မြေကို သိမ်းပိုက်ရန်ကြိုးစားသည့် အစ္စရေးတို့အား ဟားမတ်ခေါင်ဆောင်က သတိပေးလိုက်ပြီး ခုခံကာကွယ်သွားရန် မွတ်စလင်တို့အား တိုက်တွန်းလိုက်သည်။

“အစ္စရေးနိုင်ငံအတွင်းမှာရှိတဲ့ မွတ်စလင်တွေကို အလ်အက္ကဆာကို အမြန်ဆုံး ကာကွယ်ဖို့ တိုက်တွန်းပါတယ်”ဟု ပါလက်စတိုင်း ဟားမတ်ခေါင်းဆောင် ခါလစ်မီရှားလ်က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက အောက်တိုဘာ ၁၇ ရက်နေ့တွင် ဖော်ပြသည်။

မြင့်မြတ်သော ၀တ်ကျောင်းတော်အတွင်း ပါလက်စတိုင်းမွတ်စလင်များနှင့် အစ္စရေးတပ်တို့ ရုန်းရင်းဆန်ခတ်ဖြစ်ကာ အစ္စရေးစစ်တပ်က ၀တ်ကျောင်းတော်အတွင်း ၀တ်ပြုခွင့် ပိတ်ပင်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ဟားမတ်ခေါင်းဆောင်၏ အဆိုပါသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်အပတ်များက အစ္စရေးစစ်တပ်အရာရှိကြီးများနှင့်အတူ ဂျူးအခြေစိုက်စိုက်သူများက အလ်အက္ကဆာကို ပရ၀ဏ်ကို ဖြိုဖျက်ကာ ကျူးကျော်ဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။

ခါလစ်မီရှားလ်က အစ္စရေး၏ ကျူးကျော်မှုမှာ ပဋိပက္ခအတွင်း အခွင့်ရေးယူ အမြတ်ထုတ်ခြင်းဖြစ်ကြောင်း၊ ပါလက်စတိုင်း၊ အာရဗ်နှင့် မွတ်စလင်နိုင်ငံတို့အား အစ္စရေး၏ ရာဇ၀တ်မှုကို နှုတ်ဆိတ်မနေကြရန် တိုက်တွန်းကြောင်း ပြောဆိုသည်။

“ဘယ်သူကမှ စစ်ဖြစ်တာ မလိုလားဘူး၊ ဒါပေမယ့် ကျူပ်တို့မှာ ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်၊ ကျူပ်တို့ရဲ့ ရပိုင်ခွင့်ကို ထိန်းသိမ်းခွင့်ရှိတယ်၊ အခု ကျူပ်တို့ဟာ သိမ်းပိုက်ခံတွေပဲ၊ နှစ်ပေါင်း ရာနဲ့ချီပြီး ခုခံတွန်းလှန်ခဲ့တယ်၊ ဆက်ပြီးတော့လည်း တိုက်ပွဲဝင်ဦးမှာပဲ”ဟု ခါလစ်က ဆိုသည်။

“အလ်က္ကဆာဟာ ကျူပ်တို့အတွက် အာဇာနည်(ရှဟီဒီ)တွေဖြစ်လာစေမယ့် အဖိုးအနဂ္ဂထိုက်တန်ပါတယ်၊ အဲဒီဒေသမှာ လက်နက်ကိုင်နိုင်တဲ့ ဘယ်သူမဆို မြင့်မြတ်တဲ့ ၀တ်ကျောင်းတော်ကို သွားပြီး ခုခံကာကွယ်သင့်တယ်၊ ဒါဟာ စစ်မှန်တဲ့ ဂျီဟတ်ရဲ့ အဓိပ္ပာယ်ပဲ”ဟု ၎င်းက ဆိုသည်။

>>> ဆယ်ကျော်သက်အရွယ် ပါလက်စတိုင်းတစ်ဦးကို အစ္စရေးစစ်တပ် ပစ်သတ် <<<

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အစ္စရေးသိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေရှိ ကျေးရွာတစ်ရွာတွင် အစ္စရေးစစ်တပ်က ဆယ်ကျော်သက်ရွယ် ပါလက်စတိုင်းလူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများနှင့် ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။

အစ္စရေးနှင့် နယ်နိမိတ်စည်းခြားထားသော တံတိုင်းအနီးရှိ ဘိုက်လိကွာကျေးရွာတွင် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုအတွင်း ကျောက်ခဲများဖြင့် ပစ်ခတ်ခဲ့သော လူငယ်များအနက်မှ အသက် ၁၃နှစ်အရွယ် ဘဟားရ်ဘဒရ်ကို အစ္စရေးစစ်တပ်က ရင်ဘတ်ကို ၃ ကြိမ်ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ရာမလာဆေးရုံးတာဝန်ရှိသူက အတည်ပြုပြောကြားသည်။

ပါလက်စတိုင်းအစိုးရနှင့် ဟားမတ်အဖွဲ့တို့၏ ညီညွတ်သော အစိုးရတစ်ရပ်ပေါ်ထွက်လာပြီးနောက် တခြားတဘက်တွင်လည်း ဆွီဒင်နှင့် ဗြိတိန်ကဲ့သို့သော ဥရောပထိပ်သီးနိုင်ငံများက ပါလက်စတိုင်းနိုင်ငံ တည်ရှိမှုကို အသိအမှတ်ပြုလာချိန်တွင် အစ္စရေးစစ်တပ်၏ တစခန်းထ ရန်စမှုများ တိုးပွားလာသည်ကို မီဒီယာများ၌ တွေ့မြင်ရလျက်ရှိသည်။

Source : Onislam News / Al Jazeera
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: