မြနန်း @ Chee Nan ဆရာတော် က မွတ်စလင်မ်တို့နှင့် စီးပွားရေး လူမှုရေး အဆက်ဖြတ်ရန် တရားပွဲလာပရိတ်သတ်များအားသစ္စာဆိုခိုင်း

တောင်တွင်းကြီးတွင် တရားပွဲအမည်ခံကာ ဘုရားအတွင်း မွတ်စလင်မ်ဆန့်ကျင်ရေးလုပ်

မြနန်းဆရာတော်က မွတ်စလင်မ်တို့နှင့် စီးပွားရေး လူမှုရေး အဆက်ဖြတ်ရန် တရားပွဲလာပရိတ်သတ်များအားသစ္စာဆိုခိုင်း

ပိာန်းအောင် အောက်တိုဘာ ၁၈၊ ၂၀၁၄

တောင်တွင်းကြီးမြို့ ရတနာပေါင်းချုပ်ဘုရားတွင်ကျင်းပသည့် ၃ ရက်တရားပွဲ ဒုတိယနေ့တွင် ၉ ၆၉ ဂိုဏ်းဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် မြနန်းဆရာတော်(အရှင် သဒ္ဓမ္မ)က အစ္စလာမ်ဘာသာဝင်များနှင့် လူမှုရေး၊စီးပွားရေးအဆက်ဖြတ်ရန် တရားနာပရိတ်သတ်အား သစ္စာ ဆိုခိုင်းခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။


“အစ္စလာမ်ဘာသာဝင်တွေက မြန်မာမိန်းကလေးတွေကို ဖျက်ဆီးနေတယ်တို့၊မိတ္တီလာမှာ ကုလားတွေသတ်လို့ ဗမာတွေအများကြီးသေသွားတယ်တို့ အဲသလိုမျိုးသွေးထိုးလှုံ့ဆော်တာမျိုးတွေလုပ်တယ်။ပြီးတော့ အစ္စလာမ်ဘာသာဝင်တွေနဲ့ မဆက်ဆံဖို့ ၊မွတ်စလင်မ်ဆိုင်တွေက ဈေးမ၀ယ်ဖို့စတာတွေကို သစ္စာဆိုခိုင်းတယ်”ပာု ဒေသခံများက Myanmar Muslim Media သို့ ပြောသည်။

တောင်တွင်းကြီးမြို့တွင် လူဦးရေ ၃ သိန်းကျော်နေထိုင်ပြီး ခရစ်ယန်ဘာသာဝင် ငါးထောင်ဝန်းကျင်၊ အစ္စလာမ်ဘာသာဝင် တစ်ထောင့်ငါးရားဝန်းကျင်၊ပိာန္ဒူဘာသာဝင် တစ်ရာ့ငါးဆယ်ဝန်းကျင်နှင့် ဆစ်ခ်ဘာသာဝင် တစ်ရာဝန်းကျင်သာရှိပြီး ကျန်လူဦးရေ နှစ်သိန်းကိုးသောင်းကျော်မှာ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။

တောင်တွင်းကြီးမြို့ တွင် ဗုဒ္ဓဘာသာဝင်ဦးရေ ၃ သိန်းနီးပါးရှိပြီး အစ္စလာမ်ဘာသာဝင်ဦးရေမှာ တစ်ထောင့်ငါးရာဝန်းကျင်သာရှိသော်လည်း ၉၆၉ ဂိုဏ်းခေါင်းဆောင်ဆရာတော်တစ်ပါးဖြစ်သည့် မြနန်းဆရာတော်(အရှင် သဒ္ဓမ္မ)က “တောင်တွင်းကြီးမြို့သားများသွေးအေးနေပါက မကြာမီကာလတွင် အစ္စလာမ်ဘာသာဝင်များကတောင်တွင်းကြီးမြို့ကို ၀ါးမျိုသွားတော့မည်ဖြစ်ကြောင်း”လည်းသွေးထိုးလှုံ့ဆော်ရေးတရားပောာကြား ခဲ့ကြောင်းသိရသည်။

တောင်တွင်းကြီးမြို့တွင် ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့(အာဇာနည်နေ့)ကလည်း အစွန်းရောက်စာရေးဆရာ မောင်သွေးချွန်နှင့် အပေါင်းအပါများက အစ္စလာမ်ဆန့်ကျင်ရေးနှင့် NlD ဆန့်ကျင်ရေးတရားများပောာကြေားခဲ့ဖူးသည်။

ဘုရားပွဲအမည်ခံကာ မွတ်စလင်မ်ဆန့်ကျင်ရေးတရားများပောာကြားခွင့်ပြုနေသည့် တောင်တွင်းကြီးမြို့ ရတနာပေါင်းချုပ်ဘုရားအတွင်းမှ ဘာသာရေးအခြေခံအကြမ်းဖက်မှုဖြစ်စေရန်သွေးထိုးလှုံ့ဆော်သည့် သီချင်းများကိုလည်း စဉ်ဆက်မပြတ်ဖွင့်လှစ်နေကြောင်းလည်းသိရသည်။

အထက်ပါအတိုင်း တရားပွဲအမည်ခံကာ မွတ်စလင်မ်ဆန့်ကျင်ရေးနှင့် အကြမ်းဖက်မှုများဖြစ်ပွားစေနိင်သည့် လှုံ့ဆော်ပောာပြောချက်များကိုပောာပြောနိင်စေရန်တရားပွဲအမည်ခံကာ စီစဉ်ပေးသူများမှာရတနာပေါင်းချုပ် ဘုရား ဂေါပကများ၊ ကြံခိုင်ရေးအမာခံများနှင့် ၉၆၉ ဂိုဏ်းအဖွဲ့သားများဖြစ်ကြောင်းလည်းဒေသခံများ၏ပြောကြားချက်အရသိရသည်။

တောင်တွင်းကြီးမြို့ ရတနာပေါင်းချုပ်ဘုရားတွင်ကျင်းပသည့် ၃ ရက်တရားပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၁၈ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ပထမနေ့တွင် အရှင်ဓမ္မဇေ၊ ဒုတိယနေ့တွင် မြနန်းဆရာတော် အရှင် သဒ္ဓမ္မနှင့် တတိယရက် ယနေ့ညတွင် အရှင်ပါကဋာလင်္ကာရ(ဓမ္မပါလ)ပောာပြောမည်ဖြစ်ကြောင်းကြေညာထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: